Director/Founder
iBiz Service Provider Co Ltd
www.omyanmar.com[/caption]
Omyanmar ရဲ့ စီးပွားရေးပုံစံ
Omyarmar Website ကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့မှာ စပြီး Launch လုပ်ခဲ့ပါတယ်။ အရောင်းအဝယ် ပြုလုပ်မယ့် လုပ်ငန်းရှင်တွေအနေနဲ့ Online ပေါ်မှာ အ လွယ်တကူ ရောင်းချနိုင်အောင် Shopping Mall ကို Host လုပ်ထားပေးတာပါ။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ Pay-ment ပါ တာဝန်ယူဖို့ပြောထားပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ ပထမဆုံး Business Pattern ပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ငွေရေးကြေးရေးပိုင်းရော Deliery ပိုင်းပါ Centralize လုပ်ပြီး လုပ်နိုင်ဖို့သိပ်မလွယ် ပါဘူး။ Constraint အနေနဲ့ကတော့မှာပြီးရင် ပို့ဖြစ်ချင်မှပို့ဖြစ်တာဖြစ်တဲ့အတွက် 0QC (Quality Control) လုပ်ဖို့ကနည်းနည်းခက်ပါတယ်။ အစပိုင်းမှာတော့လူတိုင်းကို ပါဝင်လာအောင် လုပ်ရတဲ့အနေအထားဖြစ်တဲ့အတွက် ကျွန် တော်တို့အနေနဲ့ သိပ်ပြီးတင်းကျပ်တာမျိုးတော့ မလုပ်ဘူး။ ကျွန်တော်တို့လုပ်ခဲ့တဲ့အတွေ့အကြုံအရ ဘာဆက်လုပ်သင့် တယ်ဆိုတာကို သိပြီဖြစ်တဲ့အတွက် အခုလက်ရှိ ြBusiness Pattern ကို ပုံစံတစ်မျိုးပြောင်းပြီး Version 2 မှာ မိတ် ဆက်ဖို့ ကြိုးစားနေပါတယ်။ စစချင်းကတော့ ရန်ကုန်ကို Target ထားပါတယ်။ ရန်ကုန်မှာ အဆင်ပြေသွားရင် အ ခြားနေရာတွေကို တိုးချဲ့လို့ရတယ်။ အဲဒီအခြေအနေကို ရောက်ဖို့က Payment ၊ Delivery ကအရေးကြီးပါတယ်။ နှစ်ဦးနှစ်ဖက် ဘယ်လိုပဲ မှန်ကန် အောင်လုပ်ထားပေမယ့် အငြင်းပွားစရာကိစ္စရှိလာရင် ဥပဒေ ရှိထားတော့ ကောင်းပါတယ်။ပစ္စည်းပို့တဲ့စနစ်
Customer တွေနဲ့Deal လုပ်တဲ့ပုံစံမျိုးစုံ ရှိပါ တယ်။ ကျွန်တော်တို့ဆီမှာ ကိုယ်တိုင် Delivery လုပ်တာ မျိုးရှိသလို ဆိုင်တွေကို သူတို့ဘာသာသူတို့ တာဝန်ယူပြီး ပို့ပေးတာမျိုးလည်း ရှိပါတယ်။ ဆိုင်တစ်ဆိုင် ကျွန်တော်တို့ ဆီမှာ Involve လုပ်တယ်ဆိုရင် သူ့ရဲ့ Delivery နဲ့ပတ် သက်တဲ့ Terms & Conditions ကို တောင်းလိုက်တယ်။ နောက်တစ်ခုက Payment နဲ့ပတ်သက်တဲ့ Terms & Conditions ကို တောင်းတယ်။ တချို့ကတော့ Cash On Delivery လုပ်ပေးတယ်။ ကျွန်တော်တို့က ကုန်စည်ပြပွဲတွေမှာ တာဝန်ယူပြီး လုပ်ပေးတဲ့အခါမျိုးမှာ ပွဲလုပ်နေတဲ့ တစ်ပတ် အတွင်းမှာတော့ အကုန်လုံး တာဝန်ယူပို့ပေးတာမျိုးလုပ် ပြီး ပွဲပြီးသွားရင်တော့ မပို့ပေးတော့ဘူး။ဒီလိုလုပ်ငန်းစတင်လုပ်ကိုင်ချင်သူတွေအတွက် အကြံပြုချက်
အဓိကတော့ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်ရဲ့Target Customer ကို ကောင်းကောင်းသိရပါမယ်။ ကိုယ့်ရဲ့ Strength က ဘာလဲ၊ ဘယ်လို Technique တွေသုံးမလဲဆိုတာကို စဉ်းစားရမှာဖြစ်တယ်။ လုပ်ငန်းတစ်ခုက Social Media တစ်ခု ခုကို အားပြုထားတယ်ဆိုရင် သူ့ကို Support လုပ်နိုင်မယ့် ဟာက ဘာရှိသလဲ၊ အဲဒါကို ပေါင်းစပ် လိုက် ရင် ဘယ်လို Strength တွေရမလဲဆိုတာကို ရှာဖွေရမှာဖြစ်တယ်။ ကိုယ့် ရဲ့ပြိုင်ဘက် ဘယ်သူရှိသလဲ၊ ဘယ်လို Strategy တွေ သုံး တယ်ဆိုတာကို သိထားသင့်ပါ တယ်။ အများအားဖြင့် ကျူး လွန်မိတဲ့အမှားမျိုးကတော့ သူများလုပ်တဲ့အတိုင်း တစ်သွေမတိမ်း လိုက်လုပ်တာမျိုးဖြစ်တယ်။ ဒါကြောင့် သူများတွေလုပ်တာကို Analyze လုပ်ပြီးရလာတဲ့ Result အပေါ်မှာ မူတည်ပြီး ဘယ်လိုလုပ်သင့်တယ်ဆိုတာမျိုး လုပ်မယ်ဆိုရင် ဈေးကွက်ထိုးဖောက်တဲ့အပိုင်းမှာ သူများတွေထက် နှာတစ် ဖျားသာမှာပါ။ ကိုယ်အမြတ်ရဖို့တစ်ခုတည်းမဟုတ်ဘဲ Customer ရဲ့အကျိုးအတွက်လည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်။ နောက်တစ်ချက်ကတော့ Technology ကို အခြေပြုပြီးစီး ပွားရေးလုပ်သူတွေအနေနဲ့ Trend တွေ နောက် ကို တောက်လျောက်လိုက်ပြီး ဘယ်လိုအကျိုးရှိအောင် လုပ် ရမလဲဆိုတာကို သိရမှာဖြစ်ပါတယ်။ မိမိတို့ကုန်ပစ္စည်းအား လုံး ကို Website မှာ စနစ်တကျ ထည့်သွင်းနိုင်ပြီး အဲဒီအ ကြောင်းအရာတွေကို ှSocial Media (Facebook) တွေမှာ Share လို့ရတဲ့အတွက် Customer တွေအနေနဲ့ အသေး စိတ်အချက်အလက်တွေကို မူလဝက်ဘ်ဆိုက်၊ အရောင်းဆိုင်တွေမှာ လွယ်လင့်တကူ ကြည့်ရှုဝယ်ယူနိုင်တာကြောင့် မိမိ ဝက်ဘ်ဆိုက်နဲ့ Social Media တွေကို အကျိုးရှိစွာ အသုံး ပြုစေလိုပါတယ်။ နောက်တစ်ခုက ကြော်ငြာကို အကျိုးရှိရှိ ကြော်ငြာစေချင်ပါတယ်။ ှStart-up သမားတွေက အစအဆုံး လိုက်လုပ်နေရပြီး Budget က Limitation ရှိတဲ့အတွက် ပိုပြီးဂရုစိုက်လုပ်သင့်ပါတယ်။ နောက်ပြီး အခုမှစလုပ်တဲ့ အတွက် နည်းပညာကိုအသုံးပြုပြီး ပိုမိုထိရောက်တဲ့ Marketing ပြုလုပ်ဖို့ မသိသေးဘူး ဆိုရင် Professional Service ပေးနေသူတွေနဲ့ လက်တွဲလုပ်ဆောင်သင့်ပါတယ်။အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေရဲ့ အလားအလာ
လူတော်တော်များများ အင်တာနက်ကို ပိုပြီးအသုံးပြုလာ နိုင်မယ်ဆိုရင် ဒီလုပ်ငန်းက ကြီးထွားလာတော့မယ့် အခြေ အနေကိုရောက်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ Online ပေါ်မှာ E-commerce Application တွေ လည်ပတ်နိုင်ဖို့ အတွက် အဓိကအင်ဂျင်ဖြစ်တဲ့ Online Payment က စပြီး အသက်ဝင်တော့မှာဖြစ်တဲ့အတွက်ပါပဲ။ တခြားလိုအပ်ချက် အနေနဲ့ Online Shopping ဆိုရင် Delivery Service တွေ လိုလာပြီ။ ဒီမှာက Delivery Service တွေရှိပေမဲ့ နိုင်ငံတ ကာမှာလုပ်တဲ့ပုံစံမျိုးတော့ ဝန်ဆောင်မှုမပေးနိုင်သေးပါဘူး။ ပုံမှန်ပို့နေတာလောက်ပဲလုပ်နိုင်ပြီး စီးပွားဖြစ်လုပ်နိုင်ဖို့က လို အပ်ပါသေးတယ်။ Mobile အသုံးပြုမှု Trend က အများကြီး သိဖို့မလိုတဲ့အတွက် နည်းပညာရဲ့ Barrier တော်တော်များ များကို ကျော်လွှားသွားနိုင်ခဲ့တယ်။ အရင်ကတော့ အင်တာ နက်ကိုပဲ Rely လုပ်နေရတဲ့အတွက် အင်တာနက်၊ ကွန်ပျူ တာမသုံးတတ်ဘူးဆိုတဲ့ Barrier က အကြီးကြီးပဲ။ Mobile ကတော့ ဒါတွေကို ကျော်လွှားနိုင်ခဲ့တယ်။ ဒါကြောင့် Strat- egy ၊ ကိုယ့်ရဲ့ Application တွေက End User တွေဘယ် လောက်အကျိုးရှိအောင် လုပ်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာ မူ တည်ပြီး လုပ်သွားလို့ရပါတယ်။ အဲဒီ Market အတွက် ပြည် တွင်းလုပ်ငန်းတွေက ပြင်ဆင်နေကြသလိုပဲ နိုင်ငံခြားကလုပ် ငန်းတွေ ဒီမှာလာပြီး အခြေချလုပ်ကိုင်နေတာတွေလည်း ရှိပါ တယ်။ ဒီနှစ်အတွင်းမှာ Online Shop တွေများလာတဲ့အတွက် Customer တွေအနေနဲ့ ရွေးချယ်စရာပိုများလာပါတယ်။Business User တွေအနေနဲ့ကတော့ အားပိုစိုက်ရတယ်ဆို ပေမယ့် Mass Market ကို ရမှာဖြစ်တဲ့အတွက် အကျိုးရှိနိုင်ပါ တယ်။ နိုင်ငံခြားက လုပ်ငန်းတွေကတော့ ပြည်တွင်းလုပ် ငန်းတွေထက် အင်အားကြီးပြီး Expertise ၊ Resource က ပိုကောင်းပါတယ်။ ဒါက ပြည်တွင်းလုပ်ငန်းရှင်တိုင်းကြုံ တွေ့ရမယ့် Constraintတစ်ခုပါ။ [caption id="attachment_8483" align="alignnone" width="370"] ဒေါ်သူဇာတင် (Director)American Store[/caption]
လုပ်ငန်းစတင်တဲ့ခုနှစ်နဲ့ Website လိပ်စာ
လုပ်ငန်းစတင်လုပ်ကိုင်တဲ့ ခုနှစ်ကတော့ ၂၀၁၂ ခုနှစ်ပါ။ Website လိပ်စာကတော့ လောလောဆယ် Facebook Fan Page တစ်ခုထားရှိပြီး အဲဒီကနေပဲ Order အများစုကို လက်ခံရရှိပါတယ်။ (http://www.facebook.com/americanstore.mm) အဓိက Customer တွေ အဓိက Customer တွေကတော့ မျိုးစုံပါပဲ။ အင်္ကျီအဝတ်အစား ခုံမင်တဲ့သူက အင်္ကျီအဝတ်အစားမှာယူသလို၊ Branded ပစ္စည်းတွေကို မှာယူချင်တဲ့သူတွေကလည်း Branded ပစ္စည်းတွေချည်းပဲ အဓိကမှာယူကြပါတယ်။ဝန်ဆောင်ခနှုန်းထား
