Microsoft ၏ အကြီးအကဲသစ် SATYA NADELLA

article landscape wartermark final4 Satya Narayana Nadella ဟာ အိန္ဒိယနွယ်ဖွား အမေရိကန် စီးပွားရေးလုပ်ငန်းအမှုဆောင်နဲ့ Microsoft ကုမ္ပဏီရဲ့လက်ရှိ CEO ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်၊ ဖေဖော် ဝါရီလ ၄ ရက်နေ့မှာ Steve Ballmer ရဲ့နေရာမှာဆက်ခံဖို့ သူ့ကို CEO အဖြစ် ခန့်ထားခဲ့ပါတယ်။ အဲဒီအရင်က သူဟာ Microsoft ရဲ့ Cloud & Enterprise Group  မှာအမှုဆောင်အဖွဲ့ Vice-president  လုပ်ခဲ့ပြီး အဆောက်အဦနဲ့ ကုမ္ပဏီ ရဲ့ကွန်ပျူတာစနစ်တွေ၊ Developer Tool တွေနဲ့ Cloud Service  တွေကို တာဝန်ယူခဲ့ရ ပါတယ်။ Microsoft ရဲ့ Cloud ကွန်ပျူတာစနစ်ကို ပြောင်းလဲမှုမှာ သူဟာ အဓိကအခန်းက ပါဝင်ခဲ့ပါတယ်။ Mr. Nadella  ရဲ့ခေါင်းဆောင်မှု အောက်မှာ "Server & Tools"  ဌာနခွဲဟောင်းဟာ ဇွန်လအထိ တစ်နှစ်အတွင်းမှာ ဝင်ငွေဒေါ်လာ ၂၀.၃ ဘီလီယံအထိ   ၉ ရာခိုင်နှုန်း (စုစုပေါင်းဝင်ငွေရဲ့ လေးပုံတစ်ပုံကျော်) နဲ့ လုပ်ငန်း လုပ်ဆောင်မှုဝင်ငွေက ၁၂.၈ ရာခိုင်နှုန်းနဲ့ ဒေါ်လာ ၈.၂ ဘီလီယံအထိ တိုးခဲ့ပြီး ကုမ္ပဏီရဲ့ဌာနကြီးတွေထဲမှာ စွမ်းဆောင်မှုအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ Mr. Ballmer  ရဲ့ပြန်လည်ဖွဲ့စည်းရေးဟာ အဲဒီအချိန်ကတည်းက နှိုင်းယှဉ်မှု တွေကိုခက်ခဲအောင် လုပ်နေပေမယ့် ဒီကူးသန်းရောင်းဝယ်ရေး ဌာနခွဲအသစ်ကတော့ ဒီဇင်ဘာလအထိ ခြောက်လအတွင်းမှာ ဝင်ငွေ ၁၀ ရာခိုင်နှုန်းတက်လာတာကို တွေ့ခဲ့ရပါတယ်။ Microsoft မှာ ရောက်နေခဲ့တာ ၂၂ နှစ်ရှိပြီဖြစ် တဲ့ Mr.Nadella  ဟာ ကုမ္ပဏီရဲ့ ၃၈ နှစ်သက်တမ်းအတွင်း မှာ တတိယမြောက် CEO သာ ဖြစ်ပါတယ်။ ပထမဆုံး CEO ကတော့ Microsoft ကိုတည်ထောင်ခဲ့သူ Bill Gates   ဖြစ်ပြီး သူဟာ ဥက္ကဋ္ဌအဖြစ်နဲ့ အခုအထိ ကုမ္ပဏီထဲမှာအတူ ယှဉ်တွဲပြီးရှိနေလျက်ပါပဲ။ ဒါပေမဲ့ သူဟာ အရင်ထက်မလျော့ဘဲ နောက်ထပ်တိုးပြီးတော့ လုပ်ပါလိမ့်ဦးမယ်။ အကြီးအကဲ သစ် Mr. Nadella  ဟာ နည်းပညာပိုင်းမှာ လူတိုင်းကအားကျလောက်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသူတစ်ယောက်ဖြစ် ပေမယ့် သူ့ရဲ့မေတ္တာရပ်ခံချက်အရ Mr Gates ဟာ 'နည်း ပညာအကြံပေးပုဂ္ဂိုလ်' အဖြစ် ဝင်လုပ်ပါလိမ့်ဦးမယ်။ Mr. Gates  လိုပဲ Mr. Ballmer ဟာလည်း ဒါရိုက်တာအဖွဲ့ထဲမှာ ဆက်ပြီးရှိနေပါလိမ့်ဦးမယ်။ Mr. Nadella  ကိုခန့်အပ်ပြီးတဲ့နောက်မှာ အဲဒီပုဂ္ဂိုလ်သုံးယောက်ဟာ Microsoft ဌာနချုပ် ဝန်ထမ်းတွေရဲ့ရှေ့မှာ မားမားမတ်မတ် အတူတူရပ်ခဲ့ကြပါတယ်။ Microsoft ဟာ ဒီနေ့အထိတော့ အင်အားကြီးမား တဲ့ကုမ္ပဏီကြီးဖြစ်နေဆဲပါပဲ။ သူ့ရဲ့ဝင်ငွေဟာ ဒီဇင်ဘာလအထိ ခြောက်လအတွင်းမှာ ဒေါ်လာ ၄၃ ဘီလီယံရှိတဲ့အတွက် အရင်နှစ်ကထက် ၁၅ ရာခိုင်နှုန်းပိုခဲ့ပါတယ်။ အသားတင် ဝင်ငွေကတော့ ဒေါ်လာ ၁၁.၈ ဘီလီယံရှိတဲ့အတွက် ၈.၈ ရာခိုင်နှုန်းတက်ခဲ့ပါတယ်။ သူ့ရဲ့စုဆောင်းထားတဲ့ငွေပုံကြီးက ဒေါ်လာ ၈၄ ဘီလီယံရှိပြီး ဈေးကွက်အတွင်း ရင်းနှီးထားငွေက ဒေါ်လာဘီလီယံသုံးရာရှိပါတယ်။ ဒါပေမဲ့ စားပွဲတင်ကွန်ပျူတာတွေ မကြီးစိုးနိုင်တော့တဲ့ ကမ္ဘာကြီးထဲမှာ သူလည်း သူ့ရဲ့လမ်းကြောင်းကို ရှာတွေ့ဖို့ အတွက်ရုန်းကန်ခဲ့ရပါတယ်။   သူ့ရဲ့အင်အားက အဲဒီစားပွဲတင်ကွန်ပျူတာအပေါ်မှာ တည် ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။ Mr. Nadella  လုပ်ရမယ့် အလုပ်က Could-first, Mobile-first World (Could  Mobile က ရှေ့ဆုံးကိုရောက်နေမယ့်ကမ္ဘာကြီး) လို့ သူနာမည်ပေးထားတဲ့ ကမ္ဘာကြီးကို ဖြတ်သွားမယ့်လမ်းကြောင်း တစ်ခုချမှတ်ဖို့ ဖြစ်ပါတယ်။ Mr. Nadella  ရဲ့ အရင်ကလုပ်ခဲ့တဲ့ Cloud Computing မှာ Microsoft အနေနဲ့ လုပ်စရာတွေအများ ကြီးရှိနေသေးပေမယ့် တော်တော်အောင်မြင်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့ကိုယ်ပိုင် Data Centre  တွေအထဲမှာ စီးပွားရေး လုပ်ငန်းတွေကို များများပိုလက်ခံပြီး အဆက်မပြတ်ခေတ်မီ အောင်လုပ်နေတဲ့ Online ဝန်ဆောင်မှုတစ်ခုအနေနဲ့ Software  တွေကို ပိုပြီးရောင်းချပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နောက် ဆုံးသုံးလပတ်မှာ Online ဝန်ဆောင်မှုလုပ်ငန်းရဲ့ဝင်ငွေဟာ အရင်နှစ်ကထက် နှစ်ဆတိုးခဲ့ပြီး ဒေါ်လာသန်းခြောက်ရာ ဖြစ်သွားပါတယ်။ ကွန်ပျူတာလုပ်ငန်းဟာ စားပွဲတင်ကွန်ပျူတာဆီ ကနေ စမတ်ဖုန်းနဲ့ Tablet တွေဆီကိုရွေ့လျားနေပြီဖြစ်တဲ့ Microsoft တိုက်ပွဲဝင်နေရတာက Apple နဲ့ Google Mobile  လုပ်ငန်းစနစ်ဖြစ်တဲ့ Android စနစ်နဲ့ လည်ပတဲ့တဲ့ကိရိယာတွေ ထုတ်လုပ်တဲ့သူတွေလောက်နဲ့ပဲ မဟုတ်တော့ ပါဘူး။ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ကွန်ပျူတာလုပ်ငန်းပိုင်းတွေဟာလည်း Mobile စနစ်ဖြစ်လာပြီး Desktop တွေနဲ့ Corporate Data Center  တွေဟာ Could Software  နဲ့ Remote Server  တွေဆီကို ပြောင်းလဲနေပြီဖြစ်တဲ့အတွက် ဒီဧရာမSoftware  ကုမ္ပဏီကြီးဟာ သူ့ရဲ့လုပ်ငန်းအစဉ် အလာကိုထိန်းထားဖို့လည်း တိုက်ပွဲဝင်နေရပါတယ်။ စိတ် မကောင်းစရာပါပဲ။ article landscape wartermark fina1l Mobile မှာတော့ Microsoft ဟာ ပထမ မဟုတ်ပါဘူး။ နောက်က ခပ်ခွာခွာလိုက်နေရတဲ့ တတိယ နေရာမှာပဲရှိပါတယ်။ သူ့ရဲ့လုပ်ငန်းလည်ပတ်မှုစနစ်ဖြစ်တဲ့ Window ဖုန်းဟာ Google ရဲ့ Android ဖုန်းနဲ့ Apple ရဲ့ iOS ဖုန်းတွေရဲ့နောက်မှာ တော်တော်ပြတ်ပြီးကျန်နေပါတယ်။ သူ့ရဲ့ကိုယ်ပိုင်က Tablet ဖြစ်တဲ့ 'Surface' ဟာ ပြီးခဲ့ တဲ့နောက်ဆုံးသုံးလပတ်မှာ ကုမ္ပဏီမှာ မွမ်းမံမှုတချို့ကို ကြေညာပေးခဲ့တာတောင် မအောင်မြင်ခဲ့ပါဘူး။ Windows စမတ်ဖုန်း ထုတ်လုပ်သူတွေထဲမှာ အားလုံးထက် အကြီးမား ဆုံးဖြစ်တဲ့ Nokia ရဲ့လက်ကိုင်ဖုန်းဌာနခွဲကို ဝယ်ယူခဲ့တာက ဒီအခက်အခဲတွေကို သက်သာအောင် သိပ်ပြီးလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီဌာနခွဲရဲ့ နောက်ဆုံး သုံးလပတ်အရောင်း ပမာဏက ကြောက်ခမန်းလိလိပါပဲ။ အရင်နှစ်ထက် ၂၉ ရာခိုင်နှုန်းကျသွားပါတယ်။ မကြာခင်အပြီးသတ်ဆောင်ရွက်တော့မယ့် အဲဒီဝယ်ယူမှုကြီးအ ရ အင်အားတစ်သိန်းရှိနေ တဲ့ဝန်ထမ်းဦးရေထဲမှာ နောက်ထပ်လစာပေးရမယ့်ဝန်ထမ်း ပေါင်း ၃၂ç၀၀၀ တိုးလာပါလိမ့်ဦးမယ်။ ပဿနာက သူ့ရဲ့ Mobile ကိရိယာတွေနဲ့ပတ် သက်ပြီး Microsoft က သုံးစွဲသူတွေကို အနိုင်မရခဲ့တာ တစ်ခုတည်းမဟုတ်ပါဘူး။ အဲဒါက နေရာအနှံ့အပြားကရုံး တွေထဲမှာ သူ့ရဲ့တည်ရှိနေမှုကိုလည်း ခြိမ်း ခြောက်လာပါလိမ့်မယ်။ လူတွေက စမတ် ဖုန်းတွေနဲ့ Tablet တွေပေါ်မှာ Windows ကိုမသုံးကြတော့ဘူးဆိုရင်၊ ပြီးတော့ အလုပ် တွေကိုလည်း လှုပ်ရှားသွားလာရင်း ပိုပြီးလုပ်ကြတဲ့အတွက် သူ့ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ Application တွေကို အခုအချိန်အထိ ရုံးလုပ်ငန်းလောကမှာ ထိပ်ဆုံးကနေရာ ယူ ထားတဲ့ Windows ပေါ်မှာ မတင်တော့ဘဲ iOS နဲ့ Android တွေပေါ်မှာပဲ တင်ကြပါလိမ့်မယ်။ Forrester ဆိုတဲ့ သုတေသနအဖွဲ့ တစ်ဖွဲ့ရဲ့သရုပ်ခွဲစိစစ် သူတွေ ကတော့ လွတ်လပ်တဲ့ရောင်းချသူတွေဟာ တခြားစနစ်တွေ အတွက် Application တွေကိုပဲ အရင်ဆုံးဖော်ထုတ်ကြတယ်လို့ပြောပါတယ်။ Mobile ရဲ့ပြောင်းလဲမှုဟာ စီးပွားရေး လုပ်ငန်းတွေအပေါ် Microsoft ရဲ့ကြီးစိုးမှုကို အကြီးမားဆုံးခြိမ်းခြောက်မှုကြီးပါပဲ' လို့ အဲဒီသရုပ်ခွဲစိစစ်သူတွေက ယုံကြည်နေကြပါတယ်။ article portrait watermark final အဲဒီအတွက် ဖြေရှင်းချက်တစ်စိတ်တစ်ပိုင်းကတော့ အဲဒီလူတွေကို ငွေပေးပြီး Windows အတွက် Mobile  Application  တွေရေးခိုင်းနေဖို့ပဲ ဖြစ်နိုင်တယ်လို့ Forrester က အကြံပေးပါတယ်။ နောက်တစ်ပိုင်းအနေနဲ့ လုပ်ငန်းလည်ပတ်စနစ်ကိုလျော့ပြီး Application ကိုတိုးပြီးလုပ်အောင် တွန်းအားပေးဖို့လည်း ဖြစ်နိုင်ပါတယ်။ Microsoft ဟာ ဒီနေ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြ တဲ့ (Word ၊ Word Porcessor ၊ Excel Spreadsheets နဲ့ PowerPoint Slide Shows တွေပါတဲ့)  သူ့ရဲ့ Office Suite of Program တွေကို iPads နဲ့ Android Tablet  တွေပေါ်မှာ စပြီးရောင်းဖို့ မျော်လင့်နေ ပါတယ်။ Microsoft  ရဲ့ကိုယ်ပိုင်ကိရိယာတွေ အပေါ်မှာနဲ့ Nokia ကို ဝယ်ယူမှုအပေါ်မှာ သူ့ ရဲ့စိတ်အားထက်သန်မှုကို ပြနေပေမယ့် Mr Nadella  အနေနဲ့ နောက်ထပ် ထွက်ပေါ် လာမယ့် Mobile ကိရိယာမျိုးဆက်သစ်တွေ အတွက် Software ရေးတဲ့နေရာမှာ အောင်မြင်မှုပိုပြီးရလိမ့်မယ်လို့ ယူဆချင် ယူဆပါလိမ့်မယ်။ ဖေဖော်ဝါရီလ ၄ ရက် နေ့ကသူ့အိမ်မှာ လုပ်ခဲ့တဲ့အင်တာဗျူး မှာသူက 'ဒီနေ့ ကျွန်တော်တို့မှာ Mobile ဆိုတဲ့ စကားလုံးရဲ့တိကျတဲ့  အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုရှိနေပါပြီ။ အဲ ဒီဖွင့်ဆိုချက်ဟာ Mobile ဖုန်းဆီကိုလွဲချော်ပြီး ရောက်ချင်လည်း ရောက်သွားပါလိမ့်မယ်။ ကျွန်တော်တို့အိမ်မှာ အလုပ်မှာလုပ်နေ တဲ့အရာတိုင်းကို Digital နည်းနဲ့ ဘယ်လိုဆက် သွယ် ပုံဖော်မှာလဲဆိုတာကို ခင်ဗျားစဉ်းစားမယ် ဆိုရင်တော့ အဲဒါတွေအားလုံးကို Software နဲ့ပဲ ပြောင်းရမှာပါပဲ' လို့ပြောခဲ့ပါတယ်။  

ဇော်ဝင်းကြူ  (ပျဉ်းမနား)

Ref: Wikipedia,Economist