Michelin Star ရထားတဲ့ ဘန်ကောက်က စားသောက်ဆိုင် ၁၇ ဆိုင်

ထိုင်းနိုင်ငံဘန်ကောက်ကို မကြာခဏရောက်ဖြစ်နေသူတွေအတွက် Michelin Star ရထားတဲ့ စားသောက်ဆိုင် ၁၇ ဆိုင်ကို ဖော်ပြပေးချင်ပါတယ်။ ဒီအဆင့်သတ်မှတ်ချက်တွေက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့တဲ့ Bangkok Michelin Guide ထဲကဖြစ်ပါတယ်။

Michelin Star နှစ်ခုရ စားသောက်ဆိုင် ၃ ဆိုင်

~~~~~~~

michelin1

Gaggan

(http://eatatgaggan.com/)

FB @gagganbkk

--------------------

Gaggan က အိန္ဒိယစားသောက်ဆိုင်ဖြစ်ပြီး Lumpini ပန်းခြံအနီးမှာရှိပါတယ်။ ဒီဆိုင်မှာ အိန္ဒိယစာနဲ့ပတ်သက်ရင် Street Food တွေကစလို့ ဒေသိယအစားအစာ အမျိုးမျိုးရရှိနိုင်ပါတယ်။ ထိုင်းဘတ်ငွေ ၅၀၀၀ ဝန်းကျင်ကနေစတဲ့ Set Menu တွေ ရှိပါတယ်။

Address: 68/1 Soi Langsuan, Ploenchit Road Lumpini Khet Pathum Wan, Krung Thep Maha Nakhon 10330, Thailand

Phone: +66 2 652 1700


michelin2

Le Normandie

https://www.mandarinoriental.com/bangkok/chao-phraya-river/fine-dining/restaurants/french-cuisine/le-normandie

https://www.facebook.com/MandarinOrientalBangkok

-----------------

ဒီပြင်သစ် Fine Dining စားသောက်ဆိုင် Le Normandie မှာတော့ နေ့လယ်စာနဲ့ ညစာ Set Menu/ A La Carte Menu တွေရနိုင်ပါတယ်။ ဝိုင်ပါတွဲပါမယ့် နေ့လယ်နဲ့ ညစာ Set တွေက တစ်ယောက်စာကို ဘတ် ၃၄၅၀ ဝန်းကျင်ကနေစပြီး A La Carte Menu တွေကတော့ တစ်ယောက်စာ ဘတ် ၂၀၀၀ ဝန်းကျင်ကနေစပါတယ်။

Address: 48 Oriental Avenue, Bangkok 10500, Thailand


michelin3

Mezzaluna

http://www.lebua.com/mezzaluna

@MezzalunaBangkok

----------------

Lebua Hotel ၆၅ ထပ်မှာရှိတဲ့ နာမည်ကျော် Sky Bar Mezzalua ဟာ ဘန်ကောက်မြို့တွင်းနဲ့ မြစ်ကမ်းရှုခင်းတွေကို ၁၈၀ ဒီဂရီ ရှုမျော်ခင်းပုံနဲ့မြင်ရမယ့် European cuisine စားသောက်ဆိုင်ဖြစ်ပါတယ်။ လူတစ်ယောက်စာကို ဝိုင်အပါအဝင် ဘတ် ၅၀၀၀ ကနေ စတင်ကျသင့်နိုင်မယ့် ဥရောပဟင်းလျာအမျိုးမျိုး ရနိုင်ပါမယ်။

Address: State Tower, 1055 Silom Road, Bangrak, Bangkok 10500, Thailand

Phone: +66 2 624 9555


Michelin Star တစ်ခုရ စားသောက်ဆိုင် ၁၄ ဆိုင်

~~~~~~~

michelin4

Bo.lan

(http://www.bolan.co.th/2014/)

@BolanBangkok

-------------------

အမြဲတမ်းပြောင်းလဲနေတဲ့ ထိုင်းရိုးရာဟင်းလျာအမျိုးမျိုးကို သဘာဝနည်းလမ်းအတိုင်း စိုက်ပျိုးမွေးမြူထုတ်လုပ်ထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ချက်ပြုတ်တဲ့ဆိုင်ဖြစ်ပါတယ်။ Set Menus တွေက ဘတ် ၁၂၀၀ လောက်ကနေစတင်ပြီး La Carte Menu တွေကတော့ ဘတ် ၄၀၀ လောက်ကနေ စတင်ပါတယ်။

Address: 24 Sukhumvit 53 Alley, Khwaeng Khlong Tan Nuea, Khet Watthana, Krung Thep Maha Nakhon 10110, Thailand

Phone: +66 2 260 2962


michelin5

Chim by Siam Wisdom

@Chimbysiamwisdom

---------------------

ဒီဆိုင်မှာ ထိုင်းရိုးရာဂန္ထဝင်ဟင်းလျာတွေနဲ့ဆန်းပြားတဲ့ Fusion ဟင်းလျာတွေရနိုင်ပါတယ်။ ဘီယာနဲ့ ဝိုင်တွေလည်းရနိုင်ပြီး ဟင်းပွဲတွေကတော့ ဘတ် ၃၀၀ လောက်ကနေ စတင်ပါတယ်။

Address: 66 Khwaeng Khlong Tan Nuea, Khet Watthana, Krung Thep Maha Nakhon 10110, Thailand

Phone: +66 2 260 7811


michelin6

Elements at Okura Prestige

http://www.okurabangkok.com/en/rest aurants-in-bangkok.html#tab-22

@ElementsAtTheOkuraPrestigeBangkok

--------------

ဂျပန်နဲ့ ပြင်သစ် Fusion ဟင်းလျာတွေရနိုင်တဲ့ ဒီဆိုင်က Okura Prestige hotel မှာရှိပါတယ်။ A La Carte Menu တွေကို ဘတ် ၄၂၀ လောက်ကနေ စတင်ရရှိနိုင်ပြီး Set Menu တွေကတော့ ဘတ် ၁၉၀၀ လောက်ကနေစတင်ပါတယ်။ ဝိုင်၊ ကော့တေးလ်တွေကိုလည်း ဘတ် ၃၆၀ ကျော်လောက်ကနေ စတင်ရရှိပါတယ်။

Address: 57 Wireless Rd, Khwaeng Lumphini, Khet Pathum Wan, Krung Thep Maha Nakhon 10330, Thailand

Phone: +66 2 687 9000


michelin7

Ginza Sushi Ichi BKK

http://ginza-sushiichi.jp/english/shop/bangkok.html

@ginzasushiichiBKK

--------------------

ဘန်ကောက်က နာမည်ကြီး ဒီဆူရှီဆိုင်မှာ တိုကျို Tsukiji ဈေးကနေ တိုက်ရိုက်တင်သွင်းလာတဲ့ ငါးလတ်လတ်ဆတ်ဆတ်တွေရနိုင်ပါတယ်။ ဆာကေးကို ဘတ် ၃၉၀ လောက်ကနေ စတင်ရရှိနိုင်သလို ဘီယာကတော့ ဘတ် ၁၉၀ လောက်ကနေစတင်ရရှိပါတယ်။ အလှဆင်ထားသလို အရသာလည်းစုံလင်တဲ့ Omakase-style Menu တွေရှိပြီး ဈေးနှုန်းအနေနဲ့ကတော့ Multiple Course Omakase Dinner ကို ဘတ် ၅၀၀၀ လောက်ကနေ စတင်ရရှိပါတယ်။

