Offshore Company ၊ Tax Haven ၊ Panama Papers နဲ့ ကမ္ဘာ့ထိပ်တန်း Tax Haven နိုင်ငံ ၁၀ နိုင်ငံ

စီးပွားရေးလုပ်ငန်းတိုင်းလိုလိုအတွက် နိုင်ငံတကာမှာ ကိုယ့်လုပ်ငန်းရဲ့ Presence ရှိနေဖို့ဆိုတာက လိုအပ်ချက်တစ်ခုပါပဲ။ လုပ်ငန်းလုပ်သာကိုင်သာ ရှိဖို့ဖြစ်စေ၊ အခွင့်အလမ်း အဆက်အသွယ် လွယ်လင့်တကူရဖို့ဖြစ်စေ Offshore ကုမ္ပဏီတွေလည်း ဖွင့်ကိုဖွင့်ကြရပါတယ်။ ၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်းက နိုင်ငံတကာကုမ္ပဏီတွေကြား ဂယက်ထစေခဲ့တဲ့ Panama Papers ကိစ္စဖြစ်ပြီးတဲ့နောက် မီဒီယာကရော၊ စီးပွားရေးနယ်ပယ်အတွင်းမှာပါ Offshore ကုမ္ပဏီဖွင့်ရခြင်းနဲ့ပတ်သက်လို့ မေးစရာအကြောင်းရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် Tax Haven၊ Offshore ကုမ္ပဏီ၊ Panama Papers စတာနဲ့ပတ်သက်လို့ CEO စာဖတ်ပရိသတ်တွေအတွက် ရှေ့နေဦးမင်းစိန်နဲ့ အင်တာဗျူး၊ Panama Papers နဲ့ ပတ်သက်လို့ ကမ္ဘာမှာ ဘာတွေဖြစ်နေသလဲ စတာတွေနဲ့အတူ ကမ္ဘာ့ထိပ်တန်း Tax Haven နိုင်ငံ ၁၀ နိုင်ငံ စသဖြင့် လက်လှမ်းမီသမျှ စုစည်းဖော်ပြလိုက်ပါတယ်။ တကယ်တော့ Offshore Structures ကိုသုံးတိုင်း တရားဥပဒေမဲ့တဲ့ ကုမ္ပဏီမဟုတ်ပါဘူး။ Offshore Structure တစ်ခုလုံးက တရားဝင်ပါပဲ။ ဒီလိုလုပ်ဖို့ တရားဥပဒေကြောင်းအရ အကြောင်းပြချက်ကောင်းတွေလည်း ရှိပါတယ်။ ဥပမာ - ရုရှား၊ ယူကရိန်းတို့က လုပ်ငန်းရှင်တွေဆိုရင် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို Offshore တွေ လက်အောက်မှာ ထားပါတယ်။ အကြောင်းကတော့ မသမာသူတွေရဲ့ ခြိမ်းခြောက်လုယက်ခံရမှုကနေ လွတ်အောင်ရယ်၊ သူတို့နိုင်ငံက ငွေကြေးနဲ့ပတ်သက်လို့ ကန့်သတ်ချက်တွေ များတာကြောင့်ရယ်ဖြစ်ပါတယ်။ တချို့ကုမ္ပဏီတွေကျတော့လည်း Estate Planning လုပ်ဖို့နဲ့ လုပ်ငန်းဆင့်ပွားချဲ့ထွင်ဖို့ကိစ္စတွေကြောင့် Offshore ကုမ္ပဏီဖွင့်ကြပါတယ်။

UMinSein

ဦးမင်းစိန်

တရားလွှတ်တော်ရှေ့နေ

Tax Haven . . .

Tax Haven နိုင်ငံတွေဆိုတာက Business ကိုဖြစ်စေ၊ Individual ကိုဖြစ်စေ Tax Liability မရှိအောင် ထားနိုင်တဲ့နိုင်ငံတွေဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ ကိုယ်တိုင်နေဖို့လည်း မလိုဘူး။ သူတို့နိုင်ငံမှာ ကုမ္ပဏီလာဖွင့်ဖွင့်၊ လူအနေနဲ့ ငွေလာအပ်အပ် လက်ခံပါတယ်။ Tax မရှိဘူး။ ရှိတယ်ဆိုရင်လည်း ပမာဏမများပါဘူး။ Offshore ကုမ္ပဏီတွေ ထားရခြင်းက အဓိက Tax Haven ကြောင့် ဖြစ်နိုင်ပါတယ်။ Tax ပေးရတာနည်းတယ်၊ အမေးအမြန်း မထူဘူးဆိုတာတွေလည်း ရှိပါတယ်။

