အရည်အချင်းပြည့်ဝတဲ့ သဘောတူညီချက်ရအောင်ကြိုးစားပါ တရားမျတမှုအနေအထားကိုဖန်တီးရာမှာ လုပ်ပိုင်ခွင့်အာဏာ မျတအောင်ပြုလုပ်တာက နည်းဗျူဟာ တစ်ရပ်ဖြစ်တယ်။ အကြောင်းကိစ္စတွေနဲ့ပတ်သက်ပြီး ပဋိပက္ခတွေကို ဖြေရှင်းဖို့ သင့်တော်တဲ့နည်းလမ်း ကိုရှာဖွေတာကလည်း အခြားနည်း လမ်းတစ်ခုဖြစ်သလို ပိုပြီးအရေးပါတယ်လို့တောင် ဆိုနိုင်ပါ တယ်။ ကျွန်တော်တို့ရဲ့ သုတေသန လေ့လာတွေ့ရှိချက်အရ ပဋိပက္ခကို ထိထိရောက်ရောက် စီမံကိုင်တွယ်နိုင် တဲ့အဖွဲ့တွေ ဟာ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာမှာ တူညီတဲ့နည်းလမ်း ကိုပဲ အသုံးပြုကြပါတယ်။ ဒါဟာ အဆင့်နှစ်ဆင့်ပြုလုပ်ရတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး အမှုဆောင်အရာရှိတချို့က ဒါကိုအ ရည်အချင်းပြည့်ဝတဲ့ သဘောတူညီချက်လို့ ခေါ်ကြပါတယ်။ လုပ်ပုံလုပ်နည်းကတော့ အမှုဆောင်အရာရှိတွေဟာ အကြောင်းအရာ တစ်ခုဆွေးနွေးပြောဆိုကြပြီး သဘောတူညီမှု ကို ကြိုးစားရှာဖွေကြပါတယ်။ သဘောတူညီမှု ရရင်တော့ ဆုံးဖြတ်ချက်ချမှတ်ကြပါတယ်။ တကယ်လို့ သဘောတူညီမှု မရဘူးဆိုရင်တော့ ကျန်တဲ့အဖွဲ့ဝင်အားလုံးရဲ့ ပူးပေါင်းပါဝင် မှုနဲ့အတူ အသင့်တော်ဆုံး အကြီးတန်းမန်နေဂျာက ဆုံး ဖြတ်ချက်ကို ချမှတ်ရပါတယ်။ ဥပမာ- Premier Technologies ရဲ့ အကြီးမားဆုံး ဈေးကွက်မှာ ပြိုင်ဘက်ကုမ္ပဏီတစ်ခုက ကုန်ပစ္စည်းသစ်ကို မိတ်ဆက်လိုက်တဲ့အခါမှာ အဲဒါကို ဘယ်လိုပြန်ပြီးတုံ့ပြန်ရ မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သိသိသာသာ သဘောထား ကွဲလွဲမှုရှိခဲ့ပါတယ်။ အမှုဆောင်အရာရှိတချို့က ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုကို တန်ပြန်တဲ့အနေနဲ့ သုတေသနနဲ့ ဖွံ့ဖြိုးမှု အ ရင်းအမြစ်တွေကို အပြောင်းအရွှေ့လုပ်ချင်ကြပြီး ပိုပြီးဆန်း သစ်တီထွင်မှုရှိတဲ့ လက်ရှိထုတ်ကုန်နဲ့ ဒီဇိုင်းကိုပါ စွန့်စား ပြီး အပြောင်းအလဲလုပ်ချင်ကြပါတယ်။ အချို့ကတော့ ကုမ္ပဏီ အနေနဲ့ လက်ရှိထုတ်ကုန်ကိုပဲ ဆန်းသစ်မှု နည်းနည်းပါပါးပါး ပြုလုပ်ပြီး ပြန်လည်ပြင်ဆင်ထုပ်ပိုးသင့်တယ်လို့ ငြင်းခုံကြ ပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်ကုမ္ပဏီရဲ့ လုပ်ရပ်ဟာ အရေး တယူတုံ့ပြန်ရလောက်အောင် မလိုအပ်ဘူးလို့ အချို့က ယူဆကြပါတယ်။ ရက်သတ္တပတ်ပေါင်းအမြောက်အမြား အစည်း