News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Ooredo Myanmar နှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်တဲ့ Digicel Asian Holdings
Editorial
December 4, 2013
Highlight
trade&investment
Digicel Group ၊ Yoma Strategic Holdings Ltd နဲ့ First Myanmar Investment Co Ltd (FMI) တို့ ပါဝင်ပြီး YSH Finance Ltd က အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Digicel Asian Holdings ဟာ Ooredoo Myanmar နဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးကာ Ooredoo ရဲ့ မြန်မာနိုင်ငံတစ်ဝန်း ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေး ကွန်ရက်တစ်ခု ဖြစ်ပေါ်လာစေဖို့ ဆက်သွယ်ရေးတာဝါတိုင်တွေ ကြိုးပမ်းတည်ဆောက်တဲ့ နေရာမှာ အကောင်အထည်ဖော် တည်ဆောက် ငှားရမ်းသွားမှာဖြစ်ကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့က
ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ Digicel Asian Holdings ရဲ့ ကုမ္ပဏီဖြစ်တဲ့ Myanmar Tower Company ဟာ မြန်မာနိုင်ငံ မှာ တာဝါတိုင် တည်ဆောက်ရေးလုပ်ငန်းကို ပထမဆုံး စတင်ဆောင်ရွက်တဲ့ ဆက်သွယ်ရေးတာဝါတိုင် ကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်လာပါလိမ့်မယ်။ Myanmar Tower Company ရဲ့ ဘက်စုံငှားရမ်းတဲ့ (multi-tenancy) တာဝါတိုင်တွေကတဆင့် ဆက်သွယ်ရေးကုမ္ပဏီအားလုံးရဲ့ မြန်မာနိုင်ငံတစ်ဝန်း ဆက်သွယ်ရေး လွှမ်းခြုံချိတ်ဆက်မှု လျှင်လျှင်မြန်မြန် တည်ဆောက်နိုင်ရေး ရည်မှန်းချက်ကို အကောင်အထည် ပေါ်လာစေမှာ ဖြစ်ပါတယ်။ အဲဒီ ကြေညာချက်နဲ့ပတ်သက်လို့ Digicel Group ရဲ့ Chairman ဖြစ်တဲ့ Mr. Denis O’Brien က "မြန်မာနိုင်ငံတစ်ဝန်းမှာ အရည်အသွေးမြင့် ဆက်သွယ်ရေး ကွန်ရက်တစ်ခု တည်ဆောက်ပြီး မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ပြည်နယ်၊ တိုင်းဒေသကြီးတွေ၊ ပြည်ထောင်စု နယ်မြေတွေအားလုံးက မြန်မာနိုင်ငံသားတွေကို အကျိုးဖြစ်ထွန်းစေဖို့ ကျွန်တော်တို့က Ooredoo နဲ့ ပူးပေါင်းဆောင်ရွက်ရတာကို ဝမ်းမြောက်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ Yoma နဲ့ FMI ရဲ့ ဥက္ကဋ္ဌ Mr. Serge Pun ကလည်း "ဒီနေ့ ကြေညာချက်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါ တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒေသခံ ကုမ္ပဏီတစ်ခုအဖြစ် အခုလို ဆောင်ရွက်ခွင့်ရတာကို ဝမ်းသာမိသလို နိုင်ငံတော် အစိုးရ၊ တာဝန်ရှိသူတွေ၊ ဆက်သွယ်ရေး အော်ပရေတာတွေ၊ တခြားဒေသခံ ကုမ္ပဏီတွေနဲ့ လက်တွဲဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်မိပါတယ်" လို့ ဆိုပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း