Nokia ရဲ့ CEO အသစ် လခလျှော့ရ

  article landscape wartermark final3 တယ်လီဖုန်းကုမ္ပဏီ Nokia ဟာ သူ့ရဲ့မိုဘိုင်းဖုန်းလုပ်ငန်းကို Microsoft ကုမ္ပဏီကို ရောင်းချလိုက်ပြီး Nokia Oyj's ဆိုတဲ့နာမည် အသစ်နဲ့ ဆက်လက်ဆောင်ရွက်ရာမှ   CEO အသစ်ဖြစ်လာတဲ့သူဟာ အရင် CEO ထက် လစာလျှော့ချမှာဖြစ် တယ်။ အရင် CEO အ ဟောင်း ဖြစ်သူMr Elop  က လစာငွေအဖြစ် ယူရို ငွေ ၁.၁ သန်း ရ တယ်။ အလုပ်ရပ် စဲ လျော်ကြေးငွေ အဖြစ် ၂၄.၂ သန်း ရတယ်။ သူ့လက် ထက်မှာ Nokia  ဖုန်းတွေမှာ Microsoft  ဆော့ဝဲလ် တွေသုံးပြီး ဈေးကွက်တင်ခဲ့တဲ့ အခါ အရောင်းတွေကျပြီး ယူရိုငွေ ငါးဘီလီ ယံကျော် အရှုံးပေါ်ခဲ့တယ်။ အခုတော့ Microsoftက ပြန်လုပ်ကိုင်နေတယ်။ အခု CEO အသစ်ဖြစ်သူMr Suri ကတော့ အခြေခံလစာအ ဖြစ် ယူရိုငွေ တစ်နှစ်မှာ တစ်သန်း ပဲရမှာဖြစ်တယ်။ (Salaryဆိုတာ သာမန်အားဖြင့် လစာလို့ ဆိုရပေမယ့် တစ်နှစ်လုံးစာအတွက် သက်သက်ထား တာဖြစ်တယ်။ ဘာသာပြန်သူ)။ သူဟာ Nokia လုပ်သက်အနှစ် ၂၀ လောက်ရှိပြီး ဦးဆောင်သူတာဝန်ကို လွန်ခဲ့တဲ့လေးနှစ်ကမှ စပြီးယူခဲ့တာ ဖြစ်တယ်။ အခုမှ CEO တာဝန် ကို ယူတာဖြစ်တယ်။ Nokia ဟာ မိုဘိုင်းဖုန်း လုပ်ငန်းကို Microsoft ရာင်းလိုက်ရ ပေမယ့် Network နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကိုတော့ ဆက်လက်လုပ် ကိုင်နိုင် သွားမှာဖြစ်ပါတယ်။

Ref: Bloomberg