အဲဒီလို Tax Haven နိုင်ငံတွေက Andorra ၊ Bahamas ၊ Belize ၊ Bermuda ၊ British Virgin Islands ၊ Cayman Islands ၊ Channel Islands ၊ Cook Islands ၊ Hong Kong ၊ Isle of Man ၊ Mauritius ၊ Lichtenstein ၊ Monaco ၊ Panama ၊ Switzerland ၊ St. Kitts နဲ့ Nevis တို့လိုနိုင်ငံတွေပါ။ အဲဒီနိုင်ငံတွေက Very Secretive ဖြစ်ပါတယ်။ ဆိုလိုတာက အဲဒီမှာရှိတဲ့ ဘဏ်စာရင်းတွေကို ကြည့်လို့မရပါဘူး။ Bank Secrecy ရှိပြီး Tax Transparency လည်း မရှိပါဘူး။ သူတို့ဆီမှာ ဘယ်သူဘယ်လောက် အခွန်ဆောင်နေရတယ် ဆိုတာမျိုး ထုတ်မပြပါဘူး။ တခြားနိုင်ငံတွေမှာလို Big Tax Payer ဆိုတာမျိုးလည်း သူတို့ဆီမှာမရှိပါဘူး။ တခြားနိုင်ငံတွေနဲ့လည်း သတင်းအချက်အလက်တွေ ထိထိရောက်ရောက် ဖလှယ်တာမျိုးမရှိပါဘူး။ တချို့နိုင်ငံတွေက သူတို့နဲ့ အပြန်အလှန် သတင်းအချက်အလက် လဲလှယ်ဖို့တောင်းဆိုကြပေမဲ့ များသောအားဖြင့်တော့ သူတို့က မပေးပါဘူး။ နောက်တစ်ခါသူတို့က ဘာကို ကူညီပေးလဲဆိုတော့ Financial Regulation တွေကို ရှောင်ပေးတယ်၊ Money Laundering တွေကိုလည်း အကူအညီပေးပါတယ်။ Liability ကနေလည်း ကာကွယ်ပေးထားတယ်။

[caption id="attachment_26038" align="alignnone" width="423"]နိုင်ငံတကာမှာ Financial Secrecy Index ကိုညွှန်ပြပေးတဲ့ ညွှန်းကိန်းတွေရှိပါတယ်။ ဒီညွှန်းကိန်းတွေအလျောက် ၂၀၁၅ ခုနှစ်အတွက် ဘယ်နိုင်ငံတွေက Top Ten စာရင်းထဲ ပါဝင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။[/caption]

အဲဒီနိုင်ငံတွေတင်မကဘူး။ ဘဏ်စာရင်းနဲ့ပတ်သက်လို့ လုံးဝမေးလို့မရတဲ့ Financial Secrecy ရှိတဲ့ နိုင်ငံတွေထဲမှာ Switzerland လည်းပါပါတယ်။ Tax Haven နိုင်ငံတွေမှာလည်း Financial Secrecy Index တွေရှိပြီး Financial Secrecy Index တွေအရ အစဉ်လိုက်စီထားတဲ့ နိုင်ငံမျိုး တစ်ရာကျော်ရှိပါတယ်။ အဲဒီနိုင်ငံတွေက ဘယ်သူ့ရဲ့ Account ကို ပြပါဆိုတာမျိုး တောင်းဆိုလာရင် ဘယ်တော့မှမပြပါဘူး။

Panama Papers . . .

Panama Papers ဆိုတာက Panama မှာရှိတဲ့ ရှေ့နေကုမ္ပဏီတစ်ခုဖြစ်တဲ့ Mossack Fonseca ကနေတစ်ဆင့်  Panama မှာရှိတဲ့ Offshore ကုမ္ပဏီလာဖွင့်ထားတဲ့ နိုင်ငံတကာကုမ္ပဏီတွေရဲ့ အချက်အလက်တွေ ပေါက်ကြားသွားပြီး အဲဒီကုမ္ပဏီတွေအကြောင်း ကမ္ဘာကို အသိပေးလိုက်သလို ဖြစ်သွားတာပါ။ Mossack Fonseca က ဒီအချက်အလက်တွေကို ဘယ်ကနေရတယ်ဆိုတာတော့ မသိပေမဲ့ ကမ္ဘာကနေ ဒီလိုကုမ္ပဏီတွေ ရှိပါလားဆိုတာကို သိသွားကြပါတယ်။ အဲဒါကြောင့် ဒီ Panama Papers ဆိုတာ ဖြစ်လာတာပါ။ တကယ်ကျတော့ Panama ဆိုတာ ကမ္ဘာမှာရှိတဲ့ Tax Haven နိုင်ငံတွေထဲမှာကြည့်ရင် 1 to 10 စာရင်းထဲမှာတောင် မပါပါဘူး။ ဒါကြောင့် တခြားနိုင်ငံတွေဖြစ်တဲ့  BVI ၊ Cayman Islands ၊ Monaco နဲ့ Switzerland တို့လိုနိုင်ငံတွေမှာထားတဲ့ စာရင်းသာ ပေါက်ကြားရင် ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။

