Malikha Power Engineering Limited ကို ဦးဆောင်နေတဲ့ Managing Director ဒေါ်ချိုသီရိမောင်

CEO ရဲ့ စာဖတ်ပရိသတ်တွေဆီ စီးပွားရေးလောကမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီး ဦးဆောင်သူတွေ၊ လုပ်ငန်းရှင်တွေရဲ့ ခံယူချက်၊ ပညာသင်ကြားမှုနောက်ခံ၊ ဘဝလှေကားထစ်တွေကို ဖြတ်သန်းကြိုး စားကျော်ဖြတ် ခဲ့မှုတွေနဲ့ လုပ်ငန်းသက်တစ်လျောက် ပြန်မျဝေပေးချင်တဲ့အတွေ့အကြုံတွေကို CEO မဂ္ဂဇင်းရဲ့ စာမျက်နှာတွေကနေတစ်ဆင့် ပေးပို့လိုက်ပါတယ်။ ဒါကြောင့် Malikha PowerEngineering Limited ကို ဦးဆောင်လုပ်ကိုင်နေတဲ့ Managing Director ဒေါ်ချိုသီရိမောင်ရဲ့ ဖြေကြားမှုတွေကို အခုလို ပြန်လည်ဖော်ပြလိုက်ပါတယ်။ article portrait watermark final

ပညာရေးနောက်ခံ

ကျွန်မက ရန်ကုန်တက္ကသိုလ်ကနေ Physics နဲ့ ကျောင်းပြီး ခဲ့ပြီး ၂၀၀၂ ခုနှစ်ရောက်တော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ MBA တက်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ MBA ပြီးသွား တော့ ဂျပန်နိုင်ငံအစိုးရက နှစ်စဉ်ပေးတဲ့ Young Leader's Program  ရဲ့ Scholorship ရခဲ့ပြီး ဂျပန်နိုင်ငံ၊ Hitotsubashi University  မှာ MBA  ထပ်တက်ခွင့်ရခဲ့ပါတယ်။ ၂၀၀၈ခုနှစ် မှာသွားတက်ပြီး ၂၀၀၉ ခုနှစ်မှာ ကျောင်းပြီးခဲ့ပါတယ်။IDCS၊ dimploma in IR၊ Diploma in English၊ National Management College  ကနေဖွင့်တဲ့Diploma in Tourism Studies and Managemen  သင်တန်းတွေလည်း တက်ခဲ့ပါ တယ်။  

ကုမ္ပဏီလုပ်ငန်းများအကြောင်း

ကျွန်မတို့Malikha Power Engineering Ltd   အနေနဲ့  အစပိုင်းမှာEkarat Transformer   နဲ့Myanmar Ekarat Transformer   ကို Execlusive Dealer    အဖြစ် မြန်မာ တစ်ပြည်လုံးကို ဖြန့်ခဲ့ပါတယ်။ နောက်ပိုင်းဈေးကွက်အခြေ အနေအရ One Stop Service  ဖြစ်အောငTransformer   ရဲ့ အခြားဆက်စပ်ပစ္စည်းတွေကိုပါ Supply လုပ်နိုင်အောင် တိုးချဲ့ခဲ့တယ်။ Customer လိုအပ်ချက်ပေါ်မူတည်ပြီး Service ကိုချဲ့ရသလို Product Range   တွေကိုလည်း ပိုပြီး ချဲ့ထွင် ခဲ့ပါတယ်။ Transformer တပ်တော့မယ်ဆိုရင် သက်ဆိုင်တဲ့ Site ကို Survey အနေနဲ့ သွားကြည့်ရတာကနေစပြီး Consultancy & Design ၊ Paper Work၊၊ supply Installation  နောက်ဆုံးအဆင့်ဓာတ်အားလွှတ်ပြီးစီးသွား တဲ့အထိ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။  အဓိကကတော့ Customer တွေအတွက် အဆင်ပြေအောင် One Stop Services  အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ခုက တော့ Solar Panel တွေ တင်သွင်းပါတယ်။ မီးမရသေးတဲ့ ဧရာဝတီတိုင်းက တချို့နေရာတွေမှာ NGO တွေနဲ့ ပေါင်း ပြီး တပ်ဆင်ပေးတာပါ။ Travels & Tours ကုမ္ပဏီဖြစ်တGrand Bridge Travels & Tours   ကိုတော့ ၂၀၁၁ ခုနှစ်မှာ စခဲ့ပါတယ်။ ပြည်ပက စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာပြည်လာတဲ့အခါ သူတို့အတွက် စီးပွားရေးအခွင့်အလမ်းတွေ ဘယ်လိုရှိတယ်ဆို တာသိအောင် ရှင်းပြပေးတာ၊ သူတို့တွေ့ချင်တဲ့အဖွဲ့အစည်း တွေနဲ့ တွေ့နိုင်အောင် ချိတ်ဆက်ပေးတာမျိုးလေးတွေ လုပ် ပေးတာပါ။ အဓိကကတော့ Business အတွက် လာတဲ့သူ တွေကို focus ထားတာဖြစ်ပြီး ကျွန်မအတွက် အသစ်စဖြစ် လိုက်တဲ့လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။  

