မြန်မာ Brand တွေ နိုင်ငံတကာကို ယှဉ်ပြိုင်ထိုးဖောက်နိုင်အောင်

Myanmar Brands အမှတ်တံဆိပ်ဆိုတာ စီးပွားရေးလုပ်ငန်းတိုင်းအတွက် အရေး ပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဈေးကွက်ကို ထိုး ဖောက်ရာမှာ အမှတ်တံဆိပ်ရဲ့ခိုင်မာမှု၊ ဆွဲဆောင်နိုင်မှု၊ အများထက်ထူးခြားမှု စတဲ့အချက်တွေက အရေးကြီးသလို မိမိအမှတ်တံဆိပ်ထွန်းပေါက်အောင်မြင်လာအောင် လုပ်ငန်း မဟာဗျူဟာတွေချမှတ်ဖို့လည်း လိုအပ်ပါတယ်။ အခုအခါ မြန်မာနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေ ယခင်ထက်ပိုမို ပွင့်လန်းလာတဲ့အခါ နိုင်ငံတကာက အမှတ်တံဆိပ်ကြီးတွေ ကဝင်ရောက်လာနေပါတယ်။ အဲဒီအခါမှာ ဒေသခံမြန်မာ Brand တွေဘက်က ဘာတွေပြင်ဆင်ထားဖို့လိုသလဲ၊ ဘယ် လိုယှဉ်ပြိုင်နိုင်မလဲ၊ အဲဒီကတစ်ဆင့် ကိုယ့် Brand ကို ဒေသ တွင်းနဲ့ နိုင်ငံတကာအထိ ဘယ်လိုထိုးဖောက်နိုင်မလဲစတာ တွေအထိ ကြိုတင်လေ့လာပြင်ဆင်ထားဖို့ လိုလာပါတယ်။ ဒါနဲ့ပတ်သက်လို့ How Myanmar Brands can take on the Region  ဆိုတဲ့ခေါင်းစဉ်နဲ့ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းကကြီးမှူးကျင်းပတဲ့ Myanmar Executive Forum  ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ တုန်းက ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၊ မင်းတုန်းခန်းမမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ အာရှပစိဖိတ်ဒေသ Brand Union အဖွဲ့ရဲ့ CEO ဖြစ်သူ Mr Alan Couldrey  နဲ့ အာဆီယံဒေသဆိုင်ရာ ဒါရိုက်တာ Mr Graham Rex Hitchmough တို့က ဟောပြောဆွေးနွေးခဲ့ကြပါတယ်။ သူ တို့ရဲ့ ဟောပြောဆွေးနွေးချက်တွေထဲက  စိတ်ဝင်စားဖွယ် အကြောင်းရပ်အချို့ကို CEO  စာဖတ်ပရိသတ်အတွက် ပြန် လည်မျဝေဖော်ပြပေးလိုပါတယ်။   အမှတ်တံဆိပ်ဟူသည် အမှတ်တံဆိပ်တစ်ခုဆိုတာ လုပ်ငန်းတစ်ခုကို ကိုယ်စားပြု သတ်မှတ်ချက်၊ ဖော်ပြချက်၊ အမှတ်တံဆိပ်က တစ်စုတစ် စည်းတည်းပေးတဲ့တွေ့ကြုံခံစားရမှု စသဖြင့် အဓိပ္ပာယ်မျိုးစုံ ဖွင့်နိုင်ပါတယ်။ တစ်နည်းအားဖြင့်တော့ အမှတ်တံဆိပ်ဆိုတာ အဆိုပါ တံဆိပ်နဲ့ပတ်သက်ပြီး တွေ့ကြုံခံစားရမှုသတ်မှတ် ချက်ကိုဆိုလိုပါတယ်။ ဒီနေ့ခေတ်မှာတော့ အမှတ်တံဆိပ် ဖန်တီးမှုဆိုတာ မားကက်တင်းအစိတ်အပိုင်းတစ်ခု၊ မားကက် တင်းမဟာဗျူဟာရဲ့အစိတ်အပိုင်းတစ်ခုသာ မဟုတ်တော့ပါ ဘူး။ စီးပွားရေးလုပ်ငန်းတစ်ခုလုံးရဲ့မဟာဗျူဟာမှာ ပါဝင် တဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာနေပါပြီ။ အမှတ်တံဆိပ်ဟာ စွမ်းဆောင်ရည်၊ ယဉ်ကျေးမှု၊ တွေ့ကြုံခံစားရမှုနဲ့ လှုပ်ရှား ဆောင်ရွက်မှုစတာတွေအတွက် အဓိက စုစည်းပေးတဲ့စည်း ကမ်းနည်းလမ်းတွေပဲ ဖြစ်ပါတယ်။ အမှတ်တံဆိပ် မဟာဗျူဟာဆိုတာ လုပ်ငန်းအဖွဲ့ အစည်းတစ်ခုအတွက် အကောင်းဆုံးစုစည်းလုပ်ဆောင်ပေး တဲ့မူဝါဒဖြစ်ပါတယ်။ အမှတ်တံဆိပ်မဟာဗျူဟာက ကျန် တဲ့အစိတ်အပိုင်းအားလုံးကို တစ်စုတစ်စည်းတည်း စုစည်း ပေးနိုင်ပါတယ်။ အမှတ်တံဆိပ်တစ်ခုဟာ စွမ်းဆောင်ရည်၊  ယဉ်ကျေးမှု၊  အတွေ့အကြုံနဲ့ လှုပ်ရှားဆောင်ရွက်ချက်တွေ ကိုတွန်းအားပေးနိုင်အောင် ဗဟိုကနေ စုစည်းပေးထားတဲ့ မူဘောင်တစ်ရပ်ပဲ ဖြစ်ပါတယ်။   အမှတ်တံဆိပ်ကပေးသည့် ခံစားမှု အမှတ်တံဆိပ်တစ်ခုကနေ အကောင်းဆုံးရရှိအောင်မြင်နိုင် တာကတော့ လူတစ်ယောက်ရဲ့စိတ်မှာ စိတ်လှုပ်ရှားမှုတစ်ခုခု ဖြစ်ပေါ်ခံစားသွားစေတာပါပဲ။ အမှတ်တံဆိပ်နဲ့ဆက်စပ်နေ တဲ့အပေါ်ယံဒီဇိုင်း၊ ပြင်ပအမြင်နဲ့ အခြားအစိတ်အပိုင်းတွေ ကို လူတွေခံစားရတာနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန်ဆောင် ရွက်နိုင်မယ်ဆိုရင် မိမိရဲ့အမှတ်တံဆိပ်ကို စားသုံးသူအား လုံးက အလွယ်တကူအသိအမှတ်ပြုလာနိုင်ပါတယ်။ Apple အမှတ်တံဆိပ်ကို နမူနာ ကြည့်နိုင်ပါတယ်။ ဒါကြောင့် အမှတ်တံဆိပ်နဲ့ပတ်သက်ပြီးတွေ့ကြုံ ခံစားရမှု (Experience)  ဆိုတာ အရာရာတိုင်းအတွက် နောက်ကွယ်က အဓိကတွန်းအားတစ်ရပ်ပါပဲ။    MD11 အမှတ်တံဆိပ်တစ်ခု၏လက္ခဏာရပ်များ အမှတ်တံဆိပ်တွေ အားလုံးမှာရှိရမယ့် တူညီတဲ့အချက်တွေ ကတော့ ဂရုတစိုက် အလေးထားမှု၊ တီထွင်ဆန်းသစ်မှု၊ ယုံကြည်အားထားရမှုနဲ့ လုံခြုံစိတ်ချရမှုတို့ပဲ ဖြစ်ပါတယ်။ အမှတ်တံဆိပ်နဲ ပတ်သက်ပြီး တွေ့ကြုံခံစားရမှုဆိုတာ လုပ်ငန်းနဲ့ ဖောက်သည်နဲ့ ဆက်သွယ်မှုအတွက်သာမက စီးပွားရေးလုပ်ငန်းတစ်ခုလုံးအတွက်လည်း မရှိမဖြစ်အရေး ကြီးပါတယ်။ ကမ္ဘာကြီးကလည်း အမြဲတမ်းပဲအရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့အတွက် အမှတ်တံဆိပ်တွေကို တွေ့ကြုံ ခံစားရမှုဟာလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့အမှတ်တံဆိပ်ကို ရေရှည်ခံအောင် ထိန်းသိမ်းနိုင်ဖို့ အထူးအရေးကြီးပါတယ်။ အမှတ်တံဆိပ်ကိုတွေ့ကြုံခံစားရမှုဟာ လူလူချင်း ပေါင်းသင်းဆက်ဆံရတာနဲ့ တစ်သဘောတည်းပါပဲ။ ပြု လွယ်ပြင်လွယ်ဖြစ်ဖို့ လိုအပ်သလို ရေရှည်အတွက် အလေးထားဖို့လည်း လိုအပ်ပါတယ်။   Mbrand2 အပြိုင်အဆိုင်ကြားမှာ ရှင်သန်ရေး အရင်ကတော့ ဈေးကွက်အတော်များများမှာ ဖောက်သည် တွေကို အထူးအခွင့်အရေးပေးထားတဲ့ ဆက်ဆံရေးမျိုးရှိပါ တယ်။ အဲဒီအခါ ဖောက်သည်တွေကလည်း သစ္စာရှိလေ့ရှိ ပါတယ်။ လုပ်ငန်းကိုလည်း ပိုမိုအသိအမှတ်ပြုလက်ခံတတ် ပါတယ်။ အခုတော့ ဒါမျိုးတွေက ပြောင်းလဲလာပါပြီ။ လုပ်ငန်းသစ်၊ အမှတ်တံဆိပ်အသစ်တွေက ဈေးကွက်ထဲကို အဆက်မပြတ် ဝင်ရောက်လာနေတာ ဖြစ်ပါတယ်။ အဲဒီအမှတ်တံဆိပ်သစ်တွေက ဘတ်ဂျက်ကို များ များသုံးတယ်။ ထုတ်ကုန်တွေကိုလည်း နှစ်သက်စွဲမက်စရာ ဖြစ်အောင်စီမံထားတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းတွေအသုံးပြုကြတယ်။ အံ့သြဖွယ်ကောင်းလောက် အောင်လည်း တီထွင်ဆန်းသစ်လာကြပါတယ်။ ဒေသတွင်း ကရော၊ တစ်ကမ္ဘာလုံးကပါ သတင်းတွေ၊ အချက်အလက် တွေ၊ ထင်မြင်ချက်တွေပိုမိုရရှိလာနိုင်ပါပြီ။ ဒီမှာတင် ဖောက် သည်တွေကလည်း အရင်တုန်းကလိုတစ်ခုတည်းကိုပဲ အမြဲ အားပေးရာကနေ ရွေးချယ်စရာတွေရှိလာပါတော့တယ်။ အဲဒီလိုအခြေအနေမှာ မိမိရဲ့အမှတ်တံဆိပ်ကိုခိုင် မာနေအောင် အားစိုက်ဖော်ဆောင်ပေးဖို့လိုပါတယ်။ ခိုင်မာ တဲ့အမှတ်တံဆိပ်တစ်ခုဟာ ရင်းနီးနေပြီးသား ဖောက်သည် တွေ၊ ပရိသတ်တွေကိုသာ ဆွဲဆောင်နိုင်တာမဟုတ်ပါဘူး။ နောက်ပြီးတော့ ခိုင်မာတဲ့အမှတ်တံဆိပ်တွေဟာ စီးပွားရေး စန်းပွင့်နေချိန်မှာသာမက အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ကာလမှာလည်း အခြေအနေ ယိုယွင်းသွားလေ့မရှိပါဘူး။ တကယ်ခိုင်မာတဲ့အမှတ်တံဆိပ်ဆိုရင် စီးပွားရေးတန်ဖိုးရော၊ စောစောကပြောတဲ့စိတ်ခံစားမှုနဲ့ သိမြင်မှုဆိုင်ရာတန်ဖိုးပါ ပေးစွမ်းနိုင်ပါတယ်။   နိုင်ငံတကာ အမှတ်တံဆိပ်များနှင့်ယှဉ်နိုင်ရန် ဒေသခံအမှတ်တံဆိပ်တွေမှာ ပြည်တွင်းပရိသတ်ကတော့ အခိုင်အမာရှိပြီးသား ဖြစ်ပါတယ်။ သိပ်ကိုဆွဲဆောင်မှုရှိပြီး နာမည်လည်းကြီးတဲ့ အမှတ်တံဆိပ်ကြီးတွေ ဈေးကွက်ထဲ ဝင်လာတဲ့အခါ မြန်မာအမှတ်တံဆိပ်တွေဘက်က ဘယ်လို ယှဉ်ပြိုင်နိုင်မလဲဆိုတာ မလွဲမသွေ စဉ်းစားထားကြရမှာပါ။ ဒီအတွက် မြန်မာအမှတ်တံဆိပ်တွေဘက်က ပြင်ဆင်ထား နိုင်ဖို့ရာ အရေးကြီးတဲ့နည်းဗျူဟာအချို့ လိုအပ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတာကတော့ နိုင်ငံတကာ အမှတ် တံဆိပ်တွေက ဈေးကွက်ထဲဝင်လာတာနဲ့ ဒေသခံလုပ်ငန်းတွေ ဘက်က အဲဒီနာမည်ကြီးတံဆိပ်တွေအတိုင်း လိုက်လံတုပ လုပ်ဆောင်ဖို့စိတ်ကူးမိသွားမိပါတယ်။ Unilever ဒါမှမဟုတ် P&G   စတဲ့ အမှတ်တံဆိပ်တစ်ခုခု ဈေးကွက်ထဲရောက်လာ တာနဲ့ သူတို့ရဲ့ကုန်ပစ္စည်းကိုတုပဖန်တီးဖို့ ကြိုးစားကြသလို မျိုးပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် မိမိအရင်က နှစ်ပေါင်းများစွာ ရရှိထားတဲ့ကိုယ်ပိုင်အယူအဆနဲ့ဖောက်သည်အပေါ် နားလည် ထားတဲ့အမြင်ဟာ လုံးဝကိုပြောင်းလဲသွားရပါတော့တယ်။ တစ်ဖက်မှာတော့ အဆိုပါ Unilever  လိုမျိုး လုပ်ငန်းကြီးတွေဟာ ဒေသခံတံဆိပ်တွေအပေါ် ဖောက်သည် တွေက နှစ်ပေါင်းများစွာ ထားရှိလာခဲ့တဲ့အမြင်ကို အဓိက ဦးတည်ထားပါတယ်။ အဲဒီအမြင်ကို အနီးစပ်ဆုံးပုံဖော်နိုင် အောင်ပဲ ကြိုးစားဖန်တီးလေ့ ရှိပါတယ်။ ဒေသအကြိုက်ကို သိမြင်တဲ့စိတ်ဆိုတာ ပြုလွယ် ပြင်လွယ်ရပါမယ်။ ဖောက်သည်တွေကို ထပ်ထပ်ပြီး ဆွဲ ဆောင်နိုင်ရမယ်။ နည်းဗျူဟာအသစ်အချို့ကိုလည်း လေ့ လာထားဖို့လိုသလို သင့်ရဲ့အမှတ်တံဆိပ်ခွန်အားကို မြှင့် တင်ထားရပါမယ်။ Mbrand3 အမှတ်တံဆိပ်ခွန်အားကို မြှင့်တင်နိုင်မည့်နည်းလမ်းများ ပထမအချက်ကတော့ သင့်ရဲ့ အယူအဆသဘောထားနဲ့ ဖောက်သည်အပေါ် နားလည်သဘောပေါက်ထားမှုတို့ကို ယုံ ကြည်ရပါမယ်။ အခြားတစ်ခုခုကို လုံးဝကြီးခုန်ကူးပြောင်း လဲသွားတာမျိုး မလုပ်ရပါဘူး။ ဒုတိယအချက်ကတော့ ပျင်းရိနှေးကွေးမနေဖို့ပါ ဘဲ။ ဖောက်သည်တွေကမိမိရဲ့အမှတ်တံဆိပ်ကို အမှတ်ရနေ အောင်ဆွဲဆောင်နိုင်ဖို့လိုပါတယ်။ အခြေခံကျတဲ့အချက်တွေ နဲ့သူတို့ကို စိတ်လှုပ်ရှားစေရမယ်။ အမှတ်တံဆိပ်ကို အမှတ် ရေနစေရမယ်။ လုပ်ငန်းမှာအောင်မြင်ဖို့အတွက် သင့်အမှတ် တံဆိပ်ဟာ ဖောက်သည်ပရိသတ်ကြားမှာ ပဲ့တင်ထပ်နေရပါ မယ်။ ဖောက်သည်တွေအကြောင်း သိနေရပါမယ်။ ဒီအတွက် နည်းလမ်းတွေ သိရှိဖို့လိုအပ်သလို၊ တီထွင်မှု၊ ဖြန့်ချိရေး၊ မားကက်တင်း စတဲ့အပိုင်းတွေမှာ စိတ်လှုပ်ရှားစရာနည်းလမ်းသစ်တွေလိုအပ်ပါတယ်။ နောက် ပြီး သင့်အမှတ်တံဆိပ်က ဘာအတွက်ရပ်တည်တာလဲ၊ ဒါ ကိုပိုမိုခိုင်မာလာအောင် ဘာလုပ်မလဲ၊ အရာရာကို ပိုမိုဖွံ့ဖြိုး အောင်၊ ပိုမိုအားကောင်းလာအောင်၊ ပိုမိုဆွဲဆောင်မှုရှိလာ အောင် ဖန်တီးနိုင်ဖို့က အရေးကြီးလာပါတယ်။ နောက်တစ်ချက်ကတော့ သင့်ရဲ့ ပြိုင်ဘက်တွေ အကြောင်း သိနေဖို့ပါပဲ။ ဈေးကွက်ထဲကို အမှတ်တံဆိပ် အသစ်တွေက အမြဲတမ်းဝင်လာနေတာပါ။ ဒီတော့ သင်က