[caption id="attachment_26037" align="alignnone" width="423"]Panama Papers ကနေပေါက်ကြားခဲ့တဲ့ Data ပမာဏက ၂၀၁၀ ပြည့်နှစ်က WikiLeak ရဲ့ Data ပေါက်ကြားမှုကစလို့ လက်ရှိအချိန်အထိ Data ပေါက်ကြားမှုတွေထဲက ပမာဏအများဆုံး ဖြစ်ပါတယ်။[/caption]

ဘာကြောင့် Offshore ကုမ္ပဏီတွေ ထားဖို့လိုတာပါလဲ . . .

ဥပမာ - Channel Island တို့၊ BVI တို့မှာ ကုမ္ပဏီသွားဖွင့်ထားတယ်ဆိုရင် ဖွင့်ထားလိုက်တာနဲ့ Tax လည်း နည်းနည်းလေးပဲပေးရပြီး ဘာလုပ်ငန်းလုပ်တာလဲ လုံးဝမမေးပါဘူး။ ငွေလည်ပတ်ခွင့်ရှိပေမဲ့ ငွေဘယ်ကရလဲ မမေးပါဘူး။ ဒါပေမဲ့ အဲဒီလိုနိုင်ငံတွေက ဥပဒေမဲ့တော့ မဟုတ်ပါဘူး။ သူတို့မှာရှိတဲ့ ဥပဒေအတိုင်း၊ ကုမ္ပဏီ စည်းကမ်းအတိုင်း လိုက်လုပ်ရပါတယ်။ သူတို့ဆီမှာ ကုမ္ပဏီသက်တမ်းလည်း တိုးရပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းညွှန်းတမ်းထဲမှာပါတဲ့ လုပ်ငန်းတွေကလည်း တရားဝင်လုပ်ငန်းတွေတော့ ဖြစ်ရပါမယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းတွေကရတဲ့ငွေက ဘယ်ကရလဲဆိုတာ မစစ်ပါဘူး။

Offshore ကုမ္ပဏီထားတာရဲ့ Pros & Cons . . .

ငွေဘယ်ကရလဲ နောက်ကြောင်းမလိုက်ပါဘူး။ ဥပမာ - မြန်မာနိုင်ငံမှာဆိုရင် Central Bank မှာဆိုရင် Transaction လုပ်တဲ့ ငွေပမာဏကြီးရင် ဒါက Money Laundering လား၊ ဘာလားဆိုပြီး လိုက်ပါတယ်။ တခြားနိုင်ငံတွေမှာဆိုရင်လည်း ငွေပမာဏများရင် မေးပါတယ်။ ဥပမာ - စင်ကာပူလိုနိုင်ငံမျိုးမှာဆိုရင်တောင် ဒေါ်လာတစ်သိန်းလောက် လွှဲရင်တောင် မေးပါတယ်။ ဒါပေမဲ့ Tax Haven နိုင်ငံတွေကတော့ လုံးဝမမေးပါဘူး။ အထူးသဖြင့် အခုအချိန်မှာ Terrorist တွေကို ငွေထောက်ပံ့တာမျိုးဖြစ်မှာစိုးလို့ တခြားနိုင်ငံတွေက စိုးရိမ်ကြတာမျိုးတွေလည်း ရှိပါတယ်။

ဥပမာ - မြန်မာပြည်မှာလာဖွင့်တဲ့ ကုမ္ပဏီတွေမှာလည်း BVI တို့၊ Caymand Island တို့ကနေ ဒီမှာလာဖွင့်တဲ့ ကုမ္ပဏီတွေလည်း ရှိနိုင်ပါတယ်။ ဒီမှာလာဖွင့်တဲ့အခါကျတော့ ဒီကအမြတ်ကို ဒီမှာ Tax ပေးပြီးသား ဟိုကိုပို့လိုက်တဲ့အခါကျတော့ ဟိုမှာထပ်ပေးစရာ မလိုတော့ပါဘူး။ သူတို့ဆီမှာ ငွေကြေး Transfer လုပ်တာ၊ ငွေထားရတာ လွယ်ပါတယ်။

