တာဝန်မယူတတ်သူ၊ ဟန်ဆောင်ကောင်းသူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ကြုံတွေ့ရမယ့် လက္ခဏာ ၇ မျိုး

ဒီလိုလူမျိုးတွေက အလုပ်လုပ်ကိုင်ရာမှာ တာဝန်ယူဆောင်ရွက်မှုမရှိတဲ့အပြင် ကိစ္စတစ်ခုခုကို အာရုံစိုက်လုပ်ဆောင်ရမှာကို ငြင်းပယ်တတ်ကြပါတယ်။ ကိုယ်လုပ်ချင်တဲ့အရာတွေကိုလုပ်ပြီး ပြဿနာတက်မှ အပြစ်ကနေလွတ်အောင် ရှောင်ဖယ်သွားတတ်တဲ့လူမျိုးဖြစ်ပါတယ်။ အောက်ပါလက္ခဏာတွေကတော့ တာဝန်မယူတတ်တဲ့သူ၊ ဟန်ဆောင်ကောင်းတဲ့သူတွေ လုပ်လေ့လုပ်ထရှိတဲ့ အမူအကျင့်တွေ ဖြစ်ပါတယ်။

octeti

အလုပ်တွေကို ပြီးစီးအောင်မလုပ်ဘဲထားခြင်း . . .

ပြီးခါနီးအလုပ်တွေကို ချန်ထားတဲ့နေရာမှာတော့ ချန်ပီယံတွေဖြစ်ပါတယ်။ အခန်းကို ဆေးပြန်သုတ်ထားပေမယ့် မှိုတက်တဲ့နေရာတွေ ချန်ထားခဲ့တာမျိုး၊ သူတို့က စထားပြီးသား အလုပ်အများစုကို အဆုံးမသတ်ခဲ့ကြပါဘူး။

တစ်စုံတစ်ခုဆောင်ရွက်ရာမှာ ကြန့်ကြာနှောင့်နှေးခြင်း . . .

သူတို့တွေအတွက်ကတော့ နာရီဟာ အနှောင့်အယှက်တစ်ခုပါပဲ။ ညစာစားပွဲကို မသွားချင်ပေမယ့် တာဝန်မကင်းသလို ခံစားနေရရင် သူတို့အတွက်က ပြဿနာမရှိပါဘူး။ ပွဲစတဲ့အချိန်ကို သတိမထားမိသလိုမျိုးနဲ့ နောက်ကျမှသွားမှာဖြစ်ပါတယ်။ အစည်းအဝေးမတက်ချင်ရင်လည်း အစည်းအဝေးကို မိနစ်နှစ်ဆယ်လောက် နောက်ကျပြီး ရောက်လာမှာပါ။ သူတို့ရဲ့ အပြုအမူတွေက တစ်ခါတလေ တွေးခေါ်ဆင်ခြင်နိုင်စွမ်းရှိပေမယ့် သတိလက်လွတ်ဖြစ်တာပိုများပြီး အမြဲလိုလို အမျက်ထွက်နေတတ်ပါတယ်။

ကျေးဇူးတင်စကားဆိုလေ့မရှိခြင်း . . .

ကျေးဇူးတင်စကားပြောဖို့က လွယ်ကူပြီး ပျော်ဖို့ကောင်းပါတယ်။ ဥပမာ- ဆံပင်ပုံစံက တအားလန်းတာပဲ၊ စွပ်ပြုတ်က သောက်လို့ကောင်းလိုက်တာ အစရှိသဖြင့်ပေါ့။

ဒါပေမဲ့ အဲဒီလိုလေးကို ပြောလိုက်ဖို့တောင် ဝန်လေးတတ်တဲ့လူတွေရှိပါတယ်။ ဒါကြောင့် အဲဒီလိုလူတွေနဲ့ ဆက်ဆံတဲ့အခါ တကယ်လို့ ဘယ်လိုကျေးဇူးတင်စကားမျိုးရလိုက်သလဲ မသေချာခဲ့ရင် သူ့စကားအပြောအဆိုကို အာရုံစိုက်ပါ။

ဆိတ်ဆိတ်နေခြင်း . . .

