BRICS နိုင်ငံများအဖွဲ့ဟာ အမေရိ ကန်ဒေါ်လာ ဘီလီယံတစ်ရာ မတည် ပြီး စုပေါင်းဖွံ့ဖြိုးရေးဘဏ် တစ်ခု တည်ထောင်ဖို့ သဘောတူလိုက်ကြပါတယ်။ New Development Bank လို့ခေါ်တဲ့ အဲဒီဘဏ်ကို ပထမဦးဆုံး အဖြစ် အိန္ဒိယကဥက္ကဋ္ဌအဖြစ် ဆောင် ရွက်မှာဖြစ်တယ်။ ဒီရာထူးကို ငါးနှစ် တစ်ကြိမ် ဘရားဇီး၊ ရုရှ၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကဆိုတဲ့ အဖွဲ့ဝင်ငါးနိုင်ငံထဲက အလှည့်ကျ ဆောင် ရွက်သွားကြမှာဖြစ်တယ်။ ဒီဘဏ်ဟာ ကမ္ဘာ့ဘဏ် (World Bank) နဲ့ အပြည်ပြည်ဆိုင် ရာငွေကြေးအဖွဲ့ (IMF) တို့ကို အားပြိုင်ဖို့ထူထောင်တာပဲလို့ ယူဆကြသူ တွေလည်းရှိပါတယ်။ အဲဒီဘဏ်တွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတို့ကို ဗဟိုပြုလွန်းအားကြီးတယ်လို့ ဖွံ့ဖြိုး ဆဲနိုင်ငံတွေက ယူဆကြတယ်။ ရုရှား နိုင်ငံရဲ့ ကိုယ်စားလှယ်က အစည်းအဝေးမှာ ပြောကြားရာမှာ ''ကမ္ဘာ့စီးပွား ရေးမှာ တစ်ဖက်သတ်လုပ်ကိုင်ဆောင် ရွက်မှုတွေကို ကျွန်တော်တို့ ဆန့်ကျင် ကြပေမယ့် ဒါဟာ ထိပ်တိုက်ရင်ဆိုင်ဖို့ မဟုတ်ပါဘူး။ ဘယ်ပြဿ နာဖြစ်ဖြစ် စုပေါင်းညှိနှိုင်း ဖြေရှင်းသွားဖို့ပဲ ရည်ရွယ်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။ ဒီအစည်းအဝေးမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီဖွဲ့စည်းပုံကို ပြုပြင်ရေးနဲ့ ပတ်သက်တဲ့ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတို့ရဲ့ အရင်က တင်ပြ ထားခဲ့တဲ့အဆိုကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံထဲမှာ တရုတ်နဲ့ ရုရှားနှစ် နိုင်ငံပါဝင်ပြီး ဗီတိုအာဏာလည်း ရှိ ကြတာပါ။ အဲဒီအဆိုကို အရင်က တရုတ်နဲ့ ရုရှားတို့က မထောက်ခံခဲ့ကြပေမဲ့ အခု BRICS အဖွဲ့ အစည်းအဝေးမှာတော့ ''ကုလသမဂ္ဂမှာ ဒီနိုင်ငံတွေ ပိုမိုပါဝင်ဆောင်ရွက်ချင်တဲ့ဆန္ဒကို ထောက်ခံပါတယ်'' လို့ ဆုံးဖြတ်ခဲ့ကြကြောင်းသိရပါတယ်။
Ref: AP