Baker & McKenzie Myanmar ၊ AMCHAM နဲ့ British Chamber တို့ ပူးပေါင်းစီစဉ်တဲ့ Myanmar Competition Law ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၅ ရက်က ရန်ကုန်မြို့၊ Sule Shagri-la Hotel မှာ ကျင်းပခဲ့ပါတယ်။
Baker & McKenzie ရဲ့ Managing Partner ဖြစ်သူ Jo Daniels က Competition Law အကြောင်း အသေးစိတ်တင်ပြခဲ့ပါတယ်။ ဒီဥပဒေက မြန်မာပြည်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်သလဲဆိုတာကို ထောက်ပြခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်သင့်တယ်ဆိုတာကို ဆက်လက်ပြောကြားခဲ့ပါတယ်။ ''Competition Law ရဲ့ အဓိကစည်းမျဉ်းတွေကတော့ Market Power နဲ့ ကြီးစိုးခြယ်လှယ်မှုကို တားမြစ်ခြင်း၊ အင်အားကြီးကုမ္ပဏီတွေက Market ကို Monopolise လုပ်ထားခြင်းကို တားမြစ်ခြင်းဖြစ်ပါတယ်။ Competition Law က ကုမ္ပဏီတွေ၊ SME တွေ ဈေးကွက်မှာ မျှမျှတတ ယှဉ်ပြိုင်နိုင်အောင် ပြုလုပ်ပေးမယ့် ဥပဒေပဲဖြစ်ပါတယ်။ မြန်မာပြည်မှာ Competition Law တည်ရှိလာတာနဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကလည်း ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။ တရားမျှတမှုကို လက်ကိုင်ထားတဲ့ Competition Law နဲ့အတူ မြန်မာပြည်လည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်'' လို့ Jo Daniels က ဆွေးနွေးခဲ့ပါတယ်။ ပွဲတက်ရောက်လာတဲ့ ဧည့်သည်တော်တွေရဲ့ မေးခွန်းတွေကိုလည်း Jo Daniels က ဖြေကြားပေးခဲ့ပါတယ်။ ပွဲတက်ရောက်လာတဲ့ ဧည့်သည်တော်တချို့ရဲ့ Competition Law အပေါ် အမြင်တွေကိုလည်း အခုလို သိခွင့်ရခဲ့ပါတယ်။
ဦးစိုးမြင့်
Executive Director
Machinery and Solutions Co Ltd
ကျွန်တော်တို့အနေနဲ့က ဥပဒေနဲ့ပတ်သက်ရင် ကိုယ်ကျွမ်းကျင်တဲ့ဘာသာရပ်မဟုတ်တဲ့အတွက် နည်းနည်းစိမ်းတယ်။ ဒါပေမဲ့ အခုလိုလာပြီးနားထောင်လိုက်တဲ့အခါ အများကြီးအကျိုးရှိပါတယ်။ Competition Law က ကောင်းတော့ကောင်းမယ်။ Consumer တွေကို ကာကွယ်ဖို့အတွက် ရည်ရွယ်ချက်ကောင်းရှိတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလို စီးပွားရေးလုပ်ငန်းတွေကို အခုမှ တွင်တွင်ကျယ်ကျယ်လုပ်ဖို့ ခြေလှမ်းစနေတဲ့ တိုင်းပြည်အနေနဲ့ Market Oriented ကို သွားမယ်ဆိုတဲ့အချိန်ကာလမျိုး၊ Market Development ကို အားပေးနေချိန်မျိုးမှာ ဒီဥပဒေက အကန့်အသတ်ပေးလိမ့်မယ်လို့တော့ ထင်ပါတယ်။ နောက်ပိုင်း Mature Market ဖြစ်လာချိန်မှာဆိုရင်တော့ ပိုပြီးသင့်တော်လာမယ်၊ မဖြစ်မနေလုပ်ကို လုပ်ရမယ့်ဥပဒေဖြစ်လာပါမယ်။ ကျွန်တော်တို့အနေနဲ့ ဖြစ်စေချင်တာကတော့ အစိုးရဘက်က ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒါမျိုးကို နားထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့်တွေးခေါ်ပြီး လုပ်ဖို့ပြောချင်ပါတယ်။ Reform တွေလုပ်ဆိုပေမယ့် တစ်ဖက်ကလည်း ကိုယ့်ကိုချုပ်ထားတာမျိုးတွေ မဖြစ်သင့်ပါဘူး။
Edward ထူးအောင်ကျော်
Executive Director
Chevrolet Exclusive Distributor
Pacific-AA Motor Ltd
