ပြိုင်ဆိုင်မှုစွမ်းရည်နှင့် လုပ်အားခ

mar2018commentary

နိုင်ငံတစ်နိုင်ငံတွင် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံများ (Infrastructure) ဆောက်လုပ်ထူထောင်နိုင်ရန်အတွက် အခွန်အကောက်များ၊ ပို့ကုန်ဝင်ငွေနှင့် အခြားလုပ်ငန်းမျိုးစုံမှ ဝင်ငွေများကို အခြေခံရမည်ဖြစ်ပါသည်။ ပို့ကုန်နှင့် အပ်ကုန်ဝင်ငွေ တိုးတက်ရန်အတွက် ပြိုင်ဆိုင်နိုင်မှုစွမ်းရည် (Competitiveness) ရှိရန် လိုအပ်လှပေသည်။

ယခုအခါ ကျွန်တော်တို့နိုင်ငံတွင် လုပ်အားခညှိနှိုင်းနေသည့်အချိန်တွင် ရေတိုရေရှည်အကျိုးများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ တစ်ဖက်က လုပ်အားခကို ညှိနှိုင်းနေသည့်အချိန်တွင် အခြားတစ်ဖက်ကလည်း မိမိတို့၏ လုပ်ဆောင်ရည်စွမ်းအားနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာပြုပြင်မြှင့်တင်ရမည့် အချက်များကို ပြင်ဆင်ထားရန်လိုအပ်ပါသည်။ အလုပ်ကို သေသေသပ်သပ် တာဝန်ယူလုပ်ဆောင်တတ်ခြင်း၊ အချိန်နှင့်လုပ်ဆောင်တတ်ခြင်း၊ ရိုးသားမှုရှိခြင်း၊ နာခံမှုရှိခြင်း၊ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများကို တစ်သဝေမတိမ်းလုပ်ကိုင်တတ်ခြင်းတို့ လိုအပ်ပါသည်။

မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံများတွင် အသေးစိတ်လုပ်ကိုင်တတ်ခြင်း၊ ဝန်ဆောင်မှုစိတ်ဓာတ်ရှိခြင်း၊ အရည်အသွေးစံမီအောင် လုပ်ကိုင်တတ်ခြင်းတို့ကြောင့် နာမည်ကောင်းများရှိရာ ထုတ်ကုန်နှင့် အပ်ကုန်၊ ဈေးနှုန်းနှင့် အရည်အသွေးကောင်းမွန်ခြင်းကြောင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်မြင့်မားသည်ကို သတိပြုရန်လိုအပ်ပါသည်။

ကိစ္စရပ်တိုင်းတွင် အပေးအယူသဘောရှိရာ ထိုက်သင့်သည့် လုပ်အားခရရှိရန် ထိုက်တန်သည့်လုပ်အားပေးဆပ်နိုင်မှသာ ယှဉ်ပြိုင်နိုင်စွမ်းရှိမည် ဖြစ်ပါကြောင်း။

မောင်သာ