[caption id="attachment_6796" align="alignnone" width="300"]
ThyssenKrupp CEO Heinrich Heisinger[/caption] သတင်းစာနဲ့ မီဒီယာ ကုမ္ပဏီဖြစ်တဲ့ News Corp. ဟာ ဒစ်ဂျစ်တယ်နဲ့ ဗီဒီယိုလုပ်ငန်းပိုင်းကို အားဖြည့်ဖို့အတွက် User တွေ ဖန်တီးတဲ့ သတင်းနဲ့ ဗီဒီယို စုဆောင်းတဲ့ Storyful ကုမ္ပဏီကို ဒေါ်လာ ၂၅ သန်းနဲ့ ဝယ်ယူမယ့်အကြောင်း သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ Storyful ကုမ္ပဏီဟာ လူတွေ အွန်လိုင်းမှာ Share လုပ်ကြတဲ့ သတင်းတွေကို မှန်၊ မမှန် စိစစ်ပြီး ရယူတဲ့ ဆိုရှယ်မီဒီယာ သတင်းအေဂျင်စီတစ်ခု ဖြစ်ပါတယ်။ Storyful ဟာ အဲဒီသတင်းတွေကို သတင်းနဲ့ ကြော်ငြာ လုပ်ငန်းလုပ်ကိုင်တဲ့ မိတ်ဖက်ကုမ္ပဏီတွေဆီ ဖြန့်ဝေတာ ဖြစ်ပါတယ်။ နယူးယောက်အခြေစိုက် News Corp. ဟာ Wall Street Journal ကို ထုတ်ဝေနေပြီး Storyful ရဲ့ ဖောက်သည်လည်း ဖြစ်နေပါတယ်။ အခုလို ဝယ်ယူမှုကနေ WSJ Live နဲ့ အာရှဒေသအတွက် BallBall တို့လို ဗီဒီယို ဖြန့်ဝေပေးတဲ့ အပိုင်းတွေကို အားဖြည့်ပေးလိမ့်မယ်လို့ ဆိုပါတယ်။ Storyful ဗီဒီယိုတွေဟာ မိတ်ဖက်ကုမ္ပဏီတွေဆီမှာ ကြည့်ရှုမှုပေါင်း သန်း ၇၅၀ ရှိထားတယ်လို့ News Corp. က ဆိုပါတယ်။ သတင်းစာထုတ်လုပ်သူတော်တော်များများက online ဗီဒီယိုတွေကနေ ငွေရအောင်ကြိုးစားမှုတွေ တိုးပွားလာနေတဲ့အချိန်မှာ News Corp ကနေ ဒီလိုဝယ်ယူမှုခဲ့တာဖြစ်ပါတယ်။ ဒီလစောစောပိုင်းတုန်းက E.W. Scripps Co ကနေ ဒေါ်လာ ၃၅ သန်းနဲ့ Newsy ကို ဝယ်ယူခဲ့ပါတယ်။ Newsy ဟာ သတင်းစာတွေ၊ TV နဲ့ website တွေကနေ သတင်းတွေကိုစုဆောင်းကာ အများပြည်သူအနေနဲ့ online နဲ့ Newsy app ကနေ ကြည့်ရှုနိုင်အောင် သတင်းဗီဒီယိုတွေကိုဖန်တီးတာဖြစ်ပါတယ်။ Storyful ကို ၂၀၀၈ ခုနှစ်တုန်းက အိုင်ယာလန်နိုင်ငံ၊ ဒဗ်ဘလင်မြို့မှာ ထူထောင်ခဲ့တာဖြစ်ပြီး အခုဝယ်ယူပြီးနောက်မှာလည်း အဲဒီမှာပဲ ဆက်ရှိမှာဖြစ်ကြောင်း၊ ကြော်ငြာနဲ့ လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဝန်ထမ်းသစ်တွေကိုတော့ နယူးယောက်မှာ အခြေစိုက်မှာဖြစ်ကြောင်း News Corp. က ဆိုပါတယ်။ Ref: AP