[caption id="attachment_26036" align="alignnone" width="720"]MostPopularဒါတွေကတော့ Panama Papers ထဲမှာပါတဲ့ လူကြိုက်အများဆုံး Tax Haven နိုင်ငံတွေပါ။ Mossack Fonseca ရဲ့ File တွေထဲမှာပါတဲ့ ကုမ္ပဏီပေါင်း ၁၁၃,၀၀၀ ကျော်က British Virgin Islands မှာ အခြေစိုက်တာပါ။ ဒုတိယအများဆုံးအခြေစိုက်ရာနေရာကတော့ Panama ဖြစ်ပါတယ်။[/caption]

မြန်မာနိုင်ငံက ကုမ္ပဏီတွေက Offshore ကုမ္ပဏီထောင်ဖို့ လိုအပ်သလား၊ ဒီက Regualation တွေက လုပ်သာကိုင်သာတဲ့ အနေအထားမှာရှိသလား . . .

အမှန်ကတော့ မြန်မာနိုင်ငံဥပဒေအရ နိုင်ငံခြားမှာ Subsidiary Company ထောင်ခွင့်ရှိပါတယ်။ အဲဒီလို ထောင်ခြင်းအားဖြင့် ဘာတစ်ခုကောင်းလဲဆိုတော့  ဟိုမှာ ကိုယ့်ရဲ့ Presence ရှိနေပါတယ်။ ကိုယ့်အတွက် စီးပွားရေးအခွင့်အလမ်းဆိုရင်လည်း ဟိုကနေတိုက်ရိုက် ဆက်သွယ်လို့ရနေပါတယ်။ တကယ်လို့ တိုင်းပြည်ပွင့်လာတဲ့အခါမှာ တကယ့်လုပ်ငန်းကြီးတွေ ရှိလာမယ်၊ ကိုယ်က တခြားနိုင်ငံမှာလည်း သွားဖွင့်နိုင်မယ်ဆိုရင် ဥပမာ - 7Eleven လို ကုမ္ပဏီမျိုးပေါ့။ တခြားနိုင်ငံမှာ ဖွင့်ထားနိုင်ရင်တော့ အခွင့်အရေးပိုကောင်းတယ်။ ကိုယ့်လူလည်း ဟိုမှာရှိတယ်။ အကြောင်းအရာလည်း ကိုယ်က သိနေတယ်။ သတင်းအချက်အလက်လည်း ချက်ချင်းရနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကနေတော့ Cayman Islands တို့ ဘာတို့မှာ သွားဖွင့်စရာအထိတော့ မလိုပါဘူး။ မြန်မာပြည်ရဲ့ Tax System တွေအနေနဲ့ ၂၅ ရာခိုင်နှုန်း ဆိုတာကလည်း ကမ္ဘာမှာ အသက်သာဆုံး မဟုတ်ပေမဲ့ သိပ်မြင့်တဲ့အထဲမှာတော့ မပါပါဘူး။ ကိုယ့်ဆီက ကုမ္ပဏီက နိုင်ငံခြားမှာ Branch တွေ သွားဖွင့်မယ်၊ ကိုယ့်ဆီမှာ နိုင်ငံခြားကုမ္ပဏီတွေက Branch တွေ လာဖွင့်မယ်ဆို လုံလောက်ပါပြီ။ Cayman Island တို့ ဘာတို့ သွားစရာအကြောင်းတော့ သိပ်မရှိပါဘူး။

၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း Tax Haven နိုင်ငံ ၁၀ နိုင်ငံ

အခုဖော်ပြပေးလိုက်တဲ့ နိုင်ငံဆယ်ခုမှာ နိုင်ငံတကာ ကော်ပိုရေးရှင်းတော်တော်များများရဲ့ ကုမ္ပဏီခွဲတွေရှိပြီး၊ တချို့က ရုံးချုပ်တည်ထားကြပြီး အခွန်ကိစ္စအရ ကုမ္ပဏီထောင်လို့ အကောင်းဆုံးနိုင်ငံတွေပဲ ဖြစ်ပါတယ်။