Service Charges အနေနဲ့ကတော့ ပစ္စည်းတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းလောက်ထိယူပါတယ်။ ပစ္စည်းအမျိုးအစား၊ ပစ္စည်း ရဲ့အလေးချိန်နဲ့ အရွယ်အစားပေါ်မူတည်ပြီး ပို့ဆောင်ခတွေက အနည်းအများရှိတတ်တဲ့အတွက် ရန်ကုန်အရောက် အတိအကျဈေးနှုန်းကိုတော့ ပုံသေတွက်ဖို့ ခက်ခဲပါတယ်။ပစ္စည်းပို့တဲ့စနစ်
ပစ္စည်းတွေကို ခန့်မှန်းခြေ နှစ်ပတ်ကနေ အများဆုံးတစ်လ အတွင်းတော့ ကြိုးစားပြီးပို့ပေးပါတယ်။ UK ဘက်ကလိုမျိုး တခြားနိုင်ငံဘက်ကနေတစ်ဆင့် ပြန်ဝင်လာတဲ့တံဆိပ်မျိုး တွေကတော့ နည်းနည်းပိုကြာနိုင်ပါတယ်။ အိမ်တိုင်ရာရောက်ပို့ပေးတဲ့စနစ်ကတော့ American Store မှာ မရှိသေး ပါဘူး။ ဆိုင်မှာပဲလာယူပေးရပါတယ်။Customer Complaint ကိုဖြေရှင်းပုံ
စောစောကပြောသလိုမျိုး ပုံမှန်ထက်ကြာသွားတဲ့ Item တွေကိုတော့ ကိုယ်ဝယ်ယူလိုက်တဲ့ Website ကနေ နောက် ကျပါမယ်လို့ Email ပြန်ဝင်လာတဲ့အချိန်မှာ ချက်ချင်း အကြောင်းကြားပေးပါတယ်။ Item တွေကို Customer စိတ်တိုင်းကျရွေးချယ်ထားတဲ့ Customer ကနေ ဝယ်ပေးထား တဲ့အတွက် သူ့ရဲ့ Original Quality အတိုင်းသာရရှိမှာ ဖြစ်ပါတယ်။ တော်တော်ဆိုးတဲ့ပုံစံမျိုးနဲ့ လာတယ်ဆိုရင်တောင် ကျွန်မတို့ American Store ကနေ တတ်နိုင်သလောက် တာဝန်ယူပြီး ဝန်ဆောင်မှုပေးပါတယ်။အမှာများတဲ့အချိန်
မှာယူတဲ့သူတွေက နှစ်တစ်နှစ်ရဲ့အဆုံးပိုင်းလတွေမှာ မှာယူ တာများသလို တချို့ Customer တွေက ပစ္စည်းအသစ် အဆန်းတွေပေါ်တာနဲ့ ချက်ချင်းလာမှာတတ် ကြပါ တယ်။ အဲဒီလိုမျိုးအချိန်ဆိုရင်တော့ ချက်ချင်းအမှာများသွားတတ်ပါတယ်။Customer တွေကို ဆွဲဆောင်ပုံ
Customer တွေကို ဆွဲဆောင်တဲ့ပုံစံကတော့ သူတို့လိုချင်တဲ့ ပစ္စည်းကို သူတို့တွေ့ထားတဲ့ Website ကနေ ဝယ်ပေးဖို့ လာပြောတဲ့အခါ ကျွန်မတို့က ဘယ် Website ကနေ ဝယ် ရင်တော့ပိုသက်သာတယ်၊ ဘယ် Website ကနေ ဝယ်ရင် ပစ္စည်းအစစ်အမှန်လည်းရနိုင်ပြီး ပိုမြန်နိုင်တယ်ဆိုပြီး ှSug- gestion ပြန်ပေးတဲ့အခါ သူတို့ လည်း သဘောကျပါတယ်။ နောက်ပြီးတော့ နောက်ဆုံးပေါ်ဒီဇိုင်းတွေကို Customer တွေကိုယ်တိုင်ရှာစရာမလိုဘဲ ကျွန်မတို့ဆိုင်ကိုလာတာနဲ့ ချက်ချင်းတန်းပြပေးနိုင် တာမျိုးတွေနဲ့ Customer တွေကို ဆွဲဆောင်ပါတယ်။ငွေပေးချေတဲ့စနစ်
ငွေချေတဲ့စနစ်ကတော့ ပစ္စည်းမှာယူပြီဆိုတာနဲ့ စရန်ငွေ တစ် ဝက်ပေးချေရပါတယ်။ နယ်ကမှာတဲ့ Customer တွေ ဆိုရင် တော့ ဘဏ်ကနေ ငွေလွှဲပို့ပေးလို့ရပါတယ်။ပြည်ပက အမှာတွေကို ဝန်ဆောင်မှုပေးပုံနဲ့ ပစ္စည်းတင်သွင်းတဲ့ ပုံစံ
ပြည်ပကဝယ်တဲ့သူတွေကျတော့ ဒီဘက်ကို ပစ္စည်းမပို့ပေး တော့ဘဲ Redirect လုပ်ပေးလိုက်တဲ့ပုံစံမျိုးကို သုံးပါတယ်။ ဥပမာ- USPS တို့၊ FedEx တို့ကို ပြန်သုံးပြီး ပို့ပေးလိုက်ပါ တယ်။ Cargo Service တွေနဲ့ အဓိကတင်သွင်းပေးပါတယ်။ တခြားပုံစံတွေနဲ့လည်း Legally ဖြစ်ပြီး ပိုမြန်တဲ့နည်းလမ်းတွေ ကို အသုံးပြုပြီးတော့ Customer တွေ အဆင်ပြေအောင် ကြိုးစားပေးနေပါတယ်။ဒီလိုလုပ်ငန်းစတင်လုပ်ကိုင်ချင်သူတွေအတွက် အကြံပြုချက်
စိတ်ရှည်ရှည်နဲ့ စေတနာထားပြီးလုပ်ပေးဖို့ပဲ လမ်းညွှန်ချင်ပါ တယ်။ ဥပမာ- Apple ID ဖွင့်ပေးတာမျိုး၊ ငွေကြေးအကျိုး အမြတ်မရှိတဲ့အပြင် ကိုယ်အလုပ်ရှုပ်ပေမဲ့ ကိုယ့်ဆိုင်မှာ လာအားပေးတဲ့ Customer တွေကို တတ်နိုင်တဲ့ဘက်ကနေ အကူအညီပေးတာမျိုး ဖြစ်ပါတယ်။ Customer တွေကို နားလည်အောင် ရှင်းပြပေးနိုင်ဖို့၊ Customer တွေ လိုချင် တာကို တစ်ခါတည်းတန်းပြီးဝယ်ပေးတာမျိုး မဟုတ်ဘဲ၊ အကောင်းဆုံးဖြစ်စေမယ့်ဟာကို အကြံပြုပေးနိုင်ဖို့ကတော့ အဓိက အချက်ပဲဖြစ်ပါတယ်။ [caption id="attachment_8484" align="alignnone" width="370"] L De GrawngCEO
De Family Online Store[/caption]
လုပ်ငန်းစတင်တဲ့ခုနှစ်နဲ့ Website လိပ်စာ
၂၀၁၁ ခုနှစ်မှာ De Family Online Storeနာမည်နဲ့ စတင်ခဲ့ပါတယ်။ လုပ်ငန်းအမျိုးအစားအနေနဲ့ပြောရရင် နှစ် ပိုင်းရှိပါတယ်။ ပထမတစ်ခုက Online Shopping Service အနေနဲ့ မြန်မာနိုင်ငံက Customer တွေလိုချင်တဲ့ နိုင်ငံခြား က ကုန်ပစ္စည်းတွေကို အမေရိကန်၊ ဥရောပ၊ ဂျပန်၊ စင်ကာ ပူ၊ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးအခြေစိုက် Online Mart တွေကနေ ဝယ်ယူတင်သွင်းပေးတာ ဖြစ်ပါတယ်။ အများဆုံးဝယ်ပေးရတဲ့ Site တွေကတော့ အမေရိကန် အ ခြေပြု eBay.com နဲ့ Amazon.com တို့ကနေ ဖြစ်ပါ တယ်။ ဒါ့အပြင် ဂျပန် Used Car တင်သွင်းချင်သူတွေအ တွက် ဂျပန် Online Car Sale Site တွေ၊ Online Car Auction Site တွေကနေ ကားတွေ ဝယ်ယူတင်သွင်းပေးတဲ့ Service ကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ ဒုတိယတစ်ခုကRetail Mart အနေနဲ့ ပြည်တွင်းက တိုင်းရင်းသားရိုးရာအ ဝတ်အထည်နဲ့ ပြည်ပ (အဓိကကတော့) အမေရိကန်က Quality ပစ္စည်းလေးတွေကို တင်သွင်းရောင်းချတဲ့ De Family Mini Mart ကို ဖွင့်လှစ်ထားပါတယ်။ Website ကတော့ www.defamilyonlinestore.com ဖြစ်ပြီး Face book Page ကတော့ www.facebook.com/pages/De-Family-Online-Store/219487078078659 ဖြစ်ပါတယ်။အဓိက Customer တွေ
အစပိုင်းကတော့ နောက်ဆုံးပေါ် Branded Quality ပစ္စည်း တွေ သုံးစွဲတတ်တဲ့ သုံးစွဲချင်တဲ့ Individual Customer တွေကိုUS Online Shopping Site တွေကနေ ဝယ်ယူပေး ရတာက အများစုဖြစ်ပါတယ်။ နောက်ပိုင်း ကျွန်တော်တို့ရဲ့ တိကျတဲ့တာဝန်ခံမှုနဲ့ Flexible ဖြစ်တဲ့Service Fee တွေကြောင့် ပြည်ပ (အဓိကကတော့ eBay) က ကင်မရာ၊ ကွန်ပျူတာ၊ အီလက်ထရောနစ်ပစ္စည်း၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းတွေ ဝယ်ယူတင်သွင်းချင်တဲ့ဆိုင်သမား တွေနဲ့ အများဆုံးဆက်ဆံလာရပါတယ်။ တစ်ဖက်ကလည်း ရှိပြီးသား Individual Customer တွေကို ပစ်ပယ်တာမျိုး မဟုတ်ဘဲ ပိုမိုကောင်းမွန်တဲ့ Service ပေးနိုင်အောင် ကြိုး စားခဲ့ပါတယ်။ ဒီနေရာမှာ တစ် ခုပြောချင်တာက ဆိုင်သမား Customer တွေက မှာတဲ့ပစ္စည်းအရေအတွက်ကများပြီး ဆက် ဆံရတဲ့လူကနည်းပါတယ်။ Individual Customer တွေက မှာတဲ့ပစ္စည်းမျိုး စုံသလို လူလည်းများပါတယ်။ ဂျပန်ကင်ဒိုဓား ကနေ ကြွက်ထောင်ချောက်အထိ အမျိုးမျိုးသောပစ္စည်းတွေကို မှာကြပါတယ်။ ဘယ်သူဘယ်လိုပစ္စည်းပဲမှာမှာ ကျွန်တော်တို့ ကတော့ အကောင်းဆုံး Service ပေးနိုင်အောင် ကိုယ်စားလှယ် စနစ်ကို စတင်ကျင့်သုံးခဲ့ပါတယ်။ ရန်ကုန်မြို့ကလွဲပြီး နယ် က Customer တွေကို သူတို့နဲ့ အနီး ဆုံးမြို့မှာရှိတဲ့ ကျွန်တော် တို့ ကိုယ်စားလှယ်တွေဆီ လွှဲပေးလိုက်ပါတယ်။ အခုဆိုရင် မန္တလေး၊ တောင်ကြီး၊ ပုသိမ်မြို့ သုံးမြို့မှာ ကျွန်တော်တို့ ကိုယ်စားလှယ်တွေရှိပြီး နောက်ထပ်မြို့တွေမှာလည်း ဆက် လက်ထားရှိနိုင်အောင် ကြိုးစားနေပါတယ်။ ဒီလိုကိုယ်စား လှယ်တွေ ကြားခံထားရှိတဲ့အတွက် Customer တွေရဲ့ Price Inquiry တွေကို ပြန်ဖြေကြားပေးတာ၊ Order Delivery လုပ်တာတွေကို ပိုမိုမြန်ဆန်စွာ လုပ်လာနိုင်ခဲ့ပြီး တစ်ဖက်မှာ လည်း Service Fee တိုးလာတာမျိုးမဖြစ်စေဘဲ မူလကျွန်တော် တို့ယူနေတဲ့ ပမာဏထဲကနေပဲ ကိုယ်စားလှယ်တွေကို Commission အဖြစ် ခွဲဝေပေးပါတယ်။ ဒါက ကျွန်တော်တို့ လက်ရှိလုပ်နေတဲ့ လုပ်ငန်း ပုံသဏ္ဌာန်ပါ။ဝန်ဆောင်ခနှုန်းထား