အောင်မြင်မှုဆိုတာ  . . .

ပိုက်ဆံချမ်းသာမှ၊ လုပ်ငန်းကြီးလုပ်နိုင်မှ၊  နာမည်ကြီးမှ ... စသဖြင့် လူတစ်ယောက်နဲ့တစ်ယောက် အောင်မြင်မှုကို တိုင်းတာတဲ့ Criteria ချင်း မတူနိုင်ပါဘူး။  ကျွန်မအတွက် ကတော့ အောင်မြင်မှုဆိုတာက ကိုယ်လုပ်နိုင်တဲ့ Capacity တစ်ခုအတွင်းမှာ အကောင်းဆုံးကြိုးစားပြီး ကိုယ့်ပတ်ဝန်း ကျင် (မိသားစု) နဲ့ Business Society အတွက်၊ နောက် ဆုံး... နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ အတိုင်း အတာတစ်ခုထိ ကြိုးပမ်းဆောင်ရွက်မှုအပေါ် အများက သတ်မှတ်တာဖြစ်သလို အဲဒါကိုပဲအောင်မြင်မှုလို့မြင်ပါတယ်။  

စံထားရတဲ့ပုဂ္ဂိုလ်များ

ကျွန်မအဖေပါ။ အဖေက ကျွန်မကို အရာရာ အကောင်း ဘက်က ကြည့်တတ်ဖို့၊ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို ကိုယ်တိုင်သိပြီး အောင်မြင်အောင်ကြိုးစားဖို့၊ ဇွဲမလျော့ဖို့၊ အရာရာကို ချင့်ချိန်စဉ်းစားတတ်ဖို့၊ အချိန်ကို လေးစားတတ်ဖို့ သင်ပြပေးခဲ့ပါတယ်။ ဆူတာမျိုးမဟုတ်ဘဲ Flexible ဖြစ် တဲ့ပုံစံ၊ မိတ်ဆွေသူငယ်ချင်းလိုပုံစံမျိုးနဲ့ အမှန်ကို မြင်တတ် အောင် ပြင်ပေးခဲ့တယ်။ သူကိုယ်တိုင်က စီးပွားရေးနောက်ခံ မရှိဘဲ စီးပွားရေးလောကမှာ နေရာတစ်နေရာရအောင်၊ လုပ် ငန်းခွင်ဝင်ပြီးမှ MBA ရအောင် ကြိုးစားနိုင်ခဲ့တယ်။ ဒါတွေ ကြောင့် အဖေဟာ ကျွန်မကို အနေအထားတစ်ခုရောက်အောင် ပံ့ပိုးပေးခဲ့တဲ့ လက်ဦးဆရာတစ်ဦး ဖြစ်ပါတယ်။ နောက်တစ်ယောက်က ဆရာမကြီးဒေါ်ရီရီမြင့်ပါ။ ဆရာမကြီးက ကျွန်မကို Guideline အများကြီး ပေးခဲ့ပါ တယ်။ MBA     ပြီးသွားချိန်မှာ အမျိုးသမီးစွမ်းဆောင်ရှင် အသင်းကို စပြီး ဝင်ဖြစ်တယ်။ ကျွန်မဘဝမှာ ပထမဆုံးဝင် ဖြစ်တဲ့ Association