Model အသစ် HTC One (M8) နဲ့ HTC Desire 816 မိတ်ဆက်

article portrait watermark final HTC Company မှ အသစ်ထပ်မံထုတ်လိုက်တဲ့ Model နှစ်မျိုး htc One (M8) နဲ့ HTC Desire 816 မိတ်ဆက် ရှင်းလင်းပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က ရန်ကုန်မြို့၊ Sedona Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ HTC မှ ကိုကျော်သူအောင် က အသစ်မိတ်ဆက်ပေးလိုက်တဲ့ HTC One (M8) နဲ့ HTC Desire 816 အကြောင်းနဲ့ပတ်သက်လို့ ရှင်းလင်းပြောပြခဲ့ပါတယ်။  HTC Desire 816 ရဲ့အရွယ်အစားကတော့ 156.6×70.7×7.9 mm ရှိပြီး အလေးချိန် 165 g ၊ မြင်ကွင်း 5.5 Inches  HD 720 ၊ CPU 1.6 GHz ၊Memory 8GB  SD Card အနေနဲ့ 128 GB ထည့်နိုင်ပြီး         Network အနေနဲ့ အာရှဒေ သတွင်း မှာတော့ 900/1800/2100/2600 MHz ဖြစ်ပြီး ထိုင်ဝမ်နဲ့ သြစတြေးလျ နိုင်ငံတွေ အတွက်တော့ 700 MHz ရရှိမှာ ဖြစ်တယ်လို့သိရပါတယ်။ HTC One (M8) အရွယ်အစားကတော့ 146.36×70.6×9.35 mm ၊ အလေးချိန်160 g၊ မြင်ကွင်း 5 Inches  Full HD1080p Gorilla Glass 3 ၊ CPU  အနေနဲ့ Qualcomm “Snapdragon” 801 2.5 GHz Quad – Core processor ဖြစ်ပြီး၊ Memory 16 GB  SD Card 128 GB ထည့်သွင်းနိုင်ပြီး Network ရရှိမှုအနေနဲ့ 4G LTE, 3G, 2G တို့ကို ရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဘက်ထရီ အသုံးခံမှုနှုန်းကတော့ အားအပြည့်သွင်းထားမယ်ဆိုရင် ၁၄ ရက်ကြာ အသုံးခံနိုင်မှာဖြစ်ပါတယ်။ HTC BoomSoundTM နည်းပညာကတော့ HTC One (M7) ထက် ၂၅ ရာခိုင်နှုန်း ပိုမိုကျယ်လောင်တယ်လို့ သိရပါတယ်။ HTC BlinkFeedTM ကတော့ အလိုုအလျောက်တက်လာတဲ့ Post နဲ့ News တွေကို အဆက်မပြတ်ရှာဖွေလုပ်ဆောင်နိုင်စွမ်းရှိပြီး Layout အသစ် နဲ့ဖတ်ရလွယ်ကူအောင်ပြုလုပ်ထားပေးပါတယ်။ HTC One (M8) ရဲ့ရောင်းဈေးကတော့ ခြောက်သိန်းကိုးသောင်းကိုးထောင်ကျပ် ၊ HTC Desire 816 ကိုတော့ သုံးသိန်း ကိုးသောင်းခွဲ နဲ့ Silver Colour ၊ Gray Colour ၊ White Colour နဲ့ Black Colour အတွက် အရောင် ၄ မျိုးရှိပြီး  မြန်မာပြည်ရဲ့ HTC Concert Store တွေမှာ ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။ article landscape wartermark final1 article landscape wartermark final2 article landscape wartermark final4