အခုခေတ်မှာ နည်းပညာရဲ့တိုးတက်ပြောင်းလဲမှုဟာ လိုက်မမီနိုင်အောင် မြန်ဆန်လွန်းပါတယ်။ အသွင်သစ်၊ ပုံစံသစ် အမျိုးမျိုးနဲ့ ထွက်ပေါ်လာတဲ့ နည်းပညာပေါ် အခြေခံပြီးတော့ လူတွေရဲ့ လူမှုစီးပွားရေးပုံစံတွေဟာလည်း ပုံစံသစ်တစ်မျိုးနဲ့ ရပ်တည်လာတာကို တွေ့ရပါတယ်။ တချို့နေရာဒေသတွေမှာ နည်းပညာပြောင်းလဲ တိုးတက်မှုရဲ့ အသီးအပွင့်တွေကိုခံစားရပြီး တချို့နေရာမှာတော့ လက်လှမ်းမမီသေးပါဘူး။ မြန်မာနိုင်ငံဟာလည်း အခုအချိန်မှာ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အလေးထား ဆောင်ရွက်နေတဲ့အချိန်ဖြစ်ပါတယ်။ အခုနောက်ပိုင်းပြုပြင်ပြောင်းလဲမှုတွေထဲက Financial Transaction အသစ်တစ်မျိုးဖြစ်တဲ့ Mobile Payment စတင်လုပ်ကိုင်ဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး Myanmar Mobile Money ရဲ့ Manager ဦးအောင်ချိုချိုနဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။ [caption id="attachment_9080" align="alignnone" width="370"]
ဦးအောင်ချိုချို (Manager)
Myanmar Mobile Money[/caption]
စတင်အကောင်အထည်ဖော်ဖြစ်ပုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ရဲ့လမ်းညွှန်ချက်အရ ၂၀၁၄ ခုနှစ်အတွင်းမှာ Mobile Phone ၁၅ သန်း တိုးချဲ့အသုံးပြုနိုင်အောင် ရည်ရွယ်ထား တဲ့အတွက် Mobile ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဟာ မဖြစ်မနေဆောင်ရွက်ရမယ့် လုပ်ငန်းလိုအပ်ချက်ဖြစ်လာတယ်။ အဲဒီလိုဖြစ်လာတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့က အင်းဝဘဏ်လီမိတက်ရဲ့ ဒါရိုက်တာအဖွဲ့ အစည်းအဝေး (BOD) ကစတင်အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်
ရည်ရွယ်ချက်အနေနဲ့ နံပါတ်တစ် မြန်မာနိုင်ငံအတွင်း ဘဏ်မရှိတဲ့ ဝေးလံပြီးလမ်းပန်းဆက်သွယ်မှုခက်ခဲတဲ့ ဒေသခံ ပြည်သူတွေအနေနဲ့ Mobile Phone အသုံးပြုပြီးတော့ ငွေ ကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေကို လုံခြုံစိတ်ချ၊ ရိုး ရှင်းလွယ်ကူ၊ လျင်မြန်ချောမွေ့စွာ (Safe ၊ Simple ၊ Swift) ဆောင်ရွက်နိုင် ဖို့ဖြစ်ပြီးတော့ နံပါတ်နှစ်အချက်ကတော့ ဒီ Mobile Network နဲ့ ပြည်သူတွေကြားမှာ Mobile Banking နဲ့ အသေးစားချေးငွေဝန်ဆောင်မှုလုပ်ငန်း (Mic rofinacnce) ) တွေကို ဘဏ်လုပ်ငန်းနည်းစနစ်တွေနဲ့ အညီ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် အကျိုးရှိရှိထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။ နောက်ဆုံး အချက် ကတော့ ပြည်သူတွေအနေနဲ့ နိုင်ငံတကာနဲ့ငွေကြေး ဝန်ဆောင်မှုပြုလုပ်တဲ့အခါ စိတ်ချလွယ်ကူလျင်မြန်စွာနဲ့ ရေရှည်အနာဂတ်မှာ အကျိုးရှိရှိ အသုံးချနိုင်ဖို့ပဲဖြစ်ပါတယ်။ Myanmar Mobile Money ကို အဓိကထား အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့အစည်းတွေဖြစ်ပြီး အဓိကလုပ်ဆောင်နေတဲ့ Agent တွေကတော့ မြန်မာ့စီးပွား ရေးကော်ပိုရေးရှင်း၊ အင်းဝဘဏ်လီမိတက်၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ Myanmar Economic Coporation Telecommunication နဲ့ Myanmar Telecommunication & Technology Services တို့ ဖြစ်ပါတယ်။
နည်းပညာပိုင်းနဲ့ပတ်သက်လို့ အကူအညီရယူခဲ့တဲ့နိုင်ငံတွေ
Mobile Money နဲ့ပတ်သက်လို့ အကူအညီရယူခဲ့တဲ့နိုင်ငံ တွေကတော့ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ချက်ပြည် သူ့သမ္မတနိုင်ငံ၊ ကင်ညာ၊ ပါကစ္စတန်နဲ့ အမေရိကန်နိုင်ငံ အပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံတွေဆီက အကူအညီရယူခဲ့တာ ဖြစ် ပါတယ်။ ဒီနိုင်ငံတွေကတော့ Mobile Money နဲ့ပတ် သက်လို့ အောင်မြင်နေ တဲ့နိုင်ငံတွေလို့ ပြောလို့ရပါတယ်။
Myanmar Mobile Money Channels အသုံးပြုနိုင်ပုံ
ကျွန်တော်တို့ Systemကို သုံးမျိုးသုံးလို့ရတယ်။SMS အနေနဲ့ GSM ၊ WCDMA ၊ CDMA ဖြစ်ပြီး ဘယ်ဖုန်း အမျိုးအစားမဆို သုံးစွဲနိုင်ပါတယ်။USSD ( Unstructured Supplementary Service Data) GSM ဖုန်း၊ CDMD ဖုန်း၊ Smart Phone နဲ့ တန်ဖိုးနည်း Keypad Phone တွေမှာပါ သုံးစွဲနိုင်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ *666# ကို ဝင်ရောက်ပြီးတော့ Menu ကနေတစ်ဆင့် Pin Code အသုံးပြုပြီး ငွေကြေးဝန် ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာဖြစ်ပြီး Mobile Application အနေနဲ့ GSM ၊ WCDMA နဲ့ CDMA Smart Phone တွေမှာသုံးစွဲနိုင်ပါတယ်။ သုံးစွဲတဲ့ အခါမှာ လည်း Pin Code ကို 2 Steps Verification နည်း လမ်းသုံး စွဲထားပြီး Application ဝင်ရောက်ရာမှာတစ်ကြိမ်၊ ဝန် ဆောင်မှုလုပ်ငန်းသုံးစွဲရာမှာ တစ်ကြိမ် ထည့်သွင်းပြီးလုပ် ဆောင်နိုင်ပါတယ်။
ဝန်ဆောင်မှုအသုံးပြုသူ အဆင့်သတ်မှတ်ချက်
