Manida Spa

ManidaSpa1

မကြာသေးခင်ကမှ ဖွင့်လှစ်ထားရှိတဲ့ Novotel Hotel Yangon Max မှာရှိတဲ့ Spa တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်းနိုင်ငံရဲ့အငွေ့အသက်တွေကို ခံစားရပြီး ကျယ်ကျယ်ဝန်းဝန်း အပန်းဖြေနိုင်မယ့် Spa တစ်ခုဖြစ်တဲ့ Manida Spa ဆိုင်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ManidaSpa2

ဆိုင်တည်နေရာနဲ့ ဆိုင်ဖွင့်ချိန်

ဆိုင်တည်နေရာကတော့ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းပေါ်ရှိ အမှတ်- ၄၅၉ မှာရှိတဲ့ Novotel Hotel Yangon Max ရဲ့ ခြောက်လွှာမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၁၁ နာရီထိ ပိတ်ရက်မရှိ ဖွင့်ထားပါတယ်။ ဆက်သွယ်မယ်ဆိုရင် ဖုန်းနံပါတ် ၀၁- ၂၃၀၅၈၅၈ Ext: ၆၀၄၃၊ ၀၉၂၆၂၄၃၂၆၁၁ ကို ဆက်သွယ်နိုင်သလို Facebook မှာဆိုရင်လည်း manida.spa ကို ဝင်ရောက် လေ့လာနိုင်ပါတယ်။

ManidaSpa3

ဆိုင်ဖွင့်ဖြစ်ပုံနဲ့ ဆိုင်နာမည်ပေးဖြစ်ပုံ

ဆိုင်ကို Novotel Hotel မဖွင့်ခင်ကစပြီး ဖွင့်ခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ ဆိုင်ပေါင်း ၁၁ ဆိုင်ရှိပါတယ်။ Chatrium Hotel မှာက ပထမဆုံးဖွင့်တာဖြစ်ပြီး Sedona Hotel ၊ ငွေဆောင်နဲ့ Hotel တော်တော်များများမှာလည်း ဖွင့်လှစ်ထားပါတယ်။ Manida က ထိုင်းနာမည်ဖြစ်ပြီး အောင်မြင်မှုလို့ အဓိပ္ပာယ်ရပါတယ်။

ManidaSpa4

ဝန်ဆောင်မှုပိုင်းနဲ့ အများဆုံးလုပ်ကြတဲ့ ဝန်ဆောင်မှု

ဝန်ဆောင်မှုပိုင်းမှာ ခေါင်းအစခြေအဆုံး ရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ Massage တွေ ရနိုင်တဲ့ Healthy Spa တစ်ခုဖြစ်ပါတယ်။ Facial ပိုင်းမှာဆိုရင် Scrub ရှိနိုင်သလို Aroma ဆီမွှေးနဲ့ အသုံးပြုပြီး ဝန်ဆောင်မှုပေးပါတယ်။ Exchange Rate က အပြောင်းအလဲဖြစ်နေတော့ မြန်မာကျပ်ငွေနဲ့ ပေးချေနိုင်သလို ဒေါ်လာနဲ့လည်း ပေးချေနိုင်ပါတယ်။ အသေးစိတ်ဆိုရင် Scrub အမျိုးမျိုး၊ Facial ၊ Jacuzzi ၊ Sauna ၊ Facial Treatment ၊ Spa Package ၊ Manida Experience ၊ Massage အမျိုးမျိုး၊ Dry Massage ၊ Foot Reflexology ၊ THAI Herbal Compress Massage စတဲ့ ဝန်ဆောင်မှုတွေ ရနိုင်ပါတယ်။

ManidaSpa5

Product ပိုင်း

Product ပိုင်းမှာ မျက်နှာကို ပြင်သစ် Brand က Algothrem ဆိုတဲ့ Product ကိုအသုံးပြုပြီး စပိန် Brand Product လည်း ရှိပါတယ်။ ဒီ Product က ဈေးကြီးတာကြောင့် ထိုင်းနိုင်ငံရဲ့တော်တော်များများ Spa တွေမှာ မသုံးပေမဲ့ Manida မှာတော့ Sensitive Skin ကအစ တည့်လို့ အသုံးပြုပေးပါတယ်။ ဈေးနှုန်းက မြင့်တဲ့အတွက် အမြတ်မကျန်ပေမဲ့ မြန်မာနိုင်ငံက Customer တွေအတွက် ပစ္စည်းကောင်းကို သုံးပေးချင်တာကြောင့် ဒီပစ္စည်းကို အသုံးပြုပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

ManidaSpa6

Promotion အစီအစဉ်

အခုက Massage Item တစ်ခုတည်းအတွက် ၁၀ ရာခိုင်နှုန်းစီ Discount ချပေးထားပါတယ်။ ဆိုင်မှာက ရှိတဲ့ Member System လိုမျိုး Program က ပိုက်ဆံအရင်ကြိုသွင်းရတဲ့ ပုံစံမျိုးပါ။ အဲဒီ Program မျိုးဆိုရင် ဆယ်ကြိမ်လုပ်ရမှာကို ၁၄ ကြိမ်လောက်လုပ်ရတဲ့ Program မျိုးဆိုတော့ ၃၃ ရာခိုင်နှုန်းလောက် Discount ပေးတဲ့သဘောပါ။ သာမာန် Menu မျိုးဆိုရင်တော့ Discount ဆိုရင် ၁၀ ရာခိုင်နှုန်းပဲ ဈေးလျှော့ပေးပါတယ်။

ManidaSpa7

ဈေးနှုန်းပိုင်း

Spa Package အတွက်ဆိုရင် ဒေါ်လာ ၈၀ ကနေ ၁၁၀ အထိရှိပြီး Scrub ဆိုရင် ဒေါ်လာ ၃၀ ကနေ ၄၀ အထိ ရှိပါတယ်။ Facial Treatment ဆိုရင် ဒေါ်လာတစ်ရာ ကျသင့်မှာဖြစ်ပါတယ်။ Massage ပိုင်းမှာ ဒေါ်လာ ၅၀ ကနေ ၇၀ အတွင်းရှိပါတယ်။

ManidaSpa8

ကျွမ်းကျင်ဝန်ထမ်းတွေ ထားရှိမှုအပိုင်းနဲ့ပတ်သက်ပြီး

ယိုးဒယားဝန်ထမ်းတွေရှိသလို ပြည်တွင်းဝန်ထမ်းတွေ ရှိပါတယ်။ ဝန်ထမ်းတွေအားလုံးကို Training ပြန်ပေးပါတယ်။ ယိုးဒယားကိုလွှတ်ပြီး Training ပေးတာရှိသလို ဆိုင်မှာပဲ Training ပြန်ပေးတာမျိုးကိုလည်း ခဏခဏလုပ်ပေးပါတယ်။

ManidaSpa9

အများဆုံးလာရောက်ကြတဲ့ ဧည့်သည်တွေက

Hotel မှာဖွင့်လှစ်ထားတာဆိုတော့ Foreigner တွေလည်း လာကြသလို Local Customer တွေလည်း အများဆုံးလာရောက်ကြပါတယ်။

အနာဂတ်အစီအစဉ်

ဆိုင်ခွဲတွေလည်း ဖွင့်တာများနေပြီဆိုတော့ လောလောဆယ်မှာ ထပ်ဖွင့်ဖို့ မရှိသေးပါဘူး။

လိုင်လာ