Address: 494 Erawan Bangkok, LG floor, Ploenchit road, Lumpini, Thailand

Phone: +66 2 250 0014


michelin8

J’Aime by Jean-Michel Lorain

http://www.jaime-bangkok.com/

@JMLBangkok

------------------

ဟိုတယ် U Sathorn မှာရှိတဲ့ ဒီပြင်သစ်စာအဓိကစားသောက်ဆိုင်မှာ Set Dinner Menu ကို ဘတ် ၂၆၀၀ လောက်ကနေစတင်ရရှိနိုင်ပြီး ဝိုင်ပါတွဲမယ်ဆိုရင်တော့ ဘတ် ၂၀၀၀ လောက်ထပ်ကုန်မှာပါ။ A La Carte Menu တွေကတော့ ဘတ် ၃၀၀ ကနေ ဘတ် ၂၇၉၀ လောက်အထိရှိပါတယ်။

Address: 105, 105/1 U Sathorn Bangkok (hotel), Thung Maha Mek, Sathon, Bangkok 10120, Thailand

Phone: +66 2 119 4899


michelin9

Jay Fai

@Raan Jay-Fai

------------------

ဘန်ကောက်က သူ့ရဲ့လမ်းဘေးစားသောက်ဆိုင်လေးတွေကြောင့် လူသိများပါတယ်။ အခုတော့ အဲဒီလိုလမ်းဘေးစာလေးတွေကို Michelin star ရတဲ့ စားသောက်ဆိုင်တစ်ဆိုင်အဖြစ် အဆင့်မြှင့်တင်ရောင်းချပေးနေတဲ့ဆိုင်ကတော့ ဒီစားသောက်ဆိုင်ပါပဲ။ ဟင်းပွဲတွေက ဘတ် ၅၀၀ ဝန်းကျင်လောက်ကနေ စတင်ပါတယ်။

Address: Samran Rat, Phra Nakhon, Bangkok 10200, Thailand

Phone: +66 92 724 9633


michelin10

L’Atelier de Joel Robuchon

http://robuchon-bangkok.com/

@atelier.bkk

----------------

MahaNakhon CUBE ငါးလွှာမှာရှိတဲ့ဒီဆိုင်က ပြင်သစ်စားသောက်ဆိုင်ပါပဲ။ A La Carte Menu တွေက ဘတ် ၁၄၅၀ လောက်ကစပြီး Tasting Menu တွေကတော့ ဘတ် ၅၀၀၀ လောက်ကစပါတယ်။ ဝိုင်တွေကတော့ တစ်ခွက်ကို ဘတ် ၄၀၀ လောက်ကစပါတယ်။

Address: 5th Floor, MahaNakhon CUBE, 96 Narathiwas Ratchanakharin Rd, Silom, Bang Rak, Bangkok 10500, Thailand

Phone: +66 2 001 0698


michelin11

Nahm

https://www.comohotels.com/metropolitanbangkok/dining/nahm

@nahmrestaurant

-----------------------

COMO Metropolitan Bangkok hotel မှာရှိတဲ့ ဒီထိုင်းစားသောက်ဆိုင်ကတော့ သူ့ရဲ့ ဟင်းပွဲတွေကို ဘတ် ၆၅၀ ဝန်းကျင်ကစထားပါတယ်။ သူ့မှာ Set Menu တွေလည်းရှိပြီး ဘတ် ၂၅၀၀ ကနေစပါတယ်။

Address: 27 S Sathorn Rd, Khwaeng Thung Maha Mek, Khet Sathon, Krung Thep Maha Nakhon 10120, Thailand

Phone: +66 2 625 3333


michelin12

Paste

https://pastebangkok.com/

@Pastebangkok

--------------------

Paste ထိုင်းစားသောက်ဆိုင်မှာ မြောက်ပိုင်းထိုင်းရိုးရာအစားအစာတွေရနိုင်ပါတယ်။ ညစာအတွက် တစ်ယောက်ကို ဘတ် ၁၀၀၀ ကနေ ၄၀၀၀ ဝန်းကျင်အတွင်းကျသင့်နိုင်ပြီး ဝိုင်နဲ့ ကော့တေးလ်တွေလည်း ရပါတယ်။