တကယ်လို့ ကိုယ့်သူငယ်ချင်း၊ မိသားစုကြောင့် စိတ်ညစ်စရာရှိနေရင် သူတို့တွေကို ပွင့်ပွင့်လင်းလင်း ပြန်ပြောမှာပါပဲ။ ဟန်ဆောင်ကောင်းသူတွေအနေနဲ့ကတော့ ဘာကိုမှအထွေအထူးပြန်ပြောနေမှာ မဟုတ်ပါဘူး။ ဒါက အငြင်းပွားမှုတွေကို လျော့နည်းစေတယ်ဆိုပေမယ့် တကယ်တမ်းတော့ လူမှုဆက်ဆံရေး အားနည်းစေတဲ့အချက် ဖြစ်ပါတယ်။

တာဝန်ယူဖြေရှင်းမှုမရှိခြင်း . . .

ကိစ္စတစ်ခုကို ဖြေရှင်းပေးသလိုနဲ့ မျက်ကွယ်ပြုလိုက်ပြီး အလုပ်ဖြစ်မြောက်အောင်လုပ်ဆောင်ဖို့ တခြားလူတစ်ယောက်ကို လွှဲအပ်လေ့ရှိပါတယ်။ သတ်မှတ်ချိန်အမီ ပြီးအောင်လုပ်ပေးနိုင်ပေမယ့် အချိန်ရောက်ကာနီးမှ မပြီးနိုင်တော့ဘဲ ကိုယ့်လုပ်ဖော်ကိုင်ဖက်ကိုလွှဲပေးလိုက်တာမျိုးပါ။

ဖျက်လိုဖျက်ဆီးပြုလုပ်ခြင်း . . .

အလုပ်အပ်ရမယ့်နေ့မတိုင်ခင် တစ်ရက်အလိုမှ အသိပေးတာမျိုး အဲဒီအကြောင်း ကိုယ့်ကိုအသိပေးတာမျိုး၊ အလုပ်ကိစ္စနဲ့ ခရီးသွားရမယ့်နေ့မတိုင်ခင်မှာ သင့်ရဲ့အခန်းဖော်က ရုံးတက်ဝတ်စုံကို အခြောက်လျှော်မယ့်အဝတ်ပုံထဲ မှားထည့်ထားတာမျိုးတွေ ကြုံရတတ်ပါတယ်။

မသိသလိုဟန်ဆောင်ခြင်း . . .

လူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တော်တော်များများမှာ သူတို့အမှားမကင်းခဲ့ရင်လည်း အပြစ်လွတ်အောင် ပြန်ချေပလေ့ရှိပါတယ်။ ဥပမာ- ကျွန်တော် ဒီလိုဖြစ်အောင်ရည်ရွယ်တာမဟုတ်ပေမယ့်၊ ဝေဖန်လိုတဲ့သဘောနဲ့ ပြောတာမဟုတ်ပေမယ့် အစရှိတဲ့ အသုံးအနှုန်းတွေကို သူတို့အပြစ်နဲ့မကင်းတဲ့အချိန်တိုင်း ပြောလေ့ရှိကြပါတယ်။ သူတို့ဆင်ခြေပေးနေချိန်မှာ ဝင်ထောက်ဖို့ ဝန်မလေးပါနဲ့။ သူတို့ပြောချင်တာ ပြောပြီးသွားတဲ့အချိန်မှာလည်း မအံ့သြပါနဲ့။

တာဝန်မယူတတ်သူ၊ ဟန်ဆောင်ကောင်းသူတွေနဲ့အတူ အလုပ်လုပ်ကိုင်ဆောင်ရွက်၊ စကားပြောဆိုရာမှာ ကိုယ့်ဘက်က ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ အတိအကျ လုပ်ကိုင်ဆောင်ရွက်ပါ။

တကယ်လို့ ကိုယ်တိုင်က အဲဒီလိုအမူအကျင့်တွေ ပြုလုပ်နေမိတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ကုထုံးပညာရှင်နဲ့ တွေ့ဆုံဆွေးနွေးပြီး မူမမှန်တဲ့ အပြုအမူတွေပျောက်အောင် ဖျောက်နိုင်ပါတယ်။ အကျင့်တစ်ခုကို ဖျောက်ဖို့အတွက် အချိန်ယူလေ့ကျင့်ပေးရင် အဆင်ပြေပါတယ်။