Mobile Money Service ကို အသုံးပြုတဲ့ Customer အနေနဲ့ Customer ကိုယ်ရေးအချက်အလက်ပါဝင်တဲ့ Application Form မှာ ဖြည့်သွင်းပြီးလို့ရှိရင် KYC Customer အဖြစ် သတ်မှတ်ပါတယ်။ Mobile Wallet ထဲ ကို အများဆုံး ငွေကျပ်ဆယ်သိန်းထည့်သွင်းအသုံးပြုခွင့်ပေး ထားပါတယ်။ ကိုယ်ရေးအချက်အလက်ပါဝင်တဲ့ Application Form မဖြည့်ဘဲနဲ့ Mobile Phone နဲ့လည်း Register ပြုလုပ်ပြီးအသုံးပြုမယ်ဆိုရင် Non KYC Customer အဖြစ် သတ်မှတ်ပြီးတော့ Mobile Wallet ထဲကိုတော့ ငွေကျပ်ငါးသောင်းသာထည့်သွင်းအသုံးပြုခွင့်ပေး မှာ ဖြစ်ပါတယ်။
အသုံးပြုနိုင်မယ့်ဝန်ဆောင်မှုတွေ
အသုံးပြုနိုင်မယ့်ဝန်ဆောင်မှုတွေကတော့ ငွေသွင်း၊ ငွေထုတ် ခြင်း၊ တစ်ဦးနဲ့တစ်ဦးငွေလွှဲခြင်း၊ လစာပေးခြင်း၊ ဈေးဝယ် ခြင်းအပြင် ဖုန်းပြောခကိုလည်း ကိုယ်တိုင်ဖြည့်သွင်းလို့ရ ခြင်း၊ အခြားသူမှ ဖုန်းပြောခဖြည့်ပေးခြင်း၊ အသေးစားချေး ငွေလုပ်ငန်းတွေအတွက်လည်း အထောက်အကူအများကြီး ရရှိနိုင်မှာဖြစ်ပါတယ်။
Agents များ
ကျွန်တော်တို့ Myanmar Mobile Money နဲ့ အင်း၀ ဘဏ်အောက်မှာSuper Agent ဆိုတာရှိတယ်။ Super Agent အောက်မှာက Agent ရှိမယ်။ Agent အောက်မှာ Merchant ရှိတယ်။ Merchant အောက်မှာကျတော့ သုံးစွဲသူ Customer တွေပဲဖြစ်ပါတယ်။ အဓိကလုပ်ဆောင် နေတဲ့အဖွဲ့တွေအပြင် တစ်ဦးချင်းအလိုက် ရွေးချယ်ထားတဲ့ အဖွဲ့တွေလည်းရှိပါတယ်။ အဲဒီလိုရွေးချယ်တဲ့ နေရာမှာလည်း စီးပွားရေးအရတောင့်တင်းတဲ့သူ၊ နာမည်ပျက်မရှိတဲ့သူ၊ လက်ရှိမှာ စီးပွားရေးကိုအောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နေတဲ့ သူကို ရွေးချယ်ပါတယ်။ ပြီးရင် တစ်နိုင်ငံလုံးမှာလည်း Agent တွေကို နေရာအနှံ့ထားရှိသွားနိုင်အောင် စီစဉ်ထားပါတယ်။ လောလောဆယ်တော့ တစ်မြို့နယ်မှာ တစ်ယောက်လောက်တော့ရှိနေပါတယ်။ အခုလည်း တစ်နိုင်ငံလုံးမှာ လုပ်ဆောင်လို့ရနေပါပြီ။ ရန်ကုန်မှာတော့ အများဆုံး ပြောလို့ရပါတယ်။
ဝယ်ယူနိုင်တဲ့ Merchant တွေ
ဝယ်ယူနိုင်တဲ့ Merchant တွေကတော့ ABC နဲ့ G&G တို့လို Convenience Store တွေအပြင် အ ခြား Shopping Center တွေမှာ ဝယ် ယူရရှိနိုင်ပါတယ်။ Customer တွေ အနေနဲ့ Application Form မဖြည့် ထားတဲ့သူတွေအနေနဲ့ ကျပ်ငါးသောင်း အထိသာ ဝယ်ယူသုံးစွဲလို့ရမှာ ဖြစ်ပါ တယ်။
Mobile Payment ရဲ့ အားသာချက်
ဘဏ်တွေဆိုလို့ရှိရင် ၃ နာရီ၊ ၄ နာရီဆိုရင် ပိတ်ပြီ။ ဒီကြားထဲ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်ဆိုလို့ ရှိရင်သွား ထုတ်လို့ မရတော့ဘူး။ ဒါကတော့ ပထမအချက်ပါ။ နောက်တစ်ချက်က Customer တွေအနေနဲ့ ဘဏ်တွေဆီ သွားတာထက်စာရင် Agent တွေဆီ သွားတာက သူတို့အတွက်ပိုပြီး Convenient ဖြစ်ပါလိမ့်မယ်။ ဘဏ်တွေအ နေနဲ့ကျတော့ သူတို့က အလုပ်ပိုများ တယ်။ ကိုင်တွယ်ရတဲ့ ငွေပမဏက လည်းများတော့ Customer တွေအ နေနဲ့တန်းစီပြီး စောင့်ရတာပေါ့။ Agent တွေမှာကျတော့ တကယ်လို့လူများ နေတယ်ဆိုရင်တောင် တခြား Agent တွေဆီမှာသွားထုတ်လို့ရတယ်။ KBZ Bank ကို ငွေလွှဲလိုက်ပြီ ဆိုပါစို့။ ကျွန်တော်တို့ အနေနဲ့KBZ Bank တစ်ခုတည်းဆီကိုပဲ သွားထုတ်ရမှာ ဖြစ်တယ်။ Mobile Money ကျတော့ ဘယ် Agent ပဲဖြစ်ဖြစ်၊ ဘယ်နေရာ ပဲဖြစ်ဖြစ် သွားထုတ်လို့ရမှာဖြစ်တယ်။ နောက်တစ်ချက်က ငွေလွှဲလိုက်ပြီဆို တာကို ကျွန်တော်တို့အနေနဲ့ Message ဝင်လာတာနဲ့တန်းသိနိုင်တယ်။ ဟိုမှာ ကျတော့ ငွေလွှဲလိုက်တာကို ရောက်မ ရောက်ဖုန်းဆက်ပြီး မေးနေရသေးတယ်။ ပြီးရင် မှတ်ပုံတင်လေးကိုင်ပြီး သွားရ တယ်။ Mobile Money ကျတော့ ဖုန်းကိုင်ပြီး သွားလိုက်ရုံ ပါပဲ။
မြန်မာနိုင်ငံအတွင်းMobile Money ရဲ့ အလားအလာ
ဒါကတော့ ကျွန်တော်တို့ Vision ထဲမှာပါပါတယ်။ ပြည် တွင်းငွေလွဲတာတွေရော (Domestic Remittance) ၊ နိုင်ငံ တကာကို ငွေလွှဲတာတွေရော (International Remittance) နှစ်ခုစလုံး၊ ပြီးရင် ကျွန်တော်တို့ရဲ့ Payment System ပေါ့။ ဖုန်းထဲကပိုက်ဆံကို အသုံးပြုပြီး Payment လုပ်နိုင် အောင်၊ မီးခွန်၊ ရေခွန်၊ မီတာခကအစ Online Payment တွေ၊ Retail Payment တွေအဆုံး အဲဒါတွေအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးကို ဝန်ဆောင်မှုလုပ်သွားဖို့ မျော်မှန်း ထားတယ်။ မျော်မှန်းထားတဲ့အတိုင်းလည်း အခြားဝန်ဆောင်မှု အမျိုးမျိုးကိုလည်း တိုးချဲ့ဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာကုမ္ပဏီတွေ၊ Media တွေပဲ ဖြစ်ဖြစ်၊ စာပေထုတ်ဝေရေး Media တွေပဲဖြစ်ဖြစ် သူတို့နဲ့ အတူပူးပေါင်းပြီးတော့ ကျွန်တော်တို့လုပ်ငန်းကို Integration လုပ်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ကျွန်တော်တို့အပြင် Mobile Money ကို လုပ်နေကြတဲ့ တခြားအဖွဲ့အစည်းတွေအနေနဲ့ ငွေအား၊ နည်းပညာအားနဲ့ အားသွန်ခွန်စိုက် လုပ်သွားမယ်ဆိုရင် ကျွန်တော်တို့ Mobile Money ရဲ့ အလားအလာဟာ ပြောစရာမလိုလောက်အောင် ပိုကောင်းလာမှာဖြစ်ပါတယ်။
ရှေ့ဆက်လုပ်ဆောင်သွားမယ့်အစီအစဉ်
နည်းပညာပိုင်းမှာလည်း နိုင်ငံတကာက အကူအညီတွေယူပြီး International Standard အတိုင်း ကြိုးစားသွားမှာဖြစ်သလို၊ Mobile Payment နဲ့ပတ်သက်လို့လည်း နိုင်ငံတကာမှာ အသုံးပြုနိုင်အောင် ချိတ်ဆက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ရောက်ရင်တော့ သုံးစွဲသူဦးရေ တစ်သန်းနီးပါး ဖြစ်အောင် ရည်မှန်းထား ပါတယ်။