News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Myanmar Agribusiness Investment Summit 2014
Editorial
January 21, 2014
Local News
News
Top Story
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နဲ့ confexhub တို့ပူးပေါင်းကြီးမှူးကျင်းပတဲ့ Myanmar Agribusiness Investment Summit 2014 ကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ရက်မှ ၂၂ ရက်အထိ နှစ်ရက်တိတိ Inya Lake Hotel မှာ ကျင်းပနေပါတယ်။ အဆိုပါ Summit ဖြစ်မြောက်ရေးအတွက် Sime Darby Seeds & Agricultural Services Sdn Bhd နဲ့ International Tractors Limited တို့က ပူးပေါင်းကူညီပံ့ပိုးပေးခဲ့ကြပါတယ်။ အဆိုပါ Summit ပထမနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ရာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေဟာ တစ်ခြား နေ့ချင်းညချင်းရင်းနှီးမြုပ်နှံလို့ မရတဲ့အတွက် အချိန်အတိုင်းအတာတစ်ခုထိ စောင့်ကြည့်ဖို့ လိုအပ်ပြီး နိုင်ငံတကာကဝင်လာတဲ့ ရင်းနှီးမြုပ်နှံချင်သူတွေ၊ အလားအလာတွေကို ကြိုဆိုလက်ခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် Confexhub Group ရဲ့ Executive Advisor ဖြစ်တဲ့ Mr Hishamuddin Koh က နှုတ်ခွန်းဆက်စကားပြောကြား ခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်လှိုင်ကိုယ်စား ဦးရဲမြင့်ထွန်းက မြန်မာ့လယ်ယာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို တင်ပြခဲ့ပြီး စီးပွားရေးဆိုင်ရာသမ္မတအကြံပေးနဲ့ ဗဟိုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညွန်ကြားရေးမှူး ဦးစိန်လှဘိုက Challenges and opportunities in Myanmar Agribusiness Sector As A Social Economic Contribution For Rural And National Development စာတမ်းကို တင်ပြသွားခဲ့ပါတယ်။ အဲဒီနောက် လယ်ယာစိုက်ပျိုးရေးကဏ္ဍတစ်ခုချင်းစီရဲ့ ကဏ္ဍအလိုက် ရင်းနှီးမြုပ်နှံမှုဆိုင်ရာအခွင့်အလမ်းတွေ၊ မူဝါဒတွေ၊ အခွန်ကဏ္ဍနဲ့ လက်ရှိအခြေအနေတွေကိုလည်း စာတမ်းများနဲ့ ဆွေးနွေးတင်ပြကြပြီး မေး၊ဖြေအစီအစဉ်များဆက်လက် ပြုလုပ်ခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း