CEO မဂ္ဂဇင်းမှ စီစဉ်တဲ့ Online Business ဆွေးနွေးဟောပြောပွဲကျင်းပ

onlinebusiness1

onlinebusiness2

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှာ ရန်ကုန်မြို့၊ Chatrium Hotel Royal Lake မှာ Online Business ဆွေးနွေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို စီးပွားရေးလုပ်ငန်းတွေရဲ့အနာဂတ်ဖြစ်တဲ့ အွန်လိုင်းစီးပွားရေးနဲ့ပတ်သက်လို့ သိရှိနားလည်ပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်အောင် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

unayag

ueimg

ဆွေးနွေးပွဲမှာ Oway Inc ရဲ့ Founder & CEO ဖြစ်သူ ဦးနေအောင်က နိုင်ငံတကာ စီးပွားရေးအယူအဆနှင့် ပြည်တွင်းအွန်လိုင်းစီးပွားရေးသဘာဝတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ Fairway Web မှ Founder & Principal ဖြစ်သူ ဦးအိမောင်မှ အွန်လိုင်းစီးပွားရေးနှင့် E-commerce နည်းပညာဆိုင်ရာ သိသင့်သောအချက်များနဲ့ပတ်သက်လို့  ဟောပြောဆွေးနွေးပေးခဲ့ပါတယ်။

uayemgkyi

uthurakoko

Studio AMK Pte Ltd မှ CEO ဖြစ်သူ ဦးအေးမောင်မောင်ကြည်မှ Online Game၊ Online Shopping နှင့် Payment အတွေ့အကြုံတွေကို ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ အခြေခံကာ ဝေမျှပေးခဲ့ပါတယ်။ YGA Capital Ltd မှ MD ဖြစ်သူ ဦးသူရကိုကိုမှ အွန်လိုင်းစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံသူ၏အမြင် ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါတယ်။

onlinebusiness3

onlinebusiness4

Online Business ဟောပြောပွဲကို CEO မဂ္ဂဇင်းနဲ့အတူ City Mart Holding Co Ltd ၊ Grand Royal Special Reserve ၊ PAN Sports Wears နှင့် Zojirushi တို့မှ ပူးပေါင်းပါဝင်ကူညီပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို CEO Member များ၊ Online Business နှင့် ပတ်သက်လို့ စိတ်ပါဝင်စားကာ ကိုယ်တိုင် Online Business လုပ်ကိုင်လိုသူများ တက်ရောက်ခဲ့ကြပါတယ်။

ဦးနေအောင် (Presentation – Online Business Seminar)

ဦးအိမောင် (Presentation – Online Business Seminar)

ဦးအေးမောင်မောင်ကြည် (Presentation – Online Business Seminar)

ဦးသူရကိုကို (Presentation – Online Business Seminar)