Ooredoo ၏ ၁၅၀၀ ကျပ်တန် simcard မိတ်ဆက်ခြင်းနှင့် စာနယ်ဇင်းရှင်းလင်းပွဲ

 article landscape wartermark final4

Ooredoo  ၁၅၀၀ ကျပ်တန် simcard  မိတ်ဆက်ခြင်းနှင့် စာနယ်ဇင်းရှင်းလင်းပွဲ ကို ၂၀၁၄ခုနှစ် သြဂုတ်လ ၂ ရက်နေ့က ရန်ကုန်မြို့ Sule Shengri-La Hotel မှာကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ Ooredoo ရဲ့ အလုပ်အမှုဆောင်အရာရှိချုပ် Ross Cormack အဖွင့်အမှာစကားနဲ့ Ooredoo  ၁၅၀၀ ကျပ်တန် simcard၊ ရှေ့ဆက်လုပ်ဆောင်သွားမယ့်ဆက်သွယ်ရေးကွန်ယက်နဲ့ ဝန်ဆောင်မှုတွေကို ရှင်းလင်းပြောပြခဲ့ပါတယ်။ Ooredoo က မြန်နှုန်းမြင့် 3G နည်းပညာကို အသုံးပြုထားပြီး UMTS 900 ကွန်ယက်နဲ့ ထူထောင်ထားတယ်လို့သိရပါတယ်။ အခုလက်ရှိမှာတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့နယ်တွေမှာပဲ အသုံးပြုလို့ ရမှာဖြစ်ပြီး သြဂုတ်လ ၁၅ ရက်နေ့မှစတင်ကာပြည်၊မကွေး၊ မိတ္ထီလာ စတဲ့ မြို့ပေါင်း ၆၈ မြို့တွေမှာပါ အသုံးပြုလို့ရမယ်လို့ သိရပါတယ်။မြန်နှုန်းမြင့် အင်တာနက်ကိုလည်း ချိတ်ဆက်ထားရာမြို့နယ်ပေါင်း ၆၈ မြို့မှာဝန်ဆောင်မှုတွေပေးသွားမှာဖြစ်ပြီး Ooredoo ဆင်းကဒ်နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ Handset တွေကတော့ Apple, HTC , Huawei , LG, Nokia, Sony နဲ့ Samsung တို့ ဖြစ်တယ်လို့ Ooredoo ကနေကြော်ငြာထားပြီး ပွဲဦးထွက်အနေနဲ့ သြဂုတ်လ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့ ညသန်းခေါင်ယံ အထိ Ooredoo ဖုန်းအချင်းချင်းကို မိနစ် ၉၀၀ နဲ့  SMS ၉၀၀ ၊ ပြင်ပဖုန်းတွေကိုတော့ မိနစ် ၉၀ နဲ့ SMS  အစောင် ၉၀ ပေးပို့နိုင်မည်ဖြစ်ပြီး နေ့စဉ် အင်တာနက် ၂၀ MB နဲ့ Facebook အခမဲ့သုံးစွဲခွင့်တွေ ပေးထားတယ်လို့သိရပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့ကစတင်ပြီး သုံးစွဲမှုကျသင့်ငွေကို ကောက်ခံသွားမှာဖြစ်ပြီး Ooredoo ဖုန်းအချင်းချင်းကို တစ်မိနစ်လျှင် ၂၅ ကျပ်နဲ့ ပြင်ပဖုန်းတွေကို တစ်မိနစ်ကို ၃၅ ကျပ်နှုန်းကောက်ခံမယ်လို့ သိရပါတယ်။ အင်တာနက်အသုံးပြုမှုတွေအတွက် 1 MB ကို ၂၅ ကျပ်ကောက်ခံပေသွား မှာဖြစ်တယ်လို့ သိရပါတယ်။ ငွေဖြည့်သွင်းမှုပုံစံတွေကတော့ Top up ကဒ်တွေနဲ့ ဖြည့်သွင်းလို့ရမှာဖြစ်ပြီး ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀ ကျပ်ငွေဖြည့်ကဒ်တွေကို ရရှိနိုင်ပြီး  E Top up အနေနဲ့ Ooredoo ကနေထောက်ခံထားတဲ့ဆိုင်တွေမှာ ငွေဖြည့်ချင်ရင်တော့ ၅၀၀ ကျပ်ကနေ ၅၀၀၀၀ ကျပ်အထိ ဖြည့်နိုင်တယ်လို့သိရပါတယ်။ အသေးစိတ်သိရှိလိုပါကလည်း Ooredoo ဝက်ဆိုဒ်ဖြစ်တဲ့ www.ooredoo.com.mm မှာဝင်ရောက်လေ့လာနိုင်တယ်လို့ သိရှိရပါတယ်။ article landscape wartermark final6 article landscape wartermark final22  article landscape wartermark final3