လို့ ပြောရင်ရပါတယ်။ အဲဒီမှာ ဆရာ မကြီးအနေနဲ့ တိုင်းပြည်အတွက်ထားတဲ့၊ အမျိုးသမီးတွေ အတွက်ထားတဲ့ Passion တွေကို သိခွင့်ရချိန်မှာ အင်မတန် လေးစားမိပါတယ်။ ဆရာမကြီးရဲ့Guideline  တွေကိုလည်း အများကြီးယူဖြစ်ပါတယ်။ MBA ပြီးသွားချိန်မှာ ကျောင်း ဆက်တက်ပြီး International Exposure  ယူဖို့လိုတယ်လို့ ဆရာမကြီးကအားပေးခဲ့တယ်။ ကိုယ်တိုင်ကလည်း Further Study   အတွက် ကြိုးစားနေတဲ့သူတွေကိုကြည့်ပြီး ကြိုးစား သင့်တယ်လို့ ခံယူခဲ့သလို ပြန်လာရင်လည်း ကိုယ့်နိုင်ငံ အတွက်Contribute  ပိုလုပ်နိုင်မလားလို့တွေးမိပြီး ကျောင်း သွားတက်ခဲ့ပါတယ်။ ကျောင်း တက်ပြီးပြန်လာချိန်မှာ ဆရာ မကြီးက ''ရှေ့ဆက်ဘာလုပ်မှာလဲ။ တတ်ထားတဲ့ပညာတွေ ကို ကိုယ့်စီးပွားရေးအပြင် ကိုယ့်ပတ်ဝန်းကျင်အတွက် ဘာ ပြန်လုပ်ဖို့စဉ်းစားလဲ'' လို့ ကျွန်မကို မေးခဲ့တယ်။ ပြီးတော့ စာရေးဖို့လည်း အကြံပေးခဲ့တယ်။ ကျွန်မစဉ်းစားကြည့် တော့ ကျွန်မအနေနဲ့ စာရေးတာထက် စာသင်ရတာကို ပိုပြီး အားသန်တဲ့အတွက် အချိန်ပိုင်းစာသင်ဖြစ်ခဲ့ပါတယ်။ တ ကယ်ဆိုရင် စာသင်ဖို့ အရင်ကစိတ်ကူးမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဆရာမကြီးက Business Society အတွက် တစ်ခုခုပြန်လုပ် ပေးဖို့ ပြောချိန်မှာ ဒါကိုစဉ်းစားမိသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မကို ပြောင်းလဲစေခဲ့သူတွေထဲမှာ ဆရာမကြီး ဒေါ်ရီရီမြင့်ကို ရှေ့ဆုံးကနေ မြင်ပါတယ်။ MBA  မှာဆိုရင်တော့ ဆရာမကြီးဒေါက်တာဒေါ်ခင် စန်းရီတို့၊ ဆရာမကြီး ဒေါက်တာဒေါ်နုနုယဉ်တို့  ဖြစ်ပါ တယ်။ ကိုယ့်ရဲ့ စဉ်းစားပုံစဉ်းစားနည်း၊ အတွေးအခေါ်တွေကို အများကြီးပြောင်းလဲပေးခဲ့သူတွေ ဖြစ်ပါတယ်။

