News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ပထမဆုံးတရားဝင်ဖွင့်လှစ်လိုက်တဲ့ Mercedes-Benz showroom
Editorial
May 9, 2014
Local News
News
Top Story
ပြည်တွင်းမှာ ပထမဆုံး တရားဝင်ဖွင့်လှစ်လိုက်တဲ့ Mercedes-Benz car showroom ဖွင့်ပွဲကို ၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်တွင် အဆိုပါ Showroom တည်ရှိရာ အမှတ် ၅၁၊ ပြည်လမ်း၊ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ Showroom မှာ Mercedes-Benz အစီးရေ ၁၅ စီးအထိ ခင်းကျင်းပြသထားမှာဖြစ်ပြီး ဝန်ဆောင်မှုတွေကတော့ ၂ နှစ် မိုင် limit အကန့်အသတ်မရှိ warranty ပေးထားတာ၊ သုံးနှစ်အခမဲ့ ကားဝန်ဆောင်မှုပေးတာ၊ Mercedes-Benz ရဲ့ ကားပစ္စည်းအစစ်အမှန်တွေကို ရရှိနိုင်တာ၊ German Trained ပညာရှင်တွေရဲ့ ဝန်ဆောင်မှု၊ Mercedes-Benz ကားအမျိုးအစားသစ်တွေကို စမ်းသပ်မောင်းနှင်ခွင့် ပရိုဂရမ်တွေ ထားရှိထားတယ်လို့ သိရပါတယ်။ လာမယ့်နှစ် နှစ်လယ်ပိုင်းတွင် Mercedes-Benz ရဲ့ Main Workshop အသစ်ကို ထပ်မံဖွင့်လှစ်သွားဖို့ရှိပြီး တိုက်ရိုက်ဝယ်ယူလိုပါက ဖုန်းနံပါတ်- ၀၉ ၅၀၅၇၀၄၅ နဲ့
www.mercedes-benz.com.mm
ကို ဆက်သွယ်နိုင်ပါတယ်။ "ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်တဲ့သဘောတူစာချုပ်ချုပ်ဆိုပြီး တစ်နှစ်မပြည့်ခင်မှာ ဒီ Showroom ကို ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံရှိ Showroom မှာလည်း ကမ္ဘာတစ်ဝန်းရှိ Mercedes-Benz ရဲ့ဝန်ဆောင်မှုတွေနဲ့အတူ ကားအသစ်တွေကိုလည်း တစ်ပြေးညီရရှိနိုင်အောင် ဆောင်ရွက်ထားပါတယ်" လို့ Daimler South East Asia Pte Ltd ရဲ့ CEO ဖြစ်သူ Mr. Wolfgang Huppenbaeur က ပြောပြခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း