News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင်Mercedes-Benz Showroom (Phase 1) စတင်ဖွင့်လှစ်
Editorial
November 30, 2013
Local News
News
Top Story
Automobile Alliance Co Ltd နဲ့ Cycle & Carriage Automobile Myanmar Co Ltd (CCAM တို့က Merce des-Benz Showroom (Phase 1) အသစ်ဖွင့်ပွဲအခမ်းအနား ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က အမှတ်၅၁၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့မှာကျင်းပပြုလုပ်ခဲ့ ပြီး နောက်ဆုံးပေါ်၂၀၁၄ ထုတ်Mercedes-Benz S-Class အမျိုးအစားအသစ်ကို ခင်းကျင်းပြသခဲ့ပါတယ်။ အခမ်းအနားမှာDaimler South East AsiaPte Ltd ရဲ့ CEO Mr Wolfgang Huppenbauer က ' မြန်မာ နိုင်ငံရှိ Mercedes-Benz ဝယ်ယူသူတွေ ကြုံတွေ့နေရတဲ့ဝန် ဆောင်မှုနဲ့ အခက်အခဲတွေကိုကျော်လွှား နိုင်ပြီးအရည်အသွေးပြည့်မီတဲ့ Mercedes-Benz ကားသစ်များ၊ ကားအပို ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံကိုတရားဝင် ရောင်းချခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာကျေနပ်မိပါတယ်။ ရောင်းအား ၊ အရည် အသွးနဲ့ ဝန်ဆောင်မှုတွေကို ရေရှည်တည်တံ့အောင် ဆက်လက်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်' လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်အစပိုင်းမှာ Main Showroom နဲ့ Service Center မဖွင့်လှစ်မီ Mercedes-Benz Showroom (Phase1) ကို မိတ်ဆက်ဖွင့်လှစ်ခွင့်ရတဲ့အတွက် အလွန် စိတ်လှုပ်ရှားမိပါတယ်။ ၂၀၁၃ခုနှစ်၊ ဇူလိုင်လက ကျွန် တော်တို့ကုမ္ပဏီကနေပြီးတော့ ပထမဦးဆုံးအနေနဲ့ Mercedes -Benz E-Class ကို မြန်မာနိုင်ငံသို့ တရားဝင် မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခြေလှမ်းသစ်အနေနဲ့ နိုင်ငံတကာ အဆင့်မီ Showroom နဲ့ ဝန် ဆောင်မှုတွေကို မြန်မာနိုင်ငံရှိ Mercedes ချစ်ခင်အားပေးသူတွေအတွက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်တယ်" လို့ Auto mobile Alliance Co Ltd ရဲ့ Managing Director ဦးအောင်မိုးကျော် က ပြောကြားသွားပါတယ်။ Automobile Myanmar ရဲ့ Country Manager Mr Chin Kee Min က " ဒီနေ့မြင်တွေ့ရတဲ့ -S-Class ဟာ တီထွင်ဆန်းသစ်မှုများစွာပြုလုပ်ခဲ့ခြင်းရဲ့ရလဒ်ကောင်းတစ်ခုဖြစ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အသစ်ပြောင်းလဲမှု တစ်ခုဟာ ၂၀၁၄ Model S-Class ရဲ့တစ်စိတ်တစ်ဒေသ ဖြစ်ဖြစ်ပြီး မြန်မာလူမျိုး တွေအတွက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချနိုင်အောင်ရည်ရွယ်ထားတဲ့အတွက် အခုလိုဖွင့် လှစ်ဖြစ်သွားတာပါဓ လို့ပြောကြားခဲ့ပါတယ်။ နယ်မြို့တွေ မှာလည်း Car Showroom တွေဆက်လက်ဖွင့်လှစ် သွားဖို့အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ After Sale Service ပိုင်းနဲ့ပတ်သက်လို့လည်း Customer တွေဆီရောင်းချပြီးတဲ့နောက်ပိုင်းမှာ မော်တော် ယာဉ်တွေနဲ့ ပတ်သက်ပြီးလုံခြုံစိတ်ချမှုရှိအောင်၊ အဆင်ပြေလွယ်ကူ ချောမွေ့အောင် ကျွန်တော်တို့က Service အမျိုးမျိုးပေးထားပါတယ်။ မော်တော်ယာဉ် အသုံးပြုတဲ့အပေါ်မှာ မူတည်ပြီးတော Service Plans အမျိုးမျိုးနဲ့ လုပ်ဆောင်ပေးထားပါတယ်။ Customer တွေအနေနဲ့သုံးလိုက်တဲ့ငွေကြေးအတိုင်း တိကျတဲ့ဝန်ဆောင်မှုကို ရရှိနိုင်အောင်စီစဉ်ထားပေးပါတယ် "လို့ Authorized Service Center ကတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါ တယ်။ Original Spare Parts နဲ့ Service Centre ကိုတော့ ကမ္ဘာအေးဘုရားလမ်းမရှိ ှSatellite Workshop မှာ ၂၀၁၃ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့ကဖွင့်လှစ်ခဲ့ တယ်လို့သိရပါတယ်။Big Workshop ကိုတော့လှိုင်မြို့နယ် ၊ရွာမကျောင်းလမ်းမှာတည်ဆောက်နေတယ်လို့သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း