၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ မန္တလေးမြို့ရှိ Hotel Marvel Mandalay တွင် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းမှ ကြီးမှူးပြီး အမှတ်တံဆိပ်တို့၏ ဘူမိနက်သန် မန္တလေး ဆွေးနွေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါတယ်။
ပွဲမှာ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဒေါက်တာသာထွန်းဦးမှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ Alpha Info Tech ရဲ့ Founder နဲ့ Managing Director ဖြစ်သူ ဦးရဲမြတ်သူမှ Reflection of Mandalay Brands ဆိုတဲ့ခေါင်းစဉ်ဖြင့် ခေတ်အဆက်ဆက် မန္တလေးမှ အမှတ်တံဆိပ်များ ရှင်သန်ရပ်တည်ခဲ့ပုံ၊ ပျောက်ကွယ်သွားမှုများကို သုံးသပ် ပြောပြဆွေးနွေးခဲ့ပါတယ်။ AAT Business Center မှ Founder နဲ့ Managing Director ဖြစ်သူ ဒေါ်အေးအေးသန့်မှ Effective Brand Management - ထိရောက်သော အမှတ်တံဆိပ် စီမံခန့်ခွဲမှု နဲ့ပတ်သက်ပြီး နိုင်ငံတကာ၊ ဒေသတွင်းနဲ့ ပြည်တွင်း ဥပမာများဖြင့် စုံစုံလင်လင်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပါတယ်။ အရီးတောင်းလက်ဖက်ရဲ့ ပိုင်ရှင် ဦးသိန်းမြင့်မှတော့ A Brand Journey ခေါင်းစဉ်ဖြင့် အမှတ်တံဆိပ်တစ်ခု စတင်ပေါက်ဖွားလာပုံမှစလို့ ရှင်သန်ရပ်တည်နိုင်ဖို့ ကြိုးစားခဲ့ပုံများနဲ့ လက်ရှိအခြေအနေအထိ ရပ်တည်နိုင်တဲ့ အဓိကအချက်များကို ပါဝင်ဆွေးနွေးပေးခဲ့ပါတယ်။
ဒီပွဲကို CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းနှင့်အတူ City Mart Holding Company Limited ၊ Grand Royal Special Reserve ၊ United Paint Group နဲ့ PAN တို့မှ Sponsor များအဖြစ် ပါဝင်ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။