မြူးးဇစ်၊ ဖက်ရှင်နှင့် မီဒီယာတွဲမိ တက္ကနိုလိုဂျီများ လွန်ကဲစွာဖွံ့ဖြိုးလာခြင်းကြောင့်လည်း ကောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းက အရှိန်ပြင်းထန်လာခြင်း ကြောင့်လည်းကောင်း၊ လူထုအဖွဲ့အစည်းသည် စားသုံးခြင်း ကို လွန်လွန်ကဲကဲ အာရုံစူးစိုက်သောလူ့အဖွဲ့အစည်းဖြစ် လာခြင်းကြောင့်လည်းကောင်း၊ ဆက်သွယ်ရေးစနစ်များ ခေတ်မီလာခြင်းကြောင့်လည်းကောင်း၊ အင်တာနက်ဝက်ဘ် ဆိုက် စသည့်မီဒီယာမျိုးစုံထွန်းကားလာလွန်းသောကြောင့်လည်းကောင်း Eclectism ဆိုသော လက္ခဏာကြီးတစ်ရပ် ပေါ်လာရပြီ။ Eclectism ဆိုသည်မှာ တစ်ကြောင်းသွားမဟုတ် ဘဲ နှံ့နှံ့စပ်စပ် ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်နိုင်ခြင်းဟု အနက်ထွက်ပါသည်။ ရွေးချယ်စရာများ အလွန်ပေါများလာ ခြင်းဖြစ်၍ ဤအပေါ်အခြေစိုက်ရသောယဉ်ကျေးမှုကို Culture & Choice ကြိုက်ရာရွေးချယ်နိုင်သောယဉ်ကျေးမှုဟု ခေါ်လိုက်ကြသည်။ ကြိုက်ရာရွေးချယ်နိုင်သဖြင့် တစ်ပုံစံတည်းတူသည့်ယဉ်ကျေးမှု Culture of Enforced Sameness သည် မဖြစ်နိုင်တော့ဟု သုံးသပ်ကြသည်။ ရွေးချယ်စရာတွေမျိုးစုံပေါများသည်ဆိုသည်မှာ လူအချင်းချင်းဆက်ဆံတုံ့ပြန်မှုတို့၌လည်းကောင်း၊ အယူ အဆချင်း ဆက်ဆံမှုတို့၌လည်းကောင်း၊ စီးပွားရေး၊ နိုင်ငံ ရေးဆက်ဆံမှုတို့၌လည်းကောင်း ရှုပ်ထွေးလာသည့်သဘောကိုလည်း ñွှန်းသည်။ Complicated Interaction ဟု ခေါ် သည်။ ရှေးဦးပထမ လောကအလုံးစုံနှင့် သက်ဆိုင်သည်ဆို သော ယူနီဗာဆယ်ဖက်တာ (Universal Factors) တို့နှင့် ဒေသအလိုက်သာဆိုင်သည်ဆိုသော ဖက်တာ (Regional Factors) တို့ကြား ဆက်စပ်မှုရှုပ်ထွေးသွားသည်။ တစ်ဖက်၌ မြူးဇစ်၊ ဖက်ရှင် စသည့် အရာတို့ သည် ဂလိုဘယ်ဈေးကွက်ဖြစ်လာပြီး ထိုဈေးကွက်ထဲ လွန်ကဲစွာတိုးချဲ့ကြသည်။ ဤသို့တိုးချဲ့ကြရာ နယ်နိမိတ်တို့ ကို အတင်းဖြတ်ကျော်ပစ်သောမီဒီယာတိုးတက်မှုနှင့် ဆက် သွယ်ရေးစနစ် ခေတ်မီတိုးတက်မှုတို့နှင့်အတူ လက်တွဲပူး ပေါင်းရန်အတွက်လည်း မြူးဇစ်နှင့်ဖက်ရှင်တို့သည် မီဒီယာ နှင့်ဆက်သွယ်ရေးစနစ်တို့နှင့် ဈေးကွက်ထဲတွင် တွဲမိသွားကြ သည်။
ပထဝီသစ် သို့ရာတွင် တစ်ဖက်၌ ဒေသဆိုင်ရာရသခံစားမှုနှင့် ပြဿနာ အလိုက် သီးခြားခံစားမှု (Regional Sensitivity) က မြင့်တက်လာသည်။ ထို့ကြောင့် မြူးဇစ်၊ ဖက်ရှင် စသည့် အရာတို့က နယ်စပ်ဖြတ်ကျော်သောမီဒီယာနှင့် ဆက်သွယ် ရေးစနစ်တို့နှင့် လက်တွဲကာ ဈေးကွက်ချဲ့ထွင်လာမှုနှင့် ဒေသရသခံစားမှုတို့ကြား ထင်ထင်ရှားရှား ဝိရောဓိဖြစ် လာတော့သည်။ ဤဝိရောဓိသည် ခြားနားမှုနှင့် ဆင်တူ မှားမှုကြား