မြန်မာနိုင်ငံရဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားသွားမယ်ဆိုတဲ့ MJBC Co Ltd

article landscape wartermark final3 Myanmar & Japan Business Consulting Co Ltd (MJBC) ရဲ့ ကုမ္ပဏီဖွင့်လှစ်တဲ့အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်က ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ MJBC  ကို ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေ    ပူးပေါင်းတည်ထောင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ တိုးတက်မှုကို ပံ့ပိုးပေးနိုင်တဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီ ပေးနိုင်ဖို့ရည်ရွယ်ကာ မြန်မာလူမျိုးတွေနဲ့ ဂျပန်လူမျိုးတွေရဲ့ဆန္ဒ တွေကို ပေါင်းစပ်ပြီး MJBC ကို တည်ထောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  MJBC က ဝန်ဆောင်မှုအနေနဲ့ ထုတ်လုပ်မှုဆိုင် ရာစီမံခန့်ခွဲမှု (Production Management)  ၊ အရောင်းနှင့် ဧည့်ဝတ်ကျေပွန်မှုလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှု (Sales  and Hospitality Management)  ၊ ကုန်စည်သိုလှောင်မှုဆိုင်ရာစီမံခန့်ခွဲမှု (Warehousing Management)  နဲ့ လူသားအရင်းအမြစ်စီမံခန့်ခွဲမှု (Human Resources Management)  တို့ကို ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ အကြံပေးလုပ်ငန်းအနေနဲ့ ဝန်ထမ်းရေးရာကျွမ်းကျင်ပညာရှင်ဝန်ဆောင်မှုတွေ (Expert Staffing Services)  နဲ့ သင်ကြားလေ့ကျင့်ရေးဝန်ဆောင်မှုတွေ(Training Services)  ပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါပွဲမှာ MJBC တည်ထောင်သူအချို့နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။   people portrait water mark final2

