ဖင်လန်နိုင်ငံက လက်ကိုင်ဖုန်းကုမ္ပဏီ ဖြစ်တဲ့ Nokia ဟာ သူ့ရဲ့လက်ကိုင် ဖုန်းထုတ်လုပ်ရေးလုပ်ငန်းကို Microsoft ကို ရောင်းချလိုက်ပြီဖြစ်ပေမဲ့ ဒီကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးတွေက တော့ တက်လာခဲ့ပါတယ်။ အဓိက အကြောင်းကတော့ သူ့ရဲ့ပဓာနကျတဲ့ Networks လုပ်ငန်းကြောင့် ဖြစ်ပါ တယ်။ အဲဒီပင်မလုပ်ငန်းကနေ အခု အခါ ဝင်ငွေအားလုံးရဲ့ ၇၀ ရာခိုင်နှုန်း ကို ရရှိနေပါတယ်။ Nokia က သူ့ရဲ့အခြား လုပ်ငန်းနှစ်ခုဖြစ်တဲ့ ဆော့ဝဲလုပ်ငန်း နဲ့ မြေပုံလုပ်ငန်းတွေကိုလည်း တိုး တက်အောင် ဆောင်ရွက်သွားမှာဖြစ် တယ်လို့ သိရပါတယ်။
Ref: AP