Address: Pathumwan, Bangkok, Thailand

Phone: +66 2 656 1003


michelin13

Saneh Jaan

https://www.glasshouseatsindhorn.com/restaurant/saneh-jaan

@sanehjaan

---------------

Traditional Thai Fine Dining ဆိုင်ဖြစ်တဲ့ ဒီစားသောက်ဆိုင်ကို သူ့ရဲ့ကော့တေးလ်တွေကြောင့် လူကြိုက်များပါတယ်။ ဒီဆိုင်မှာ ဟင်းပွဲတွေက ဘတ် ၃၅၀ လောက်ကစပြီး ဝီစကီအမျိုးမျိုးလည်းရနိုင်ပါတယ်။

Address: Saneh Jaan, Glasshouse at Sindhorn, 130-132 Wireless Rd.,, Bangkok, Thailand

Phone: +66 2 650 9880


michelin14

Savelberg

http://www.savelbergth.com/

@savelbergth

-----------------

ခေတ်သစ်ပြင်သစ်စားသောက်ဆိုင်က ပင်လယ်စာအထူးပြုဟင်းလျာများတဲ့ဆိုင်ပါ။ A La Carte Menu တွေက ဘတ် ၁၅၀၀ ကနေ ၂၇၀၀ အတွင်းရှိပြီး Set Menu တွေက ဘတ် ၃၀၀၀ နဲ့အထက်ဖြစ်ပါတယ်။

Address: 110 Wireless Road, Lumphini, Patumwan, Pathum Wan, Bangkok 10330, Thailand

Phone: +66 2 252 8001


michelin15

Sra Bua by Kiin Kiin

https://www.srabuabykiinkiin.com

@SiamKempinskiHotelBangkok

---------------------

Modern Thai Fine Dining စားသောက်ဆိုင်က ထိုင်းရိုးရာအစားအသောက်တွေကို အသွင်တစ်မျိုးနဲ့ မူရင်းအရသာမပျက် ပိုဆွဲဆောင်မှုရှိစေဖို့လုပ်ထားပါတယ်။ ဟင်းပွဲ ၁၀ မျိုးပါ Set Menu တွေကို ဘတ် ၃၁၀၀ ဝန်းကျင်ကနေ စတင်ရရှိနိုင်ကာ A La Carte Menu တွေလည်း ရရှိနိုင်ပါတယ်။

Address: 991/9 ,1 Khwaeng Pathum Wan, Khet Pathum Wan, Krung Thep Maha Nakhon 10330, Thailand

Phone: +66 2 162 9000


michelin16

Suhring

http://www.restaurantsuhring.com/

@suhringtwins

------------------

German စားသောက်ဆိုင်ဖြစ်တဲ့ Suhring မှာတော့ ပြန်လည်ဆန်းသစ်ထားတဲ့ဂျာမန်ပုံစံနဲ့ Haute Cuisine တွေကို ရနိုင်ပါတယ်။ Set Menu တွေက ဘတ် ၂၁၀၀ ကနေစတင်ပြီး ဝိုင်အမျိုးမျိုးကို တစ်ခွက်ကို ဘတ် ၃၈၀ ရနိုင်ပါတယ်။

Address: No.10, Yen Akat Soi 3,, Chongnonsi, Yannawa,, Bangkok 10120, Thailand

Phone: +66 2 287 1799


michelin17

Upstairs at Mikkeller

http://www.mikkellerbangkok.com/

@upstairsatmikkellerbkk

----------------------

အမေရိကန် Fusion စားသောက်ဆိုင်ပါ။ အမေရိကန်စတိုင် 10 course set menu ကို အကောင်းဆုံး Import ဘီယာတွေနဲ့ တွဲဖက်မယ်ဆိုရင် ဘတ် ၄၆၀၀ လောက်ကျသင့်ပြီး ဘီယာမပါရင်တော့ ဘတ် ၃၃၀၀ လောက် ကျသင့်ပါမယ်။

Address: 26 Ekkamai 10 Alley, Lane 2, Khwaeng Phra Khanong Nuea, Khet Watthana, Krung Thep Maha Nakhon 10110, Thailand

Phone: +66 2 381 9891