နိုင်ငံတကာမှာ အိုင်တီနည်းပညာအရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ခြင်းရဲ့အကျိုးဆက်တစ်ရပ်အနေနဲ့ အွန်လိုင်အ ခြေပြု စီးပွားရေးလုပ်ငန်းတွေ ကြီးထွားလာနေသလို မြန်မာနိုင်ငံမှာ အရှိန်အဟုန်နဲ့ ကြီးထွားလာဖို့ အလားအ လာရှိနေတဲ့ လုပ်ငန်းနယ်ပယ်တစ်ခုလို့ဆိုရမှာ ဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းတွေအပြင် နိုင်ငံတကာက အွန် လိုင်းအခြေပြု စီးပွားရေးလုပ်ငန်းတွေလည်း မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ် နှစ်လယ်ကစပြီး အခြေချလုပ်ကိုင် နေတဲ့
Motors.com.mm ရဲ့ လုပ်ငန်းလည် ပတ်ဆောင် ရွက်နေတာတွေနဲ့ပတ်သက်ပြီး Motors.com.mm ရဲ့ Country Manager Mr Sascha Woelk နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ လုပ်ငန်းအတွေ့အကြုံနဲ့ Motors.com.mm အကြောင်း ကုမ္ပဏီတွေအမျိုးမျိုးမှာ အကြံပေးအနေနဲ့ ကျွန်တော်လုပ်ကိုင်ခဲ့ပြီး Rocket Internet မှာ ဝင်ရောက်မလုပ်ကိုင် ခင်မှာ ကိုယ်ပိုင်ကုမ္ပဏီ တည်ထောင်လုပ်ကိုင်ခဲ့ပါတယ်။ Motors.com.mm ဟာအွန်လိုင်းမော်တော်ယဉ်ဈေး ကွက်တစ်ခုဖြစ်ပါတယ်။ မော်တော်ကား Showroom တွေ၊ ပုဂ္ဂလိကလူတန်းစားတွေ၊ Export လုပ်တဲ့သူတွေ၊ Import လုပ်တဲ့သူတွေ စတဲ့မြန်မာနိုင်ငံမှာရှိတဲ့လူတိုင်းနဲ့ နိုင်ငံခြားကလူတွေပါ သူတို့ရဲ့ မော်တော်ယဉ်တွေကိုု အရောင်းအဝယ်ပြုလုပ်နိုင်မှာဖြစ်တယ်။ မော်တော်ကား အပြင် ဆိုင်ကယ်တွေ၊ Truck ကားတွေနဲ့ ဆောက်လုပ် ရေးလုပ်ငန်းသုံး မော်တော်ယဉ်တွေစတဲ့ လုပ်ငန်းသုံးယဉ်တွေကိုလည်း အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်။ Motors.com.mm ဟာ နိုင်ငံပေါင်း ၅၀ကျော်မှာ လုပ်ငန်းပေါင်းး (Ventures) ၇၅ ခုကျော် တည်ထောင်လည်ပတ်နေတဲ့ ဂျာမနီအခြေစိုက်ကမ္ဘာ့အကြီးဆုံး Online Incubator ဖြစ်တဲ့ Rocket Internet ရဲ့ အထောက်အပံ့အောက်မှာရှိတဲ့အတွက် Motors.com.mm မှာရှိတဲ့ E-commerce ကျွမ်းကျင်ပညာရှင်တွေ ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှုကွန်ရက်ပေါ်မှာ ယုံကြည်အားထားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်ဖြစ်တဲ့ အကြောင်းအရင်း ဒါဟာ ကျွန်တော့်အတွက် စစ်မှန်တဲ့အကျိုးသက်ရောက်မှုတွေကို တွေ့ကြုံရရှိဖို့ အခွင့်အလမ်းတစ်ခုပါ။ မြန်မာ နိုင်ငံရဲ့ စီးပွားရေးဟာ မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်နေပြီး အခွင့်အလမ်းတွေလည်း အများကြီးရှိနေပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီကြီးထွားလာပြီး လူတွေကို အလုပ်အကိုင်ပိုပြီး ဖန်တီးပေးနိုင်တာကို တွေ့မြင်ရတာ တ ကယ့်ကို ကောင်းပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ နေထိုင်ပြီး