ကမ္ဘောဇဘဏ်ရဲ့ One-Stop SME Banking Center ဖွင့်ပွဲ

kbzsme1

အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ ပိုမိုပေးအပ်နိုင်စေဖို့ ကမ္ဘောဇဘဏ်ရဲ့ One-Stop SME Banking Center ဖွင့်ပွဲကို ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်က ရန်ကုန်မြို့၊ Strand Square ရှိ IKBZ ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ OSBC ကို ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) အနီးရှိ St. John Shopping Mall ဘေးမှာ ဖွင့်လှစ်ထားပြီး ဝန်ဆောင်မှုတွေကို ဖွင့်ပွဲနေ့က စတင်ကာပေးအပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ OSBC ရဲ့ Managing Director ဖြစ်သူ ဦးဇော်လင်းအောင်နဲ့ တွေ့ဆုံပြီး OSBC နဲ့ပတ်သက်လို့ သိလိုတဲ့အကြောင်းအရာများကို မေးမြန်းဖြစ်ခဲ့ပါတယ်။

One-Stop SME Banking Center (OSBC) ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်

----------------------------------------------

ဖွံ့ဖြိုးဆဲစီးပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ ငွေကြေးနဲ့ဘဏ္ဍာရေးဆိုင်ရာ ဗဟုသုတတွေကို ပိုမိုသိရှိနားလည်စေဖို့၊ လုပ်ငန်းအမျိုးအစားတစ်ခုချင်းအလိုက် အံဝင်ခွင်ကျဖြစ်စေမယ့် ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ ပြီးပြည့်စုံတဲ့ SME ဝန်ဆောင်မှုတွေအပြင် SME Registration လုပ်တဲ့ ကိစ္စရပ်တွေကိုလည်း တစ်နေရာတည်းမှာ အဆင်ပြေပြေ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။

[caption id="attachment_32478" align="alignnone" width="370"]kbzsme2Managing Director
KBZ One-Stop SME Banking Center[/caption]

OSBC က ပေးအပ်နေတဲ့ ဝန်ဆောင်မှုတွေအကြောင်း

--------------------------

SME လုပ်ငန်းရှင်တွေ လိုအပ်တဲ့ ချေးငွေတစ်ခုတည်းကို ကူညီပံ့ပိုးတာမဟုတ်ဘဲနဲ့ သူတို့လုပ်ငန်းအတွက် လိုအပ်တဲ့ အပ်ငွေ၊ Cash Management Solution တွေ၊ Trasactional Banking Product တွေနဲ့ သူတို့လုပ်ငန်းတွေ ကြီးပွားတိုးတက်လာအောင်၊ ဆုံးရှုံးမှုလျော့ကျလာအောင် အကြံပေးတဲ့ ဝန်ဆောင်မှုတွေလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အကြံပြုဆွေးနွေးပေးတာ၊ သင့်လျော်တဲ့ အကြံဉာဏ်တွေပေးတာ၊ အသေးစားအလတ်စား လုပ်ငန်းရှင်တွေနဲ့ စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်တွေကို စီးပွားရေးစီမံခန့်ခွဲမှုသင်တန်းတွေ၊ ငွေရေးကြေးရေးဆိုင်ရာ Financial Literacy Training တွေလည်း ပေးအပ်နေပါတယ်။ ဒါအပြင် ကျွန်တော်တို့ Banking Center မှာ လုပ်ငန်းရှင်တွေအနေနဲ့ ပျက်စီးဆုံးရှုံးနိုင်တာတွေကို တားဆီးဖို့အတွက် Insurance နဲ့ပတ်သက်တဲ့ Solution ကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။ နောက်ပြီး အစိုးအဖွဲ့အစည်းအနေနဲ့ SME Development Center က အရာထမ်းဝန်ထမ်းတွေထားပြီး SME Development Center ရဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးပါမယ်။ သူတို့နဲ့ပတ်သက်တဲ့ Registration ကိစ္စတွေကို တစ်နေရာတည်းမှာ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေပေးသွားမှာ ဖြစ်ပါတယ်။

SME လုပ်ငန်းတွေအောင်မြင်အောင် လုပ်ငန်းရှင်တွေအနေနဲ့ Financing လိုတယ်ဆိုရင် Financing ပေးသွားပါမယ်။ Financing မလိုဘဲ အခြားဝန်ဆောင်မှုတွေ လိုတယ်ဆိုရင် အခြားဝန်ဆောင်မှုပေးသွားပါမယ်။ ကျွန်တော်တို့ရဲ့ Credit Policy ကတော့ လက်ရှိကမ္ဘောဇဘဏ်က ချမှတ်ထားတဲ့ Credit Policy အတိုင်း သွားမှာ ဖြစ်ပါတယ်။ တစ်နေရာတည်းမှာ တစ်ထိုင်တည်းနဲ့ သူတို့သိချင်တဲ့ သတင်းအချက်အလက်တွေ သိနိုင်မယ်၊ သူတို့တင်ချင်တဲ့ Loan Application တွေကို တစ်နေရာတည်းမှာ တင်လို့ရမှာဖြစ်တဲ့အတွက် Processing Time က အများကြီးပိုမြန်သွားပါမယ်လို့ ယုံကြည်ပါတယ်။