ဦးကျော်လှိုင်

ဒု-န်နေဂျင်းဒါရိုက်တာ

MJBC

တည်ထောင်ဖြစ်ခဲ့တာကတော့ ဆရာကြီး Mitsutomi ရဲ့ ကျေးဇူးကြောင့်ပါ။ ပထမဦးဆုံးကတော့ UMFCCI နဲ့HIDA    ပူးတွဲပြီးကျင်းပတဲ့ Production Management   သင်တန်းမှာ ဆရာကြီး Mitsutomi လာရောက်သင်ကြားပေး ခဲ့ပြီး ကျွန်တော်တို့က သင်တန်းသားအနေနဲ့ တက်ခဲ့ပါတယ်။ အဲဒီသင်တန်းပြီးတော့ ဆရာကြီးက မြန်မာနိုင်ငံကို ဆက်ပြီး ကူညီဖို့ဆန္ဒရှိတဲ့အတွက် ဒီဘက်ပိုင်းက ကျွန်တော်တို့နဲ့ လက်တွဲဖြစ်တာပါ။ ကျွန်တော်တို့နိုင်ငံမှာ SME တွေက အ များကြီးတိုးတက်ဖို့ ကျန်နေပါသေးတယ်။ ဒါမျိုးလုပ်ငန်းတွေ ရေရှည်တိုးတက်ဖို့အတွက် Production Management  သင်တန်းတွေလိုပါတယ်။ ကျွန်တော်တို့ပေးမယ့်သင်တန်း တွေကတော့  Human Resource Management (HRM) သင်တန်းတွေနဲ့ Production Management  သင်တန်းတွေ ဖြစ်ပါတယ်။ နောက်ပြီး Hospitality Management    ဆိုတဲ့  ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ လေကြောင်း လိုင်းနဲ့ ဟိုတယ်လုပ်ငန်းတွေ တိုးတက်စေဖို့အတွက်လည်း ရည်ရွယ်တဲ့သင်တန်းတွေလည်း ပါပါတယ်။ ကျွန်တော်တို့အနေနဲ့ သင်တန်းတက်လိုက်တော့ လက်တွေ့အကျိုးရှိတာကိုတွေ့ရပြီး အရင်တုန်းကထက်ကို Productivity တက်လာပါတယ်။ လူတွေပျော်လာကြတယ်။ ဒါကြောင့်လည်း ဒီသင်တန်းက လက်တွေ့ လည်းအကျိုးရှိသ လို မြန်မာလူမျိုးတွေနဲ့လည်း ကိုက်ညီတယ်ဆိုပြီးတော့ ပြု လုပ်ဖြစ်တာပါ။ ကျွန်တော်တို့ရဲ့သင်တန်းက ဒီနှစ်ပထမဆုံး နှစ်ပါ။ Annual Member  မဟုတ်ဘဲ အချိန်ပိုင်းလိုက် တက်နိုင်အောင် Course တွေလည်း စီစဉ်ပေးထားပါတယ်။  ဒါပေမဲ့ ဆရာကြီးရဲ့ရည်ရွယ်ချက်က အဆုံးစွန်ထိ ပြီး ပြည့်စုံအောင် ကူညီချင်တာဖြစ်ပါတယ်။ Member  ဆိုရင် တော့ စက်ရုံတွေမှာ လက်တွေ့သွားရောက်လေ့ လာခွင့်ရမှာ ဖြစ်တယ်။ သင်ထားတာနဲ့ လက်တွေ့ ကွားခြားချက်တွေကို ပြန်ပြီးသုံးသပ်နိုင်မှာဖြစ်ပါတယ်။  Member မဟုတ်တဲ့သူဆို ရင် ဒီနေ့လာတယ်ဆိုလည်း မနက်ဖြန်လာချင်မှလာမှာ ဖြစ် ပါတယ်။ ဒါပေမဲ့ တောင်းဆိုတဲ့သူတွေများတော့ အဲဒီ Course တွေကိုပဲ Course တစ်ခုကို ၄၅,၀၀၀ ကျပ်နဲ့ ငါးသောင်း ကျပ်ဝန်းကျင်လောက် နဲ့ ဖွင့်ပေးပါတယ်။ ကုမ္ပဏီတစ်ခု တိုးတက် ဖို့အတွက်ဆိုရင် သင် တန်းကို အပိုင်းလိုက် အပိုင်းလိုက်တက်ရင် သိပ်အဆင်မပြေပါ ဘူး။ ဝန်ထမ်းကလည်း နားလည်ရမယ်၊ ကျွမ်း ကျင်ရမယ်။ အုပ်ချုပ် တဲ့သူတွေကလည်း နား လည်ရမယ် ကျွမ်းကျင် ရမယ်။ နှစ်ယောက် ပေါင်းလိုက်တဲ့အခါမှာ လည်း ဟာကွက်လေးတွေကို ဖြည့်နိုင်ရမယ်။ အဲဒီလိုမျိုး တကယ့်လက်တွေ့လုပ်မှသာလျင် အကျိုးရှိမှာပါ။ ကျွန်တော် တို့သင်တန်းက တစ်နှစ်သင်တန်းဖြစ်တဲ့အတွက် တစ်နှစ်ပြည့် မှဘာလုပ်ရမလဲဆို တာ ကို ရေးရေးပေါ်လာတာပါ။ ပြီးမှ နောက်နှစ်နောက်နှစ်တွေမှာ ဆက်ပြီးလုပ်သွားရမှာ ဖြစ်ပါ တယ်။   people portrait water mark final1