အလုပ်လုပ်ရတာဟာ ကျွန်တော့်အတွက် ကမ္ဘာကြီးကိ လေ့လာစူးစမ်းဖို့ အခွင့်အရေးတစ်ရပ်လည်းဖြစ်ပါတယ်။ Rocket Internet ရဲ့ မြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ အခြားလုပ်ငန်းတွေ Motors.com.mm အပြင် house.com.mm၊ work.com.mm နဲ့ ads.com.mm ဆိုပြီး အတူတကွ အနီးကပ် လုပ်ကိုင်နေတဲ့ လုပ်ငန်းလေးခုရှိပါတယ်။ နိုင်ငံခြားက သူတွေပါ မော်တော်ကားတွေကို ကျွန်တော်တို့ website ကနေ house.com.mm မှာ မြန်မာနိုင်ငံမှာရှိတဲ့အိမ်ခြံမြေတွေကို ရောင်းအဝယ်/အငှား ပြုလုပ်နိုင်မှာ ဖြစ်ပါ တယ်။ work.com.mm က အလုပအ်ကိုင် website ဖြစ်ပြီး အလုပ်အကိုင်ရှာဖွေသူတွေအတွက် အလုပ်အကိုင်ထောင်ပေါင်းများစွာ ရှာဖွေနိုင်အောင် ပံ့ပိုးထားပါတယ်။ Ads.com.mm ကတော့ အခမဲ့ Classified Website ဖြစ်ပြီး လူတိုင်းရောင်းဝယ်ချင်တဲ့ ပစ္စည်းတွေကို အရောင်းအဝယ် ပြုလုပ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ Platform လေးခုစလုံးမှာ ရောင်းသူ၊ ဝယ်သူ တွေအနေနဲ့ အခမဲ့ အရောင်းအဝယ်ပြုလုပ်နိုင်ပြီး Service Charges လည်းမယူပါဘူး။ ပိုမိုကြီးမားတဲ့ ပရော်ဖက်ရှင်နယ် လုပ်ငန်း အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်တဲ့အခါကျရင်တော့ ကျွန်တော်တို့အနေနဲ့ သူတို့ကို အခြားသီးသန့် အထူးဝန်ဆောင်မှုတွေကိုပေးပြီး ပိုက်ဆံယူပါတယ်။ ကျွန်တော်တို့က Online Marketing တစ်ခုကိုပဲ လုပ်တာမဟုတ်ဘဲ Traditional Marketing နဲ့ PR ကိုလည်း အသုံးပြု ပြီးလုပ်ကိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ငန်းစတင်လုပ်ကိုင်စဉ် တွေ့ကြုံရတဲ့အခက်အခဲ အင်တာနက် Connection နှေးကွေးမှုနဲ့ အင်တာနက်အသုံးပြုသူဦးရေနည်းပါးတာက မြန်မာနိုင်ငံမှာ အွန်လိုင်း စီးပွားရေးလုပ်တိုင်းကြုံတွေ့ရတဲ့ ပြဿ နာဖြစ်ပေမဲ့ အခုချိန်မှာ အင်တာနက်အသုံးပြုသူဦးရေတိုးလာပြီး အင်တာနက်မြန်နှုန်းကလည်း တိုးတက်လာတာကို တွေ့ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီမှာ အရာရာတိုင်း ဖွံ့ဖြိုးတိုးတက်လာနေတာ အံ့သြစရာဖြစ်ပြီး ဒါကလည်း အလုပ်ဖြစ်မယ်ဆိုတာ ကျွန်တော်တို့သိထားပါတယ်။ မြန်မာနိုင်ငံကို ဝင်မလာခင် ဈေးကွက်သုတေသနဆောင်ရွက်ခဲ့မှု အခြားနိုင်ငံခြားကုမ္ပဏီတွေလိုပဲ ကျွန်တော်တို့လုပ်ငန်း ဒီမှာလာရောက်လုပ်ကိုင်တဲ့အခါ အဆင်ပြေမပြေသေ ချာမှုရှိစေဖို့အတွက် မြန်မာနိုင်ငံဈေးကွက်ကို လေ့လာခဲ့ပါ တယ်။ လုပ်ငန်းတိုးတက်မှုအနေအထား ကျွန်တော်တို့လုပ်ငန်း မြန်မြန်ဆန်ဆန်တိုးတက်နေပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ တိုးတက်မှုတွေ အများကြီးရရှိထားပါတယ်။ ကျွန်တော်တို့ရဲ့ Website တစ်ခုစီတိုင်းမှာ Website ဝင်ရောက် ကြည့်ရှုသူ တစ်ထောင်မှာ ဆယ်ယောက်ရရှိထားပြီး Motors.com.mm ကိုစိတ်ဝင်စားတဲ့ပြည်တွင်းကား အရောင်းအ ဝယ်လုပ်ငန်းတွေ များစွာရရှိထားပြီး ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေလည်း ရရှိထားပါတယ်။ House.com.mm ကိုစိတ်ဝင်စားတဲ့ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းတွေရရှိ ထားသလို ကျွန်တော်တို့နဲ့ နီးနီး ကပ်ကပ် လုပ်ကိုင်နေတဲ့ အခြားလုပ်ငန်းတွေကိုလည်း စိတ်ဝင်စားသူတွေ ရရှိထားပါတယ်။ မြန်မာနိုင်ငံမှာ Online Marketing အလားအလာအပေါ် ထင်မြင်ချက် မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူ တစ်နေ့ထက်တစ်နေ့များလာပြီး အစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ အင်တာနက်နဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို လုပ်ဆောင်နေပါတယ်။ နေ့စဉ်နေ့တိုင်း လမ်းတွေ ပေါ်ကိုလျှောက်သွားကြည့်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းအသစ်တွေ ဖွင့်လှစ်လုပ်ကိုင်နေတာတွေ့ရမှာဖြစ်ပြီး နိုင်ငံတကာအမှတ်တံဆိပ်တွေ ဝင်ရောက်လာနေတာကို တွေ့ရမျာဖြစတယ်။ ကျွန်တော်ဖတ်မိသလောက်အရ ၂၀၁၆ ခုနှစ်မတိုင်ခင် အင်တာနက်အသုံးပြုမှု ၇၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်အထိတိုးတက်လာဖို့ အစိုးရက စီမံကိန်းတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ အဲဒီအချက်တွေကြောင့် ကျွန်တော်တို့လုပ်ငန်း ပိုပြီးမြန် မြန်ဆန်ဆန် ကြီးထွားလာမယ်လို့ မျှော်လင့်ထားသလို Motors.com.mm လို ကုမ္ပဏီတည်ထောင်ဖို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်လို့ဆိုရမှာပါ။ ဝန်ဆောင်မှုအပိုင်း ကျွန်တော်တို့ရဲ့ website ကိုအသုံးပြုသူတွေနဲ့ Customer တိုင်းအတွက် ယုံကြည်စိတ်ချရတဲ့ အကောင်းဆုံးဝန် ဆောင်မှုတွေ ဆောင်ရွက်ပေးပါတယ်။ Motors.com.mm မှာ အရည်အသွေးမြင့် ကြော်ငြာရှင်တွေကိုပဲ လက်ခံ ပါတယ်။ ကျွန်တော်တို့မှာ ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံမှုရှိတဲ့ Showroom တွေနဲ့ ကားအရောင်း အဝယ်လုပ်ငန်းတွေလို ယံကြည်စိတ်ချရတဲ့ Seller တွေရှိထားပါတယ်။ Motors.com.mm မှာမကြော်ငြာခင် သတင်းအချက်အလက်တိုင်းကို ကြည့်ရှုစစ်ဆေးမယ့် မော်တော်ကားကျွမ်းကျင်သူတွေကို ကျွန်တော်တို့ အလုပ် ခန့်အပ်ထားပါတယ်။ အဲဒါမျိုးမဟုတ်ရင်တော့ Seller တွေကို ကျွန်တော်တို့က ဆက်သွယ်ပြီး သူတို့ရဲ့စာရင်း အချက်အလက်တွေ ပိုမိုကောင်းမွန်လာဖို့ ကျွန်တော်တို့က ကူညီပေးပါတယ်။ ကျွန်တော်တို့ရဲ့အခြား Platform လေးခုမှာလည်း အဲဒီအတိုင်းပဲ ဝန်ဆောင်မှုပေးပါတယ်။ Platform တစ်ခုစီက မတူညီတဲ့ User တွေအပေါ်မှာ ပစ်မှတ်ထားပေမယ့် အရည်အသွေးမြင့်မားတဲ့စံချန်စံညွှန်းတွေကို တစ်ပြေးညီတည်း ကျင့်သုံးပါတယ်။