News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Mercedes မှ CLA အမျိုးအစားမှန်လုံကားနှင့် ကွဲပြားသွားစေရန် C-Class ကားအမျိုးအစားကို အဆင့်မြှင့် တင်မည်
Editorial
January 13, 2014
Car
Leisure
Top Story
Mercedes ၏ အလတ်စားအရွယ် C-Class ကားအမျိုးအစားသည် ပြိုင်ဘက်လုပ်ငန်းများတွင် ထင်ပေါ်မှုရှိလာပြီး ၎င်း၏ ကိုယ်ပိုင်ကားပြခန်းတွင်ဝင် သီးသန့်ဒီဇိုင်းတစ်ခုအဖြစ် ဝင်နေကြောင်း သိရသည်။ C-Class သည် ဒက်ထရိုက်မြို့တွင် တနင်္ဂနွေနေ့ကပြုလုပ်သည့် ကားပြပွဲတွင် လှပမှု၊ ခန်းညားသောဒီဇိုင်းအသွင်အပြင်အသစ်တို့နှင့် အတူ ပွဲဦးထွက်လာခဲ့ပြီး ယင်းကားသည် အထက်တန်းစီးပွားရေးအလွှာ အဆင့်ထိသို့ တိုးတက်လာနိုင်ကြောင်း ကုမ္ပဏီမှ ပြောကြားသည်။ C-Class ကားအမျိုးအစားသည် လွန်ခဲ့သည့် ခုနစ်နှစ်မှ ဒီဇိုင်းအတိုင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်တွင် အမေရိကန်နိုင်ငံ၌ အစီးရေ ၇၈,၇၄၇ စီး ရောင်းချခဲ့ရသောကြောင့် အမေရိကန်နိုင်ငံ၏ ရောင်းအားအကောင်းဆုံး Mercedes ကားအမျိုးအစား နေရာတွင် ရှိခဲ့ကြောင်းသိရသည်။ Autodata Corp အရ အလတ်စား ဇိမ်ခံကားဈေးကွက်က ၁၂ ရာခိုင်နှုန်းခန့် တိုးလာသော်လည်း အရင်တစ်နှစ်ကထက် ရောင်းအား တက်မလာခဲ့ပါ။ C-Class က CLA ၏ ဈေးကွက်ဝေစုကိုခွဲယူလိုက်ခြင်းကြောင့် CLA ရောင်းအားကျခဲ့သည်ဆိုသော်လည်း ယမန်နှစ်ပထမလေးလတာကလတွင်ပင် အစီးရေ ၁၄,၁၁၃ စီးရောင်းချခဲ့ရပါသည်။ C-Class သည် ပထမဆုံး ဒေါ်လာ 35,800 နှင့် ရောင်းနေချိန်တွင် CLA သည် ဒေါ်လာ 29,900 နှင့် စရောင်းနေကြောင်းသိရသည်။ သို့သော် Kelley Blue စာအုပ်၏အဆိုအရ ကားအမျိုးအစားနှစ်မျိုးလုံးသည် ဒေါ်လာ 30,000 ကြားထဲတွင်ပင်ရှိနေကြောင်း သိရသည်။ အပြင်ပန်းကကြည့်လျှင် C-Class သည် CLA ၏ ပုံရိပ်၊ တန်ဆာဆင်မှုတွေရှိနေသည်။ သို့သော် ၎င်းတွင် ပိုကောင်းသော ကား bounus နှင့် ပိုပြီး ခန့်ညားသော အပိုင်းများရှိပါသည်။ ထို့အပြင် အတွင်းပိုင်းတွင်လည်း စနစ်များကို အဆင့်မြှင့်တင်ထားပြီး ပြန်လည်ဒီဇိုင်းရေးဆွဲထား ကြောင်း သိရသည်။ Hand rest နေရာမှာတော့ Touchpad အသစ် တပ်ဆင်ထားပြီး ကားမောင်းသူက ဘယ်ဘာသာစကားကိုမဆိုအသုံးပြုကာ စာရေး command ပေးလို့ရနိုင်သည့် လုပ်ဆောင်ချက်အသစ်ကိုလည်း ထည့်ထားပေးပါသည်။ ထို့အပြင် ကား၏ ထိန်းချုပ်မှုစနစ်တွင် driver ကို အလိုအလျောက် သတိပေးစနစ်ပါကြောင်း သိရသည်။ C-Class ကားအမျိုးအစားသစ်ကသည် CLA ထက် အပြတ်အသတ်တစ်လှမ်းသာပါသည်။ သို့သော် Mercedes ၏ ပြဿနာအသစ်ဖြစ်လာနိုင်သည်က ပိုကြီးမားလာသလို ဈေးနည်းအနည်းငယ်မြင့်လာကာ လုပ်ဆောင်နိုင်စွမ်းလည်း ပိုကောင်းလာသော C-Class ကားများဟာ ဒေါ်လာ 51,000 တန် E-Class ကို ခြိမ်းခြောက်လာမှာလား ဆိုသည်ပဲဖြစ်ပါသည်။
Ref : AP
Facebook
Twitter
LinkedIn
RELATED POSTS
သဘာဝဘေးအန္တရာယ်အမျိုးမျိုးနဲ့ကြုံတွေ့တဲ့အခါမှာလုပ်ငန်းခွင်တိုင်းပြင်ဆင်ထားသင့်တဲ့အချက် ၃ ချက်နှင့်လုပ်ငန်းခွင်အတွင်း စာရွက်စာတမ်းများနဲ့ လုပ်ဆောင်မှုအစီအစဉ်များကိုဒစ်ဂျစ်တယ်စနစ်သို့ပြောင်းလဲထားနိုင်မယ့် Tools များ
Posted On July 12, 2025, By Editorial
သင့်ကိုယ်သင်ယုံကြည်မှု ပိုတက်စေဖို့ ပျိုးထောင်ရမယ့် အသေးအမွှားအလေ့အကျင့် ၈ ခု
Posted On July 12, 2025, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်စာဟောစာတမ်း