ဖောင်တိန်နှင့် အပူချိန်တိုင်းသူ

octynn2

ဆရာဝန်ကြီးက လူနာများလှည့်လည်စစ်ဆေးရာမှ ပြန်ရောက်ပြီး အရေးတကြီးဆေးစာရေးရန်အတွက် သူ၏ ဂျူတီကုတ်အင်္ကျီထဲတွင် ဖောင်တိန်ကို အသည်းအသန်ရှာဖွေလိုက်ရာ ရက်တဲလ်သာမိုမီတာဟုခေါ်သော စအိုဝတွင် အပူချိန်တိုင်းသည့်ပြဒါးတိုင်သာ ထွက်လာသည်ကို တွေ့ရသည်။ ဆရာဝန်ကြီးက ''ဟောဗျား၊ ဒုက္ခပဲ'' ဟု သူ့နဖူး သူရိုက်လိုက်ပြီး ''ကျုပ်ဖောင်တိန်တော့ လူနာတစ်ယောက်ယောက် စအိုဝမှာ စိုက်ရက်မေ့ထားခဲ့ပြီဗျာ'' ဟု ဆိုလိုက်လေသည်။

ဥပဒေသ။ ။ အလုပ်တာဝန်များပြားပြီး အာရုံထွေပြားတတ်သူတို့သည် မိမိတို့၏ လုပ်ရပ်တစ်ခုချင်းအပေါ် အလေးအနက် အချိန်ယူပြီး ဂရုပြုဆောင်ရွက်သည့် အလေ့အထကို လေ့ကျင့်မွေးမြူသင့်ပါသည်။ ထိုသို့မဆောင်ရွက်ဘဲ သတိလက်လွတ် ပြုမူလုပ်ကိုင်မိသည့်အမှားအချို့မှာ ပြန်လည်ပြင်ဆင်ရန်မဖြစ်နိုင်ဘဲ ရှိတတ်သည်။

အပြုံးနှင့်စီမံ အပြုံးနှင့် နာခံနိုင်ကြပါစေ။

ရီနေနိုင်