ဘယ်အမျိုးအစားမှာ ပါသလဲဆိုတာ သိနေရပါမယ်။ လူ တွေက သင့်ရဲ့အမှတ်တံဆိပ်နဲ့ ဆက်သွယ်မှုရှိရဲ့လားဆိုတာ စူးစမ်းဖို့လိုပါတယ်။ ဥပမာ- အင်ဒိုနီးရှားမှာဆိုရင် သူတို့ ရဲ့ ကြိုက်တတ်တဲ့အစားအသောက်၊ သူတို့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေအကြောင်းကိုသိရင် သူတို့ရဲ့ စိတ်ဝင်စားမှုကို သိမ်းပိုက်နိုင်ပါတယ်။ နောက်ဆုံးအချက်ကတော့ သင့်ကိုယ်သင်လည်း သိရှိနေဖို့ ဖြစ်ပါတယ်။ သင့်ကုမ္ပဏီ၊ လက်အောက်ဝန်ထမ်း တွေနဲ့ သင့်လုပ်ငန်းအကြောင်းကို သိနေရပါမယ်။ ကိုယ့် ပုံစံနဲ့ကိုက်ညီတဲ့နေရာတစ်ခုကိုရယူထားပါမှလည်း လူတွေ စိတ်ကို ဖမ်းစားနိုင်ပါမယ်။   Tiger AirwaysTiger Airways Tiger AirwaysTiger Airways   အမှတ်တံဆိပ်အပေါ် တွေ့ကြုံခံစားရမှု သင့်အမှတ်တံဆိပ်ရဲ့ ခိုင်မာမှုကိုသိရှိနိုင်ဖို့အတွက် အမှတ် တံဆိပ်ကပေးနိုင်တဲ့အတွေ့အကြုံကို ဘယ်လိုပုံဖော်မလဲဆို တာစဉ်းစားရပါမယ်။ အမှတ်တံဆိပ်အပေါ် တွေ့ကြုံခံစား ရပုံကို အစိတ်အပိုင်းလေးပိုင်းခွဲခြားနိုင်ပါတယ်။ ပထမအပိုင်းကတော့ မိမိအမှတ်တံဆိပ်ဟာ အထင်ကြီးစရာ (Impression)  ကောင်းရပါမယ်။ တံဆိပ် ကိုစမြင်လိုက်တာနဲ့ ဒီကုမ္ပဏီက ဘာကိုကမ်းလှမ်းမှာလဲဆို တာအထင်ကြီးသွားဖို့ဖြစ်ပါတယ်။ အဲဒီလိုအထင်ကြီးစေဖို့ အတွက် မိမိကုန်စည်ဟာ
  • ဖောက်သည်ရဲ့လိုအပ်ချက်နဲ့ ဆီလျော်ညီညွတ်မှု ရှိရ ပါမယ်။
  • အခြားပြိုင်ဘက်အမှတ်တံဆိပ်တွေနဲ့ ကွဲပြားခြားနားဖို့ လိုပါတယ်။
  • နောက်ပြီး အမှန်တရားမှာ အခြေခံဖို့ လိုအပ်ပါတယ်။ ဖောက်သည်ရဲ့ အမှန်တကယ် လိုအပ်ချက်ကို သင့် အမှတ်တံဆိပ်ကကမ်းလှမ်းနိုင်ဖို့လိုပါတယ်။ အမှတ် တံဆိပ်က ကမ်းလှမ်းဖော်ပြထားတာဟာ ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာထဲမှာဖြစ်ဖို့ လိုပါတယ်။
  ဒုတိယအချက်က သင့်အမှတ်တံဆိပ်ဟာ ဖောက်သည်နဲ့ အပြန်အလှန်ဆက်သွယ်မှု (Interaction)  ရှိရပါမယ်။ အဲဒီအတွက်
  • အမှတ်တံဆိပ်ဟာ တစ်သမတ်တည်းဖြစ်ဖို့အရေးကြီး ပါတယ်။ ဒီအမှတ်တံဆိပ်ကိုသုံးတဲ့အခါ ဘယ်အချိန် ဝယ်လိုက် ဝယ်လိုက်၊ တူညီတဲ့အတွေ့အကြုံကိုပဲရရှိ စေရပါမယ်။
  • ဖောက်သည်က မိမိအမှတ်တံဆိပ်ကို လက်လှမ်းမီရနိုင် ရပါမယ်။ ဖောက်သည်ဟာ သင့်တော်တဲ့နည်းလမ်းနဲ့ လက်လှမ်းမီနိုင်ပါရဲ့လား။ ဒီအတွက် ဖောက်သည်က မျော်လင့်ထားတာထက် ကျော်လွန်တဲ့ဝန်ဆောင်မှုမျိုးနဲ့ စစ်မှန်တဲ့ချဉ်းကပ်မှု ရှိရမယ်။
