[caption id="attachment_21836" align="alignnone" width="423"]
Maurice Rozet Chairman of the Board and President Alexander Huges (Executive Search Consultants)[/caption]
ကုမ္ပဏီတွေ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးဟုဆိုရာမှာ နိုင်ငံတကာမှ စီမံခန့်ခွဲမှုပင်ကိုစွမ်းရည်ရှိသူတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်ဖို့ အသေးစိတ်ညှိနှိုင်းတည့်မတ်ပေးခြင်း၊ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုနဲ့ လည်ပတ်မှုစံညွှန်းများ လိုက်လျောညီထွေရှိအောင် ပြင်ဆင်ညှိနှိုင်းခြင်းတွေ လိုအပ်သည်ဟု Maurice Rozet က တွေ့ဆုံမေးမြန်းသူ Abhilasha Ojha အား ပြောကြားလိုက်သည်။ ထိပ်တန်းလခစားမန်နေဂျာတွေ ငှားရမ်းတဲ့အခါ ကုမ္ပဏီတွေက မည်သည့်အဓိကအချက်တွေကို အလေးထား ရမည်ဟု သင်ထင်မြင်ပါသလဲ။ အောင်မြင်တဲ့ကုမ္ပဏီတွေဟာ မန်နေဂျာတွေ၊ အထူးသဖြင့် ထိပ်တန်းမန်နေဂျာတွေရဲ့ အရည်အသွေးကြောင့် အောင်မြင်တယ်လို့ အမှတ်ရလိုက်ပါ။ ကုမ္ပဏီတစ်ခု နှစ်ကာလတစ်လျှောက်ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲသွားပုံကို သူတို့က အဆုံးအဖြတ်ပေးလို့ ဘယ်သူ့ကိုငှားရမ်းရေးကို အလေးထားရာမှာ ပေါ်လွင်နေတာပဲ။ ကုမ္ပဏီ ရဲ့မျှော်မှန်းချက်ကို ဦးဆောင်နေသူတွေအနက် အရေးပါတဲ့ခေါင်းဆောင်မန်နေဂျာအစုအဖွဲ့ဟာ အခရာပဲ။ ယင်းအစုအဖွဲ့ရဲ့ စည်းလုံးညီညွှတ်မှု၊ ဘုတ်အဖွဲ့ဝင်တွေရဲ့ အရည်အသွေးတွေနဲ့ ထိပ်တန်းကျကျ ထောက်ကူပေးတဲ့အလုပ်တွေကြောင့် ကုမ္ပဏီအောင်မြင်သွားတယ်။ ကုမ္ပဏီတွေ နိုင်ငံတကာအသွင်ဆောင်လာလို့ လည်ပတ်ပုံနည်းလမ်းလည်း ပြောင်းလဲနေတယ်။ တစ်ချိန်တည်းမှာ စီမံခန့်ခွဲမှုဟန်ဆိုင်ရာအဓိက ပြောင်းလဲမှုတွေတွဲပါလာနေလို့ စိန်ခေါ်ချက်ကြီးပဲလို့ ကျွန်တော် ထင်တယ်။ သက်ဆိုင်ရာကဏ္ဍမှာ ပြုလုပ်ရမယ့် အပြောင်းအလဲကို ဖော်ထုတ်နိုင်မယ့် စီမံခန့်ခွဲရေးဘုတ် အဖွဲ့ဝင်ခေါင်းဆောင်တွေကို တာဝန်ပေးခြင်း၊ လုပ်ကိုင်လည်ပတ်တဲ့ဟန်မှာ အရေးပါတဲ့အပြောင်းအလဲတွေ ပြုလုပ်ခြင်း၊ နိုင်ငံစုံအလုပ်တာဝန်တွေကို