Service Charges ကတော့ မှာတဲ့ကုန်ပစ္စည်းအမျိုးအစား၊တန်ဖိုး၊ အရွယ်အစားနဲ့ အလေးချိန်တွေအပေါ် မူတည်ပြီး တွက်ချက်ရယူပါတယ်။ Customer တွေအနေနဲ့ ကိုယ်မှာချင်တဲ့ပစ္စည်းရဲ့ ရန်ကုန်အရောက်ဈေးနှုန်းကို သိချင်ရင် ဝယ်ယူမယ့်ပစ္စည်းရဲ့ URL (Page's Link) ကို ဖော်ပြကာ[email protected] ကို email ပေးပို့ စုံစမ်း နိုင်ပြီး ကျွန်တော်တို့ဘက်က ၂၄ နာရီအတွင်း Price Quotation ပြန်လည်ပေးပို့ပေးမှာ ဖြစ်ပါတယ်။ ရန်ကုန် အရောက်ဈေးနှုန်းဆိုတဲ့နေရာမှာ -ကုန်ပစ္စည်းရဲ့မူရင်းတန်ဖိုး (Item's Completed Cost) -မြန်မာပြည်အရောက် သယ်/ပို့ခ (US -Myanmar Courier Fee) -အကောက်ခွန်ရှင်းလင်းရေး (Customer Clearance) -ဝန်ဆောင်ခ (Service Charge) တို့ ပါဝင်ပါတယ်။ပစ္စည်းပို့တဲ့ပုံစံ
ပြည်ပက ပစ္စည်းမှာတဲ့နေရာမှာ ပုံမှန်အားဖြင့် ခုနစ်ရက်ကနေ ၁၅ ရက်အတွင်း ရန်ကုန်ရောက်လေ့ရှိပါတယ်။ တစ်ခါတ လေ အကြောင်းအမျိုးမျိုးကြောင့် နည်းနည်းရက် ပိုကြာသွား တာလည်း ရှိပါတယ်။ ဥပမာ- ဥရောပ၊ တရုတ်လိုနိုင်ငံ တွေကနေ လှမ်းမှာတဲ့တချို့ပစ္စည်းက ပုံမှန်ထက် ရက် နည်းနည်းပိုကြာတတ်ပါတယ်။ Delivery လုပ် တာကြာ တော့ ရန်ကုန်မြို့တွင်းက Customer တွေကတော့ Mini Mart ဆိုင်မှာလာယူကြပြီး နယ်က Cusotmer တွေ ဆီကို တော့ သက်ဆိုင်ရာ ကျွန်တော်တို့ရဲ့ကိုယ် စားလှယ်တွေကနေတစ်ဆင့် ပေးပို့ပါတယ်။ အခု ဒီ ၂၀၁၄ ခုနှစ် ကနေ စတင်ပြီး အကုန်လုံးမဟုတ်တောင် ရန်ကုန်မြို့တွင်းက တောင်း ဆိုတဲ့ Customer တွေကို ံHome Delivery Service ပေး နိုင်အောင် စတင်လုပ်ဆောင်နေပါတယ်။လုပ်ငန်းစလုပ်တဲ့အခါမှာ ကြုံတွေ့ရတဲ့အခက်အခဲ
ကျွန်တော်တို့ De Family Online Store ကို စတင်လုပ် ကိုင်တဲ့အချိန်မှာ မြန်မာပြည်မှာ အခုလို အင်တာနက်ကို လူတိုင်းသိပ်မသုံးနိုင်ကြသေးဘူး။ ကျွန်တော်တို့အရှေ့မှာ ဆိုရင် သိရသလောက့်Yangon Online Store ပဲ ရှိဦး မယ်။ အခက်အခဲတွေကတော့ အမျိုးစုံပါပဲ။ အဓိကကျတဲ့ အချက်တွေကို ပြောရမယ်ဆို ရင်တော့ Online ငွေပေးချေ စနစ်ပေါ့။ ကျွန်တော်တို့နိုင်ငံမှာ မရှိဘူး။ အဲဒီတော့ ပြည်ပ Seller တွေဆီကနေ ကျွန်တော်တို့ဝယ်လို့ မရသလို Onli- ne Store သာပြောတယ် ကျွန်တော်တို့ဆီကနေလည်း ဘယ် ပြည်ပ Customer မှ ဝယ်လို့မရပါဘူး။ ပြည်တွင်းက Customer တွေကတော့ Bank Transfer လုပ်ရင်လုပ်၊ ဒါမှမ ဟုတ် ဆိုင်မှာ ငွေလာသွင်းပေါ့။ ဒါပေမဲ့ စင်ကာပူမှာနေ တဲ့ ညီဝမ်းကွဲရယ်၊ အမေရိကက ညီရယ်၊ နောက်လူကြီးမိဘ တွေရဲ့ အကူအညီနဲ့ ဒီအခက်အခဲကို ကျော်လွှားနိုင် ခဲ့ပါတယ်။ နောက်အခက်အခဲတစ်ခုကတော့ ကျွန်တော်တို့တိုင်းပြည်ကို Sanction လုပ်ထားတာရှိနေတော့ ပြည်ပ၊ အထူးသဖြင့် အမေရိကန်က Online Shopping Site တွေကို ကျွန်တော် တို့ မြန်မာပြည်IP Address နဲ့ တက်ဝယ်လို့မရတဲ့ ပြဿနာပါပဲ။ ဒီအတိုင်း ပစ္စည်းတွေကို ကြိုက်သလို ကြည့် လို့ ရပါတယ်။ ဒါပေမဲ့ တကယ်ဝယ်တော့မယ်၊ Check Out လုပ်တော့မယ်ဆိုပြီး Account Register/ Account Sign In လုပ်ပြီဆိုတာနဲ့ သူတို့ အမေရိကန်ဥပဒေအရ Sanction Country ကနေ ဝယ်ခွင့်မပြုပါဆိုတာ ပေါ်လာပြီး ဘာမှ ဆက်လုပ်လို့ကို မရတော့တာ။ eBay တို့၊ PayPal တို့ဆို ရင် မြန်မာပြည် IP နဲ့ ဝင်မိတာနဲ့ Account ကိုပါ ပိတ်ပစ် လိုက်တာဟာ အခုထိပါပဲ။ ကျွန်တော်တို့ဆိုရင် လုပ်လာတဲ့ တစ်လျောက် အပိတ်ခံရတဲ့ PayPal Account တင် ငါးခု ရှိခဲ့တယ်။ ဒါတောင် ကျွန်တော်တို့အကောင့်တွေက ဒီအ တိုင်းဖွင့်ထားတဲ့ Account တွေ မဟုတ်ဘူး။ Bank နဲ့ Credit Card တွေနဲ့သေချာ ချိတ်ထားတဲ့ Verified Account တွေ ဖြစ်ပါတယ်။ PayPal Account က လူတိုင်းကြိုက်သလောက် ဖွင့်လို့ရပေမယ့် ခုနပြောသလို Verified Account တစ်ခု ဖြစ်ဖို့ကျတော့ တင်ပြရတဲ့ အချက်အလက်၊ အထောက်အထားတွေ အများကြီး လိုအပ်ပါ တယ်။ ဒါကြောင့်Verified Account တစ်ခုအပိတ်ခံရတယ် ဆိုရင် အများကြီးနစ်နာပါတယ်။ ပိုဆိုးတာက အဲဒီအပိတ်ခံရတဲ့ Account က Credit Card တွေ၊ Account ပိုင်ရှင်နဲ့ သက်ဆိုင်တဲ့ အ ချက်အလက်၊ အထောက်အထားတွေကို နောက် PayPal Account တစ်ခုဖွင့်ပြီး Verified လုပ်တဲ့နေရာမှာ သုံးလို့ မရတော့ပါဘူး။ ပိတ်သွားတဲ့အကောင့်တွေကို ပြန်ဖွင့်လို့မရ တော့ပေမဲ့ နောက်ပိုင်း ဒီလိုအပိတ်ခံရတာမျိုးမရှိအောင်နဲ့ ပြည်ပ Online Shopping Site တွေမှာ လွယ်ကူစွာဝင်ရောက် ဝယ်ယူနိုင်အောင် စင်ကာပူက ညီဝမ်းကွဲနဲ့ သူငယ် ချင်း IT ပညာရှင်တစ်စုရဲ့ အကူအညီနဲ့ ဒီအခက်အခဲကိုလည်း ဖြေရှင်းနိုင်ခဲ့ပါတယ်။ နောက်ဆုံးလို့ပြောရမယ့် အခက်အခဲကတော့ Delivery ပါ။ အစပိုင်းမှာ ကျွန်တော်တို့ Courier Service အတော်များများကို သုံးကြည့်ခဲ့ပါတယ်။ DHL ၊ USPS ၊ FedEx စတာတွေက Service ကောင်းသလို ဈေးကလည်း ကောင်းတဲ့အခါကျတော့ ပစ္စည်းရဲ့ ရန်ကုန်အ ရောက် ဈေးနှုန်းက လူအများစု စိတ်ဝင်စားမယ့်ဈေးနှုန်းမဟုတ် ဘူးဖြစ်နေပါတယ်။ ဒီအခက်အခဲကိုလည်း အမေရိကန် အခြေစိုက် Courier Service Company တစ်ခုနဲ့ ဆက် သွယ်လုပ်ကိုင်ခဲ့လို့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။Customer တွေမှာတဲ့ပစ္စည်းမရတဲ့အခါ ဘယ်အချိန်အတွင်း ပြန်အကြောင်းကြားပေးပါသလဲ
ဒီနေရာမှာ ကျွန်တော်တို့လက်ရှိလုပ်နေတဲ့ Dealing Pro- cess လေးကို အရင်ပြောချင်ပါတယ်။ အဆင့်လေးဆင့် ရှိ ပါတယ်။ (၁) ပထမဆုံး Customer က ကိုယ်ဝယ်ချင်တဲ့ပစ္စည်း ရဲ့Website Link (URL) ကိုsale @defamilyoline store.com ကို email ပေးပို့ပြီး ရန်ကုန်အရောက်ဈေးနှုန်း ကို Enquiry လုပ်တဲ့အခါ ကျွန်တော်တို့ဘက်က ၂၄ နာရီအတွင်း တတ်နိုင်သမျ အမြန်ဆုံး Quotation ပြန်ပို့ပေးပါတယ်။ (2) Customer ဘက်က ကျွန်တော်တို့ပေးပို့တဲ့ Quotation ကို လက်ခံတယ်ဆိုရင် email နဲ့ Order Confirmation လုပ်ပြီး သတ်မှတ်ထားတဲ့ ကျွန်တော်တို့ဘဏ်စာရင်းထဲကို ကျသင့်ငွေ ပေးသွင်းရမှာဖြစ်ပါတယ်။ (၃) ဘဏ်စာရင်းထဲကို ပေးသွင်းတဲ့ငွေ ဝင်ပြီဆိုတာနဲ့ Customer ပေးထားတဲ့ Website Link (URL)အ တိုင်း ပစ္စည်းကိုချက်ချင်း Order တင် ဝယ်ယူပြီး တစ် ချိန်တည်းမှာပဲ သက်ဆိုင်ရာ Order အတွက် Billing Invoice and Balance Summary ကို Customer PDF Format နဲ့ ပေးပို့မှာ ဖြစ်ပါတယ်။ (၄)အဲဒီ Dealing Process အရ Customer ငွေပေးသွင်း တာနဲ့တစ်ပြိုင်နက် ဝယ်ယူမယ့်ပစ္စည်းကို Order တင် ဝယ်ယူတာဖြစ်တဲ့အတွက် Customer တွေ မှာယူတဲ့ ပစ္စည်းမရလိုက်တဲ့ဖြစ်စဉ်က အင်မတန်ရှားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မှာယူတဲ့ပစ္စည်း မရတဲ့အ ခါမျိုးတွေမှာ ဖြစ်စဉ်အပေါ်မူတည်ပြီး ကျွန်တော်တို့ ဘက်က သိတာနဲ့တစ်ပြိုင်နက် Customer ကို ချက် ချင်းအသိပေးပါတယ်။Customer တွေမှာတဲ့ Quality အတိုင်းမရတဲ့အခါ ဘယ်လို ဝန်ဆောင်မှုပေးပါသလဲ
ဒါက ဖြစ်ခဲတဲ့အခြေအနေပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့က Customer တွေ မှာတဲ့ပစ္စည်းကို သူတို့ပေးတဲ့ Website Link (URL) အတိုင်း မှာပေးလိုက် တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် Website မှာ ပါတာတစ်ခု၊ တကယ်ရောက်လာတာကတစ်ခု ဖြစ်နေတာမျိုးဆိုရင် အရင်ဆုံး Customer ရဲ့ သဘော ထားကိုမေးပြီး ကျေနပ်အောင် အလေးထားပြီး ဆောင်ရွက် ပေးလိုက်ပါတယ်။ ပြီးမှပဲ ဘာလို့ဒီလိုမှားလဲဆိုတာကို ပြန်လည်ဆန်းစစ်ပြီး တစ်ဖက်က Seller နဲ့ စာရင်း ရှင်း၊ သူ့ပစ္စည်းပြန်ပို့ပြီး ငွေပြန်တောင်းရတာပေါ့။အမှာများတဲ့အချိန်
