News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
တိုးတက်သင့်သလောက် မတိုးတက်၊ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘဲ ဖြစ်နေရသည့် မြန်မာနိုင်ငံက SME
Editorial
January 10, 2014
Editor's Letter
Opinion
မြန်မာနိုင်ငံ၏ ပြောင်းလဲလာသောစီးပွားရေးဝါဒပြောင်းလဲမှုနှင့်အညီ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှုကို တွေ့မြင်နေရပြီဖြစ်ပါသည်။ သို့သော် ထိုသို့ဝင်ရောက်လာသောလုပ်ငန်းများတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ နည်းပါးနေဆဲဖြစ်ပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ SME (Small & Medium Enterprises) ခေါ် အသေးစားနှင့်အလတ် စားလုပ်ငန်းများအနေဖြင့် နိုင်ငံတကာ၊ သို့မဟုတ် အာဆီယံဒေသတွင်းမှ အလားတူ အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်ရန်ပင် အခက်အခဲရှိပါသည်။ အတွေ့အကြုံ၊ နည်းပညာ၊ သက်ဆိုင်ရာဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းတို့၏ ထောက်ပံ့မှု အားနည်းခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ SME မှာ တိုးတက်သင့်သလောက် မတိုးတက်ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘဲ ဖြစ်နေရသည်။ မြန်မာနိုင်ငံရှိပြည်တွင်း SME တို့အနေဖြင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရန် အရေးအကြီးဆုံးအချက်တစ်ချက်မှာ ငွေကြေးအရင်းအနှီးအင်အားပင်ဖြစ်ပါသည်။ Private Equity Fund (PE Fund) ခေါ် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများလည်း မြန်မာနိုင်ငံ၏ပြောင်းလဲလာသည့်စီးပွားရေးအခြေအနေကို မျော်လင့်၍ နည်းမျိုးစုံဖြင့် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေကြသည် ဖြစ်ပါ သည်။ အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အရေးများကို ဆန်းစစ်သည့် သုတေသန စာတမ်းတွင် အာဆီယံနိုင်ငံတွင်း မြန်မာနိုင်ငံပေါ် စိတ်ဝင်စားသည့်ရလဒ်မှာ အများဆုံးဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။ PE Fund တို့၏ပင်ကိုအနေအထားမှာ အလားအလာရှိသည့်လုပ်ငန်းများ အထူးသဖြင့် အစပျိုးသည့်လုပ်ငန်းများကြီးပွားဖွံ့ဖြိုးလာရန်အတွက် လိုအပ်သည့်ငွေကြေးများကို ထောက်ပံ့ပေးသည့် သဘောရှိရာ PE ကို ဦးဆောင်ကြသည့် မန်နေဂျာတို့မှာ အလားအလာရှိသည့်လုပ်ငန်းများကို လိုက်လံရှာဖွေကြရသည်။ အလားအလာရှိသည့်လုပ်ငန်းဆိုသည်မှာ လုပ်ငန်း၏လက်ရှိအနေအထားနှင့် အလားအလာ၊ လုပ်ငန်းနယ် ပယ်တစ်ခုလုံး၏ရှေ့ရေး၊ မိမိလုပ်ငန်း၏နောင်ငါးနှစ်တာ ကာလအစီအစဉ်၊ ဦးဆောင်ကြသည့်ခေါင်းဆောင်တာဝန်ခံတို့၏အရည်အချင်းနှင့် အမြော်အမြင်၊ ဘဏ္ဍာရေးမှတ်တမ်းများ စနစ်တကျထားရှိမှပေါ်မူတည်၍ ရင်းနှီးမြှုပ်နံှမှု သင့်မသင့် ဆုံးဖြတ်မည် ဖြစ်ပါသည်။ ထိုသို့သောအခြေအနေအလားအလာများကြောင့် ပြည်တွင်းအသေးစား၊ အလတ်စား လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းနှင့်ပတ်သက်၍ စနစ်တကျ ပြင်ဆင်ထားမှသာလာမည့် ၂၀၁၅ နောက်ပိုင်း ပေါ်ပေါက်လာမည့် အခွင့်အရေး (Opportunity) နှင့်အဟန့်အတား (Threats) ကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်းဖြင့် တစ်ချိန်တွင် ဂုဏ်ယူရမည့် ပြည်တွင်းဖြစ်ကုမ္ပဏီကြီးများ၊ လုပ်ငန်းကြီးများ ပေါ်ပေါက်လာ မည်ဖြစ်ပါကြောင်း .....။ မင်္ဂလာနှစ်သစ်ဟု ဆုမွန်ကောင်းတောင်းလျက်...
Facebook
Twitter
LinkedIn
RELATED POSTS
နှစ်သစ်မျော်လင့်ချက် ရောင်ခြည်
Posted On December 30, 2020, By CEO Editors
အကျိုးလိုလို့ညောင်ရေလောင်းသော်
Posted On December 4, 2020, By CEO Editors
Consistency တစ်သမတ်တည်းဖြစ်ခြင်း၊ ရှေ့နောက်ညီခြင်း
Posted On September 7, 2020, By CEO Editors
ဘဏ္ဍာရေးကုစားမှု၏ စိန်ခေါ်မှုများ
Posted On September 7, 2020, By CEO Editors
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း