မြန်မာ့စီးပွားရေးတွင် အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပြီး အများစုမှာ မိသားစုပိုင်လုပ်ငန်းများဖြစ်ကြသည်။
မိသားစုပိုင်လုပ်ငန်းတို့သည် ကာလရှည်ကြာလာသည်နှင့်အမျှ အခြေအနေပေးသည့်အပေါ်မူတည်၍ ပိုမိုတိုးတက်ကြီးထွားလာကြသည်။ မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းစီမံအုပ်ချုပ်လုပ်ကိုင်ကြသည်။ လုပ်ငန်းကြီးလာ၍လည်းကောင်း၊ ပါဝင်စီမံဆောင်ရွက်ကြသော မိသားစုဝင်များ တိုးပွားလာမှုကြောင့်လည်းကောင်း ပိုမိုရှုပ်ထွေးသောအခြေအနေနှင့် ပြဿနာများကို ရင်ဆိုင်လာကြရသည်။
လုပ်ငန်းကြီးထွားလာသည်နှင့်အမျှ လုပ်ငန်းကို ပူးပေါင်းဆောင်ရွက်လိုသူ၊ လက်ပြောင်းဝယ်ယူလိုသူတို့လည်း ပေါ်ပေါက်လာနိုင်ပေသည်။ အနာဂတ်အလားအလာ လက်ငင်းအကျိုးအမြတ်ပေါ်မူတည်၍ ပေါင်းသင့်ကပေါင်း၊ ရောင်းသင့်ကရောင်းရသည့် အခြေအနေမျိုးလည်း ကြုံရတတ်သည်။
ဤသို့သော အခြေအနေမျိုးတွင် သာမန်မိရိုးဖလာစီမံခန့်ခွဲမှုပုံစံမျိုးဖြင့် မလုံလောက်တော့ပြီ။
ပိုမိုစနစ်ကျသော ပြင်ဆင်မှု၊ ဖွဲ့စည်းပုံ၊ စီမံခန့်ခွဲမှုများ လိုအပ်ပေသည်။
သို့မှသာ မလိုလားအပ်သော အခက်အခဲပြဿနာများကို ရှောင်ရှားနိုင်ပြီး လျင်မြန်စွာတိုးတက်ကြီးထွားနိုင်သည့် အခြေအနေကောင်းကို ဖန်တီးနိုင်ပါလိမ့်မည်။
အယ်ဒီတာ