Individual Customer တွေရော၊ ဆိုင်သမားတွေပါ မှာယူကြတဲ့ပစ္စည်း မတူညီကြတဲ့အတွက် သူ့လမ်းကြောင်းနဲ့ သူ ပုံမှန် Orderရှိပါတယ်။ ဒါပေမဲ့ ပွင့်လင်းရာသီမှာ တော့ အော်ဒါပိုများတာ သတိထားမိပါတယ်။Customer တွေကို ဆွဲဆောင်ပုံ
အဓိကကတော့ Service ပိုင်းကို တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်ပါတယ်။ Customer ဘက် က သိချင်တဲ့အကြောင်းအရာတွေကို အမြန်ဆုံးပြန်ကြားပေး ပြီး ကိုယ်ကိုယ်တိုင်ပြည်ပက Online Shopping Site တွေ မှာ ဝင်ဝယ်နေသလိုခံစားရအောင် ဖန်တီးပေးပါတယ်။ နောက် တစ်ခုကတော့ Service Charge ကို အတတ်နိုင်ဆုံး လျော့ ယူပြီး လူအများစုစိတ်ဝင်စားမယ့် ရန်ကုန်အရောက်ဈေး နှုန်းဖြစ်အောင် လုပ်ပါတယ်။ အစပိုင်းမှာ လူသိများဖို့အတွက် ရင်းနှီးတဲ့သူငယ်ချင်း၊ မီဒီယာသမားတွေရဲ့ အကူအညီကို ရယူခဲ့ပါတယ်။ အဲဒီသူငယ်ချင်းတွေရဲ့ ကျေးဇူးကိုလည်းအ မြဲအမှတ်ရနေပါတယ်။ အခုလောလောဆယ်တော့ Facebook Ad တွေ လုပ်ပါတယ်။ပြည်ပက အမှာတွေကို ဝန်ဆောင်မှုပေးပုံနဲ့ ပစ္စည်းတင်သွင်းတဲ့ပုံစံ
ပြည်ပက Customer တွေကို ပြည်တွင်းထုတ်ကုန်ပစ္စည်း တွေ online ကနေရောင်းဖို့ဆိုတာ ကျွန်တော်တို့ရဲ့ အဓိက လုပ်ငန်းရည်မှန်းချက် နှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ ဒါကိုထိထိရောက်ရောက် မလုပ်ဆောင်နိုင် သေးပါဘူး။ အခက်အခဲ အတားအဆီးအမျိုးမျိုးတွေကြောင့် ပါ။ ဒါပေမဲ့ ဒီ ၂၀၁၄ ခုနှစ်ကနေစပြီး eBay မှာ ပစ္စည်း တင်ရောင်းဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့ Website ကနေ ပြည်ပကိုတိုက်ရိုက်ရောင်းဖို့ကျတော့ လောလောဆယ် မဖြစ်နိုင်သေးပါဘူး။ဒီလိုလုပ်ငန်းစတင်လုပ်ကိုင်ချင်သူတွေအတွက် အကြံပြုချက်
အဓိကကတော့ ကျွန်တော် အထက်မှာပြောသွားတဲ့အခက် အခဲတွေဖြစ်တဲ့ Online ငွေကြေးကွန်ရက်နဲ့ ကိုယ်ဝယ်ထား တဲ့ပစ္စည်းကို မြန်မာပြည်အရောက် တာဝန်ယူ တင်သွင်းပေး မယ့် Courier Service တွေကို ပိုင်နိုင်အောင် လုပ်ထားမယ် ဆိုရင် ကျန်တာတွေက သိပ်ကြီးမားတဲ့အခက်အခဲတွေ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ အခုဆို ဒီလို Online Store လုပ်ငန်းတွေက တော်တော်ရှိနေပါပြီ။ အဲဒီတော့ အတွေ့အကြုံတွေလည်း အတော်စုံနေကြပြီလို့ ထင်ပါတယ်။ ကျွန်တော် တစ်ယောက် တည်းရဲ့အမြင်ကို ပြောရရင်တော့ Customerရဲ့ စိတ်ကျေနပ်မှုကို အဓိကထားပြီး အမြတ်နည်းနည်းနဲ့ လုပ်ငန်းများများလုပ်နိုင်အောင် ကြိုးပမ်းမယ် ဆိုရင် အဆင်ပြေ မယ်လို့ ထင်ပါတယ်။ [caption id="attachment_8485" align="alignnone" width="420"] ဦးကျော်ဦးOwner (ပါရမီစာပေ)[/caption]
လုပ်ငန်းစတင်တည်ထောင်တဲ့ခုနှစ်၊ ရည်ရွယ်ချက်
လုပ်ငန်းကို ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ Website လိပ်စာကတော့ www.myanmarbookshop.com/ www.myanmaronlinesales.com ဖြစ်ပါတယ်။ အဓိက Customer တွေ အဓိက Customer တွေကတော့ ပြည်တွင်းမှာရော နိုင်ငံ ခြားမှာပါရှိပါတယ်။ Myanmarbookshop မှာတော့ နိုင်ငံ ခြားက Customer တွေ များပါ တယ်။ Myanmaronlinesales ကတော့ Local Customer တွေ များပါတယ်။ဝန်ဆောင်ခနှုန်းထား
ပို့ခအနေနဲ့ကတော့ စာတိုက်ကပို့ခအတိုင်းပဲ ယူပါတယ်။ ကျန်တဲ့ ှService Charges ကတော့ သင့်တော်သလိုယူ ပါတယ်။ Local ကတော့ သက်ဆိုင်ရာတန်ဖိုး အတိုင်း ပဲယူပြီး ှService Charges မယူပါဘူး။ နိုင်ငံခြားကို ပို့ရတာ ဆိုရင်တော့ သင့်တော်သလို ယူတယ်။ပစ္စည်းပို့တဲ့စနစ်
နိုင်ငံခြားကမှာတာဆိုရင် နိုင်ငံအနီးအဝေးပေါ်မူတည်ပြီး ဆယ်ရက်၊ ၁၅ ရက်လောက်ကြာတယ်။ Local အတွက်က ရန်ကုန်ဧရိယာအတွင်းဆို ပို့ခတောင်းပြီး အိမ်တိုင် ရာရောက် လိုက်ပို့ပေးတယ်။ ဆိုင်လာယူမယ်ဆိုရင်တော့ ပို့ခမယူဘူး ပေါ့။ တွေ့ကြုံရတဲ့အခက်အခဲကတော့ နိုင်ငံခြားပို့တဲ့အခါ ဆိုရင် စာတိုက်စနစ်က သိပ်ပြီးပြည့်စုံ တာမရှိတော့ စာအုပ် တွေက တစ်ခါတလေ ပျက်စီးစုတ်ပြဲသွားတာတွေဖြစ်ပြီး ပါသွားတာတော့ရှိတယ်။ တစ်ခါတလေ စာအုပ်အထုပ်လိုက် ပျောက်တာတောင်ရှိတယ်။ စာအုပ် ၂၀၊ ၂၅ အုပ်လောက်မှာရင် စာအုပ်တွေ စုပြီးပြီးချင်း ချက်ချင်းပို့ပေးတယ်။ အုပ်တစ်ရာ လောက်ဆိုရင် လေးရက်လောက်ကြာတယ်။ သုံးလေးအုပ် ဆိုရင် မနက် ပိုင်းတင်ရတယ်။ စာအုပ်စုပြီးတာနဲ့ မှာတဲ့ သူဆီ ငွေပြန်တောင်းတယ်။ ငွေရတာနဲ့ တစ်ရက်အတွင်း စာအုပ်ပို့ပေးပါတယ်။အွန်လိုင်းမှာရောင်းရခြင်းရဲ့ အားသာချက်
Online Sales ဆိုတာက အချိန်တိုင်း ဝယ်ယူနေတာဖြစ် တယ်။ အချိန်ကာလရပ်တယ်ဆိုတာမရှိဘူး။ စာအုပ် ဆိုင်ဆိုရင် ဆိုင်သေးသေးပဲဖြစ်ဖြစ်၊ကြီးကြီးပဲဖြစ်ဖြစ် ဆိုင် ဧရိယာရှိသလောက်ပဲ ရောင်းလို့ရတာပေါ့။ နေရာအကန့် အသတ်နဲ့ရှိတယ်။ Online မှာ ရောင်းတာဆိုရင်တော့ ဆိုင်မှာ မရှိတဲ့စာအုပ်လည်း ရှာပြီးရောင်းလို့ရတယ်။ငွေပေးချေတဲ့စနစ်
ဒီမှာတော့ ကြိုတင်ငွေပေးတဲ့စနစ်ပဲ သုံးတယ်။ ထုတ်ဝေရေး စနစ်ကတော့ ထုတ်ဝေရေးတိုက်ကနေ ဒီဆိုင်အတွက် စာ အုပ်တွေလာသွင်းကြတယ်။ လာသွင်းတဲ့စာအုပ်ကို ဒီဆိုင် မှာရော Online မှာပါ ရောင်းတယ်။ဒီလိုလုပ်ငန်း စတင်လုပ်ကိုင်ချင်သူတွေအတွက် အကြံပြုချက်
Online Business ကို စလုပ်မယ်ဆိုရင် E-commerce Site ကို အရင်ထောင်ရပါတယ်။ နေ့တိုင်း စာအုပ်အသစ်တွေ ထွက်နေတာဖြစ်တဲ့အတွက် နေ့တိုင်းလည်း Update လုပ်ပေး ဖို့လိုတယ်။ ရိုးရိုး Site က ဒီဇိုင်းဆွဲတာ တစ်သိန်းနှစ်သိန်း လောက်ပဲကုန်ပေမဲ့ E-commerce Site က ဒီဇိုင်းဆွဲတာ တင် သိန်း ၂၀ လောက်ကုန် တယ်။ အဲဒါကို အရင်ကုန်ကျ ခံနိုင်ရမယ်။ စာအုပ်တွေကို အမြဲတင်နေမှာဖြစ်တဲ့အတွက် Update လုပ်ခလည်းပေးရတယ်။ တစ်လကို အနည်းဆုံး ငါးသိန်းလောက်တော့ ကုန်မယ်။ စာအုပ်လောကမှာတော့ မလုပ်နိုင်တဲ့သူက များတယ်။ ကိုယ့်စာအုပ်က တစ်လကို သုံးလေးအုပ်ပဲ ရောင်း ရနိုင်သလို သုံးရာ၊ လေးရာလောက်လည်း ရောင်းရ နိုင် တယ်။ ဒါကိုလည်း ခံနိုင်ရည်ရှိရမယ်။ ဘယ်လုပ်ငန်းမဆို Customer ပိုများရင်ရောင်းရတယ်။ သုံးမျိုးလေးမျိုးလောက် ပဲ ရောင်းမယ်ဆိုရင် Choice မရှိတဲ့အတွက် လူက စိတ်မ ဝင်စားနိုင်ဘူး။ Online နဲ့ ရောင်းရတဲ့ဆိုင်ဖြစ်တဲ့အတွက် အပြည့်အစုံတင်ထားဖို့တော့ လိုပါတယ်။ [caption id="attachment_8486" align="alignnone" width="370"] ဒေါက်တာကျော်ကျော်ထွန်းPh.D (Electronics), Russian Federation
CEO
mySpace International Co Ltd
Zaythegyi Online Business[/caption]
လုပ်ငန်းတည်ထောင်တဲ့ခုနှစ်
ဒီ Online Business ကို ၂၀၁၃ ခုနှစ်၊ မတ်လက Launch လုပ်ပါတယ်။ ပြင်ဆင်ရတဲ့ကာလက တစ်နှစ်၊ တစ်နှစ်ခွဲကြာ ခဲ့ပါတယ်။Website Address ကတော့ www.zaythegyi.com ပါ။ ဈေးသည်ကြီးဆိုတဲ့နာမည်ကတော့ မြန်မာနာမည် လည်းဖြစ်သလို မှတ်သားရတာလည်း လွယ်ကူမယ်ထင်တဲ့ အတွက် ဒီနာမည် ကိုယူဖြစ်သွားတယ်။ ဒီဈေးသည်ကြီးနာမည် ကို မယူခင် ishopmyanmar ဆိုတဲ့ နာမည်နဲ့ စပြီး လုပ်ခဲ့ ပါတယ်။ အခုဈေးသည်ကြီး Logo ကိုလည်း မြန်မာနိုင်ငံ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်တမ်းတင်ပြီးသွားပါပြီ။ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေက
ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နိုင်ငံတို့၊ ဥရောပတို့မှာ ကတော့ Online Shopping နဲ့ပဲ အလုပ်လုပ်ပါတယ်။ အားသာချက်က Webstie မှာ ပစ္စည်းအမျိုးအ စားအစုံအ လင်ကိုကြည့်ရှုလို့ရမယ်။ ဈေးနှုန်း၊ အရည်အသွေး လေ့လာလို့ ရမယ်။ ကိုယ့်စိတ်ကြိုက်ဝယ်ယူနိုင်သလို အချိန်တွေ၊ Energy တွေကိုလည်း ှလေန လုပ်နိုင်ပါ တယ်။ ဝယ်ယူရမယ့်ဈေးနှုန်း ကလည်း ကိုယ်စားလှယ်ဖြန့်ချိရောင်းချပေးတဲ့ ကုမ္ပဏီက ဈေးနှုန်းအတိုင်း ရရှိမှာဖြစ်ပါတယ်။ ပင်ရင်းကုမ္ပဏီကပေး တဲ့ Guarantee အပြည့်ရမယ်။ သူတို့ပေးတဲ့ လက်ဆောင် ပစ္စည်းတွေအားလုံးရပါမယ်။ ဒါ့အပြင် ကျွန်တော်တို့ဈေး သည်ကြီးက ပေးမယ့်လက်ဆောင်တွေလည်း ရပါမယ်။ ဝယ်ယူသူ အနေနဲ့ ဈေးနှုန်းကလည်းတူတယ်၊ ဆိုင်ကြီးတွေ မှာ ဝယ်ယူတဲ့ပုံစံအတိုင်း အားလုံးရမယ်ဆိုရင် Online Shopping ကိုပဲ ရွေးချယ်မှာပေါ့။ ကမ္ဘာမှာ Amazon တို့ eBay အလုပ်ဖြစ်နေတာ ဒီအချက်တွေကြောင့်ပါ။ မြန်မာ ပြည်က နည်းနည်းစိမ်းနေသေးလို့ပါ။ အခုလည်းစမ်းပြီး တော့ ဝယ်နေကြတယ်။ ဝယ်ပြီးသားသူတွေကလည်း ထပ် ဝယ်နေမှာပဲ။ ပစ္စည်းက Quality မီပါ့မလား၊ စစ်ပါ့မလား၊ ဘယ်လိုဟာမျိုးတွေလာပို့မှာလဲ၊ အဖိုးအခတွေက ဘယ်လို ယူမှာလဲ စတဲ့ စိုးရိမ်စိတ်လေးတွေကရှိနေကြတယ်။ ပစ္စည်းစစ်မစစ် ဆိုတာကိုတော့ တိုက်ရိုက်ဖြန့်ချိနေတဲ့ တရားဝင် ကိုယ်စားလှယ်တွေဆီကနေယူပြီး ရောင်းချပေးတာ ဖြစ်တဲ့ အတွက် စိုးရိမ်စရာမရှိပါဘူး။ ပို့ခကိုလည်း Free လုပ်ထား ပါတယ်။ ဈေးများလား၊ မများလားဆိုတာက ဝယ်သူကိုယ် တိုင် Showroom တွေမှာ Check လုပ်လို့ ရပါတယ်။ တ ကယ်တမ်းပြောရရင် သူ့ရဲ့ Advantages က အင်မတန် ကောင်းပါတယ်။အသုံးပြုပုံအဆင့်ဆင့်
ပထမအဆင့်အနေနဲ့ ကျွန်တော်တို့ရဲ့ Website မှာ Account လုပ်ရပါမယ်။ Account မလုပ်ချင်ဘူး။ မဖြည့် ချင်ဘူးဆိုရင် Connect With Facebook ု ဆိုတဲ့ Buttom ကို နှိပ်ပြီး မိမိလက်ရှိသုံးနေတဲ့ ၤFacebook Account နဲ့ ဝင်လို့ရပါတယ်။ Website မှာတင်တဲ့ပစ္စည်းသစ်တွေ အားလုံးကိုလည်း Facebook မှာတင်ပေးပါတယ်။ ဒါ ကြောင့် Facebook Page ကနေဝယ်မယ်ဆိုရင်လည်း ဝယ်လို့ရပါတယ်။တွေ့ကြုံရတဲ့အခက်အခဲတွေ
Customer က လိုချင်တဲ့ပစ္စည်းကိုမှာမှ သူများဆီက သွားယူပေးမယ်ဆိုရင် ကျွန်တော်တို့က အချိန်တိုင်းမှာ သိပ် အဆင်မပြေနိုင်ဘူး။ ပစ္စည်းတင်ထားသူက Website မှာ ပစ္စည်းတင်ထားတယ်။ ဈေးနှုန်းကိုလည်း ပေးထားတယ်။ Online မှာပစ္စည်းရှိတော့ ဝယ်လိုက်တယ်။ ဒါပေမဲ့ ဒီဘက် မှာက ပစ္စည်းက ပြတ်နေတယ်။ ဟိုဘက်ကို ဆက်သွယ် ကြည့်လိုက်တော့ သူတို့ဘက်က ပစ္စည်းပြတ်သွားရင်လည်း ပြတ်သွားမယ်။ ဈေးတက်သွားရင်လည်းတက်သွားမယ်။ အဲဒီအချိန်ကျရင် ပြဿနာက ကျွန်တော့် Customer ဘက် ကို မျက်နှာပျက်ရော။ ဒါကြောင့် ပထမဦးဆုံးအနေနဲ့ My Space Mobile Shop ကို စပြီး ဖွင့်ခဲ့ပါတယ်။ Mobile နဲ့ ပတ်သက်လာရင် ဘယ်အချိန်ဝယ် ဝယ် အကုန်လုံးရ အောင်လုပ်ထားနိုင်ပါတယ်။ နောက်ပိုင်းအဝတ်အစား၊ အလှ ကုန်ပစ္စည်း၊IT ၊ Mobile ဆက်စပ်စ္စည်းနဲ့ပတ်သက်လို့ ဒီ ထက်မက စုံလင်အောင် တင်ထားနိုင်ဖို့ လသာနဲ့ အနော်ရထာ လမ်းထောင့်မှာ ဈေးသည်ကြီးဒေါ့ကွန်း Showroom ကို ထပ်ဖွင့်ခဲ့တာပါ။ Customer မှာရင် ချက်ချင်းပို့နိုင်အောင် လို့ပါ။ဝန်ဆောင်မှုအပိုင်း
ဝယ်ယူတဲ့ပစ္စည်းတိုင်းအတွက် အခမဲ့ အိမ်အရောက်ပို့ပေး ပါတယ်။ လက်ရှိမှာတော့ အိမ်ရောက်မှ ပိုက်ဆံချေတဲ့စနစ် (Cash on Delivery) နဲ့ ပေးချေနိုင်ပါတယ်။ ရောက်လာ တဲ့ပစ္စည်းစစ်လား၊ မစစ်လား သေချာစစ်ဆေးခိုင်းပါတယ်။ စစ်ဆေးခိုင်းပြီး မိမိမှာတဲ့ပစ္စည်းမှန်ကန်မှု၊ အပြစ်အဆာ မရှိမှ ယူလို့ရပါတယ်။ မကြာခင်ဖုန်းမှ ငွေချေစနစ်Mobile Payment နဲ့ ပေးချေသွားနိုင်အောင် စီစဉ်နေပါ တယ်။ Master Card ၊ Visa Card နဲ့ လုပ်ဖို့လည်း ဆောင်ရွက်နေပါပြီ။ ဒါပေမဲ့ မြန်မာပြည်မှာ Payment Card နဲ့ မချေနိုင်သေးတာက ကြားထဲကော်မရှင်က များ နေသေးတဲ့အတွက် ဒီမှာကျွန်တော်တို့က ထပ်တင်လိုက်လို့ ရှိရင် Customer တွေအတွက် ဈေးများသွားလို့ရှိရင် Customer တွေအတွက် ဈေးများသွားမှာဖြစ်တဲ့အတွက် လောလောဆယ်မှာ Payment Card ကိုမသုံးနိုင်သေးတာပါ။ နယ်မှာနေတဲ့သူက ပစ္စည်းမှာချင်တယ်ဆိုရင်တော့ ကားဂိတ်အထိ ပစ္စည်းကို အခမဲ့ပို့ပေးပါတယ်။ နယ်က လူတွေအနေနဲ့ ပစ္စည်းမှာရင်တော့ ငွေကြိုလွှဲပေးဖို့လိုပါတယ်။ ငွေလက်ခံရရှိမှ ပစ္စည်းပို့ပေးမှာဖြစ်ပါတယ်။ တခြားနိုင်ငံက နေ မိမိဆွေမျိုး၊ မိဘတွေကို ဝယ်ပေးချင်တယ်ဆိုရင်လည်း ဝယ်လို့ရအောင် ဆောင်ရွက်နေပါတယ်။ဝယ်ယူရရှိနိုင်တဲ့ပစ္စည်းအမျိုးအစား
ဝယ်ယူရရှိနိုင်တဲ့ပစ္စည်းအမျိုးအစားတွေကတော့ Mobile Handset နဲ့ဆက်စပ်ပစ္စည်း၊ ကွန်ပျူတာပစ္စည်းအမျိုးမျိုး၊ Electronic ပစ္စည်းအမျိုးမျိုး၊ ရုံးသုံးပစ္စည်းတွေ၊ Furniture ကလေးကစားစရာပစ္စည်း၊ အလှကုန်၊ အဝတ်လျော်စက်၊ ဖုန်စုပ်စက်၊ ံHome Security System တွေ၊ ကျန်းမာရေးစက်ပစ္စည်းတွေအပြင် သုတ/ရသ စာအုပ်စာတမ်းပေါင်းစုံ ကိုလည်း ဝယ်ယူရရှိနိုင်အောင်ဆောင်ရွက်ထားပေးပါတယ်။Customer ကို ဆွဲဆောင်တဲ့အချက်
Customer တွေအနေနဲ့ Variety Choice လုပ်လို့ရပါတယ်။ Quality ပိုင်းမှာလည်း Branded ဖြစ်တဲ့ပစ္စည်းကို ယူပို့တဲ့ အတွက်စိတ်ချရပါတယ်။ Cash On Delivery ဆိုတဲ့အတိုင်း အိမ်ရောက်မှ ပစ္စည်းကိုစစ်ဆေးပြီး ပိုက်ဆံချေလို့ရတာတွေ၊ ှSaving Time လုပ်နိုင်တာတွေ စတဲ့အချက်တွေကတော့ Zaythegyi Online Store ရဲ့ Customer တွေကို ဆွဲဆောင် ထားတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ဈေးကွက်အလားအလာ
အလားအလာအနေနဲ့ ပြောရမယ်ဆိုရင် တကယ့်ကိုဖြစ်သင့် တဲ့ဈေးကွက်တစ်ခုလို့ မြင်ပါတယ်။ အချိန်ကုန်သက်သာ တယ်၊ ကြိုက်တာရွေးလို့ရတယ်၊ ဈေးမှန်တယ်၊ တခြားဘာ မှကြိုးစားအားထုတ်ဖို့လည်းမလိုတဲ့အတွက် နိုင်ငံတိုင်းမှာ ကျင့် သုံးနေကြတယ်။ အခုလို Traffic Jam တွေ များလာတဲ့ အချိန်မှာ Online ကို ပိုပြီးအားကိုး လာကြမှာဖြစ်တဲ့အ တွက် အနှေးနဲ့အမြန်တော့ ဒီဈေးကွက်က ကောင်းလာမယ် လို့ ယုံကြည်ပါတယ်။လုပ်ငန်းအောင်မြင်ဖို့အတွက် သတိထားရမယ့်အချက်
အဓိကလုပ်ဆောင်ရမှာက Customer တွေရဲ့ ယုံကြည်မှုရ ယူခြင်းပါပဲ။ တစ်ခါတလေ ကိုယ်ပို့လိုက်တဲ့ပစ္စည်းက အဆင်မပြေဘူးဆိုရင် ငွေချက်ချင်း ပြန်အမ်းပေးတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ယုံကြည်မှုပျောက်မှာစိုးလို့ပါ။ ဘယ် လောက်အထိ လုပ်ပေးသလဲဆိုရင် Customer တစ်ယောက်က အရင်ကဈေးနှုန်းနဲ့ပစ္စည်းမှာတယ်။ အဲဒီအချိန်မှာ အရင်ဈေး ထက် Price က နည်းနည်းပိုနေတဲ့အခါမျိုးကျရင်လည်း အရင် ဈေးနှုန်းအတိုင်း ရောင်းပေးပါတယ်။ နောက်တစ်ချက်အနေနဲ့ ကျွန် တော်တို့ကိုယ်တိုင်ကလည်း Website မှာ Price တွေ၊ Product တွေကို Update လုပ်ပေးနေပါတယ်။ [caption id="attachment_8487" align="alignnone" width="370"] ဒေါက်တာသန့်သော်ကောင်းCEO
Myanmar Book Centre Co Ltd[/caption]
လုပ်ငန်းစတင်တည်ထောင်တဲ့ခုနှစ်
Myanamr Book Center ကို ၁၉၉၅ ခုနှစ်က တည်ထောင် ခဲ့တာဖြစ်ပြီး ၁၉၉၈ ခုနှစ်ရောက်တော့ Online Business ျ ကို www.myanmarbook.com ဆိုပြီးလုပ်နေပါပြီ။အဓိက Customer တွေ . . .
