မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပတဲ့ ပထမအကြိမ်မြောက် Myanmar International Travel Mart 2016 ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလလ ၁၇ ရက်ကနေ ၁၈ ရက်အထိ ရန်ကုန်မြို့၊ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ Outbound လိုင်စင်ရတဲ့ ခရီးသွားကုမ္ပဏီတွေ၊ ပြည်တွင်းပြည်ပလေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ၊ ပြည်ပ ဆေးရုံတွေနဲ့ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ကုမ္ပဏီတွေ ပါဝင်ပြသခဲ့ကြပါတယ်။ Outbound လိုင်စင်ရတဲ့ ခရီးသွားကုမ္ပဏီတွေအတွက် နောင်လာမယ့်အနာဂတ်မှာ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းတွေ ပိုမိုတိုးတက်လာစေဖို့ ရည်ရွယ်ပြီး ဒီပြပွဲကိုကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီပြပွဲမှာ လာရောက်ပြသခဲ့ကြတဲ့ ခရီးသွားကုမ္ပဏီတချို့နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာကို ဖော်ပြလိုက်ပါတယ်။
ဒေါ်လှဒါလီခင်
Managing Director
Tour de Myanmar
ဒီပွဲက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ကြီးမှူးပြီးလုပ်တာဖြစ်ပြီးတော့ ကျွန်မကလည်း ဒီအသင်းမှာ ပါဝင်ဆောင်ရွက်နေတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးကျင်းပတဲ့ Outbound ခရီးစဉ်တွေ ရောင်းတဲ့ပွဲဆိုတော့ ကျွန်မတို့အနေနဲ့ လာရောက်ပြသဖြစ်ခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ Public Awareness ရဖို့ မျှော်လင့်ပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး Outbound လိုင်စင်တွေကို ဝန်ကြီးဌာနက ဦးဆောင်ပြီး ချပေးနေတယ်ဆိုတော့ လိုင်စင်ရှိတဲ့ကုမ္ပဏီတွေ၊ တာဝန်သိမှုအပြည့်အဝရှိတဲ့ ကုမ္ပဏီတွေရဲ့ ခရီးစဉ်တွေနဲ့ ချိတ်ဆက်ပြီး ခရီးသွားပါဆိုတဲ့ Message လေးကို ပေးချင်တာပါတယ်။
ဒေါ်မျိုးပပနွယ်
Business Development Manager
Princess Amara Services Co Ltd
ဒီပွဲမှာပါဝင်ဖြစ်ခဲ့တာက ကျွန်မတို့က မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ရဲ့ Member ဝင်လည်း ဖြစ်တယ်။ ကျွန်မတို့ကုမ္ပဏီကိုလည်း လူတွေ အများကြီးသိစေချင်တယ်။ နောက်ပြီး ဒီလိုပွဲက မြန်မာနိုင်ငံမှာ ပထမဦးဆုံးလုပ်တာဆိုတော့ ပါဝင်ဖြစ်ခဲ့တာပါ။ ကျွန်မတို့မျှော်လင့်တာကတော့ ကျွန်မတို့နာမည်ကို လူသိသွားရင် ကျေနပ်ပါတယ်။ နောက်ထပ်မျှော်လင့်တာကတော့ Customer တွေလည်း သိသွားပြီး B2C ကနေ B2B အထိ သိပြီး Customer တွေနဲ့ တိုက်ရိုက် Dealing လုပ်နိုင်တဲ့အကျိုးအမြတ်ရဖို့ မျှော်လင့်ပါတယ်။ ဒီလိုပွဲတွေ မြန်မာပြည်မှာလုပ်ပေးတာ သိပ်ကောင်းပါတယ်။ ဒီလိုပွဲတွေ လုပ်ပေးခြင်းအားဖြင့် မြန်မာပြည်ရဲ့ Tourism တွေ၊ Tour ကုမ္ပဏီတွေလည်း ပိုပြီးတော့တိုးတက်သွားပြီး ခရီးသွားတွေအတွက်လည်း UMTA အသင်းဝင်ထားတဲ့ကုမ္ပဏီတွေနဲ့ ခရီးသွားတဲ့အခါ စိတ်ချယုံကြည်မှုရတယ်ဆိုတာ ဖြစ်စေချင်ပါတယ်။
Princy Abraham
Director (Sales & Marketing)
Oway Company Limited
Oway Travel & Tours ဟာ ဘယ်အချိန်မှာမဆို အွန်လိုင်း Payment နဲ့ Bus ကား၊ လေယာဉ်၊ Hotel ၊ အငှားယာဉ်၊ Visa တွေအတွက် Booking လုပ်တဲ့အခါ အဆင်ပြေစေဖို့ Online Payment Solution အနေနဲ့ လုပ်ဆောင်နေပါတယ်။ ဒီပွဲမှာ ပါဝင်ဖြစ်ခဲ့တာကတော့ မြန်မာနိုင်ငံက Customer တွေကို Oway အကြောင်း မိတ်ဆက်ပေးချင်တဲ့အတွက် ဖြစ်ပါတယ်။ လေကြောင်းလိုင်းတွေအတွက် ငွေပေးချေတဲ့အခါမှာလည်း မြန်မာနိုင်ငံက Customer တွေအတွက် အဆင်ပြေအောင် မှတ်ပုံတင် အသုံးပြုပြီး မြန်မာငွေနဲ့ပေးချေလို့ ရနိုင်ပါတယ်။ Oway Ride ဆိုရင်လည်း Customer တွေရဲ့ အနီးဆုံးရှိတဲ့နေရာကနေ လာရောက်ဝန်ဆောင်မှု ပေးနိုင်ပါတယ်။ Oway မှာဆိုရင် မတူညီတဲ့ Business Platform တော်တော်များများ ရှိပါတယ်။ ကျွန်တော်တို့ဆီက Products တွေနဲ့အတူ မြန်မာနိုင်ငံက Consumer တွေကို နွေးထွေးစွာကြိုဆိုနေပါတယ်။
အယ်ဒီတာအဖွဲ့