ဘဝရဲ့ ဦးစားပေးအရာတွေထဲက ကိုယ်ပိုင်ဘဝပုံစံ

၂၇ နှစ်ကနေ အသက် ၃၀ လောက်အတွင်းမှာ ဘဝကို ရှေ့ဆက်ပြီး ဒီထက်ကောင်းအောင် ကြိုးစားဖို့၊ ပညာထပ် သင်ဖို့က ကျွန်မရဲ့ ပထမဦးစားပေးအချက်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်မက တစ်ခုခုဆိုရင် ဇွဲမလျော့ဘဲ ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်အပြည့်ရှိတယ်။ ဂျပန်သွားပြီး ကျောင်းသွားတက်ဖို့ Scholarship  အတွက် နှစ်နှစ်ကြိုးစားခဲ့ ရပါတယ်။ အခုချိန်ထိလည်း အဆက်မပြတ်သင် ယူကြိုးစား နေရတုန်းပါပဲ။ တစ်နှစ်ကို နှစ်ကြိမ်လောက်Management Short Course  လေးတွေ သွားတက်ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ပြည်ပသွားတဲ့အခါ Program ရဲ့ Schedule အတိုင်းဝင်အောင်ကြိုးစားရတာရယ်၊ ကိုယ့်ရုံးအတွက် လစ်ဟင်းမှုမရှိအောင် ကြိုးစားရတာရယ် ဆိုတော့ လူက နှစ်ဆပိုပင်ပန်းပါတယ်။ ဒါပေမဲ့ စာသင်ရ တာကတော့ စိတ်ကို Refresh ဖြစ်စေပါတယ်။ နောက်ပြီး အသင်းအဖွဲ့လေးခုလောက်မှာ အမှုဆောင်အနေနဲ့ပါတဲ့ အ တွက် အသင်းအဖွဲ့ရဲ့လှုပ်ရှားမှုတွေမှာ အချိန်ပေးဖြစ်တာလေး တွေလည်း ရှိပါတယ်။ အဲဒါတွေကပဲ ကျွန်မရဲ့လက်ရှိ ဘ၀ ပုံစံလို့ ပြောရမယ်ထင်ပါတယ်။  

ဖတ်ဖြစ်တဲ့စာအုပ်တွေနဲ့ လေ့လာဖြစ်တဲ့အကြောင်းအရာတွေ

သတင်းဆိုရင် အင်တာနက်က ကြည့်တယ်။ ကိုယ်ကြိုက်တဲ့စာအုပ်ကလေးတွေဆိုရင် အချိန်ပေးပြီး ဖတ်တယ်။ အခု လတ်တလောမှာတော့ Creativity နဲ့ပတ်သက်တဲ့ စာအုပ် မျိုးတွေကို ဦးစားပေးဖတ်ဖြစ်တယ်။ ဥပမာ- Every Leader is An artist   နဲ့ Creative You   စသဖြင့်ပေါ့။ Creative ဖြစ်ဖို့ ဘယ်လိုပုံစံတွေနဲ့ ဖန်တီးတည်ဆောက်မလဲ ဆိုတာမျိုး ဖတ်နေပါတယ်။ ကျောင်းမှာတုန်းက Creativity နဲ့Innovation   ကို subject တွေအနေနဲ့ သင်ခဲ့ရပေမဲ့ Training ပြန်ပေးချင်တဲ့အတွက် ထပ်ပြီးလေ့လာနေတာ ဖြစ်ပါတယ်။ ကျွန်မတို့ဆီက ကလေးအများစုက ငယ်ငယ် ကတည်းက ကျောင်းမှာOne Way Teaching  ပုံစံနဲ့ပဲ သင် ခဲ့ရတာဆိုတော့ သူတို့မှာ Creativity ရှိမှန်းလည်း မသိကြ ဘူး။ သိရင်တောင်  ဘယ်လိုထုတ်သုံးရမှန်း မသိကြဘူး။ ဒါကြောင့် လူတိုင်းမှာ Creativity ရှိတယ်။ ဒါကို ဘယ်လို ပုံစံလေးတွေနဲ့ ဖော်ထုတ်လို့ရမလဲဆို တာကို သိချင်တာရယ်၊ ပြန်သင်ပေးချင်တာရယ်ကြောင့် အဲဒါကို ဇောင်းပေးပြီးလေ့လာ ဖြစ်နေပါတယ်။  