ကျွန်တော်တို့ Market က နိုင်ငံခြားစာကြည့်တိုက်တွေကို ပိုပြီး Target ထားပါတယ်။ Local နည်းတယ်။ Foreigner တွေ ဝယ်တာများတယ်။ Researcher တွေ၊ Academic တွေ၊ ကျောင်းသားတွေလည်း ဝယ်တာများတယ်။ငွေပေးချေတဲ့စနစ်
Myanmar Book က စာအုပ်ကိုပဲ အဓိကထားရောင်းပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကစပြီး Myanmar Book အောက် မှာ Membership Program ဆိုပြီး လုပ်လိုက်တယ်။ Member ဝင်ဖို့အတွက် ပုံစံနှစ်မျိုးခွဲထားတယ်။ ပထမ တစ်ခုကIndividual Member နဲ့ နောက်တစ်ခုကInstitutional Member ဆိုပြီးရှိတယ်။ Individual ဆိုလို့ ရှိရင် တစ်နှစ်စာကို အမေရိကန်ဒေါ်လာ တစ်ရာပဲကျတဲ့ အတွက် ဈေးသက်သာတယ်။ Institutional Member က အမေရိကန်ဒေါ်လာ ငါးရာပါ။ ကျွန်တော်တို့က မြန်မာသ မိုင်းကြောင်းနဲ့ပတ်သက်တဲ့ Database တွေ ပေးထားတယ်။ စာအုပ်တစ်မျိုးတည်း မဟုတ်သေးပါဘူး။ တစ်ခါတည်း Download လုပ်လို့ရ တဲ့ပုံစံနဲ့လည်းရောင်းပါတယ်။ Member ဝင်တွေအနေနဲ့ တစ်ခါတည်း Download လုပ်နိုင်ဖို့ ပိုက်ဆံ ကို ကြိုထည့်ပေးရပါတယ်။ ငွေပေးပြီဆိုတာနဲ့ ကျွန်တော်တို့က Password တစ်ခါတည်း ပေးလိုက်ပါတယ်။ Service Charges ဆိုတာတော့ မရှိပါဘူး။ ဒီမှာတင်ထားတဲ့ဈေးအတိုင်းပဲဖြစ်တယ်။ ဒါမှမဟုတ်Institution တစ်ခု လုံးက သုံးချင်တယ်ဆိုရင်တော့ ဒီကနေ IP ပေးလိုက်တယ်။ Allow လုပ်ပေးပါပေါ့။ ပြီးတာနဲ့ ဒီကနေတစ်ဆင့် IP ကို Recognize ပြန်လုပ်ပေးတယ်။ ဒါဆိုရင် University တစ်ခု လုံးက ဘယ်ကပဲတက်လာတက်လာ Password မတောင်း တော့ဘူး။ Online မှာတင်ထားတဲ့ဈေးတွေက Postage မပါသေးပါဘူး။ ဒါပေမဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံက Postage ချင်းမတူဘူး။ ဒီအတွက်လည်း ဈေးနှုန်းတွေက ကွာခြားမှုရှိ ပါတယ်။ အဲဒါကြောင့် သူ့နိုင်ငံအလိုက် ဘယ်ဟာကတော့ ဘယ်လောက်ကျတယ်ဆိုပြီး ဈေးနှုန်း တွက်ပေးလိုက်ပါ တယ်။Regular Customer ဖြစ်သွားတဲ့သူတွေဆိုရင်တော့ ကြိုပေးစရာမလိုပါဘူး။ ပြည်တွင်းမှာ အိမ်တိုင်ရာရောက်ပို့ ပေးတဲ့ဝန်ဆောင်မှုကို မကျင့်သုံးသေးပါဘူး။ ဘာဖြစ်လို့လဲဆို တော့ မြန်မာနိုင်ငံရဲ့ Postage က ဈေးတအားကြီးနေပါတယ်။တွေ့ ကြုံရတဲ့အခက်အခဲ
နံပါတ်တစ်အချက်က Program ကို ကောင်းကောင်းရေးနိုင် တဲ့သူ မရှိဘူး။ အဲဒီပြဿနာက ကျွန်တော်တို့ဆီမှာရှိတယ်။ Programmer တွေက ရေးတော့ရေးတယ်။ နိုင်ငံတကာ အတွေ့အကြုံမရှိဘူး။ အဲဒီလိုမရှိတဲ့အတွက် ကျွန်တော်တို့ လိုချင်တဲ့ပုံစံ၊ Process တွေကို မနည်းပြောယူရတယ်။ ကျွန်တော်တို့က Amazon မှာ တက်ဝယ် ဖူးတော့ သူတို့ရဲ့ Process လေးက အင်မတန်ကောင်းတာကို တွေ့ရတယ်။ သူတို့က ဝယ်ယူတဲ့ Customer တွေကို စောင့်ကြည့်နေ တယ်။ လေးငါးခါလောက်ဝယ် ပြီးတာနဲ့ သူတို့ရဲ့ Prime Member အနေနဲ့သတ်မှတ်လိုက်တယ်။ အဲဒီလို သတ်မှတ် ပြီးတာနဲ့ User အသုံးပြုရ လွယ်ကူအောင် လုပ်ထားပေးတယ်။ ဒီမှာကျတော့ အဲဒီဟာတွေက မရတော့ဘူး။ ဒီဇိုင်းကအစ ကိုယ်လိုချင်တဲ့ပုံစံကိုပြောနေရတယ်။ အခုထက်ထိ လည်း Redesign ပြန်လုပ်နေရတုန်းပါပဲ။ ဒါကတစ်ပိုင်းပါ။ နောက်တစ် ပိုင်းက မြန်မာပြည်က Postage က တအား ဈေးကြီးနေတယ်။ နိုင်ငံတကာမှာတော့ Printed Materials တွေအတွက်ကို ဈေးသတ်မှတ်ထားတာရှိတယ်။ ကျွန်တော် တို့နိုင်ငံမှာက မရှိပါဘူး။ ဒါကြောင့်မို့ စာအုပ်တွေကိုလည်း အခြားပစ္စည်းတွေလိုပဲ Post Office က Charge လုပ်တယ်။ အဲဒီတော့ ဈေးတအားကြီးတယ်။ တော်ရုံတန်ရုံ Customer ကမဝယ်နိုင်ဘူး။ တကယ့်ကို ကြိုက်တဲ့၊ စိတ်ဝင်စားတဲ့သူတွေသာ ဝယ်ဖြစ်ကြတာပါ။ ကျွန်တော်တို့ နိုင်ငံမှာက Fully Automatic မဖြစ်သေးပါဘူး။ အရင် တုန်းကဆိုရင် စာအုပ်ထူသွားလို့ရှိရင် ပို့ခွင့်မပြုတာတွေ ရှိပါတယ်။ နောက်တစ်ခုက Payment ကိစ္စပဲ ဖြစ်ပါတယ်။ ဒါက Online လုပ်တဲ့သူတိုင်း သိပါတယ်။ Payment ကိစ္စက ယတိပြတ်မဖြစ်သေးဘူး။ Third Country ကိုပဲ အားကိုးနေရတုန်းပါပဲ။မှာတဲ့ပစ္စည်းမရရင်
မှာယူတဲ့ Customer တွေကို ၂၄ နာရီအတွင်း မှာယူတဲ့ စာအုပ် Avaialable ဖြစ်မဖြစ် အကြောင်းပြန်ပေးပါတယ်။ တစ်ခါတလေ စာအုပ်က Out of Stock တွေဖြစ်နေရင်၊ Copyright လည်းလွတ်နေရင် Photo Copy ယူမလားဆိုပြီး ပြန်မေးပါတယ်။ တခြားနိုင်ငံက Library ကနေပြီးတော့ တစ်နှစ်စာ စာအုပ်မှာတဲ့အခါမှာလည်း သူတို့ဘက်က ကျွန်တော်တို့ကို အကြောင်းအရာပဲပြောတယ်။ ကျွန်တော်တို့ ဘက်ကနေပြီးတော့ သူနဲ့သက်ဆိုင်တဲ့အကြောင်းအရာကို Recommend လုပ်ပေးပြီး ပို့ပေးရတယ်။Customer ကိုဆွဲဆောင်ထားတဲ့အပိုင်း
လိုချင်တဲ့ Customer တွေအတွက် Contents ပြည့်စုံ အောင် လုပ်ထားပေးတယ်။ အခုတင်ထားတဲ့ Contents က တစ်သောင်းကျော်ရှိပါပြီ။ ခုနကပြောတဲ့ Membership အတွက်လည်း တစ်သောင်းလောက်ရှိပါပြီ။ ဒါတွေကိုမှာတဲ့ အခါမှာ သူတို့အချင်းချင်းပဲ သတင်းပေးကြတယ်။ သူတို့ အချင်းချင်း ကျွန်တော်တို့ Website ကို Recommend လုပ် ကြတယ်။ အဲဒါတွေကြောင့်လည်း ကျွန်တော်တို့ Website က Top မှာရောက်နေတယ်။ ဏမငခန ကတော့ ကျွန်တော်တို့ အနေနဲ့ အားမ သာနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန် တော်တို့ဆီမှာက ခုနကပြောတဲ့ အခက်အခဲတွေရှိတဲ့အ တွက်ဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ဘက်က Customer ကို အပြည့်စုံဆုံးဖြစ်အောင် လုပ်ထားတယ်။ ကျွန်တော်တို့ရဲ့ Contents ကောင်းမှ ရောင်းအားပိုရှိနိုင်မှာ ဖြစ်တယ်။Online Business လုပ်ချင်သုူတွေအတွက် အကြံပြုချက်နဲ့ သတိထားရမယ့်အချက်
ဒီ Online Business နဲ့ပတ်သက်ပြီး Study များများလုပ်ရ ပါမယ်။ အကောင်းဆုံးလမ်းညွှန်ပေးချင်တာက မိမိအနေနဲ့ Buyer အဖြစ်သတ်မှတ်ပြီးဝယ်ကြည့်လိုက်ပါ။ အဲဒီအခါ ကျရင် အခက်အခဲတွေကို တွေ့လာလိမ့်မယ်။ ကိုယ်ကဘယ် လို လိုချင်သလဲဆိုတာကိုသိလာလိမ့်မယ်။ ဒါဆိုရင် ကိုယ့် Website မှာ ဘာတွေလုပ်သင့်တယ်ဆိုတာကို သိလာလိမ့် မယ်။ သတိထားရမယ့်အချက်က နည်းပညာတွေကအမြဲ ပြောင်းလဲနေတယ်။ ဒါကြောင့် E-commerce လုပ်နေတဲ့ သူတိုင်းက Technology နဲ့ Keep in Touch ဖြစ်နေဖို့ လိုတယ်။ ဝယ်သူကိုလည်း လွယ်ကူစွာအသုံးပြုနိုင်အောင် လုပ်ပေးထားဖို့ လိုပါတယ်။ နောက်ပြီး Payment ကိစ္စကို လည်း သတိထားရမယ်။ Payment ကိစ္စမှာ Credit Card နဲ့ သွားနိုင်မှ Online သွားဖို့ ကောင်းပါတယ်။အနာဂတ်အစီအစဉ်
ခုနကပြောတဲ့ Database တွေ တည်ဆောက်နေတယ်။ အဓိ ကကInformation Provider ၊ Knowledge Provider လိုမျိုး လုပ်သွားမှာဖြစ်ပါတယ်။ [caption id="attachment_8488" align="alignnone" width="370"] ဒေါ်စုမြတ်နိုးDirector
Professional Online Trading[/caption]
လုပ်ငန်းစတင်တည်ထောင်တဲ့ခုနှစ်၊ ရည်ရွယ်ချက့်
Yangon Online ကို ၂၀၀၉ ခုနှစ်မှာ စတင်ဝန်ဆောင်မှုပေးခဲ့ပါတယ်။ Website (www.yangononlinestore.com) http://www.facebook.com/WorldwidePurchase Service နဲ့ပဲ အခုလက်ရှိဖွင့်ထားတဲ့အမှတ် (၅၉/ယောမင်း ကြီးလမ်း)မှာ စတင်ခဲ့တာပါ။ ဒီလုပ်ငန်း စတင် လုပ်ဖြစ်တဲ့ အကြောင်းကတော့Yangon Online မလုပ်ခင်တုန်းက ကျွန်မအမျိုးသားက သူ့လုပ်ငန်းတွေမှာ လိုအပ်တဲ့စက် ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းတွေကို ပြည်ပ မှာကိုယ်တိုင်သွား ဝယ်တာတို့၊ အင်တာနက်က ရှာပြီးမှာတာတို့ လုပ်လေ့ရှိပါ တယ်။ အဲဒီလိုကိုယ်တိုင်လိုအပ်လို့ ဝယ်ခဲ့သလို အခြားမိတ်ဆွေ တွေနဲ့ ဆွေမျိုးတွေက လည်း ကျွန်မနိုင်ငံခြားမှာရှိနေတုန်း ပစ္စည်းမှာကြတာမျိုးတွေရှိတော့ အဲဒီအစောပိုင်း ၂၀၀၆/ ၂၀၀၇ ခုနှစ်လောက်ကတည်းက ဒီလုပ်ငန်းကိုလုပ်ဖို့ စိတ် ဝင်စားခဲ့ပြီး ၂၀၀၉ ခုနှစ်ကျမှ ကျွန်မတို့လိုပဲ တခြားသူ တွေပါ နိုင်ငံခြားကနေလိုချင်တဲ့ပစ္စည်းတွေကို အင်တာနက် ကနေစိတ်ကြိုက်ရှာဖွေပြီး အဆင်ပြေပြေနဲ့ဝယ်နိုင်အောင်လို့ လုပ်ငန်းအနေနဲ့ စတင်ဝန်ဆောင်မှုပေးခဲ့တာပါ။အဓိက Customer တွေ