အောင်အောင်မြင်မြင်လက်ခံဆောင်ရွက်စေဖို့ လခစားဝန်ထမ်းတွေကို အားပေးခြင်းတို့ဟာလည်း စိန်ခေါ်ချက်တစ်ရပ်ဖြစ်လာနိုင်ပါတယ်။ လက်ရှိစီးပွားရေးအစီအစဉ်အရဆိုရင် စီးပွားရေးလုပ်ငန်းတွေရဲ့ စကေးဟာ အမြဲတမ်းပြောင်းလဲ၊ ကြီးထွား၊ ဖွံ့ဖြိုးနေတော့ ဆုံးဖြတ်ချက်ချရာမှာ အရှုပ်အထွေးပေါ်ပေါက်လာတော့တယ်။ လုပ်ငန်းတွေ လည်ပတ်နေပုံဆိုင်ရာ ပြောင်းလဲနေခြင်းရဲ့အကျိုးဆက်အဖြစ် ထိပ်တန်းစီမံခန့်ခွဲရေးသမား မလုံမလောက်ဖြစ် နေတယ်လို့ ကျွန်တော်လက်ခံသဘောတူရမှာပါ။ ဒီကွာဟချက်ပပျောက်အောင် ပင်ကိုစွမ်းရည်ရှိသူတွေနဲ့ နည်း နာတို့ကို ကျွန်တော်တို့က ကမ်းလှမ်းပေးဖို့လိုပါတယ်။ အိန္ဒိယလို ထွန်းသစ်ပေါ်လွင်လာနေတဲ့ ဈေးကွက်တွေမှာ ကုမ္ပဏီတွေကြုံတွေ့ရတဲ့ သီးသီးသန့်သန့် ပြဿနာ တွေရှိပါသလား။ အဲဒီနိုင်ငံတွေမှာ ဈေးကွက်အခွင့်အလမ်းတွေရှိနေပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း နိုင်ငံတကာကို ဖြန့်ကျက်ဆောင်ရွက်တဲ့ အလွန်ကြီးမားတဲ့ကုမ္ပဏီတွေ ပေါ်ထွက်ခဲ့ပါတယ်။ လိုအပ်နေတာက စီးပွားရေး လုပ်ငန်းကို 'အမှန်တကယ်' နိုင်ငံတကာဆန်တဲ့ နည်းလမ်းနဲ့ လုပ်တတ်အောင် ရှုမြင်ဖို့အစီအမံပါ။ ရိုးရိုးကလေး ဆိုလိုတာက ဆက်လက်ကြီးထွားနေဖို့လိုသလို တစ်ဖက်ကလည်း ကမ္ဘာ့ထိပ်တန်းမန်နေဂျာတွေကို ဆွဲဆောင် သိမ်းသွင်းနိုင်အောင် စီမံခန့်ခွဲမှုနဲ့ အလုပ်စံတွေကို အနုစိတ်ညှိခြင်း၊ လိုက်လျောညီထွေပြုပြင်ခြင်းတို့ လုပ်ရပါမယ်။ ထွန်းသစ်ပေါ်ထင်လာတဲ့နိုင်ငံတွေမှာ ကုမ္ပဏီတွေ အရေးပါလာပြီဖြစ်လို့ အဓိကစိန်ခေါ်ချက် ကတော့ ထိပ်တန်းမန်နေဂျာတွေ ပေါ်ထွန်းလာအောင် ကောင်းမွန်တဲ့အလေ့အထစည်းကမ်းတွေ သုံးစွဲဖို့၊ ညှိ ယူဖို့ ဖြစ်ပါတယ်။ သင့်ကုမ္ပဏီဟာ ကမ္ဘာမှာ သက်တမ်းအရင့်ဆုံးလုပ်သား ရှာဖွေရေးကုမ္ပဏီတစ်ခုပါ။ ခေတ်သစ်ကုမ္ပဏီတွေရဲ့ ပြောင်းလဲနေတဲ့ လိုအပ်ချက်တွေနဲ့အညီ ညှိယူဖို့ သင်တို့ကဏ္ဍအားထုတ်နေတာ ဘယ်လိုအခြေအနေရှိပါသ လဲ။ ကျွန်တော်တို့ကမ္ဘာလုံးဆိုင်ရာအမြင်နဲ့ စဉ်းစားတယ်။ နိုင်ငံစုံအခြေစိုက်ကုမ္ပဏီကြီး (MNCs) တွေဆိုတာ အိန္ဒိယ၊ မက္ကဆီကို၊ ဒါမှမဟုတ် ပိုလန်ဖြစ်ပါစေ။ အတူတူပါပဲ။ အဲဒီကုမ္ပဏီတွေအကြား ခြားနားတာက C Suite (ကုမ္ပဏီ၌ အရေးပါဆုံးမန်နေဂျာတွေ) တွေက ဘယ်လိုနည်းနာ အစီအမံတွေချမှတ်တယ်၊ ဖြေရှင်းဖို့ ကြိုးပမ်း တယ်ပေါ့။ အတော်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လုပ်ငန်းအကြံပေးတွေနဲ့ ပူးတွဲဆောင်ရွက်လေ့ရှိကြပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေအဖို့တော့ ယင်းကဏ္ဍအများကြီး လိုအပ်နေပါသေးတယ်။ ထိပ်တန်းမန်နေဂျာတွေကို ငှားရမ်းရင် ထိ ရောက်မှုရှိနိုင်ကြောင်းကို နိုင်ငံတကာလုပ်သားရှာဖွေရေး အေဂျင်စီတွေက ရှင်းပြနေရပြီး တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းတွေဟာ ပထဝီဝင်အရသာမက၊ နည်းပညာနဲ့စီးပွားရေးအရပါ ပြောင်းလဲနေတဲ့သဘောကို ရင်ဆိုင်နေရပါတယ်။ ဥပမာ- မီဒီယာကို ကြည့်ရင် အလုပ်လုပ်ပုံ လုံးဝပြောင်းသွားခဲ့ပြီး လွန်ခဲ့တဲ့နှစ်၂၀ အတွင်း အကြီးအကျယ် ပြောင်းသွားဖို့ စိန်ခေါ်ချက်တွေလည်း ပြောင်းလဲသွားတယ်။ မီဒီယာကဏ္ဍမှာ ဒစ်ဂျစ်တယ်နည်းဟာ အခရာမို့ လုပ်သားငှားရမ်းရင် အွန်လိုင်းကို သတိရနေရပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း နက်နက်ရှိုင်းရှိုင်း ပြောင်းလဲသွားတဲ့အခြားလုပ်ငန်းတွေဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ သက်ရှိဗေဒဆိုင်ရာတို့ဖြစ်ပါတယ်။ ကျွန်တော်တို့က ပြောင်းလဲနေတဲ့ဖောက်သည်ဆန္ဒ၊ နည်းပညာတို့နဲ့ လိုက်လျောညီထွေမှုရှိအောင် မပြတ်တမ်းလိုက်ပြောင်းရပါမယ်။ ကျွန်တော်တို့အဖို့က အပြောင်းအလဲကို ကြိုတင်သိထားဖို့ပါ။ ဖောက်သည်တွေမှာ မဟာဗျူဟာရှိပြီးသားမို့ ဖောက်သည်တွေကို မဟာဗျူဟာကိစ္စမသင်ပေးဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့က ဖောက်သည်မဟာဗျူဟာကိုယူ၊ အနုစိတ်ညှိ၊ ပြီးရင်ဖြေရှင်းနည်းတွေ ရေးဆွဲပေးပါတယ်။ ကျွန်တော်တို့လို အထူးပြုကျွမ်းကျင်မှုကုမ္ပဏီရဲ့ အလုပ်က ဖောက်သည်ကို နားလည်၊ ဈေးကွက်ကို သိရှိဖို့ဖြစ်ပြီး အဆုံးအဖြတ်ကိုတော့ လုံးဝမပေးပါဘူး။ ကုမ္ပဏီရဲ့ ပင်ရင်းမဟာဗျူဟာတွေကိုလည်း မပြောင်းပေးပါဘူး။
ခင်အောင် (အင်္ဂလိပ်စာ)