Motorola Moto Z
Android 7.0 ကို သုံးထားတဲ့ Motorola ရဲ့ Moto Z စမတ်ဖုန်းက GSM(LTE) Network မှာ သုံးလို့ရပါတယ်။ ပြီးတော့ Dual SIM ဖြစ်ပါတယ်။ ၅ ဒသမ ၅ လက်မအရွယ် မျက်နှာပြင်ရှိပြီး Quad Core CPU နဲ့ RAM 4GB ပါဝင်ကာ Internal Memory ကတော့ 64 GB ဖြစ်ပါတယ်။ ပြီးတော့ 2TB အထိ ချဲ့ထွင်ထည့်သွင်းသုံးနိုင်မယ့် MicroSD Card Slot လည်း ပါဝင်ပါတယ်။ 5MP Front Camera ၊ 13MP Rare Camera တို့ကိုသုံးထားပြီး 2600mAh Battery နဲ့ဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာ့အပါးလွှာဆုံးဖုန်းဖြစ်ကာ ကိုယ်ထည်ကတော့ သတ္တုကိုယ်ထည်ဖြစ်တာကြောင့် ခိုင်ခံမှုလည်းရှိပါတယ်။ သူ့မျက်နှာပြင်က ဖုန်နဲ့အမှုန်တွေ၊ ရေ စတာတွေရဲ့ ဒဏ်ကိုလည်းခံနိုင်အောင် ပြုလုပ်ထားပါတယ်။
တန်ဖိုး - ၈၉၀,၀၀၀ ကျပ်ဝန်းကျင်
Motorola Moto Mobs
Moto Z စမတ်ဖုန်းနဲ့တွဲသုံးနိုင်အောင်လို့ JBL ၊ Hasselblad နဲ့ Incipio တို့လို့ အမေရိကန်ကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ Motorola မှ Moto Mobs တွေကိုလည်း ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ Moto Z ကို စတင်ဒီဇိုင်းလုပ်ကတည်းက နောက်ထပ် Extendable Accessories တွေနဲ့ တွဲဖက်သုံးနိုင်အောင် ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။ Moto Z ရဲ့ ကျောဘက်မျက်နှာပြင်မှာ ကပ်လိုက်ရုံနဲ့ အသုံးပြုနိုင်မယ့် Accessory သုံးမျိုးဖြစ်တဲ့ Speaker Mob ဖြစ်တဲ့ JBL SoundBoost Speaker ၊ Projector Mob ဖြစ်တဲ့ Moto Insta-Share Projector ၊ Hasselblad True Zoon ၊ Incipio offGRID Power Pack စတာတွေဖြစ်ပါတယ်။
JBL SoundBoost Speaker Mob
JBL SoundBoost Speaker Mob ဟာ High-quality JBL Stereo Sound ကို ထုတ်လွှတ်ပေးနိုင်ပြီး ComCall တွေ ခေါ်ဆိုရအဆင်ပြေအောင်ပါ လုပ်ပေးထားတာဖြစ်ပါတယ်။ သူ့မှာ Build-in Stand လေးတစ်ခါတည်း ပါပြီးသားဖြစ်လို့ ဘယ်နေရာမှာပဲ တင်သုံးသုံး အဆင်ပြေနိုင်သလို ဒီ Speaker Mob ကြောင့် ဘက်ထရီ ဆယ်နာရီလောက် ထပ်သုံးနိုင်မှာ ဖြစ်ပါတယ်။
တန်ဖိုး - ၁၀၉,၀၀၀ ကျပ်ဝန်းကျင်
Moto Insta-Share Projector Mob