ရရှိနိုင်မယ့် ချေးငွေပမာဏနဲ့ ချေးငွေအတိုး

------------------------------

ချေးငွေအတိုးကတော့ ကျွန်တော်တို့ဆီမှာ Funding တွေ ရှိတယ်။ JICA ရဲ့ Funding တွေရှိတယ်။ ကိုယ့်ဘဏ်က Funding တွေ ရှိတယ်။ JICA Funding နဲ့ ရမယ်ဆိုရင် အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းနဲ့ ချေးပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘဏ်က Own Funding နဲ့ ချေးမယ်ဆိုရင်တော့ ပုံမှန်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းနဲ့ ချေးပေးမှာ ဖြစ်ပါတယ်။ ချေးမယ့်ကာလကတော့ ငါးနှစ်အထိ ချေးသွားမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ငန်းလိုအပ်ချက်အပေါ်မှာ မူတည်ပြီးတော့ သင့်တော်တဲ့ကာလအပိုင်းအခြားနဲ့ ကျွန်တော်တို့ ချေးသွားမှာ ဖြစ်ပါတယ်။ ပမာဏအားဖြင့်တော့ တစ်ဦးချင်းစီကို သန်းငါးရာအထိ ချေးပေးသွားမှာ ဖြစ်ပါတယ်။

ချေးငွေယူချင်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ဘာတွေပြင်ဆင်ထားသင့်ပါသလဲ

--------------------------------------------

ကျွန်တော်တို့ဘဏ်ဘက်က သတ်မှတ်ထားတဲ့ ချေးငွေမူဝါဒကတော့ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းကို အဓိက ဦးစားပေးပြီး ချေးပါတယ်။ သူ့လုပ်ငန်းကတကယ့်ကို အောင်မြင်ပြီးတော့ အလားအလာရှိတဲ့ လုပ်ငန်းမျိုးလား၊ လက်ရှိလုပ်ငန်းလည်ပတ်နေတဲ့အခြေအနေတွေ၊ ချေးငွေကို ဘယ်နေရာတွေမှာ သုံးဖို့လိုအပ်တာလဲ၊ အဲဒီလိုအပ်တဲ့ Amount ကို ဘဏ်ကနေပြီး ဘယ်လောက် Financing လုပ်ရမှာလဲ၊ သူတို့အနေနဲ့ Own Capital က ဘယ်လောက်အထိ Invest လုပ်မှာလဲဆိုတာတွေကို သေချာသိအောင် လုပ်ပြီးသွားပြီဆိုရင် ချေးငွေလိုအပ်ချက်နဲ့ ကိုက်ညီမယ့် Credit Product တွေကို ကျွန်တော်တို့ဘက်က အကြံပေးပါတယ်။ လုပ်ငန်းအပေါ်မှာ ကျွမ်းကျင်မှုတွေ၊ ယုံကြည်စိတ်ချရမှုတွေအပြင် ကမ္ဘောဇဘဏ်နဲ့ သူနဲ့ Track Record ၊ တည်ဆောက်ထားတဲ့ Trust နဲ့ Relation ဘယ်လောက်ရှိပြီလဲ စတဲ့ အချက်တွေအပေါ်ကြည့်ပြီး နောက်ဆုံးကျမှ သူ့အနေနဲ့ဘယ်လိုမျိုး အပေါင်ပစ္စည်းကို ပေးနိုင်သလဲဆိုတာကို ကြည့်ပါတယ်။ အပေါင်ပစ္စည်းကို နောက်ဆုံးကျမှ ကျွန်တော်တို့ စဉ်းစားတာဖြစ်ပါတယ်။ ပထမဦးဆုံး ကျွန်တော်တို့ စဉ်းစားတာက သူတို့ Business ကို ကြည့်တယ်။ သူတို့ Cash Flow ကို ကြည့်ပါတယ်။ သူတို့ရဲ့ Business ပေါ်မှာ သူတို့ရဲ့လုပ်ငန်းကျွမ်းကျင်မှုကိုကြည့်တယ်။ သူ ပြန်ဆပ်ရမယ့် Source of Income က ဘယ်ဟာလဲဆိုတာကိုကြည့်တယ်။ ဒါတွေကိုကြည့်ပြီးတော့ ကျွန်တော်တို့က ချေးငွေကို ချေးပေးတာ ဖြစ်ပါတယ်။

ကြည်ပြာနွဲ့ဦး