1. Luxembourg

Luxembourg

Luxembourg ဟာ သူ့ရဲ့ စီးပွားရေးလုပ်ကိုင်ရလွယ်ကူတဲ့ Law တွေကြောင့် နိုင်ငံတကာကုမ္ပဏီတွေ အခွန်ရှောင်ရ လွယ်ကူစေပါတယ်။ Fortune 500 ထဲက ကုမ္ပဏီပေါင်း ၃၃ ရာခိုင်နှုန်းလောက်ရဲ့ လုပ်ငန်းတွေ ဒီနိုင်ငံမှာရှိပါတယ်။ ဥပမာ - Amazon ဆိုရင် သူ့ရဲ့ ရုံးချုပ်ကို Luxembourg မှာထားပြီး ဥရောပတစ်ခွင် ရောင်းရသမျှ Sales Amount တွေအတွက် အခွန်ငွေကို လွှဲယူပါတယ်။ ဒီလိုပုံစံကို ၂၀၁၅ နှစ်မှာစတင်ပြီး Amazon က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

2. Cayman Islands

Cayman

လူတစ်ဦးချင်းစီအတွက်ရော၊ နိုင်ငံတကာ ကော်ပိုရေးရှင်းတွေအတွက်ပါ Biggest Tax Loophole အဖြစ် သတ်မှတ်ခံထားရတာပါ။ Cayman Islands ဟာ အခွန်ဆောင်စရာမလိုဘဲ ကုမ္ပဏီထောင်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ပေးသလို  ဒါကလည်း အခွန်ရှောင်တဲ့နည်းလမ်းနဲ့ လုပ်တာမျိုးမဟုတ်ဘဲ တရားဥပဒေဘောင်ထဲကပါပဲ။ ဒါပေမဲ့ ဒီနိုင်ငံရဲ့ Tax System ရဲ့ အကျိုးကျေးဇူးတွေကို ကောင်းကောင်း အသုံးချနိုင်ဖို့နဲ့ ကုမ္ပဏီတည်ထောင်ဖို့ လုပ်ငန်းစဉ်တွေက ရှုပ်ထွေးတာကြောင့် Professional ရဲ့ အကူအညီ လိုအပ်ပါတယ်။

3. Isle of Man

IsleofMan

Low-taxed Financial Center လို့ လူသိများပါတယ်။ Captial Gain Tax ၊ Inheritance Tax ၊ Corporation Tax နဲ့ Stamp Duty တွေ မကောက်ပါဘူး။ Income Tax က ယူတဲ့ပမာဏနိမ့်ပြီး အများဆုံး ကောက်တာကတော့ ၂၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ အများဆုံးဝင်ငွေပမာဏကတော့ ပေါင် ၁၂၀,၀၀ ဖြစ်ပါတယ်။ (Ref: MoneyWeek) Isle of Man ဟာ  အသက် ၅၀နဲ့အထက် လူတွေအတွက် Asset Protection ပေးပြီး အငြိမ်းစားလစာတွေအတွက်လည်း အကျိုးကျေးဇူးကောင်းကောင်း ပေးပါတယ်။ ဒါပေမဲ့ အလုပ်ရှင်က ထောက်ပံ့ပေးအပ်တဲ့ Retirement Account တွေသာ Lax Tax Code ရဲ့ အကျိုး ခံစားရတာပါ။

4. Jersey

Jersey

၂၀ ရာစုအလယ်ပိုင်းလောက်ကမှ ဒီနိုင်ငံမှာ ဗြိတိန်နိုင်ငံသားတွေက သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို စတင်ရွှေ့ပြောင်းလာခဲ့တာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ Inheritance Tax ပေါင်တစ်သန်းကျော်ထဲက ၈၀ ရာခိုင်နှုန်းလောက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Channel Island of Jersey ကဖြစ်ပါတယ်။ အဲဒီမှာက Inheritance Tax ကင်းလွတ်ခွင့်ရပါတယ်။ လက်ရှိအချိန်အထိ Captial Gain Tax လည်းမရှိသလို Corporate Tax ကိုလည်း Zero Percent ပဲယူပါတယ်။ ဒါပေမဲ့ Financial Services ၊ Utility နဲ့ Property Company တွေကတော့ ခြွင်းချက်ဖြစ်ပါတယ်။

