နိုင်ငံတိုင်း၏ စီးပွားရေးသည် ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ် (Globalization) ထဲ ဆက်သွယ်ဝင်ရောက်မိလာသည့် အတွက် ယခင်ကဲ့သို့ အမှားအယွင်း အတိမ်းအစောင်းများ မခံတော့ပါ။ နည်းနည်းလေးမှားသည်ဆိုရုံ၊ တိမ်းသည်ဆိုရုံ ဖြင့် အကြီးအကျယ် အထိနာမည်ဖြစ်၏။ ကမ္ဘာလုံးဆိုင် ရာ ဖြစ်ထွန်းမှုကြောင့် ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပေါ်လစီဆုံးဖြတ်ချက်တို့၌ဖြစ်စေ၊ အခြားပေါ်လစီဆုံးဖြတ် ချက်တို့၌ဖြစ်စေ ခွင့်ပြုနိုင်သော အမှားအယွင်းနှင့် အတိမ်း အစောင်းအတိုင်းအတာမာဂျင်တို့သည် အလွန်တရာမှ ကျဉ်း မြောင်းသွားလေပြီ (Alloawable margin of error is considerably narrowed) ဟု ပြောကြသည်။ တစ်ဆက်တည်းပြောရမည့်အချက်မှာ ခြေလွန် လက်လွန်ဖြစ်မိသောကြောင့်ဖြစ်စေ၊ အမှားအယွင်း၊ အတိမ်း အစောင်းပြုမိသောကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော အကျိုး သက်ရောက်မှုတို့ကလည်း အလွန်မြင့်မားလာသည်ဆိုသော အချက်ဖြစ်သည်။ အမှား၏ဆိုးကျိုးသည် သေးသေးမွှားမွှား ဖြစ်ဖွယ်မရှိတော့ (Dramatically Upping The Consequences of Overstepping ဟု ဆိုသည်။ ဤကိစ္စနှင့် ပတ်သက်၍ စီးပွားရေးပညာရှင်အန်ထော်နီဂိုလေက အခြား အကျပ်အတည်းတစ်မျိုး ဖြစ်နိုင်သေးသည်ကို ဖြည့်စွက် ထောက်ပြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ဘဏ်တို့သည် ငွေစီး ဆင်းမှုနည်းနည်းလေးလောက်ကိုသာ ခေတ်မမီသောနည်း တို့ဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ရုံရှိသည်။ ထုထည်ကြီးကြီး မားမားရှိသော ငွေပင်ငွေရင်းများ ဒလဟောလှိမ့်ဝင် လှိမ့် ထွက်စီးဆင်းမှုမျိုးကိုကား ခေတ်မီစွာ ကိုင်တွင်တတ်သော အတွေ့အကြုံမရှိ။ ထို့ကြောင့် သစ်သားဟောင်းနှင့် ပြုလုပ် ထားသော ရေကာတာဖြင့် ငွေလုံးကြီးများ လှိမ့်ဝင်လှိမ့် ထွက် ဒဏ်မခံနိုင်သည့် အကျပ်အတည်းမျိုးကိုလည်း တွေ့ နိုင်သည်ဟု ဆိုသည်။
မောင်သာဇုံ