အဓိက Customer တွေကတော့ လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေ၊ အင်တာနက်ကို အကျွမ်းတဝင်ရှိပြီး ပြည်တွင်းပြည်ပ ဗဟုသုတများတဲ့သူတွေအပါအဝင် ခေတ်ပေါ် အသစ်အဆန်းနဲ့ ပစ္စည်းကောင်းကြိုက်တတ်တဲ့သူမျိုးတွေများပါတယ်။ဝယ်ယူနိုင်တဲ့ပစ္စည်းနဲ့ ငွေပေးချေတဲ့စနစ်
ပစ္စည်းမှာတဲ့အခါ မှာယူတဲ့နိုင်ငံအပေါ်မူတည်ပြီး ဆယ်ရက် ကနေ တစ်လအတွင်းလောက်ကြာတတ်ပါတယ်။ များသော အားဖြင့် ဆိုင်မှာ လာယူလေ့ရှိပြီး ရန်ကုန်မြို့ တွင်း အိမ်တိုင်ရာ ရောက်ပို့စေချင်ရင် မှာတဲ့အချိန်မှာ ငွေအကျေချေပြီး ကြိုပြော ထားလို့ရပါတယ်။ နယ်က Customer တွေကတော့ ဘဏ်က နေငွေလွှဲပေးနိုင်ပြီး သက်ဆိုင်ရာ နယ်ကားဂိတ်တွေအရောက် ပို့ပေးပါတယ်။ Service Charges မှာတဲ့ပစ္စည်းတန်ဖိုး၊ အမျိုးအစား၊ အလေးချိန်၊ အရွယ်အ စားနဲ့ မှာတဲ့နိုင်ငံ အပေါ်မူ တည်ပြီး မြန်မာပြည်ထိ အရောက် ဝန်ဆောင်မှုဈေးနှုန်းကို တွက်ပေးပါတယ်။တွေ့ ကြုံရတဲ့အခက်အခဲ
စတင်လုပ်ကိုင်စဉ်ကတော့ မြန်မာပြည်မှာ ပထမဆုံးဖြစ် ပြီး လူအများနဲ့မရင်းနှီးသေးတဲ့လုပ်ငန်းဖြစ်တာကြောင့် အခက် အခဲတွေတော့ရှိခဲ့ပါတယ်။ ဥပမာ-တစ်ပတ်လုံး ပစ္စည်းလာမှာ တဲ့သူမရှိတာတို့၊ အမေရိကန်နိုင်ငံကပစ္စည်းကို မှာထားတဲ့သူ က သုံးလေးရက်လောက်ပဲ ကြာသေးတာကို မရောက်သေး ဘူးလားလို့ မေးတတ်တာတို့၊ ပြီးတော့ လုပ်ငန်းဝန်ဆောင်မှု အကြောင်းကို တစ်ယောက်ပြီးတစ်ယောက် ထပ်ခါထပ်ခါ ရှင်းပြရတာတို့လိုမျိုးတွေ ရှိခဲ့ပါတယ်။မှာတဲ့ပစ္စည်းမရရင်
များသောအားဖြင့်ကတော့ မှာတဲ့ပစ္စည်းတွေ အကုန်နီးပါး ရတတ်ပါတယ်။ တစ်ခါတစ်ရံရောင်းသူက ပစ္စည်းကုန်နေ တာကို Online မှာ မဖြုတ်ရသေးဘဲ တင်ထားတာမျိုး၊ ဒါမှမဟုတ် တအားရောင်းကောင်းပြီး အရေအတွက်ကုန်သွား တာမျိုးဆိုရင်တော့ ချက်ချင်းသိရတာမျိုးရှိသလို တစ်ခါ တစ်ရံ Oversea Seller ကို ပစ္စည်းမ ရသေး ကြောင်းဆက်သွယ်ပြီး ငွေပြန်တောင်းရတာမျိုးလည်း ရှိပါတယ်။့Yangon Online အနေနဲ့ကတော့ Oversea Seller ဆီက အကျိုးအကြောင်းပြန်ပြီးသိသိချင်းမှာပဲ Customer တွေကို နေ့ချင်းအကြောင်းကြားလေ့ရှိပါတယ်။ Customer ကို ငွေပြန် အမ်းတာ၊ ဒါမှမဟုတ် ပစ္စည်းထပ်ရွေးတာမျိုး လုပ်ပေးပါ တယ်။မှာတဲ့အတိုင်းမရရင်
Onlineကနေ ရောင်းတဲ့ပစ္စည်းတွေက အညွှန်းတွေ ပုံ တွေနဲ့ သေချာရေးထားလေ့ရှိပါတယ်။ ပစ္စည်းရောက်လာ လို့ Online မှာ ရေးထားတဲ့အတိုင်း မဟုတ်ဘဲ ပျက်စီးလာ တာမျိုးရှိရင် Yangon Online က တာဝန်ယူပြီး အသစ် ပြန်မှာပေးတာ၊ ဒါမှမဟုတ် Refund ပြန်ပေးတာမျိုး လုပ်ပေးတာမျိုး၊ ဒါမှမဟုတ် စိတ်မချရတဲ့ Seller မျိုးတွေ ဆိုရင် ဃကျအသာနမ တွေကို သတိပေးပြီး မဝယ်ဖို့တိုက်တွန်းပါ တယ်။ပစ္စည်းအမှာများ/ နည်းတဲ့အချိန်
ပစ္စည်းလာမှာကြတာကတော့ အမျိုးစုံပဲ လာမှာတတ်ကြလို့ နည်းချိန်၊ များချိန်ရယ်လို့ ပုံသေမရှိတတ်ပါဘူး။ X'mas နဲ့ New Year လိုမျိုးအချိန်တွေ၊ ပြီးတော့ Online Site တွေမှာ Discount ချတဲ့ အချိန်မျိုးတွေမှာဆိုရင်တောFashion ပစ္စည်းတွေကို မှာတဲ့သူတွေ ပိုပြီး များလာတတ် တာမျိုးတော့ ရှိပါတယ်။Customer ကိုဆွဲဆောင်တဲ့အပိုင်း
Customer တော်တော်များများကတော့ မှာဖူးတဲ့သူတွေ ဆီကတစ်ဆင့် စကားတစ်ဆင့်နဲ့ ရောက်လာကြပြီး မှာကြ တာများပါတယ်။ အဓိကကတော့ ယုံကြည်စိတ်ချရမှုနဲ့ Yangon Online ရဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ရောက် နေပြီဖြစ်တဲ့ဝန်ဆောင်မှုတွေကြောင့် ဖြစ်မယ်လို့ထင်ပါတယ်။ငွေချေစနစ်
ပစ္စည်းမှာတဲ့အချိန်မှာ ကျသင့်ငွေတစ်ဝက်ကို အရင်ပေးထားရပါတယ်။ ကျန်တစ်ဝက်ကို ပစ္စည်းရောက်တဲ့အချိန်မှာ ပေးချေရပါတယ်။ နယ်က Customer တွေကတော့ ဖုန်း၊ Email တို့နဲ့ ဆက်သွယ်မှာယူနိုင်ပြီး ဘဏ်ကနေ ငွေလွှဲ ပေးနိုင်ပါတယ်။ပြည်ပက ပစ္စည်းမှာရင်
ပြည်ပကနေမှာတဲ့ Customer တွေအတွက် ပို့ချင်တဲ့အ မည်နဲ့လိပ်စာအတိုင်း ပို့ပေးပြီးရင် ပစ္စည်းပို့ပြီးကြောင်း Receiptကို Email နဲ့အကြောင်းကြားပါတယ်။ ပြည်ပ Customer တွေအနေနဲ့ ပစ္စည်းမှာတဲ့ငွေကို အပြည့်ချေပေး ဖို့လိုပြီး ပို့ပေးလိုတဲ့လိပ်စာကို အတိအကျပေးရပါတယ်။ ပြည်ပ Customer တွေ ငွေချေဖို့အတွက့်Yangon Online ရဲ့ Bank Account တွေဖြစ်တဲ့ အမေရိကန်၊ စင်ကာပူ၊ ထိုင်း၊ တရုတ်နိုင်ငံတွေက အဆင်ပြေမယ့် Account ကို ငွေလွှဲပေး နိုင်ပါတယ်။ပစ္စည်းတင်သွင်းပုံ
ပစ္စည်းကြီးတာတွေကို သင်္ဘောလိုင်းနဲ့ တင်သွင်းပြီး အမြန်လိုပြီး အရေးကြီးတဲ့ပစ္စည်းတွေကို လေကြောင်းလိုင်းကနေ တင်သွင်းပါတယ်။Online Business လုပ်ချင်သုူတွေအတွက် အကြံပြုချက်နဲ့ သတိထားရမယ့်အချက်
Online Business စလုပ်မယ့်သူတွေအနေနဲ့ ကိုယ်ပိုင် Account နဲ့ ကိုယ်တိုင်ဝယ်တာမျိုးမဟုတ်ဘဲ ပြည်ပမှာ နေတဲ့သူတစ်ဦးဦးဆီက တစ်ဆင့်ခံ အဆက်အသွယ်မျိုးနဲ့ ချိတ်မိပြီး ဒီလုပ်ငန်းကို လုပ်တာဆိုရင် အများကြီးသတိ ထားသင့်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပစ္စည်းတွေ ရော၊ ငွေကြေးနဲ့နာမည်ပါ ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေ မျိုး ဖြစ်နိုင်ပါတယ်။အနာဂတ်အစီအစဉ်
Customer တွေကို စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေး နိုင်ရင် ရေရှည်လုပ်ကိုင်နိုင်ပြီး လုပ်ငန်းတိုးတက်အောင် မြင်လာနိုင်ပါတယ်။ [caption id="attachment_8489" align="alignnone" width="370"] ဦးခိုင်မိုးအောင်မင်းFounder
www.eternalflowersmm.com[/caption]
လုပ်ငန်းစတင်တည်ထောင်တဲ့ခုနှစ်၊ ရည်ရွယ်ချက်
Eternal Floral ဆိုင်ကြီးက ၁၉၉၉ ဒီဇင်ဘာမှာ စဖွင့်တာပါ။ Website Launch လုပ်တာကတော့ ၂၀၁၃ ခုနှစ်၊ အောက် တိုဘာလပါ။ ဒါပေမဲ့ စဖို့ကြိုးစားနေတာကတော့ လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းကပါ။ ကိုယ့်အတွက်ကိုယ်ဝယ် တာမဟုတ်ဘဲ သူများအတွက်ဝယ်ပေးတဲ့ Gift Site ပါ။အဓိက Customer တွေ
အဓိက Customer တွေက Oversea က များပါတယ်။ ဒါကို စပြီး ကြိုးစားနေတုန်းက မြန်မာနိုင်ငံက မပြောင်းလဲ သေးဘူး၊ Online Payment ဆိုတာ အရိပ် အယောင်တောင် မရှိသေးဘူးဆိုတော့ သူ့ရဲ့ Business Model ကိုက မြန်မာနိုင်ငံက Customer ကို မစဉ်းစားဘူး။ နိုင်ငံခြား မှာ Debit Account ၊ Credit Account ၊ Paypal Account ရှိတဲ့လူတွေကိုပဲ Target လုပ်ပါတယ်။ သူတို့က နိုင်ငံခြားက နေမှာပြီး ဒီကလူတွေအတွက် ပို့ပေးတယ်ဆိုတဲ့Business Model ကိုသွားပါတယ်။ ဟိုဘက်ကငွေရှင်းပြီး ဒီကလူ တွေအတွက် ပို့ပေးတာမျိုးပါ။ဝန်ဆောင်ခနှုန်းထား
ဒီပန်းစည်းက ဘယ်လောက်ပေးရမယ်။ Delivery ဒီမြို့ နယ်ကို ဘယ်လောက်ပေးရမယ်ဆိုတာ တစ်ခါတည်းသတ် မှတ်ထားပြီးသားပါ။ အဲဒီအပြင် ပိုမရှိပါဘူး။ပို့ဆောင်ပေးတဲ့ရက်အပိုင်းအခြား
ကျွန်တော်တို့ Website မှာ တခြား Ecommerce Web- site နဲ့ မတူတာဘာရှိလဲဆိုတော့Delivery Date ကိုရွေး လို့ရတယ်။ တခြားပစ္စည်းမှာပါတဲ့ Site တွေမှာဆိုရင် ရောက်တဲ့နေ့မှ ယူရတာလေ။ ဒီမှာကတော့ အဲဒီလိုမဟုတ် ဘူး။ ဒီရက်ကပဲ မွေးနေ့၊ ဒီရက်ကပဲ Anniversary ၊ ဒီရက် ကပဲ Valentine's Day ဆိုရင် အဲဒီရက်ရအောင် ရွေးလို့ရ ပါတယ်။ Premium Delivery ဆိုရင် အချိန်ပါ အတိအကျ ရွေးလို့ရပါတယ်။ မနက် ၆ နာရီကနေ ည ၁၂ နာ ရီအထိ။ ဒါပေမဲ့ အချိန်ပေါ်မူတည်ပြီး ဈေးတွေက ကွဲပြားသွား တယ်။ Same Day Delivery လည်း ကျွန်တော်တို့ဆီမှာ ရပါတယ်။ ကိုယ်ပို့ချင်တဲ့နေ့မှာ မွန်းတည့် နေ့လယ် ၁၂ နာရီလောက်အထိ ဝင်လာတဲ့ Order တွေဆိုရင် ပို့ပေးပါ တယ်။ အဲဒီအတွက်လည်း Charges ပို မယူပါဘူး။ ဆိုင်မှာ လာယူတဲ့ Customer တွေလည်း ရှိပါတယ်။ ဒီကိုလာယူ ရင်တော့ Delivery ပေးစရာ မလိုပါဘူး။တွေ့ ကြုံရတဲ့အခက်အခဲ