Mr Toshio Mitsutomi

Executive Advisor

MJBC

လွန်ခဲ့တဲ့ သုံးနှစ်လောက်က မြန်မာနိုင်ငံကိုလာပြီး မြန်မာ နိုင်ငံက လုပ်ငန်းရှင်တွေကို  လေ့ကျင့်သင်ကြားပေးတာ တွေ လုပ်ခဲ့ပါတယ်။ အဲဒီမှာလုပ်ငန်းရှင်တွေနဲ့အတူ ကျွန် တော်စဉ်းစားမိတာက ကျွန်တော်တို့အနေနဲ့ အကြံပေး ကုမ္ပဏီတည်ထောင်မယ်ဆိုရင် စဉ်ဆက်မပြတ် တိုးတက်နိုင် မယ်လို့ စဉ်းစားမိပါတယ်။ အဲဒီအပေါ်မှာ အခြေခံပြီး မြန် မာနဲ့ ဂျပန်ပူးပေါင်းထားတဲ့ MJBC ဆိုတဲ့ ကုမ္ပဏီကို တည် ထောင်ဖြစ်တာပါ။ လူသားအရင်းအမြစ်နဲ့ပတ်သက်ပြီး ပထမဆုံးအနေ နဲ့ပြောချင်တာကတော့ လုပ်ငန်းဆိုတာ လူတွေရှိမှသာ ပေါ် ပေါက်လာတာပါ။ ဒီနေရာမှာ လူရယ်၊ ကုန်ပစ္စည်းရယ် ငွေရယ် ဆိုပြီး စီးပွားရေးမှာ အရင်းအမြစ် သုံးမျိုးရှိပါတယ်။ အဲဒါတွေထဲမှာမှ လူသားအရင်းအမြစ်က တန်ဖိုးအရှိဆုံး လို့ တစ်ကမ္ဘာလုံးမှာရှိတဲ့လုပ်ငန်းရှင်တွေက ပြောကြပါတယ်။ ဂျပန်ကုမ္ပဏီပဲကြည့်ကြည့်၊ ကိုရီးယားကုမ္ပဏီပဲကြည့်ကြည့် အမေရိကကုမ္ပဏီပဲကြည့်ကြည့် တိုးတက်နေတဲ့ ကုမ္ပဏီတိုင်း က လူသားအရင်းအမြစ်ကို အလေးအနက်ထား ဦးစားပေးတဲ့ ကုမ္ပဏီတွေပဲ ဖြစ်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆို ရင် SME တွေမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးက အင်မတန်ခက်ခဲပြီး စိန်ခေါ်မှုတွေကြုံတွေ့နေရတဲ့အတွက်  အဲဒီနေရာမှာ ကျွန်တော်တို့က ဝင်ရောက်ကူညီပံ့ပိုး ပေးသွားဖို့ ရည်ရွယ်ထားတာပါ။ အဲဒါကိုသာဆောင်ရွက်နိုင် မယ်ဆိုရင် မြန်မာလုပ်ငန်းတွေဟာ သေ ချာပေါက်မလွဲမသွေ အောင်မြင်သွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကုန်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ နောက်ဆယ်နှစ်အကြာကို စဉ်းစားမိပါတယ်။ မြန်မာနိုင်ငံဟာ နောင်ဆယ်နှစ်မှာ ဒီထက် ပိုပြီးတိုးတက်သွားမယ်။ အဲဒီအခါမှာဘယ်လိုနေရာ တွေက ပိုပြီးတိုးတက်မယ်ဆိုတာကိုလည်း စဉ်းစားရပါမယ်။ မြန်မာ နိုင်ငံမှာရှိနေတဲ့ ထုတ်လုပ်ရေးလုပ်ငန်းအများစုက လယ်ယာ လုပ်ငန်းလို့ ထင်ပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ တစ်ပြိုင်နက် ထဲမှာ ကုန်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာ ပိုပြီးအရေး ပါလာမယ်လို့  ကျွန်တော်မြင်ထားပါတယ်။ အဲဒီလိုလုပ်ငန်း တွေမှာလည်း ယိုးဒယား၊ ဂျပန်၊ ဥရောပနဲ့ အမေရိက စတဲ့ နိုင်ငံခြားက ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးလုပ်တဲ့ ကုန်ထုတ် လုပ်ငန်းတွေဟာလည်း ပိုပြီးတိုးတက်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီလိုမျိုး နိုင်ငံခြားကလာတဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်တဲ့အခါမှာ မြန်မာနိုင်ငံက လုပ်ငန်းတွေ အနေနဲ့ Production Management  က သေသေချာချာ မ လိုက်နာနိုင်ဘူးဆိုရင် သူတို့နဲ့ပူးပေါင်းပြီးလုပ်ဖို့ တကယ်ကို မလွယ်ကူပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေအနေနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းရဲ့ အခြေခံတွေအားလုံးကို ကိုယ်တိုင် သေချာလုပ်နိုင်တယ်ဆိုရင် နိုင်ငံခြားကလာတဲ့ကုမ္ပဏီတွေနဲ့ ပူးပေါင်းနိုင်မှာဖြစ်တဲ့အတွက် အဲဒီအတွက် ရည်ရွယ်ပြီး ဒီလို မျိုးသင်တန်းတွေကို ရွေးချယ်ဖွင့်လှစ်ဖြစ်တာပါ။ ဒုတိယအချက်အနေနဲ့ ဝန်ဆောင်မှုလုပ်ငန်းပိုင်း ကို ရွေးချယ်ဖြစ်တဲ့တာကတော့  နိုင်ငံတိုးတက်လာတာနဲ့အမျ  လူသားအရင်းအမြစ်တိုးတက်မှုတွေကလည်း ပါဝင်လာမှာ ဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေ ကို ဆွဲဆောင်နိုင်တဲ့နေရာတွေ အများကြီးရှိနေတဲ့အတွက်  နိုင်ငံခြားကခရီးသည်တွေ အမြောက်အမြား ရောက်လာမယ် ဆိုတာ သိထားပါတယ်။ နောက်တစ်ခုကလည်း မြန်မာနိုင်ငံ  မှာ စီးပွားရေးတိုးတက်လာပြီး တစ်ဦးချင်းဝင်ငွေတွေ တိုးလာ တာနဲ့အမျ ဝယ်လိုအားတွေများလာလို့ Supermarket တွေ၊ ှ့Shopping Mall တွေ ပိုများလာမှာဖြစ်ပါတယ်။ ဒါတွေက လည်း ဝန်ဆောင်မှုတွေ လုပ်ငန်းတွေဖြစ်ပါတယ်။ အဲဒါမျိုး တွေအပြိုင်အဆိုင် ဖြစ်လာခဲ့ရင် လူသားအရင်းအမြစ်ထဲမှာမှ  ဥပမာအနေနဲ့  အရောင်းဌာနတစ်ခုမှာ ရောင်းတာတင်မဟုတ်ဘဲ နဲ့ Hospitality လို့ခေါ်တဲ့ ယဉ်ကျေးပျူငှာဖော်ရွေ လှိုက်လှဲ မှုဆိုတဲ့အချက်မပါရင် သူများနဲ့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။  အဲဒါတွေကိုသိအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆယ်နှစ်အကြာမှာ မြန်မာနိုင်ငံအတွက် အရေးအ ကြီးဆုံးကတော့ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရဲ့အခြေခံတွေကို သိဖို့ဖြစ်တယ်လို့ ယူ ဆတဲ့အတွက်  အဲဒါ တွေကို အသေးစိတ် ညွှန်ကြားပေးပြီး လိုက်နာနိုင်တဲ့ သူ တွေဖြစ်လာအောင် ကြိုးစားပေးသွားမှာ ပါ။ နောက်ငါးနှစ် အတွင်းမှာ မြန်မာ နိုင်ငံရဲ့လုပ်ငန်းတွေ မှာ စစ်မှန်တဲ့တိုး တက်ပြောင်းလဲမှု တွေ ဖြစ်ပေါ်လာ တာကို မြင်ချင်ပါ တယ်။ တိုးတက်မှုတစ်ခုမှာဆိုရင် ကောင်းတဲ့အချက် (Merit) နဲ့ မကောင်းတဲ့အချက် (Demerit) တွေက ရှိတတ်ပါတယ်။ ဥပမာ- လုပ်ငန်းတစ်ခုဟာ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး စေမယ်ဆိုရင် ဒါကမကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။ ဒါက နိုင်ငံတကာကို ကြည့်ပြီးနမူနာယူမယ်ဆို ရင် ရှောင်တိမ်း နိုင် ပါလိမ့်မယ်။  မြန်မာနိုင်ငံက စစ်မှန်တဲ့တိုးတက်မှုတွေ ရချင်တယ်ဆိုရင် နိုင်ငံတကာက အကြောင်းအရာတွေကို အများကြီးကြည့်ရမှာဖြစ်ပါတယ်။ ကောင်းတဲ့ နမူနာတွေကိုယူပြီး မကောင်းတဲ့နမူနာ ကိုတွေကိုရှောင်ပြီး တိုးတက်အောင် လုပ်ဆောင်သွားဖို့ အ ရေးကြီတယ်လို့ ထင်ပါတယ်။ နောင်ငါးနှစ်မှာ အဲဒီလိုဖြစ် လာဖို့အတွက် အခုချိန်က အခြေခံအုတ်မြစ် ချတဲ့အချိန်လို့ မြင်မိပါတယ်။ ၂၀၂၀ ပြည့်နှစ် လောက်ဆိုရင် မြန်မာနိုင်ငံက အာရှနဲ့ဟိုင်းဝေးလမ်းကြီးတွေလည်း ပေါက်နေပြီ၊ စီးပွားရေး တိုးတက်နေပြီဆိုရင် နိုင်ငံခြားက ကုမ္ပဏီတွေလှိမ့်ပြီး ဝင် လာတဲ့အခါမှာ ကိုယ့်ကုမ္ပဏီတွေက တိုးတက်မှုရှိနေမှသာ သူတို့နဲ့လက်တွဲပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါ ကြောင့် နောက်ဆုံးပြောချင်တာက မြန်မာနိုင်ငံက လုပ်ငန်း တွေရဲ့ တိုးတက်အောင်မြင်မှုဟာ ကျွန်တော့်ရဲ့အိပ်မက်လို့ ပြောချင်ပါတယ်။