Myanmar Marketing & Media Forum 2015

  

IMG_0359 IMG_0378

အောက်တိုဘာလ ၂ ရက်က ရန်ကုန်မြို့၊ Park Royal Hotel မှာ ကျင်းပခဲ့တဲ့ Myanmar Marketing & Media Forum ကို Professional Marketers Association နဲ့ Ignite Markeing တို့က ကြီးမှူးစီစဉ်တာဖြစ်ပါတယ်။ ပွဲမှာ PMA မှ Founder တစ်ဦးဖြစ်သူ ဦးမြင့်ဇော်မှ အဖွင့်နှုတ်ဆက်စကားပြောကြားခဲ့ပြီး၊ Ignite Marketing မှ CEO ဦးအောင်သူရက ပွဲနဲ့ပတ်သက်လို့ ရှင်းလင်းပြောပြခဲ့ပါတယ်။ အဲဒီနောက်မှာ CNBC မှ Mr Abishek Bhatt က 360 Integration, TV, Digital & On-the-ground ဆိုတဲ့ခေါင်းစဉ်ဖြင့် CNBC Case Study များနဲ့ပြောပြဆွေးနွေးခဲ့ပါတယ်။ Google မှ Mr Chung Trinh ကတော့ Winning the Mobile & Digital Opportunities ဆိုတဲ့ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံဟာ Mobile Only Market ဖြစ်ကြောင်း Google Search တွေရဲ့ ၈၂ % လောက်ကို Mobile Devices တွေပေါ်ကနေ Search လုပ်ကြတာဖြစ်ကြောင်း ပြောဆိုဆွေးနွေးခဲ့ပြီး လုပ်ငန်းတွေအနေနဲ့ တကယ်လို့ မိမိတို့ website ကလုပ်ဖို့ရှိရင် mSite လို့ခေါ်တဲ့ Mobile Ready Site ဖြစ်အောင်အရင်လုပ်ဖို့လိုကြောင်း စသဖြင့် ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကိုယ့် site ကို သင့်တင့်လောျက်ပတ်တဲ့နည်းလမ်းတွေနဲ့ Promote လုပ်ဖို့လိုပြီး ပြန်လည်သုံးသပ်တိုင်းတာမှုတွေလည်း လုပ်ဖို့လိုတယ်လို့ သူက ပြောပြခဲ့ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ Mobile မှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်မယ်ဆိုရင် အသေးစိတ်တွေကိုသိနိုင်ဖို့ themobilepaybook.com ဆိုတဲ့ Google ရဲ့ Official Site မှာ လေ့လာနိုင်ကြောင်းလည်း ပြောပြခဲ့ပါတယ်။ Myanmar Marketing & Media Forum 2015 မှာ CSR ပိုင်းကိုလည်း topic တစ်ခုအနေနဲ့ ထည့်သွင်းထားကာ Mr Al Carthew က Effective CSR Campaigns ဆိုတဲ့ခေါင်းစဉ်နဲ့ ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ Mr Dave McCaughan ကတော့ What Matters to People : Chaning Trends ဆိုတဲ့ ခေါင်းစဉ်နဲ့ Marketing လုပ်တဲ့နေရာမှာ သတိထားဖွယ်အချက်အလက်တွေကို ပြောပြခဲ့ပါတယ်။ လူတွေအနေနဲ့ အလေးအထားဆုံး brand က သူတို့ကိုယ်တိုင်ဖြစ်ကြောင်း၊ Brand တွေအနေနဲ့ အမြဲလိုလို သူတို့ကိုသူတိုယ့် reinvent လုပ်နေဖို့လိုကြောင်း စသဖြင့် ပြောပြခဲ့ပါတယ်။ GFK မှ Mr Marcus Lim က Commoditization of Brands in the tech market ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

IMG_0456 IMG_0529 IMG_0467

IMG_0398