Nikon D4s ကင်မရာသစ် ဝင်ရောက်လာ

Nikon Singapore Pte Ltd နဲ့ Special Style Photo & Electronics တို့က စီစဉ်တဲ့ Nikon D4s ကင်မရာသစ်မိတ်ဆက်ပွဲကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၅ ရက်က ရန်ကုန်မြို့ရှိ International Business Centre(IBC) မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ  Special Style Photo & Electronics ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်ဝင်းက အဖွင့်အမှာကားပြောကြားခဲ့ပြီး ဓာတ်ပုံပညာရှင် ကျော်ကျော်ဝင်း (MPS) က Nikon D4s ကင်မရာသစ်ကို ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ အတွေ့အကြုံတွေကို ရှင်းလင်းတင်ပြခဲ့ပါ တယ်။ Nikon D4s ကင်မရာမှာ Pro-Grade ဘက်ထရီကို အသုံးပြုထားပြီး ဘက်ထရီသက်တမ်းအတွင်း ဓာတ်ပုံပေါင်း ငါးထောင်ကျော် ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။ Image Size မှာ Raw Size S Feature ကို အသစ် ထည့်သွင်းပေးထားပြီး ISO ကို အမြင့်ဆုံး 409,600 အထိ တင်ပြီးရိုက်ကူးနိုင်ပါတယ်။ အရင် Nikon ကင်မရာ တွေမှာ မပါဝင်ခဲ့တဲ့ New Group-area Auto Focus(AF) ကို ထည့်သွင်းပေးထားတယ်လို့ ဆိုပါတယ်။ Nikon D4s (Body Only) ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၆,၄၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ MD U mg mg win Kyaw Kyaw Win (MPS) Article image