ပထမဆုံး တွေ့တဲ့အခက်အခဲက Payment ပါ။ Paypal Account ဖွင့်လို့ရပါတယ်ဆိုလို့ စမ်းဖွင့်ကြည့်ပြီး စင်ကာပူ မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်က စင်ကာပူဒေါ်လာတစ်ရာ ကို စမ်းထည့်ပေးလိုက်ပါတယ်။ ထည့်တဲ့အထိတော့ ရပါ သေးတယ်။ Website အတွက် Hosting တွေ ဘာတွေ ဝယ်မယ်ဆိုပြီးတော့ အဲဒီပိုက်ဆံကို ပြန်သုံးတဲ့အခါမှာ Account က Lock ကျသွားတော့ သူက Bank Account တို့၊ လိပ်စာတို့ လျောက်တောင်းတဲ့အခါ ကိုယ်ကမဖြည့်နိုင်တော့ အဲဒီဒေါ်လာတစ်ရာ ဆုံးသွားပါတယ်။ နောက်ပိုင်း ကျွန်တော် စင်ကာပူရောက်တော့ အဲဒီမှာရတဲ့ ကျွန်တော့်Bank Account နံပါတ်နဲ့ သုံးပြီး ပြန်ဖွင့်လိုက် တော့မှ ရသွားပါတယ်။ နောက်အခက်အခဲတစ်ခုက ဓာတ်ပုံ ပါ။ တော်တော်များများ ပစ္စည်းတွေရောင်းတဲ့အခါ ဓာတ် ပုံကိုအင်တာနက်ကနေ Download လုပ်လို့ရပါတယ်။ iPhone ဆိုလည်း iPhone ပုံ၊ Coach ဆိုလည်း Coach ပုံပေါ့။ ကျွန်တော်တို့က ကိုယ်ပိုင်ပစ္စည်း ဖြစ်နေတဲ့အခါ ကျတော့ ကိုယ်တိုင်ရိုက်မှ ရပါတယ်။ အဲဒါကြောင့် Camera၊ Lighting ၊ Background ၊ Tripod စတာ တွေအားလုံး အစုံအလင်ဝယ်ပြီး ကိုယ်တိုင်ရိုက်ရပါတယ်။ ပြီးတော့ ကိုယ်တိုင် Photo Editing တွေလည်း ပြန်လေ့ လာခဲ့ရပါတယ်။ သူများပုံကျွန်တော်တို့ မသုံးပါဘူး။ ဒါပေမဲ့ သူများပုံကို ဘယ်အချိန်မျိုးမှာ သုံးလဲဆိုတော့ ချောကလက်တွေ ဘာတွေရောင်းမယ်ဆိုရင် ဥပမာ-Ferrero Rocher ရဲ့ ချောကလက်တွေဘာတွေ ရောင်းမယ်ဆိုရင်တော့ Internet ထဲက ပုံယူသုံးတာမျိုးတော့ ရှိပါတယ်။ ပန်းစည်းကတော့ ကိုယ့်ပုံပဲ ကိုယ်သုံးပါတယ်။Customer တွေဆီက Feedback ကို Handle လုပ်တဲ့ပုံစံ
Customer တွေက ကျွန်တော်တို့ဆီဆက်သွယ်လို့ရတဲ့ နည်းလမ်းသုံးခု ရှိပါတယ်။ Website ပေါ်က Contact Form မှာပါတဲ့ Email ကိုလည်း ပို့ကြတယ်။ Facebook ကနေလည်း Message ပို့ကြတယ်။ Website ပေါ်မှာ Live Chat လုပ်လို့ရတဲ့ Zopin ဆိုုတာလေးလည်း တပ် ထားတော့ အဲဒီကနေလည်း လာကြပါတယ်။ သူတို့မေး သမျလည်း ဖြေပေးပါတယ်။ တချို့ Kind ဖြစ်တဲ့ လူတွေ ကျတော့ သူတို့ဘယ်လောက်ပျော်ကြောင်း၊ ကျေးဇူးတင် ကြောင်းလေးတွေ Facebook မှာ ဓာတ်ပုံလေးတွေနဲ့ တင်ပေး ကြပါတယ်။ တချို့ကတော့လည်း နိုင်ငံခြားက ပို့ပြီးတော့ ဒီကလူက ရောက်မရောက် မသိတဲ့အခါကျတော့ စုံစမ်းတာလေး တွေရှိပါတယ်။ အဲဒီအခါကျရင်တော့ ကျွန်တော်တို့က Follow Up လုပ်ပေးပါတယ်။ ရှားရှားပါးပါးကတော့ Critic လုပ်တာလေးတွေရှိပါတယ်။ အဲဒီအခါကျတော့ တောင်းပန် သင့်တာလည်း တောင်းပန်၊ ရှင်းပြသင့်တာလည်း ရှင်းပြပေး ရပါတယ်။ တစ်ခေါက်ကတော့ Order တစ်ခုအတွက် ပိုက် ဆံပေးထားပြီးပြီ၊ ဒါပေမဲ့ Mail Service က ဘာဖြစ်လဲ မသိဘူး။ ကျွန်တော်တို့ဆီ Mail ရောက်မလာဘူး။ Email ရောက်မလာဘဲ အဲဒီ Order က တက်ပဲတက်နေတယ်။ ပိုက်ဆံမပေးရသေးဘူးဆိုတော့ ကျွန်တော်တို့က Process မလုပ်ဘူးပေါ့နော်။ နောက်တစ်ရက်ကျတော့ အဲဒီ Customer က ပိုက်ဆံပေးပြီးပြီလို့ပြောတော့ ကျွန်တော်တို့ က Paypal Account ထဲတွေ ဘာတွေလည်း ပြန်ဝင် ကြည့် ရတယ်။ အဲဒီအချိန်တုန်းက Paypal Account ထဲကို ဝင် ရတာ ခက်ပါတယ်။ စင်ကာပူ VPN ကနေ ပတ်ဝင်ကြည့်ရတာ၊ မြန်မာပြည်ကနေ တန်းဝင်လိုက်ရင် Account က Lock ကျသွားတယ်။ VPN ကလည်း တော်ရုံတန်ရုံမရတဲ့အခါ ကျတော့ Paypal ကို ဝင်မကြည့်ဖြစ်ဘူး။ အဓိကကတော့ Paypal က ပို့တဲ့ Email က မရောက်တာပါ။ အဲဒီ Customer ပြောတော့မှ ဝင်ကြည့်လိုက်တော့ ပိုက်ဆံက တကယ်ရောက်နေတယ်။ Email က မထွက်တော့ တစ်ရက် တော့နောက် ကျသွားပြီပေါ့ နော်။ အဲဒါမျိုးဆိုတော့ ကျွန်တော် တို့က ပိုက်ဆံအကုန်လုံး Refund လုပ်ပေးလိုက်ပြီး အဲဒီ Order ကိုတော့ နောက်တစ်ရက်ကျတော့ ပို့ပေးလိုက်ပါ တယ်။ အဲဒါမျိုးကတော့ တစ်ခါပဲ ဖြစ်ဖူးတာပါ။Quality Controlလုပ်တဲ့ပုံစံ
Quality ကတော့ ကျွန်တော်တို့ရဲ့ Florist တွေနဲ့ပဲ ဆိုင်ပါတယ်။ Florist တွေကလည်း ကောင်းကောင်း Training ပေးထားပြီး ဓာတ်ပုံကို ကြည့်ထိုးတာဖြစ်တဲ့ အတွက် ဓာတ်ပုံထဲမှာလည်း ဘာမှပိုပြီး ပြမထားတဲ့အတွက် တကယ်ထွက်တဲ့အခါ ဓာတ်ပုံထဲကအတိုင်း ထွက်ပါတယ်။ Ideal ပုံစံကတော့ ရိုးရိုး Shopping Cart Site တွေလို ပါပဲ။ Website ပေါ်သွား၊ ကိုယ်ကြိုက်တဲ့ပစ္စည်းလေးတွေ ကို Add to Cart လုပ်ပြီး Check Out လုပ်ရင် Paypal နဲ့ဖြစ်ဖြစ် Credit Card နဲ့ဖြစ်ဖြစ် ရှင်း။ အဲဒီတော့ ပိုက် ဆံအရင်ဆုံးရောက်လာတယ်။ ရောက်လာတော့မှ ကျွန် တော်တို့က အဲဒါကို ကြည့်ပြီး Process လုပ်လိုက်တာပဲ ပေါ့။ တချို့တွေကျတော့ Website ပေါ်မှာ မရှိတဲ့ ပစ္စည်း မျိုးကို ပို့ချင်တာရှိပါတယ်။ ဥပမာ-ကိတ်မုန့်ပို့ချင်တယ်၊ ရှန်ပိန်ပို့ချင်တယ်ဆိုတာမျိုးကို Oversea Call တွေနဲ့ ဖုန်းတွေဆက်ပြီး မှာပါတယ်။ အဲဒါကို ကျွန်တော်တို့ က သူတို့လိုချင်တာတွေလိုက်မှတ်ပြီး လုပ်ပေးပါတယ်။ ပိုက် ဆံကိုတော့ Paypal ကနေပဲ ပို့ရင်လည်း ပို့တယ်။ စင် ကာပူက Customer တွေကတော့ Bank Account ထဲက iBanking နဲ့ လွှဲရင်လည်း လွှဲပါတယ်။ ပိုက်ဆံရပြီးမှ Process လုပ်တယ်လို့တော့ ပြောလို့ရပါတယ်။ဒီလိုလုပ်ငန်းစလုပ်ချင်တဲ့လူတွေအတွက် အကြံပြုချက်
ဒီလိုလုပ်ငန်းစလုပ်ချင်တဲ့သူတွေအတွက် အခုအချိန်က အပြိုင်အဆိုင်တွေကလည်း များနေပြီ၊ လူတိုင်းကလည်း လုပ်တတ်တယ်ဆိုတဲ့အချိန်မှာ သူများထက်သာအောင် ကြိုးစားနိုင်တာက Website ကို ပိုပြီးတော့ Professinal Design မျိုးဖြစ်အောင် လုပ်ဖို့ပါပဲ။ ဒါက အထင်ရှားဆုံးနည်း တစ်ခုဖြစ်နေပါတယ်။ လက်ရှိအထိတော့ ကျွန်တော့် Website အပါအဝင် တော်တော်များများက Professional မဖြစ်သေး ပါဘူး။ ကျွန်တော်လည်း အဲဒါကိုပြန်ပြင်ဖို့ ရှိပါတယ်။ ဒီဇိုင်းက ကိုယ့်ကို လူတိုင်းမြင် မယ့် Face ပဲ ဆိုတော့ ဦးစားပေးပြီး လုပ်သင့်ပါတယ်။ ဒီဇိုင်းက ဘယ် လောက် Professional ဖြစ်လဲဆိုတဲ့အပေါ် မူတည်ပြီးတော့ အဲဒီကနေ Customer ရဲ့ယုံကြည် မှုက စရတာပါ။ ပြီး တော့ နောက်က Operation ကတော့ ပြောတဲ့အတိုင်း လုပ်တာမျိုးဖြစ်ပါတယ်။ ဒီရက်ရောက်မယ်ဆိုရင် ဒီရက် ရောက်အောင်၊ ဒီဈေးနဲ့ရမယ်ဆိုရင် ဒီဈေးနဲ့ရတာမျိုးပေါ့။ ဒါကတော့ Basic Business Ethic တွေပါပဲ။ နောက်တစ် ခု အရေးအကြီးဆုံးကတော့ Marketing ကို ကိုယ့်ဘာသာကိုယ်လုပ်ရပါမယ်။Site အတွက် လုပ်ခဲ့ဖူးတဲ့ Marketing
ကျွန်တော် Facebook Compaign Run ဖူးပါတယ်။ ပြီး ခဲ့တဲ့နှစ် Valentine's Day တုန်းကFacebook Ads Campaign လေး Run လိုက်ပါတယ်။ အဲဒါတော်တော် သိသာပါတယ်။ Like တွေရော၊ Order တွေရော တက် ပါတယ်။ Mother's Day တုန်းက နည်းနည်းလုပ်လိုက် ပါတယ်။ အဲဒါလောက်ပဲ လုပ်ပါတယ်။ တခြား Website မှာ ကြော်ငြာသွားထည့်တာတွေ ဘာတွေတော့ မလုပ်ပါ ဘူး။ ဒီ Website တွေက ကိုယ်တိုင်က Making Money Site ဆိုတော့ ကိုယ့် Website မှာ သူများကြော်ငြာတွေ လက်မခံရဘဲ ကိုယ်ကသာ သူများ Website တွေမှာ ကြော် ငြာထည့်တာပါ။ Ebay လိုမျိုးMarket Place Website ဆိုရင်တော့ ကြော်ငြာလက်ခံလို့ ရပါတယ်။Website မှာ Order အများဆုံးတက်တဲ့အချက်
Valentine's Day ပါပဲ။ တက္ကသိုလ်ရိပ်သာလမ်းက ဆိုင်မှာ ဆိုရင် Order ထောင်နဲ့ချီတက်ပေမဲ့ Online ကတော့ အဲဒီလောက် မများပါဘူး။ Process လုပ်လို့နိုင် သလောက် ပဲတက်တာပါ။ ဒုတိယများတာက Mother's Day များပါ တယ်။ ဒါပေမဲ့ အံ့သြဖို့ကောင်းတာက Father's Day မှာ တော့ Order တစ်ခုမှ တက်မလာတာပါပဲ။ အဖေတွေ အ တွက် ပန်းမဟုတ်ဘဲ တစ်ခုခုစီစဉ်ပေးရမယ်ထင်ပါတယ်။ (ရယ်လျက်)။နောက်ပိုင်းမှာ Package လုပ်ဖို့ အစီအစဉ်ရှိပါသလား
တကယ်တော့ လုပ်မယ်ဆိုရင် အများကြီးလုပ်လို့ရပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းကဆိုင်မှာဆိုရင်တော့ တကယ့်ကို အများကြီးရောင်းတာပါ။ ကျွန်တော်တို့ Online မှာ ပစ္စည်း ကို မရောင်းတာက Stock ကို မနိုင်သေးလို့ပါ။ ွGround Store မှာ Stock က Move ဖြစ်တာအင်မတန်မြန်ပါတယ်။ အဲဒီအချိန်မှာ Online မှာ အဲဒီနှုန်းကို လိုက်ပြီး Update မလုပ်နိုင်ပါဘူး။ ကိုယ်က Website မှာ တင်ထားပြီးတော့ Stock ကုန်သွားရင် အဆင်မပြေပါဘူး။ ကိုယ်တိုင်လည်း Store မလုပ်ထားနိုင်တာကြောင့် ပစ္စည်းတွေဘာတွေ သိပ်မ ရောင်းတာပါ။ လုပ်နိုင်ရင်တော့ ကောင်းပါတယ်။ စိတ်ကူး လည်း ရှိပါတယ်။ [caption id="attachment_8490" align="alignnone" width="370"] ဒေါ်မြင့်မြင့်ဝေManaging Director
ဆင်မင်းပုဆိုး[/caption]