Continuous Learning အတွက် ခံယူထားမှု

Learning   နဲ့ပတ်သက်ပြီး ကျွန်မစဉ်းစားတဲ့ concept ကလေးကို ပုံပြင်တစ်ပုဒ်နဲ့အတူ ပြန်မျဝေချင်ပါတယ်။ အဲ ဒီပုံပြင်လေးမှာ လူငယ်လေးတစ်ယောက်နဲ့ အဘိုးအိုတစ် ယောက်က တောထဲမှာ သစ်သွား ခုတ်ကြတဲ့အခါ အဘိုးအိုက လူငယ်လေးထက် နေ့တိုင်း သစ်ပိုရတယ်တဲ့။ ဒါကြောင့် လူငယ်လေးက နောက်ရက်တွေမှာအစောကြီးသွားပြီး သစ် သွားခုတ်တယ်။ ဒါပေမဲ့လည်း သူဟာ အဘိုးအိုရတာထက် လျော့ပြီး ရပြန်တယ်။ ဒါနဲ့ပဲ သူက သူလုံ့လဝီရိယပိုစိုက် ပြီးကြိုးစားပေမဲ့ ဘာကြောင့် အဘိုးထက်နည်းပြီးရရတာလဲလို့ အဘိုးအိုကိုမေးတော့ အဘိုးအိုက ''မင်းက သစ်ပဲခုတ်တာ ကိုး၊ ဓားမှမသွေးဘဲ'' လို့ ပြန်ပြောခဲ့တယ်တဲ့။ ဒါကြောင့် အလုပ်တွေပဲလုပ်နေတာထက် တစ်ဖက်ကလည်း ကိုယ့်ရဲ့ Skill တွေ၊ Capacity ကို အမြဲတိုးတက်အောင် လုပ်ဖို့က လည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြိုင်ဆိုင်မှု သိပ်များလာတဲ့အခါ ဘယ်လို Strategy မျိုးတွေသုံးမလဲ၊ ကိုယ်ကိုယ်တိုင်ကကော ဘယ်လိုပုံစံမျိုးနဲ့ပြိုင်ဆိုင်မလဲ၊ ကိုယ့်ဝန်ထမ်းတွေကို ဘယ်လို MOtivate လုပ်မလဲဆိုတာ တွေက အရေးကြီးလာတယ်။ အဲဒီမှာ ပြောခဲ့တဲ့ Creativity က အများကြီးအရေးပါလာပါတယ်။ Future မှာ သူများနဲ့ မတူအောင် ဘယ်လိုလုပ်မလဲဆိုတာကို အခုနောက်ပိုင်း ပိုစဉ်းစားမိလာပါတယ်။  

Entrepreneur  ဖြစ်ချင်တဲ့လူငယ်တွေအတွက်အကြံပြုချင်တာ  . . .

