မြန်မာ့စီးပွားရေးလောက၏ စိန်ခေါ်မှုအသစ်များ ဟောပြောပွဲကျင်းပ

CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းက ကြီးမှူးစီစဉ်တဲ့ မြန်မာ့စီးပွားရေးလောက၏ စိန်ခေါ်မှုအသစ်များ ဟောပြောပွဲကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၃ က မန္တလေးမြို့၊ Marvel Hotel Mandalay မှာ ပြုလုပ်ခဲ့ပါတယ်။ ဟောပြောပွဲကို လက်ရှိပြည်တွင်းစီးပွားရေး၏ အကောင်းအဆိုး၊ အတက်အကျ၊ အပြောင်းအလဲနှင့် အရွေ့တို့ကို ခေတ်စနစ်နဲ့အညီ လိုက်မီပြီး မိမိ၏လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

businesschallenge

ဟောပြောပွဲမှာ ဦးသူရကိုကို (MD, YGA Capital Ltd) မှ ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာ့စီးပွားရေးခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအတွင်း လုပ်ငန်းကဏ္ဍအသီးသီးမှ ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို ဆွေးနွေးခဲ့ပါတယ်။

ဒေါက်တာမင်းအောင်(အကြီးတန်းအကြံပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်) မှ ဆန်စပါးနှင့် လယ်ယာထွက်ကုန်ပစ္စည်း ကုန်သွယ်ရေးအပေါ် သုံးသပ်ချက် ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးအခြေပြု မြန်မာနိုင်ငံအတွင်း လွန်ခဲ့သည့်နှစ်များအတွင်း၊ လက်ရှိနှင့် အနာဂတ်ကာလတို့တွင် ဖြစ်ပေါ် ပြောင်းလဲနေသော လယ်ယာထွက်ကုန်ပစ္စည်းကုန်သွယ်မှုကဏ္ဍအကြောင်းနှင့်ပတ်သက်ပြီး ဟောပြောဆွေးနွေးခဲ့ပါတယ်။

ဒေါ်အေးအေးသန့် (Founder, AAT Business Centre) မှ အသစ်ပေါ်ပေါက်လာသော စီးပွားရေးအခွင့်အလမ်းများနှင့် SME ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိတဲ့ အပြောင်းအလဲအမျိုးမျိုးကြားတွင် SME များအနေနှင့် ဘယ်လို အခွင့်အလမ်းများရနိုင်မလဲ၊ ဘာတွေ ပြင်ဆင်ထားရမလဲဆိုတာနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

ဟောပြောပွဲကို CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းနှင့်အတူ City Mart Holding Ltd ၊ PAN Sport Wears ၊ SaiLun Tires နှင့် U Kar Ka Company တို့မှ sponsor များအဖြစ် ပါဝင်ပံ့ပိုးပေးခဲ့ကြပါတယ်။

ဟောပြောပွဲတွင် Speaker များအသုံးပြုခဲ့ကြတဲ့ Power Point File များကို အောက်ပါ Link များတွင် Download ရယူနိုင်ပါတယ် . . . . .

ဦးသူရကိုကို - http://www.ceo-myanmar.com/wp-content/uploads/2017/07/U-ThuraKoKo.pdf

ဒေါ်အေးအေးသန့် - http://www.ceo-myanmar.com/wp-content/uploads/2017/07/Daw-Aye-Than.pdf