မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့် စီးပွားရေးဦးဆောင်သူများ သိရှိပြင်ဆင်ထားရမည့်အချက်များ ခေါင်းစဉ်ဖြင့် Myanmar Executive Forum တစ်ခုကို ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့ Chatrium Hotel Royal Lake Yangon တွင် ကျင်းပခဲ့ပါတယ်။ ဒီ Forum ကို CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းမှ ကြီးမှူးစီစဉ်တာဖြစ်ပြီး City Mart Holdings ၊ ဂမုန်းပွင့်ကုန်တိုက်၊ Enervon – C နှင့် iKBZ Insurance တို့မှ Sponsor များအဖြစ် ပါဝင်ကူညီပေးထားပါတယ်။
ပွဲမှာ စီအီးအိုမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဒေါက်တာသာထွန်းဦးမှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ခေါင်းစဉ်ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှလည်းကောင်း၊ စီးပွားရေးဦးဆောင်သူများ သိရှိပြင်ဆင်ထားသင့်သည့်အချက်များ ခေါင်းစဉ်ဖြင့် Deloitte မှ Country Managing Partner ဦးစိုးဝင်းမှလည်းကောင်း ဟောပြောဆွေးနွေးပေးခဲ့ကြပါတယ်။ ဒါ့အပြင် Panel Discussion ဆက်လက်ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသူများမှ သိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ကြပါတယ်။
ဟောပြောပွဲကို ပထမပုဂ္ဂလိကဘဏ်ရဲ့ ဥက္ကဌ ဒေါက်တာစိန်မောင် အပါအဝင် ပညာရှင်များ၊ စီးပွားရေးနယ်ပယ်အသီးသီးမှ CEO များ၊ Founder များနှင့် Decision Maker တစ်ရာခန့် တက်ရောက်ခဲ့ကြပါတယ်။
ဟောပြောပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး အသုံးပြုခဲ့သည့် Power Point Slide များကို အောက်ပါ link တွင် ရယူနိုင်ပါတယ်။