  • ပြောထားတဲ့အတိုင်း လုပ်ကိုင်ဆောင်ရွက်ပေးရပါမယ်။ အမှတ်တံဆိပ်ကို အထင်ကြီးထားတာနဲ့ ထိုက်တန်တဲ့ အတွေ့အကြုံမျိုး ရရှိသွားစေရပါမယ်။
  တတိယအပိုင်းက အမှတ်တံဆိပ်ဟာဖောက်သည် ကိုတုံ့ပြန်မှုရှိရမယ်။ ဒီတော့ သင့်အမှတ်တံဆိပ်က
  • ဖောက်သည်တစ်ဦးချင်းစီနဲ့ကိုက်ညီဖို့ လိုပါတယ်။ ဒီ အမှတ်တံဆိပ်ကိုသုံးရင် ဖောက်သည်ရဲ့တစ်ဦးချင်း အကြိုက်နဲ့လိုအပ်ချက်အတိုင်း လိုက်နာပါရဲ့လား။
  • အမှတ်တံဆိပ်ကိုချဉ်းကပ်ဖို့ လွယ်ကူရမယ်။ ဒီအမှတ် တံဆိပ်ကို အလွယ်တကူဆက်သွယ်နိုင်တာ၊ တုံ့ပြန်မှု ကိုရရှိတာမျိုး လိုအပ်ပါတယ်။
  • ပြောင်းလဲနေတဲ့ဖောက်သည်တွေရဲ့ မျော်လင့်မှုနဲ့ချိတ် ဆက်မိနေဖို့လိုပြီး ပြုလွယ်ပြင်လွယ်ရပါမယ်။ ဖောက် သည်ရဲ့လိုအပ်ချက်တွေကို ကွဲပြားဆန်းသစ်တဲ့နည်း လမ်းတွေနဲ့ သင့်အမှတ်တံဆိပ်က တုံ့ပြန်နိုင်ပြီး ရေ ရှည်ခံနိုင်ရည်ရှိဖို့လည်း လိုပါတယ်။
  အမှတ်တံဆိပ်အပေါ် တွေ့ကြုံခံစားရမှုနဲ့ ပတ်သက်ပြီးသတိပြုရမယ့်စတုတ္ထအချက်က သင့်အမှတ်တံဆိပ် ဟာ အများနဲ့လိုက်လျောညီထွေဖြစ်နေဖို့ပါပဲ။ အဲဒီလိုဖြစ်စေဖို့အတွက်
  • တာဝန်ယူမှု ရှိရပါမယ်။ သင့်အမှတ်တံဆိပ်က လူမှု အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်အတွက် အသိစိတ်ရှိရှိနဲ့ တာဝန်ယူတတ်ပါရဲ့လား။
  • ရေရှည်မှာလည်း တည်တည်ငြိမ်ငြိမ် ဖြစ်နေရပါမယ်။ အဲဒီအတွက် ဖောက်သည်ရဲ့အနာဂတ်လိုအပ်ချက်ကို လည်း ဝန်ဆောင်မှုပေးနိုင်ရပါမယ်။
  • အပြုသဘောပြောင်းလဲမှု ဖန်တီးပေးပြီး သင့်အမျိုး အစားတံဆိပ်တွေထဲမှာ ပိုမိုကြီးမားစွာ သက်ရောက် လွှမ်းမိုးနိုင်တဲ့အစိတ်အပိုင်းရှိရမယ်။  မိမိအမှတ်တံဆိပ် ကြောင့် ဖောက်သည်ရဲ့စိတ်မှာ အခြားအမှတ်တံဆိပ် တွေအပေါ် မျော်လင့်ထားမှုကို ပြောင်းလဲပစ်နိုင်စွမ်းရှိ ရပါမယ်။
  အထင်အမြင်ကြီးမှု (Impression) ဆိုရာမှာ လူ တစ်ယောက်၊ လိပ်စာကတ်ပြားတစ်ခုကို မြင်လိုက်တာနဲ့ ထင်မြင်ဆုံးဖြတ်လိုက်ပုံမျိုးအတိုင်းပဲ အမှတ်တံဆိပ်ဒီဇိုင်း တစ်ခုကို အထင်ကြီးသွားမိတာမျိုး ဖြစ်ပါတယ်။ အထက် ဖော်ပြပါအတိုင်း အမှတ်တံဆိပ်ကို တွေ့ကြုံခံစားရမှုဆိုရာ မှာအစိတ်အပိုင်းလေးခုပါဝင်ပါတယ်။ ဒါတွေအတိုင်း သတိ ပြုကြိုးပမ်းနိုင်ရေးဟာ ပန်းတိုင်တစ်ခုမဟုတ်ဘဲ လျောက် လှမ်းရမယ့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း သတိပြုရမှာ ဖြစ်ပါ တယ်။ သွားရမယ့်လမ်းအတွက် အစိတ်အပိုင်းလေးခုကတော့- ၁။ သင့်ကိုယ်ပိုင် နေရာ ရှိနေပါစေ။  သင့်အမှတ်တံဆိပ် ဖွံ့ဖြိုးတိုးတက်လာနိုင်မယ့် နေရာတစ်ခု ကိုရှာဖွေပြီး အမှတ်တံဆိပ်ကို နေရာချပေးဖို့ လိုပါတယ်။ ဒီအခါမှာ ထည့်သွင်းစဉ်းစား စရာတွေကတော့ -