အရင်ဆုံး Idea ကောင်းကောင်း ကိုယ့်မှာရှိနေဖို့ လိုပါ တယ်။Idea  ရှိတဲ့အပြင် Business Plan  ကောင်းကောင်း ရေးနိုင်တယ်၊ Professional ဖြစ်တယ်၊ Passion  ရှိ တယ်ဆိုရင် လူငယ်တွေအတွက် Entrepreneur ဖြစ်လာ ဖို့ ဆိုတာ အရင်ထက်စာရင် ပိုပြီး အခွင့်အလမ်းများလာပါပြီ။   Business Plan   ပြိုင်ပွဲတွေဆိုလည်း ရှိလာပါပြီ။ ဝင်ပြိုင် တဲ့အတွက် အနည်းဆုံးတော့ ကိုယ့် Idea ကို ချပြခွင့်ရတာပဲ လေ။ အရေးကြီးတာကတော့ ကိုယ့်ကိုယ်ကိုယ် အဆင် သင့်ဖြစ်အောင် အမြဲတမ်းဖြည့်ဖို့၊ စဉ်းစားထားဖို့ပါပဲ။ ဒါမှ အခွင့်အရေးရှိလာတဲ့အခါမှာ ကိုယ့်ပြင်ဆင်မှုနဲ့ပေါင်းစပ်  ပြီး စိတ်ကူးတွေကို အကောင်အ ထည်ဖော်နိုင်မှာ ဖြစ်ပါ တယ်။ အခွင့်အလမ်းတွေကိုလည်း ရှာတတ်ဖို့ လိုပါတယ်။  စိတ်ဓာတ်မကျဖို့လည်း လိုပါတယ်။ အခုနောက်ပိုင်း ဒီမှာFinancial Support  ပေးတဲ့ Venture Capital Firm ရှိလာပြီဆိုတော့ ကိုယ့်မှာ Idea ကောင်းရှိရင် ဒါကို အရင်းပြုပြီး Partner ကောင်းတွေနဲ့ ချိတ်ဆက်နိုင်ရင် အလုပ်စလုပ်ဖြစ်ဖို့ အခွင့် အရေးကောင်းတွေ ရှိလာပါတယ်။ နောက်တစ်ခုအကြံပေးချင်တာက လူငယ် တွေအနေနဲ့ Continuous Learning  အတွက် ဘာသာစကား ကအစ စဉ်းစားတဲ့ပုံစံအဆုံး အမြဲတမ်းကြိုးစားနေဖို့ လို တယ်။ ဥပမာ- အင်တာနက်ဆိုရင် ကောင်းတဲ့ဘက်က အသုံးချလို့ရသလို အချိန်ဖြုန်းတဲ့အနေနဲ့ သုံးလည်းရတာ ပါပဲ။ စာများများဖတ်ဖို့၊ ကိုယ်စိတ်ဝင်စားတဲ့လိုင်းအတွက် အားထုတ်လေ့လာမှုလုပ်ဖို့ Strong Passion  ရှိဖို့ လိုအပ် ပါတယ်။ ထိုက်သင့်တဲ့အတွေ့အကြုံရဖို့ဆိုရင် ကိုယ်ပြန်ရမယ့် အရာတွေကိုပဲ စဉ်းစားနေတာထက် ကြိုးစားမှု၊ အချိန်အ တိုင်းအတာတစ်ခုထိ ပေးဆပ်မှုဆိုတာလည်း လိုအပ်တယ်။ကျွန်မအလုပ်စလုပ်တော့ Admin လည်း လုပ်ဖူးတယ်။Sales & Marketing လည်း လုပ်ဖူးတယ်။ Logistic  အပိုင်းမှာလည်း ဝင်ပါဖူးပါတယ်။  အဓိကကတော့ ကိုယ် ပိုင်လုပ်ငန်းဖြစ်ဖြစ်၊ Professional  ဝန်ထမ်းပဲဖြစ်ဖြစ် ဘယ် အလုပ်ပဲလုပ် လုပ် ကိုယ်က ထဲထဲဝင်ဝင် သိထားဖို့လိုတဲ့အတွက် အနည်းဆုံးတော့ အတွေ့အကြုံကို ရအောင်ယူနိုင်ဖို့ အရေး ကြီးပါတယ်။ ပြီးတော့ Learning Skill  တက်ဖို့၊ Creative ဖြစ်ဖို့၊ ဖြစ်အောင်ကြိုးစား ချင်တဲ့ စိတ်ရှိဖို့၊ ကိုယ့်အားသာချက် အားနည်းချက်တွေကို သုံးသပ်တတ်ဖို့ လိုအပ်တယ်လို့ ထင် ပါတယ်။  

ဆက်လက်လုပ်ကိုင်သွားချင်တဲ့လုပ်ငန်းများ

လက်ရှိလုပ်ငန်းက Electricla ပိုင်း၊ Power ပိုင်းဖြစ်တော့  အဲဒါက Potential  ကောင်းတယ်လို့  ပြောရပါမယ်။ ဒါနဲ့ ဆက်စပ်ပြီး ထပ်တိုးချဲ့ချင်တာလေးတွေ ရှိပါတယ်။ ဥပမာ-Power Plant လုပ်တဲ့အပိုင်းလေးတွေပေါ့။ Tourism ပိုင်းမှာလည်း ထပ်တိုးချင်တာလေးတွေ ရှိပါတယ်။ လုပ်ချင် တာနဲ့ လုပ်နိုင်မယ့် အလုပ် နိုင် မနိုင်ဆိုတာကို ချိန်ဆနေပါ တယ်။