ဘယ်လို မျက်နှာပြင်မျိုးမှာမဆို လက်မ ၇၀ အရွယ်အစားအထိ ပြသနိုင်မယ့် Projector ဖြစ်ပါတယ်။ ပြီးတော့ ထောင့်အမျိုးမျိုးကနေလည်း အသုံးပြုနိုင်ပါတယ်။ သူ့မှာ Stand လည်း တစ်ခါတည်း ပါဝင်ပြီးသားပါ။ ဖုန်းမှာတပ်ဆင်ထား ပြီးအသုံးပြုနေရင်းနဲ့ ဖုန်းဘက်ထရီအပြင် အပိုတစ်နာရီလောက် ထပ်သုံးနိုင်ပါတယ်။ Resolution 854x480 WVGA(480p) ရှိပြီး DLP Projector Technology ကိုအသုံးပြုထားကာ Brightness 50 lumens ၊ 400:1 Contarst Ratio ၊ 16:9 Aspect Raio ရှိကာ Power/Setting နဲ့ Manual Focus ခလုတ်တွေ လည်းပါဝင်ပါတယ်။
တန်ဖိုး - ၂၉၉,၀၀၀ ကျပ်ဝန်းကျင်
Hasselblad True Zoom
Moto Z စမတ်ဖုန်းမှာ တပ်ဆင်သုံးနိုင်မယ့် နောက်ထပ် Moto Mob တစ်မျိုးဖြစ်ပါတယ်။ သာမန်ဖုန်းတစ်လုံးက ရိုက်ကူးနိုင်တဲ့ ပုံရိပ်တွေထက် အဆများစွာ ကောင်းမွန်တဲ့ရိုက်ချက်တွေကို ပေးနိုင်ဖို့ 10x optical zoom ပါဝင်ပါတယ်။ ပြီးတော့ မီးရောင်အားနည်းတဲ့နေရာတွေမှာ ရိုက်ကူးနိုင်ဖို့ Xenon Flash ၊ Professional Camera တစ်လုံးကို သုံးနေရသလို ခံစားမှုကိုပေးစွမ်းနိုင်ဖို့ Zoom in/out Manually လုပ်နိုင်ဖို့ ခလုတ်နဲ့ ဓာတ်ပုံရိုက်ဖို့ ခလုတ်အပါအဝင် Out Put အနေနဲ့ RAW Image တွေကိုလည်း ထုတ်ပေးနိုင်ပါတယ်။ ပြီးတော့ ဓာတ်ပုံရိုက်နေရင်း အလွယ်တကူ Share လုပ်နိုင်ကာ Auto Backup လည်း လုပ်နိုင်မှာ ဖြစ်ပါတယ်။ 12MP ရှိတဲ့ BSI CMOS sensor က video resolution ကို 1080p Full HD အရည်အသွေးကို 30fps နဲ့ ရိုက်ကူးပေးနိုင်မှာပါ။ Mic နှစ်လုံးပါဝင်ကာ Aperture f3.5-6.5 အထိရနိုင်ပြီး၊ 10x Optical Zoom နဲ့ 4x Digital Zoom ရရှိနိုင်သလို တကယ့်ကင်မရာတစ်လုံးလို တခြားလုပ်ဆောင်ချက်တွေလည်း ပါဝင်ပါသေးတယ်။
တန်ဖိုး - ၂၅၉,၀၀၀ ကျပ်ဝန်းကျင်
Incipio offGRID Power Pack
ဘက်ထရီ ၂၂ နာရီလောက်ပိုကြာကြာခံနိုင်မယ့် Power Pack ဖြစ်ပါတယ်။ 2220 mAh ဘက်ထရီ အမျိုးအစားဖြစ်ပြီး Wireless Charging လည်းလုပ်လို့ရပါသေးတယ်။ ပါးလွှာလှပတဲ့ ဘက်ထရီဖြစ်ပြီး ဖုန်းနောက်ကျောဘက်မှာ ကပ်လျက်သုံးနိုင်တာကြောင့် ဖုန်းလည်းအလှမပျက်ပါဘူး။ ပြီးတော့ Designer Editions လည်းရှိတာကြောင့် ကြိုက်နှစ်သက်ရာ ဒီဇိုင်းကိုလည်း ရွေးချယ်လို့ရပါတယ်။
တန်ဖိုး - ၉၉,၀၀၀ ကျပ်ဝန်းကျင်
KMD Computer Shop 01 385077