  •  သင့်မှာ ဘာရှိသလဲ
  •  သင်ဘာလုပ်သလဲ
  •  သင်ဘယ်လိုလုပ်သလဲ
  •  သင်ဘယ်သူလဲ
  •  သင်ဘာကြောင့်လုပ်လဲ  စတာတွေပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ အမှတ် တံဆိပ်မှာ ပါဝင်တဲ့ ကျိုး ကြောင်းဆီလျော်မှု (မြင်သာ သောအပိုင်း) နဲ့ စိတ်ခံစားမှု (မမြင်သာသောအပိုင်း) တို့ကို ခွဲခြားရှုမြင်နိုင်ဖို့ လိုပါတယ်။   ၂။ သင့်အမှတ်တံဆိပ်ရဲ့ တန်ဖိုး နဲ့အညီ လှုပ်ရှားဆောင်ရွက်ပါ။ အဲဒီအတွက် အရေးအကြီးဆုံး က ရိုးသားဖို့ လိုပါတယ်။ တစ်ခါတစ်ရံမှာ စားသုံးသူတွေ အမျိုးမျိုးပြောဆိုနေတာကို မှန် မှန်ကန်ကန် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါ အပြင် ဝန်ထမ်းတွေရယ်၊ အမှတ်တံဆိပ်တွေရယ် ဆက် သွယ်မှုရှိနေအောင် ချဉ်းကပ်ဆောင်ရွက်တတ်ဖို့ လိုပါတယ်။  သင်ပြောထားတာနဲ့ သင်လုပ်ဆောင်တာတွေဟာလည်း ကွာ ဟမှုနည်းနိုင်သမျနည်းစေရပါမယ်။ အမှတ်တံဆိပ်က ကမ်း လှမ်းထားသလို ဆောင်ရွက်နိုင်စေဖို့အတွက် -  
  • အသိဉာဏ်ပိုင်းအရ ဆက်သွယ်မှုနဲ့ စိတ်ခံစားမှုအရ စွဲမြဲအားထုတ်မှု ရှိလာအောင် ဖန်တီးရပါမယ်။
  • အမှတ်တံဆိပ်နဲ့အညီ လှုပ်ရှားဆောင်ရွက်ဖို့အတွက် အပြုအမူတွေကို ချိန်ညှိပေးရပါမယ်။
  • အမှတ်တံဆိပ်ဟာ လုပ်ငန်းအစိတ်အပိုင်းအသီးသီးကို အဓိကစုစည်းပေးတဲ့ စည်းကမ်းနည်းလမ်း ဖြစ်နေစေရ ပါမယ်။
  • အမှတ်တံဆိပ်ဟာ အမှားအယွင်းမရှိ တစ်သမတ်တည်း ဖြစ်နေအောင် ဝန်ထမ်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက် ရပါမယ်။
  ဝန်ထမ်းများနှင့်ဆက်သွယ်နိုင်ရေး ဝန်ထမ်းတွေနဲ့ ဆက်သွယ်နိုင်မှုရှိဖို့က အဆင့်သုံးဆင့် ပါ ဝင်ပါတယ်။ ဒါကိုအကောင်အထည်ဖော်ရာမှာ အချိန်ယူရ သလို အားစိုက်ဆောင်ရွက်ရတဲ့ ခရီးရှည်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီအတွက် ဖြတ်ကျော်သွားရမယ့် အဆင့် သုံးဆင့် ရှိပါတယ်။ ၁။ ကျိုးကြောင်းဆီလျော်မှု အမှတ်တံဆိပ်ကို သတိပြုမိလာပေမယ့် ကြားဖူးရုံအဆင့်ပဲ ရှိပါသေးတယ်။   ၂။ စိတ်လှုပ်ရှားမှု သဘောထားနဲ့ တတ်စွမ်းနိုင်မှုအလိုက် အမှတ်တံဆိပ်ကို ယုံကြည်လာပါတယ်။   ၃။ စိတ်အားတက်ကြွမှု