News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
အင်းလေးကန်အတွင်း Novotel Inle Lake Myat Min ဟိုတယ်ဖွင့်လှစ်
Editorial
October 6, 2014
Local News
News
Top Story
Accor ၏ မြန်မာနိုင်ငံတွင် ပထမဆုံး Novotel ဟိုတယ်အဖြစ် Novotel Inle Lake Myat Min ဟိုတယ်ဖွင့်ပွဲကို အောက်တိုဘာလ ၆ ရက်နေ့မနက်က ဟိုတယ်တည်ရှိရာ အင်းလေးကန်အတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဟိုတယ်ကို အင်းလေးကန် အရှေ့ဘက်ကမ်းမှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဟိုတယ်ဖွင့်လှစ်ခြင်းနဲ့ပတ်သက်ပြီး Accor ရဲ့ ထိုင်း၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံများဆိုင်ရာ စီမံခန့်ခွဲရေးအမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Patrick Basset က "မြန်မာနိုင်ငံမှာ ပထမဆုံး Novotel ကို ဖွင့်လှစ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ Myat Minနဲ့အတူ အရမ်းကို စိတ်လှုပ်ရှား ပျော်ရွှင်ရပါတယ်။ ဒီဟိုတယ်က ကျွန်တေ်ာတို့ Novotel အမှတ်တံဆိပ် အပန်းဖြေရိပ်သာ၊ ဟိုတယ်လုပ်ငန်းရဲ့ ပြယုဂ်ကို ပြန်လည်ဖော်ညွှန်းနေပါလိမ့်မယ်။ Novotel အမှတ်တံဆိပ်နဲ့အတူ အရည်အသွေးအကောင်းဆုံး၊ ခေတ်အမီဆုံးနဲ့ ကျေနပ်နှစ်သက်စရာဖြစ်ပါလိမ့်မယ်။ ကမ္ဘာနဲ့အဝန်း လူသိများကျော်ကြားတဲ့ ဟိုတယ်အမှတ်တံဆိပ်တစ်ခုကို အင်းလေးဒေသမှာ စတင်မိတ်ဆက်လိုက်ခြင်းဟာ သဘာဝအံ့ဖွယ်တစ်ခုဖြစ်တဲ့ အင်းလေးဒေသကို လာရောက်လည်ပတ်တဲ့ခရီးသည်တွေကို ပိုပြီးဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်''လို့ ပြောကြားခဲ့ပါတယ်။ ဒီလိုဟိုတယ်ပူးပေါင်းဖွင့်လှစ်နိုင်ခဲ့တာနဲ့ပတ်သက်လို့ ''ကမ္ဘာမှာ ထိပ်တန်းဟိုတယ်လုပ်ငန်းစုတစ်ခုဖြစ်တဲ့ Accor ရဲ့ မိတ်ဆက်ကုမ္ပဏီအဖြစ် လက်တွဲလုပ်ကိုင်ခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ရဲ့ အကျိုးတူပူးပေါင်းမှုနဲ့ လုပ်ငန်းကို အရှိန်အဟုန်မြှင့်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီဟိုတယ်ကနေ Accor လုပ်ငန်းစုရဲ့ ဖြန့်ချိနိုင်စွမ်းရယ်၊ နာမည်ကျော်အမှတ်တံဆိပ်ရယ်ပေါင်းပြီး နိုင်ငံတကာဈေးကွက်ထဲအထိ ဝင်ရောက်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီအကျိုးတူလုပ်ကိုင်ခြင်းကနေ နှစ်ဖက်ကုမ္ပဏီတွေအတွက် အခွင့်အလမ်းတွေအများကြီး ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်'' လို့ မြတ်မင်းကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးဒါရိုက်တာဖြစ်သူ ဦးဖြိုးလှဝေက ပြောကြားခဲ့ပါတယ်။ အင်းလေးကန်အတွင်းမှာ တည်ဆောက်တာဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး Novotel Inle Lake Myat Min ဟိုတယ်ရဲ့ GM Mr. Alain Miquel က ''အင်းလေးကန်ဆိုတာ မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးသွားတွေ မဖြစ်မနေအရောက်သွားရမယ့် နေရာတစ်ခုပါပဲ။ အင်းလေးကန်က သဘာဝတရားတွေခိုလှုံရာဖြစ်သလို ဒေသတွင်းမှာ နာမည်အကျော်ကြားဆုံး ဂေဟခရီးသွားလုပ်ငန်းနေရာတစ်ခုလည်း ဖြစ်ပါတယ်။ Novotel Inle Lake Myat Min က သဘာဝသယံဇာတရဲ့ အရေးကြီးမှုနဲ့ သဘာဝမျိုးကွဲ၊ မျိုးစိတ်တွေအရေးပါမှုကို အထူးပဲအလေးထားပါတယ်။ ဒါကြောင့် Accor ရဲ့ ကာလရှည် ထိန်းသိမ်းရေးအစီအစဉ်ဖြစ်တဲ့ Planet21 အစီအစဉ်ကို အထူး ဂရုစိုက်ဆောင်ရွက်နေပါတယ်။ Planet21 အစီအစဉ်အရ ဘသာဝနဲ့အညီ အပန်းဖြေခရီးသွားလုပ်ငန်း(ဟိုတယ်)ကို ပူးတွဲလုပ်ကိုင်ရတဲ့နေရာတွေမှာ အတူတကွ၊ အချိုးကျကျတည်ရှိမှုကို ခိုင်မာစေဖို့ ခေတ်အမီဆုံး စွန့်ပစ်ရေစီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးသွားမှာဖြစ်ပါတယ်''လို့ ပြောဆိုခဲ့ပါတယ်။ Novotel Inle Lake Myat Min မှာ အခန်းပေါင်း ၁၂၂ ခန်းရှိပြီး Junior Suites အမျိုးအစား အခန်း ၆၀ ၊ ကန်ရှုခင်းကြည့် ကမ်းခြေခန်း ၆၀ နဲ့ Presidential Villas အခန်း ၂ ခန်းတို့ပါဝင်တာဖြစ်ပါတယ်။ ဟိုတယ်မှာ The Terrace Restaurant နဲ့ Sunset Restaurant တို့ပါဝင်ပြီး Pool Bar၊ Sunset Bar တို့လည်း ပါဝင်ကာ တခြားသော ဝန်ဆောင်မှုတွေအနေနဲ့ ရေကူးကန်၊ ကျန်းမာရေးလေ့ကျင့်ရေးစင်တာ၊ ပေါင်းခံချွေးထုတ်ခန်းတို့လည်း ပါဝင်တယ်လို့သိရပါတယ်။ အင်းလေးကန်အတွင်း စက်လှေနဲ့လှည့်လည်ကြည့်ရှုနိုင်ဖို့လည်း ဟိုတယ်ကနေ ဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဟိုတယ်အကြောင်းအသေးစိတ်သိချင်ရင်တော့ http://www.accorhotels.com/9395 ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း