5. Ireland

Ireland

နိုင်ငံအာဏာပိုင်တွေကတော့ သူတို့နိုင်ငံကို Tax Haven အဖြစ်သုံးနှုန်းတာကို လက်မခံပါဘူး။ မကြာသေးခင်ကပဲ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer က Ireland အခြေစိုက် Allergan နဲ့ ပူးပေါင်းကာ ရုံးချုပ်ကို Ireland နိုင်ငံတွင်းမှာ ထားမှာဖြစ်ပါတယ်။ ဒီအကျိုးဆက်ကတော့ ကုမ္ပဏီအနေနဲ့ ၁၄၈ ဘီလီယံ ဒေါ်လာလောက်ရှိတဲ့ အကျိုးအမြတ်တွေပေါ်မှာ ကောက်မယ့်အခွန်တွေ သက်သာခွင့်ရသွားမှာပါ။ (Ref: Americans for Tax Fairness) ဒါအပြင် Apple လို ကုမ္ပဏီကလည်း Ireland မှာ လုပ်ငန်းခွဲထားကာ Fortune 500 ထဲက လုပ်ငန်း လေးပုံတစ်ပုံကျော်လောက်ရဲ့ လက်အောက်ခံကုမ္ပဏီတွေလည်း ရှိပါတယ်။

6. Mauritius

Mauritius

Corporate Tax ၁၅ ရာခိုင်နှုန်းကောက်ပါတယ်။ ဒါပေမဲ့ နိုင်ငံတွင်း Resident ဖြစ်တဲ့ Company တွေကတော့ Double Tax Treat စံနှုန်းတွေကြောင့် Tax ကင်းလွတ်ခွင့်ရနိုင်ပါ တယ်။ Capital Gain နဲ့ Interest တွေကိုလည်း Tax မကောက်ပါဘူး။ Mauritius ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ကျော်ကြားတဲ့ Gateway တစ်ခုပါ။ အထူးသဖြင့် India နဲ့ ဆက်သွယ်လုပ်ကိုင်တဲ့ ကုမ္ပဏီတွေ အတွက်ပါ။

7. Bermuda

Bermuda

Tax Haven နိုင်ငံတွေထဲက ကျော်ကြားတဲ့နိုင်ငံအဖြစ် ရပ်တည်နေတာကြာပါပြီ။ လုပ်ငန်းကြီးတော်တော်များများက Tax ကောက်တဲ့နှုန်း နည်းတာကြောင့် ဒီနိုင်ငံကို လာကြပါတယ်။ Corporate Tax ဆိုရင်လည်း မရှိသလောက်နီးပါးပဲလို့ သိရပါတယ်။ Fortune 500 ထဲပါတဲ့ ကုမ္ပဏီတွေထဲက လေးပုံတစ်ပုံကျော်လောက်က Bermuda မှာ Subsidiary တွေရှိတယ်လို့ Citizens of Justice Report အရ သိရပါတယ်။

8. Monaco

Monaco

နိုင်ငံတွင်းနေထိုင်သူတွေကို Income Tax မကောက်ပါဘူး။ ဒီလိုစတင်ကျင့်သုံးလာတာ ၁၈၆၉ ခုနှစ်ကတည်းကပါ။ Primary Nation အဖြစ် နေထိုင်သူတွေဖြစ်တယ်လို့ သက်သေပြနိုင်သူတွေဆိုရင်တော့ သူတို့ရှာသမျှ ငွေအားလုံးက သူတို့အတွက်ပါပဲ။ Corporation တွေအတွက် Tax ကလည်း နိမ့်ပါတယ်။ ဒါကြောင့် Avis Budget Group လို Car Rental Company တွေက အဲဒီမှာ Subsidiary တွေ ထားကြပါတယ်။

9. Switzerland

Switzerland

အခွန်နည်းတာနဲ့ Account ပိုင်ရှင်တွေအတွက် သတင်းအချက်အလက် လုံခြုံမှုအပြည့်အဝပေးနိုင်တဲ့ Bank System တွေက သူ့နိုင်ငံကို လူတစ်ဦးတစ်ယောက်ချင်းစီရော၊ ကုမ္ပဏီတွေအတွက်ပါ Financial Center အဖြစ် မျက်စိကျစရာဖြစ်စေပါတယ်။

10. Bahamas

Bahamas

Bahamas မှာ Capital Gains Tax ၊ Inheritance Tax ၊ Personal Income Tax နဲ့ Gift Tax တွေ မရှိပါဘူး။ ဒါကြောင့် Bahamas ဟာ အမေရိကန်နိုင်ငံက ကုမ္ပဏီအများစုအတွက် စိတ်ဝင်စားဖွယ် Tax Haven တစ်ခု ဖြစ်နေပါတယ်။

ဖြူလဲ့မွန်