အခုမှလုပ်ငန်းစမယ့်သူပဲဖြစ်ဖြစ်၊ ခရီးအမြဲတမ်းသွားနေရလို့ ကိုယ့်လုပ်ငန်းအခြေအနေကို မျက်ခြည်မပြတ် ဘယ်လိုကြည့်ရမလဲဆိုတာ စဉ်းစားနေသူတွေအတွက်ပဲဖြစ်ဖြစ် မိုဘိုင်းလ်ပစ္စည်းတွေကနေ ကိုယ့်လုပ်ငန်းနဲ့ စဉ်ဆက်မပြတ်ဖို့ ကူညီနိုင်တဲ့ App တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒါတွေကို Android ရော၊ iOS တွေမှာပါ အသုံးပြုနိုင်ပါတယ်။
Google Apps
Google ရဲ့ G Suite App မှာပါတဲ့ Drive၊ Docs နဲ့ Sheets တွေအားလုံးက သီးသန့် App တွေဖြစ်ပေမယ့် သူတို့အားလုံးကို တစ်စုတစည်းတည်းစုထားတဲ့ G Suite App အဖြစ်နဲ့ သုံးလို့ရနိုင်ပါတယ်။ File တွေ၊ Folder တွေနဲ့ Document တွေ အကုန်လုံးကို အင်တာနက်ချိတ်ဆက်ထားတဲ့ Drive တွေကနေ လှမ်းပြီး Access ၊ Edit ၊ Create လို့ရအောင်လည်း Share ထားနိုင်ပါတယ်။ ဒါကြောင့် Project တစ်ခုတည်းကိုလုပ်နေတုန်း သက်ဆိုင်ရာတာဝန်ရှိသူတွေအားလုံး တစ်ပြိုင်နက်တည်းဝင်ရောက် ပြင်ဆင်ဖြည့်စွက်နိုင်တာကြောင့် အချိန်ကုန်အမှားနည်းပါတယ်။
Microsoft Office
ကိုယ့်လုပ်ငန်းတစ်ခုလုံးအတွက် File တွေ ပြုလုပ်တာ၊ ပြင်ဆင်တာတွေကို Microsoft တစ်ခုတည်းကိုပဲ အား ထားတယ်ဆိုရင် Microsoft Office App က မရှိမဖြစ် လိုအပ်ပါတယ်။ ဒီ App နဲ့ဆိုရင် Office 365 Subscription မပါဘဲနဲ့လည်း ကိုယ်သုံးတဲ့ Version အလိုက် File တွေကို တခြားလူတွေဆီပို့တာ၊ File တွေ ဖွင့်တာ၊ ပြင် ဆင်တာ စသဖြင့် လွယ်လွယ်ကူကူလုပ်နိုင်မှာ ဖြစ်ပါ တယ်။ လုပ်ငန်းတော်တာ်များများကလည်း Microsoft Office App ကို App ရဲ့ iWork Suite ကို ကျော်လွန်ရွေးချယ်တတ်ကြတာကို တွေ့ရပါတယ်။ အကြောင်းရင်းကတော့ ဒီ Microsoft Office App ရဲ့ အသုံးပြုရလွယ်ကူ မြန်ဆန်မှုနဲ့ Cloud Storage ရရှိမှုတို့ကြောင့်ပဲ ဖြစ်ပါတယ်။
Adobe Reader
လုပ်ငန်းရှင်တိုင်းအတွက် ကောင်းမွန်အသုံးကျတဲ့ PDF Reader တစ်ခုကတော့ လိုကိုလိုပါတယ်။ အထူးသဖြင့် စာချုပ်စာတမ်းတွေ၊ နည်းပညာဆိုင်ရာ Manual တွေနဲ့ တခြားသော PDF File မျိုးစုံကို နေ့စဉ်နီးပါး အသုံးပြုနေရသူတွေအတွက်ဖြစ်ပါတယ်။ Adobe Reader App ကို အသုံးပြုရင်တော့ PDF တွေကြည့်တာ၊ လိုအပ်တဲ့ စာချုပ်စာတမ်းတွေမှာ လက်မှတ်ထိုးတာတွေကို လုပ်နိုင်သလို ကိုယ့်ကုမ္ပဏီနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို PDF Format နဲ့ မှတ်တမ်းထားအသုံးပြုတတ်ရင်လည်း File တစ်ခုချင်းစီအတွက် ကိုယ့်မှတ်ချက်တွေ တပ်ထားတာ၊ ပြင်ဆင်ချက်တွေ ပြုလုပ်တာတွေကိုလည်း လွယ်လွယ်ကူကူ ကိုယ်တိုင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Slack
ဒါကလည်း အခုနောက်ပိုင်းတော်တော်များများ လူပြောများလာတဲ့ App တစ်ခုပါ။ Desktop နဲ့ Mobile မှာပါ အသုံးပြုနိုင်တဲ့အတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခုပါပဲ။ ဒီ Messaging Service ဟာ File တွေ Share တာကို ခွင့်ပြုပေးသလို DropBox နဲ့ တွဲဖက်လည်းသုံးနိုင်ပါတယ်။ ဒီကို ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ စုစည်းအသုံးပြုရင်း ကိုယ်ရုံးမှာမရှိတဲ့ အချိန်တွေဆိုရင်တောင် အလုပ်နဲ့ပတ်သက်တာတွေကို မျက်ခြည်မပြတ် နေနိုင်မှာဖြစ်ပါတယ်။
Skype
ဒီ App နဲ့ ပတ်သက်လို့ ထွေထွေထူးထူး ရှင်းပြစရာမရှိတော့လောက်အောင် Video Conferencing ၊ Calling ၊ Messaging ၊ Sharing File စတာတွေအတွက် လူတိုင်းနီးပါးသုံးကြတဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်အတွက် Skype Number ဝယ်ထားတယ်ဆိုရင်တော့ Professional ဆန်ဆန် ပိုသုံးလို့အဆင်ပြေနိုင်ပါတယ်။
SmartUp
အခြေခံ Business Topic တွေကို Game တွေ၊ Quiz တွေ Case Study တွေနဲ့ ပေါင်းစပ်သင်ကြားပေးတဲ့ Entrepreneur တွေအတွက် သင့်တော်တဲ့ Business App လေး ဖြစ်ပါတယ်။ ဒီ App ကိုသုံးပြီး စီးပွားရေးလုပ်ငန်းတည်ထောင်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေပါတဲ့ Community နဲ့လည်း ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။