ပထမအကြိမ် မြန်မာ ဟိုတယ်၊ စားသောက်ကုန်နဲ့ ခရီးသွားလုပ်ငန်း ကုန်စည်ပြပွဲနဲ့ ဒုတိယအကြိမ် မြန်မာဧည့်ဝန်ဆောင်မှုနဲ့ ခရီးသွားလုပ်ငန်းညီလာခံ

2 3 4 ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ဦးဆောင်မှုနဲ့ စင်ကာပူနိုင်ငံအခြေစိုက် Sphere Conferences နဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ပူးပေါင်းပြီး မြန်မာဟိုတယ်၊ စားသောက်ကုန်နဲ့ ခရီးသွားလုပ်ငန်းကုန်စည်ပြပွဲနဲ့ ဒုတိယအကြိမ် မြန်မာဧည့်ဝန်ဆောင်မှုနဲ့ ခရီးသွားလုပ်ငန်းညီလာခံနဲ့ မြန်မာခရီးသွားလုပ်ငန်းပြပွဲကို ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်နဲ့ မြန်မာကွန်ဗင်းရှင်းခန်းမတို့မှာ ကျင်းပခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကုန်စည်ပြပွဲကြီးကို မြန်မာကွန်ဗင်းရှင်းခန်းမ မှာ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက် ကနေ  ၁၉ ရက်နေ့ထိ ကျင်းပခဲ့ပြီး 2C2P, Aztam, Astir Power, Asia Trade & Commerce, Frontiir, Hanvico, Design Alliance (Architect 108), Myanmar Kowa, K.H.T Central Supply, Scent Co, P.L.Y, UbiQ Global, Aroma Gourment, Dagon Win Win, Element Coffee Consulting, Katevanich Industry, IKON Trading, Invent Tech, Successo, Sheng Da နဲ့  UKI Foods Technology တို့ ပါဝင်ပြသခဲ့ကြပါတယ်။ ဒုတိယအကြိမ်မြန်မာဧည့်ဝန်ဆောင်မှုနဲ့ခရီးသွားလုပ်ငန်းညီလာခံနဲ့ မြန်မာခရီးသွားလုပ်ငန်းပြပွဲကြီးကို ကုန်သည်ကြီးများဟိုတတယ်မှာ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ၊ ၁၈ ရက်မှ ၁၉ ရက်ထိ ကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပက ဟိုတယ်လုပ်ငန်းဆောင်ရွက်နေသူတွေနဲ့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသူတွေက မြန်မာနိုင်ငံကို အာရှရဲ့ ရေပန်းအစားဆုံးခရီးသွားနယ်မြေသစ်အဖြစ် ရပ်တည်လာဖို့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအဆိုပြုချက်တွေကို လေ့လာသုံးသပ်ဆွေးနွေးခဲ့ကြပါတယ် မြန်မာခရီးသွားလုပ်ငန်းပြပွဲမှာ ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့က ကိုယ်စားလှယ်တွေပါဝင်တက်ရောက်ခဲ့ပြီး မြန်မာခရီးသွားလုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒုတိယအကြိမ်မြန်မာဧည့်ဝန်ဆောင်မှုနဲ့ ခရီးသွားလုပ်ငန်းညီလာခံမှာ 2C2P, Best Western International, Dusit International, Langham Hotels International, Shangrila International Hotel Management, SPARK, Keppel Land, Kandawgyi Palace Hotel, Htoo Group of Companiesနဲ့ Rykadan Hospitality Investment တို့ တက်ရောက်ပါဝင်ခဲ့ကြပြီး မြန်မာခရီးသွားလုပ်ငန်းပြပွဲမှာ Asian Trails, K & H Travels, Kelly J Trading, Myanmar Eldorado Paradise Travel, Oway Travel & Tour, Traders Hotel နဲ့ Themis Travel and Tour တို့ ပါဝင်ခဲ့ကြပါတယ်။