SCG ရဲ့ CEO ဖြစ်လာမယ့် Roongrote Rangsiyopash

Kan Trakulhoon and Roongrote Rangsiyopash (left)

Kan Trakulhoon and Roongrote Rangsiyopash (left)

Mr Roongrote Rangsiyopash ကို Siam Cement Group ရဲ့ အသစ်တက်မယ့် President နဲ့ Chief Executive Officer အဖြစ် တရားဝန်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလက စတင်ပြီး သူက တာဝန်ယူသွားမှာဖြစ်ပါတယ်။ Roongrote ဟာ ၂၀၀၆ ခုနှစ်ကတည်းက စတင်ပြီး လက်ရှိအချိန်အထိ SCG ကို ဦးဆောင်နေတဲ့ Mr Kan Trakulhoon ပြီးနောက် စတင်တာဝန်ယူရမှာဖြစ်ပါတယ်။ 

Kan ဟာ SCG ကို ၁၉၇၇ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ဦးဆောင်တီထွင်ဆန်းသစ်နိုင်တဲ့အဖွဲ့အစည်းအဖြစ် ပြုလုပ်ပေးခဲ့တာပါ။ သူဟာ SCG မှာ ထိပ်ဆုံးနေရာကို မရောက်ခင်ကတည်းက အဓိကကျတဲ့ရာထူးတော်တော်များများမှာ ပါဝင်ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ သူ Cementhai Ceramics Co Ltd မှာ President အဖြစ် တာဝန်ယူထားချိန်တုန်းကလည်း ၁၉၉၇ ခုနှစ် အာဆီယံစီးပွားရေးအကျပ်အတည်းကာလကနေ ယိုယွင်းနေတဲ့ ကြွေထည်၊ မြေထည်လုပ်ငန်းကို ပြန်ထည်ထူထောင်ကာ လူသုံးကုန်ပစ္စည်းသပ်သပ်ကနေ value-added လုပ်ထားတဲ့ ဆန်းသစ်လှပတဲ့ကုန်ပစ္စည်းတွေအဖြစ် Re-branding လုပ်ကာ SCG ရဲ့ ရေရှည်အမြတ်ရနိုင်တဲ့ ဌာနတစ်ခုဖြစ်လာအောင် ဆောင်ရွက်ပေးခဲ့နိုင်ပါတယ်။ 

Roongrote ကတော့ Kan လိုပဲ SCG ကို ၁၉၈၅ ခုနှစ် ဘွဲ့ရပြီးကတည်းက စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ SCG Paper ရဲ့ President အဖြစ် တာဝန်ယူထားတဲ့ သူကလည်း ကုမ္ပဏီမှာ အဓိကရာထူးတော်တော်များများမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး Kan ပြီးနောက် တာဝန်ဆက်ခံသူအဖြစ် လျာထားခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ ပြည်တွင်းရော၊ ပြည်ပမှာပါ ကုန်ထုတ်လုပ်မှု၊ အရောင်းကနေစလို့ စီမံခန့်ခွဲမှုနဲ့ အစီအစဉ်ရေးဆွဲခြင်းတွေအထိ ကျွမ်းကျင်အတွေ့အကြုံတွေရှိပါတယ်။ သူဟာ TileCera Inc, USA ရဲ့ President အဖြစ်နဲ့ SCG Investment Planning မှာ Director of Corporate Planning Office အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ Chulalongkorn တက္ကသိုလ်ကနေ Engineering ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး University of Texas, Arlington ကနေ Engineering ဘာသာရပ်နဲ့ပဲ မာစတာဒီဂရီရှိခဲ့ပါတယ်။ MBA ဘွဲ့ကိုတော့ Harvard Business School ကနေ ယူခဲ့တာပါ။ 

Ref : The Nation