Myanmar-Japan SME Business Matching 2017

mmjpsme1

Myanmar-Japan SME Business Matching 2017 ကို ၂၀၁၇ ခုနှစ်၊ မတ်လ ၆ ရက်က ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ ဂျပန်နိုင်ငံမှ Japan-Myanmar Economy & Investment Center JMEIC က Director General Mr Noriyuki Yonemura ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းရှင် နှစ်ဆယ်ဦးခန့်ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အဆိုပါကိုယ်စားလှယ်အဖွဲ့မှာ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်း၊ အိမ်သုတ်ဆေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းဆိုင်ရာ ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်း၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်း၊ အိမ်တွင်းအလှဆင် (ကျွန်း သစ်ဆက်စပ်ပရိဘောဂ) လုပ်ငန်း အစရှိတဲ့ လုပ်ငန်းရှင်တွေ ပါဝင်ပါတယ်။ နှုတ်ခွန်းဆက်အမှာစကားကို UMFCCI ရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောကြားပေးခဲ့ပြီး Keynote Speech ကို JMEIC ရဲ့ Director General Mr Noriyuki Yonemura က ပြောကြားပေးခဲ့ပါတယ်။ Introductory Speech ကိုတော့ Directorate of Industrial Supervision and Inspection (DISI) ၊ Ministry of Industry ရဲ့ Deputy Director ဦးစိုးမိုးကျော်က ပြောကြားပေးခဲ့ပြီး Mr Noriyuki က ဂျပန်ကုမ္ပဏီတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ မြန်မာ - ဂျပန် သက်ဆိုင်ရာကုမ္ပဏီအချင်းချင်း Individual Business Matching ကို ဆက်လက်ဆွေးနွေးလုပ်ဆောင်ခဲ့ပါတယ်။

ပွဲမှာ ဒီပွဲကနေရရှိလာမယ့် မြန်မာ-ဂျပန်ပူးပေါင်းဆောင်ရွက်မှုတွေ၊ အကျိုးကျေးဇူးတွေကို UMFCCI ရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က အခုလိုပြောပြပေးခဲ့ပါတယ်။

[caption id="attachment_29254" align="alignnone" width="370"]mmjpsme2ဒေါက်တာမျိုးသက်[/caption]

''ကျွန်တော်တို့အစိုးရရဲ့ ပေါ်လစီကိုက SME တွေ ဖွံ့ဖြိုးတိုးတက်ဖို့ကို အရေးကြီးတဲ့ ပေါ်လစီတစ်ခုအဖြစ် ချမှတ်ထားပါတယ်။ နိုင်ငံတစ်နိုင်ငံမှာလည်း ၉၉ ရာခိုင်နှုန်းသောလုပ်ငန်းတွေက SME အဖြစ် ရှိပါတယ်။   ကျွန်တော်တို့နိုင်ငံမှာဆိုရင်လည်း ၉၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အခုကျွန်တော်တို့ UMFCCI နဲ့ ဂျပန် SME လုပ်ငန်းရှင်တွေအဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ SME အချင်းချင်း လုပ်ငန်းတွေ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးတက်ဆောင်ရွက်နိုင်အောင် စီစဉ်ပေးတာဖြစ်ပါတယ်။ ဒီနေ့မှာ ဂျပန်က လုပ်ငန်းကိုယ်စားလှယ်ပေါင်း နှစ်ဆယ်ပါဝင်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံကလည်း သက်ဆိုင်ရာကုမ္ပဏီတွေကို ဖိတ်ကြားထားပြီး သူ့လုပ်ငန်းအလိုက် ဆွေးနွေးဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တာရယ်၊ ရှစ်ဘီလီယံဒေါ်လာကို မြန်မာနိုင်ငံရဲ့ကဏ္ဍကြီးလေးခုမှာ သုံးစွဲဖို့အတွက်ပေးခဲ့တာရဲ့ အကျိုးဆက်တွေရယ်၊ နောက်ပြီး နှစ်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ ချမှတ်ထားတဲ့ပေါ်လစီအရရယ်ကြောင့် အခုလိုတွေ့ဆုံဆွေးနွေးမှုတွေ လုပ်လာနိုင်ပါတယ်။

mmjpsme3

အခုလိုအချိန်မှာ ကျွန်တော်တို့နိုင်ငံက Capital Investment မှာ ငွေကြေးလည်းလိုတယ်။ Technology လည်း လိုတယ်။ Marketing လည်း လိုတယ်။ ဂျပန်နိုင်ငံကနေ Japanese Management System လည်းရနိုင်တယ်။ ကျွန်တော်က Myanmar-Japan Center မှာလည်း Director အနေနဲ့ ဂျပန်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေရတော့ ဂျပန်တွေရဲ့ နေထိုင်ပြုမူပုံတွေ၊ သူတို့ရဲ့စနစ်တွေက လေးစားဖို့ကောင်းတာကို တွေ့ရပါတယ်။ ဒါတွေကို မြန်မာနိုင်ငံသားတွေ၊ အထူးသဖြင့် လူငယ် Entrepreneur တွေကို အလေးထားပြောချင်တာက ဒီလိုစနစ်နဲ့ Ethics တွေကို အလေးထားဖို့ပါ။

ဒီနေ့ Message ပေးချင်တာကတော့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဂျပန်လူမျိုးတွေရဲ့ အလုပ်တစ်ခုကို လုပ်ရင် စနစ်တကျ၊ ထဲထဲဝင်ဝင်နဲ့ လေးလေးနက်နက် လုပ်တတ်တဲ့၊ ဂျပန်တွေရဲ့ လေးစားစရာကောင်းတဲ့ အမူအကျင့်တွေနဲ့ Ethics တွေကို လိုက်နာဖို့ ပြောချင်ပါတယ်။ ဂျပန်နိုင်ငံက ကမ္ဘာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဆုံး၊ အမေရိကန်နိုင်ငံနဲ့ယှဉ်ရင်တောင် ရင်ဘောင်တန်းသွားနေတယ်။ ဒါကြောင့် ဂျပန်နိုင်ငံက ဂျပန်လူမျိုးတွေလို ကောင်းသောအမူအကျင့်တွေ၊ Business Ethics တွေကို လိုက်နာပါ။ ဂျပန်လုပ်ငန်းရှင်တွေ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာမှာ စနစ်တကျလုပ်တာကိုလည်း အတုယူပါလို့ ပြောချင်ပါတယ်''။