News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
အင်တာနက်မှစာအုပ်များဝယ်ယူဖတ်ရှုနိုင်ရန် မြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ဖြန့်ချိသူများအသင်း အလုပ် အမှုဆောင်များ နဲ့ JAS Phone Internet Wallet Ltd တို့ရဲ့ စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနား
Editorial
February 24, 2014
Local News
News
Top Story
မြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ ဖြန့်ချိသူများအသင်း နဲ့ JAS Phone Internet Wallet Ltd တို့က အင်တာနက်မှ စာအုပ်များဝယ်ယူဖတ်ရှုနိုင်ဖို့အတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ Traders Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ မြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ ဖြန့်ချိသူများအသင်း ဥက္ကဌ ဒေါက်တာသာထွန်းဦး က “ ဒီနေ့ ဒီအချိန်အခါမှာ ပြောင်းလဲလာတဲ့ ၂၁ ရာစုရဲ့နည်းပညာတွေကြောင့် ကျွန်တော်တို့ ထုတ်ဝေရေးလောကဟာ လည်း ပုံစံအမျိုးမျိုးပြောင်းလာခဲ့ပါတယ်။ အခုအချိန်မှာ အားလုံးသိတဲ့အတိုင်းပဲ စာဖတ်အားကျတယ၊် စာအုပ်ဈေးကြီးတယ်၊ ထုတ်ဝေဖြန့်ချိမှုအားနည်းလို့ရောင်းအားကျတယ်ဆိုပြီးပြောနေကြတယ်။ တစ်ချိန်တည်း မှာ ကြည့်လိုက်မယ်ဆိုရင် နိုင်ငံတကာမှာလည်း Newsweek Magazine၊ Washington Post တို့လို့မျိုး Magazine ကြီးတွေရပ်သွားရတာက Digital Format တွေရဲ့ပြောင်းလဲလာတဲ့အခြေအနေတွေကြောင့် ဖြစ်ပါတယ်။ တစ်ဖက်ကလည်း နည်းပညာရဲ့ပြောင်းလဲမှုအရ မြန်မာနိုင်ငံမှာလည်း လာမယ့် ၉ လ၊ ၁၀ လ အတွင်းမှာ Telenor တို့၊ Ooredoo တို့လို့ Telecommunication ကုမဏီတွေရဲ့ပံ့ပိုးမှုကြောင့် Communication နှုန်းထားတွေ မြန်ဆန်လာဖို့အနေအထားရှိလာတဲ့အခါမှာ ယနေ့မြန်မာလူငယ်တွေလည်း စာဖတ်တဲ့ပုံစံ ပြောင်းလဲလာဖို့ရှိပါတယ်။ ဒီလိုရှိလာတဲ့အခြေအနေမျိုးမှာ Internet Wallet ltd က ဒီအစီအစဉ်လေး ကိုထုတ်လာတာဟာ မြန်မာနိုင်ငံစာပေထုတ်ဝေသူဖြန့်ချိသူများအသင်းကိုယ်စား ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ပြောကြားလိုပါတယ်” ဟု နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒုတိယဥက္က(၁) ဦးမျိုးအောင်က JAS Phone နဲ့ စာချုပ်ချုပ်ဆိုရခြင်းနဲ့ စာချုပ်ပါအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ဖြန့်ချိသူများအသင်း အလုပ်အမှုဆောင် ၁၄ ဦးနဲ့ ချုပ်ဆိုထားပြီးတော့ စိတ်ဝင်စားတဲ့ စာပေထုတ်ဝေဖြန့်ချိသူများအနေနဲ့ JAS Phone Internet Wallet Ltd နဲ့ တိုက်ရိုက် ချိတ်ဆက်နိုင်ပြီး မိမိလိုချင်တဲ့ပုံစံအတိုင်း အကောင်အထည်ဖော်လို့ရတယ်လို့သိရပါတယ်။ ဝယ်ယူလိုသူတွေအနေနဲ့
www.jas.com.mm
မှာဝင်ရောက်ဝယ်ယူနိုင်ပြီး ဈေးနှုန်းကတော့ ထုတ်ဝေသူများက သတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်းဖြစ်ကာ Android ဖုန်းနဲ့ Tablet တွေမှာသာအသုံးပြုနိုင်သေးပါတယ်။ Apple device တွေမှာ အသုံးပြုနိုင်အောင် ကြိုးစားနေတယ်လို့သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
သဘာဝဘေးအန္တရာယ်အမျိုးမျိုးနဲ့ကြုံတွေ့တဲ့အခါမှာလုပ်ငန်းခွင်တိုင်းပြင်ဆင်ထားသင့်တဲ့အချက် ၃ ချက်နှင့်လုပ်ငန်းခွင်အတွင်း စာရွက်စာတမ်းများနဲ့ လုပ်ဆောင်မှုအစီအစဉ်များကိုဒစ်ဂျစ်တယ်စနစ်သို့ပြောင်းလဲထားနိုင်မယ့် Tools များ
Posted On July 12, 2025, By Editorial
သင့်ကိုယ်သင်ယုံကြည်မှု ပိုတက်စေဖို့ ပျိုးထောင်ရမယ့် အသေးအမွှားအလေ့အကျင့် ၈ ခု
Posted On July 12, 2025, By Editorial
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်စာဟောစာတမ်း