လှုပ်ရှားဆောင်ရွက်မှုပါလာသလို ထောက်ခံပြောကြားတာ တွေလည်း ရှိလာတဲ့အတွက် အမှတ်တံဆိပ်ကို လက်ခံ သွားပါပြီ။ လက်ခံသွားတာနဲ့အမျ အမြဲမပြတ် အားစိုက် လက်ခံသွားဖို့အလားအလာ ပိုများပါတယ်။   MB5My ၃။ သင်ရပ်တည်နေတဲ့နေရာကို ခွဲခြားသိရှိပါ။ အမှတ်တံဆိပ်တစ်ခုကို အနာဂတ်အထိ ခံနိုင်ရည်ရှိ၊ မရှိ ဆိုတာ ဒီအမှတ်တံဆိပ်က ဘယ်အမျိုးအစားမှာ ပါဝင်သလဲဆိုတာ အရင်ဆုံးအကဲဖြတ်ရပါမယ်။
  •  ကြွင်းကျန်ရစ်နေတဲ့ အမှတ်တံဆိပ်လား။ လုပ်ငန်းဆောင် ရွက်မှုနည်းပါးတဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှု တွေကို ကိုယ်စားပြုပါတယ်။
  •  လွှမ်းမိုးနေဆဲ အသုံးများတဲ့ အမှတ်တံဆိပ်လား။ ဝန် ဆောင်မှုပေးနိုင်တဲ့အရေအတွက်နဲ့ ပံ့ပိုးပေးတဲ့နည်းလမ်း ကို မူတည်တဲ့နည်းပညာတွေ၊ ဝန်ဆောင်မှုတွေ ဖြစ်ပါတယ်။
  •  ဆန်းသစ်ပေါ်ထွက်လာနေတဲ့အမှတ်တံဆိပ်လား။ သုံးစွဲ ရတဲ့အတွေ့အကြုံ ကောင်းမွန်ပြီး အရည်အသွေးမြင့်မားတဲ့ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ဖြစ်တယ်။ အမှတ်တံဆိပ်အမျိုးမျိုးရဲ့ သုံးစွဲသူဘက်က တွေ့ကြုံ ခံစားရမှုနဲ့ အမှတ်တံဆိပ်ပေးပို့တဲ့သတင်းစကားကို အကဲ ဖြတ်ရင်း ကြွင်းကျန်ရစ်နေတဲ့ အမှတ်တံဆိပ်အမျိုးအစား ကနေ ဆန်းသစ်တီထွင်ထားတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ် လာစေဖို့ ကြိုးပမ်းအားထုတ်သွားရမှာဖြစ်ပါတယ်။
   111 ၄။       အမှတ်တံဆိပ်တစ်ခုရဲ့ ဒီဇိုင်းကို အထူးအလေးပေး ဖန်တီးပါ။ သင့်ထုတ်ကုန်၊ ထုပ်ပိုးပုံနဲ့ အခြားမြင်သာတဲ့အချက်တွေကို ထူးခြားဆန်းသစ်အောင် လုပ်ဆောင်ရပါမယ်။ ရေမွှေးထုတ် လုပ်တဲ့ကုမ္ပဏီတွေကိုကြည့်လျင် ပုလင်းရဲ့ဒီဇိုင်းနဲ့ထုပ်ပိုးပုံ တို့က ပါဝင်တဲ့အမွှေးရနံ့ထက်ပင် ပိုလို့အရေးကြီးနေကြောင်း မှန်းဆမိနိုင်ပါတယ်။ သင့်အမှတ်တံဆိပ်အတွက် အဓိက ပြန်မေးစရာ အချက်တွေကတော့ - ၁။       ဖောက်သည်တွေကို ဘယ်လိုတွေ့ကြုံခံစားမှုမျိုး လက် ရှိမှာ ပေးနေပါသလဲ။ ၂။       အနာဂတ်မှာ ဘာအတွက် ရပ်တည်ချင်တာလဲ။ ၃။       သင့်အမှတ်တံဆိပ်ဟာ ပြည်တွင်းမှာရော၊ ဒေသတွင်း အခြားနိုင်ငံတွေမှာပါ ယှဉ်ပြိုင်ဖို့ အသင့်ရှိနေပါပြီ လား။ ၄။       သင့်အမှတ်တံဆိပ်ကတစ်ဆင့် သင့်ရဲ့ကမ်းလှမ်းမှုကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုနည်းနဲ့ တင်ဆက် ပြသနိုင်ပါမလဲ စတာတွေပဲ ဖြစ်ပါတယ်။

အယ်ဒီတာအဖွဲ့