မြန်မာပြည်မှာ သာမန်လူတွေအနေနဲ့ Competition Concept ဆိုတာ လုံးဝကို မသိနားမလည်လောက်တဲ့ ပုံစံမျိုးတည်ရှိကြတယ်။ စီးပွားရေးသမားတွေအနေနဲ့ကလည်း ဒါက နိုင်ငံတကာအနေနဲ့ရှိပေမယ့် မြန်မာပြည်မှာက အခုမှစတင်တာပေါ့။ ကျွန်တော့်အနေနဲ့ မြင်တာကတော့ မြန်မာပြည်မှာ Competition Law ရှိဖို့တော့လိုတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံဆိုပေမယ့် Industry တွေ တော်တော်များများမှာက သာတူညီမျှမဟုတ်တဲ့ ယှဉ်ပြိုင်မှုတွေ တအားများတယ်။ ဘယ်လိုများလဲဆိုတော့ ကုမ္ပဏီကြီး လေး၊ ငါးခုလောက်က Market ရဲ့ ရာခိုင်နှုန်းအများစုကို ချုပ်ကိုင်ထားတယ်။ ဓာတ်ဆီလုပ်ငန်းအပါအဝင် တခြား Industry တော်တော်များများမှာလည်း ထိုနည်းလည်းကောင်းပဲ။ အဲဒီလိုမျိုးအချိန်မှာ SME တွေ အနေနဲ့က ဘယ်လိုမှဝင်မပြိုင်နိုင်ဘူး။ အခွင့်အရေးလည်း မရှိဘူး။ Market Power နဲ့ အကုန်လုံးကိုဦးဆောင်ပြီး ခြယ်လှယ်နိုင်တဲ့နေရာမှာ Competition Law က Protection တစ်ခုအနေနဲ့ တန်းတူညီမျှ ယှဉ်ပြိုင်နိုင်အောင် Market တွေမှာ လုပ်ပေးနိုင်မယ်ဆိုရင် အများကြီးတိုးတက်လာလိမ့်မယ်။ ဒီဥပဒေကို လက်တွေ့ကျင့်သုံးမှုပိုင်းမှာလိုသလို ပညာပေးတဲ့အပိုင်းမှာလည်း အများကြီးလိုတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေအတွက်ကကျတော့ Competition Law ဆိုတာတွေက ရင်းနှီးပြီးသား၊ သူတို့က ဒီ Rules and Regulations အတွင်းမှာပဲ အမြဲတမ်းသွားတယ်။ ဒါပေမဲ့ မြန်မာပြည် Market ကို ဝင်လာဖို့ကျတော့ သူတို့က မြန်မာပြည်က Monopoly လုပ်ထားတဲ့ကုမ္ပဏီကြီးတွေနဲ့လာပြီးပြိုင်ရမယ်ဆို သူတို့အနေနဲ့ ငွေအင်အားတော့ရှိတယ်။ ဒါပေမဲ့ Protection တစ်ခုတော့ လိုတာပေါ့နော်။ အဲဒါမှပဲ Fair Competition ဖြစ်နိုင်မယ်။ မြန်မာပြည်အနေနဲ့ကလည်း ဒီ SME တွေကို ဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ချင်ရင် ဒါက နှစ်ဦးနှစ်ဖက်လုံးကို ညီညီမျှမျှ Fair Competition ဖြစ်အောင်လုပ်ပေးတဲ့ Law ပဲ။ ဘယ်သူ့ကိုမှ နစ်နာအောင်လုပ်တဲ့ Law မဟုတ်ဘူး။ Healthy Competition ပေါ့နော်။ ပြိုင်နိုင်ဖို့အတွက်ကို လုပ်ပေးထားတဲ့အတွက် ဒီ Law က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက်ရော၊ မြန်မာပြည်မှာ အခုလက်ရှိ Market အကြီးကြီးနဲ့ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးတွေရော၊ SME တွေအတွက်ကိုပါ ရေရှည်အတွက် ကောင်းလာမယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲဒါမှမရှိဘူးဆိုရင် နိုင်ငံခြားသားတွေရဲ့ Foreign Direct Investment ကို လုံးဝခေါ်လို့ရမှာ မဟုတ်ဘူး။ ခေါ်လို့ရရင်တောင်မှ အနည်းအကျဉ်းလောက်ပဲ အောင်မြင်နိုင်မယ်။ သူတို့အနေနဲ့ ဝင်လာပြီးတော့မှ လက်ရှိ ကျယ်ကျယ်ပြန့်ပြန့် အုပ်စိုးထားတဲ့ကုမ္ပဏီကြီးတွေ Unfair Competition အနေနဲ့ ဝင်လာသမျှ နိုင်ငံခြားကုမ္ပဏီတွေကို ပြန်တိုက်ထုတ်လိုက်တယ်။ ဥပမာအားဖြင့် Low Cost ကို သွားလိုက်တယ်။ သွားလိုက်ပြီးတော့မှ နိုင်ငံခြားသားတွေ မရပ်တည်နိုင်ဘဲ ပြန်ထွက်သွားတော့မှ Cost ပြန်တင်ပြီး လက်ဝါးကြီးပြန်အုပ်ထားတဲ့ပုံစံတွေ လုပ်နိုင်တယ်။ အဲဒီအခါ မြန်မာပြည်သူတွေပဲ နစ်နာတယ်။ ဒါကြောင့် Fair Competition ဖြစ်အောင် ဒီ Law က မရှိမဖြစ် လိုအပ်ပါတယ်။
အယ်ဒီတာအဖွဲ့