ဒိုင်းနမစ်တင်းမာမှု (Dynamic Tension Between Difference and Sameness) အဖြစ် ပေါ်လွင်လာ နိုင်သည်။ ဤဒိုင်းနမစ်တင်းမာမှုက ယဉ်ကျေးမှုရှုခင်းကို အသို့မြင်စေနိုင်သနည်း။ ယဉ်ကျေးမှုရှုခင်း၌ အပြောင်းအလဲ မရှိ။ တစ်ပုံစံတည်းတူသည်။ အလုံးစုံတန်ဖိုးရှိသည်ဟူ၍ မဖြစ်နိုင်တော့ဘဲ တက်တက်ကြွကြွ အားမာန်အပြည့်ရှိခြင်း (Vitrant) ၊ အမြဲစမ်းသပ်နေခြင်း (Experimentation)၊ ပြတ်တောင်းဖြစ်ခြင်း (Discontinisity) စသည့်ဂုဏ်ပုဒ်တို့ ဖြင့် ပြည့်လျံနေရတော့မည်။ ထိုအခြေအနေ၌ ပထဝီအသစ်လည်း ပေါ်သည်။ အလွန်ခေတ်မီလာသော ဆက်သွယ်ရေးစနစ်၊ သယ်ယူပို့ ဆောင်ရေးစနစ်၊ ကမ္ဘာ့ဂြိုဟ်တုစနစ်၊ ကေဘဲလ်စနစ်၊ အင် တာနက်စနစ်တို့ကြောင့် ပထဝီသည် ရုပ်ပိုင်းနယ်နိမိတ် (Physical Boundaries) တို့အပေါ်တွင် အခြေခံမှုနည်းပါးသွားပြီး သတင်းအချက်အလက် (အင်ဖော်မေးရှင်း) နှင့် သင်္ကေတစီးဆင်းမှု (Flow of Information and Signs) တို့အပေါ်တွင် ပိုပြီး အခြေစိုက်လာသည်။ အင်ဖော်မေးရှင်း နှင့် သင်္ကေတစီးဆင်းမှုတို့အပေါ် အခြေစိုက်လာသဖြင့် ပိုင်နက်နယ်မြေလက္ခဏာလျော့ပါးသွားမည်။ ယင်းကို Deterritorialization ဟု ခေါ်သည်။ နယ်မြေပိုင်နက်၏အရေးကြီးမှု လျော့ပါးသွားလျင် ဇာတ်လမ်းအစုကို အကုန် ပြောပြနိုင်သူတို့မှာ နိုင်ငံနယ်နိမိတ်နှင့် သဘာဝနယ်နိမိတ် တို့ဖြစ်ချင်မှ ဖြစ်တော့မည်။ ရေရေလည်လည် ပိုပြောပြနိုင် သူ အပြောင်းအလဲဖြစ်နိုင်သည်။
သင်္ကေတနယ်နိမိတ်နှင့်အရောအနှော သို့ဖြစ်ရာ နယ်နိမိတ်၏ အမှတ်အသားအမျိုးအစားအဟောင်း တို့ဖြစ်ကြကုန်သော နိုင်ငံနှင့် ယဉ်ကျေးမှုတို့ကို သင်္ကေတနယ်နိမိတ် (Symbolic Boundaries) တို့ဖြင့် မျခြေကိုက် အောင် ပြုလုပ်ပေးရတော့မည်။ ထေပေးရမည်။ ဤအခြေ အနေက ñွှန်းသောနယ်နိမိတ်တို့ ဆိုသည်မှာ ဘာသာစကား နှင့် ယဉ်ကျေးမှုတို့ကို ရည်ñွှန်းသည်။ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကလည်း ရှေးဟောင်းကို မရည်ñွှန်း၊ ခေတ် သစ်လူထုမီဒီယာ၊ ဂလိုဘယ်လိုက်ဈေးကွက်၊ ကွန်ပျူတာ နှင့် အခြားအရာတို့က အသုံးပြုနေသောဘာသာစကားနှင့် ယဉ်ကျေးမှုတို့ဖြစ်ရမည်။ ဤသည်ကိုပင် ပထဝီသစ်ဟု ခေါ်သည်။ ဤပထဝီအသစ်ကြောင့်ပင် နိုင်ငံနှင့်ပတ်သက်သောအိုင်ဒီ ယာတို့၌ အကျပ်အတည်းပေါ်သည်။ သို့ရာတွင် တစ်ဖက် ၌ မီဒီယာနှင့် ဝက်ဘ်ဆိုက်တို့သည် ခေတ်မီလာသည်နှင့် အမျ သူတို့အနေဖြင့် စားသုံးသူတို့ ရွေးချယ်နိုင်မှု (Consumer Choice) ကို အများဆုံးဖြစ်အောင် ပြုလုပ် ပေးရသည်။ ဤသို့ပြုရင်း မီဒီယာတို့သည် ဒေသအကျိုး၊ အထူးအကျိုးစီးပွားတို့ကိုလည်း ကြည့်ရှုဆောင်ရွက်ပေးလာ ရသည်။ ခေတ်မီမီဒီယာနှင့် ခေတ်မီသောဆက်သွယ်ရေး စနစ်တို့သည် ရသမျိုးစုံကို များများပေးရသည်။ ဤသို့ များများပေးရင်း မျိုးစပ်တွေ မျိုးကွဲတွေ (Mix and Match) ဖန်တီးပေးလာရသည်။ ထို့ကြောင့် ရသသန့်သန့် ရေမရော စစ်စစ်တို့ကို ခံစားနိုင်ရန် အလွန်နည်းသွားကြပြီ။ တီဗီ၊ ဗီဒီယို၊ စီဒီ အစရှိသည့် အခွေပေါင်းစုံတို့ကလည်း အရော အနှောတို့ကို ဖန်တီးပေးရသည်။ အကြောင်းမူ ယဉ်ကျေးမှုသည် မျိုးစုံရောယှက်ထားပေးသောကြောင့်ဖြစ်သည်။ Cultural Diversity က အရောအနှော အတွဲအစပ် တို့ကို မွေးထုတ်ပါသည်။
နေရာက ရှုခင်း၊ သမိုင်းက ပုံရိပ် အရောအနှောအတွဲအစပ်သည်ပင် Eclectism ပစ္စည်းဖြစ်သည်။ ရုပ်မြင်သံကြားချဲယ်နယ်တို့သည် ပရိုဂရမ်ပေါင်းများစွာကို သန်းနှင့်ချီရှိသော ရုပ်မြင်သံကြားစက်များဆီသို့ တစ်ပြိုင်နက်တည်း လွှင့်သည်။ ဤုရုပ်မြင်သံကြားအစီအစဉ် တို့ကို ခြားနားသောနည်းလမ်းတို့ဖြင့် ကြည့်ရှုကြသည်။ ဤအခြင်းအရာအားလုံးကို ခြုံငုံကြည့်လိုက်လျင် အစစ်ဟု ထင်ရသော ဂလိုဘယ်လူ့အသိုင်းအဝိုင်းနှင့် အငယ်စား ပြဿနာတို့ကို ရှုပ်ထွေးစွာပေါင်းစပ်ထားကြောင်းကို မြင် တွေ့ရသည်။ Complex Combination & Global Virtual Communities and Small-scale Concerns ဟုဆို သည်။ မော်ဒန်သုံးသပ်မှုတို့၌ နေရာ (Place) တို့ကိုသာ ကြည့်သည်။ တိုးတက်မှုလက္ခဏာအရပ်ရပ်ကို နေရာတို့၏ အနေအထားဖြင့် သုံးသပ်သည်။ ပို့စ်မော်ဒန်မနုဿဗေဒ ပညာရှင်တို့ကမူ Non-places တို့ဖြင့်လည်း အကဲခတ်ကြည့် လာသည်။ တိုးတက်မှုဟူသည် နေရာတိုးတက်မှုသာ မဟုတ်။ နေရာမဟုတ်သောကိစ္စ (Non-places) တို့၌လည်း တိုးတက်မှုတွေရှိသည်။ အဓိပ္ပာယ်မှာ လူတို့သည် နေရာတို့ ၌သာ နေထိုင်ကြသည်မဟုတ်။ နေရာမဟုတ်သော (Non-places) တို့၌လည်း နေထိုင်သည်။ ဥပမာ- လူတို့သည် ဟိုင်ပါမတ်ကက်ထဲ ပိုအချိန်ဖြုန်းသည်။ မြို့ပြင်ထွက်ဇိမ်ခံ သည်။ မြို့ပြင်၌ ဓာတ်ဆီထည့်သည်။ လေယာဉ်ပျံကွင်းထဲ နေသည်။ လူတို့၏နိစ္စဓူဝလုပ်ငန်းတို့သည် တယ်လီဖုန်းနှင့် ပြီးသည်။ ဒစ်ဂျစ်အသံနားထောင်သည်။ ကွန်ပျူတာရိုက်နေ သည်။ ပြင်သစ်မနုဿ ဗေဒပညာရှင် မတ်အော်ဂေးက ''လူတို့သည် ဆေးခန်းမှာ မွေးပြီး ဆေးရုံတွင် သေသည်။ Born in the clinic and die in hospital ဟု တင်စားသည်။ နေရာနှင့် နေရာမဟုတ်တို့သည် ခွဲခြားပြသည့်သဘော ဖြင့် နေရာတို့သည် သဘာဝရှုခင်းတွေဖြစ်ပြီး သမိုင်းသည် ပုံရိပ်တွေဖြစ်လာပြီး Places become scenery and history becomes image ဟု ဆိုသည်။
Ref : Postmodernism by Glenn Ward
မောင်စူးစမ်း