Marketing ပညာကို စိတ်ဝင်စားသော ကျောင်းသားများ၊ ပညာရှင်များ၊ လူငယ်ဈေးကွက်ကို ထိုးဖောက်သိမ်းပိုက်လိုသော လုပ်ငန်းရှင်များ၊ မန်နေဂျာများအတွက် ရည်ရွယ်ကာ စီအီးအို စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းမှ ကြီးမှူးကျင်းပတဲ့ Marketing Z Generation ဟောပြောပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်က ယနေ့ မနက်မှာ ရန်ကုန်မြို့ Chatrium Hotel Royal Lake Yangon မှာ ကျင်းခဲ့ပါတယ်။ Marketing Z Generation ဟောပြောပွဲတွင် Z မျိုးဆက်ကိုနားလည်ရန်၊ Z မျိုးဆက်ကို ရည်ရွယ်ရောင်းချရန် သိအပ်သော အတွေ့ အကြုံဗဟုသုတများနှင့် ၎င်းတို့အားပီပြင်စွာ ထိတွေ့ဆက်သွယ်နိုင်မည့် Marketing technology and tool များကို ဦးသူရိန်ငြိမ်း (MD, Nielsen MMRD Myanmar) မှာ Z Generation; Consumer Trend, Behaviour & Lifestyle ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးမြင့်ဇော် (MD, AYA Bank )မှ Selling to Z Generation ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဟိန်းလွင် (Vice President, Technology Development, Digital Commerce, FWD Life Insurance Thailand) မှ Marketing Technologies & Tools ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးပေးခဲ့တာဖြစ်ပါတယ်။ ဟောပြောပွဲကို စီအီးအို စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းနှင့်အတူ Sponsor များအဖြစ် City Express ၊ CB Bank ၊ Enervon C ၊ Stallion Lubricants နှင့် Zojirushi တို့မှ Sponsor များအဖြစ် ပူးပေါင်းပါဝင်ပေးခဲ့ကြပါတယ်။ ဟောပြောပွဲတွင် Speaker များ အသုံးပြုခဲ့သော Power Point များ
Z Generation ; Consumer Trend, Behaviour & Lifestyle Selling to Z Generation Marketing Technologies & Tools