အဝေးတွေ ပြုလုပ်အပြီးမှာတော့ အဲဒီအဖွဲ့ဟာ သဘောတူညီ မှုမရခဲ့တဲ့အတွက် အမှုဆောင်အရာရှိချုပ်နဲ့ ဈေးကွက်ဆိုင် ရာဒုဥက္ကဋ္ဌတို့က ဆုံးဖြတ်ချက်ချမှတ်ခဲ့ရပါတယ်။ 'လုပ်ငန်း ပိုင်းဆိုင်ရာ အကြီးအကဲတွေ ပြောဆိုဆွေးနွေးအဖြေရှာကြပြီး ကျွန်တော်ကတော့ ဆုံးဖြတ်ချက် ချရတယ်' လို့ အမှုဆောင် အရာရှိချုပ်က ဆိုပါတယ်။ Premier Technologies က အမှုဆောင်အရာရှိတွေဟာ ရလဒ်နဲ့ပတ်သက်ပြီး သဘော ထားကွဲလွဲမှုတွေ ရှိခဲ့ပေမဲ့ အဲဒီဆုံးဖြတ်ချက်ကိုတော့ ကျေနပ်ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဆွေးနွေးမှုလုပ် ငန်းစဉ်ထဲမှာ လူတိုင်းက ပါဝင်ပြောဆိုဆွေးနွေးခွင့်ရခဲ့ လို့ပဲ ဖြစ်တယ်။ လူတွေက သဘောဆန္ဒတူညီမှုကို သဟဇာတ ဖြစ်မှုနဲ့ တွဲမြင်ကြပေမဲ့ ကျွန်တော်တို့ကတော့ ဆန့်ကျင် ဘက်သဘောတရားကို တွေ့ခဲ့ပါတယ်။ အရေးကြီးတဲ့ ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါ ဇွတ်အတင်း သဘောတူညီမှု ရဖို့ကိုပဲ ထပ်ခါထပ်ခါလုပ်ဆောင်တဲ့ အဖွဲ့တွေဟာ ပုဂ္ဂိုလ် ရေးပဋိပက္ခကို အများဆုံးဖြစ် ပွားစေပါတယ်။ အမှုဆောင် အရာရှိတွေ တစ်ခါတလေမှာ သဘောတူညီမှုရဖို့ဆိုတာ အမြဲဖြစ်နိုင်တဲ့ကိစ္စလို့ လက်တွေ့မကျတဲ့ အမြင်တွေ ရှိနေ ကြပါတယ်။ အဲဒီလိုသဘောတူညီမှုရရှိဖို့ အတင်းအကျပ် တောင်းဆိုမှုဟာ အတောမသတ်နိုင်တဲ့ အငြင်းပွားမှုကို ဦး တည်စေပါတယ်။ Mega Software ကုမ္ပဏီက အင်ဂျင် နီယာဌာန ဒုဥက္ကဋ္ဌက 'သဘောထားတူညီမှုဆိုတာ လူတိုင်း မှာ ဗီတိုအာဏာရှိတာကို ဆိုလိုတာ ဖြစ်တယ်။ ကျွန်တော် တို့ထုတ်ကုန်တွေက နောက်ကျနေပြီဖြစ်သလို ဈေးကလည်း အရမ်းကြီးတယ်' လို့ ဆိုပါတယ်။ Andromeda ကုမ္ပဏီက အမှုဆောင်အရာရှိချုပ်ကတော့ သဘောဆန္ဒတူညီမှုကို ရယူ ချင်ခဲ့ပေမဲ့ သဘောထားကွဲလွဲမှုတွေ မကြာခဏပေါ်ပေါက် နေခဲ့တယ်။ လပေါင်းအတော်များများ အေချေအတင်ငြင်းခုံမှု ဖြစ်ပွားခဲ့ပြီး ထိပ်ပိုင်းမန်နေ ဂျာတချို့ လက်မြှောက်အရှုံးပေးတဲ့ ထိတိုင်အောင် စိတ်ပျက်စရာတွေပေါ်ပေါက်ခဲ့ပါတယ်။ သူတို့က ဘယ်လိုဆုံးဖြတ်ချက်မျိုးပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တစ်ခု ကို လိုချင်ခဲ့ကြတာဖြစ်တယ်။ အမြင်ရှုထောင့်တစ်မျိုး ကိုကိုင် စွဲတဲ့ အမှုဆောင်အရာရှိအတော်များများ ကုမ္ပဏီက နုတ် ထွက်သွားတဲ့အချိန်ကျမှ ဆုံးဖြတ်ချက်တစ်ခု ချနိုင်ခဲ့ကြပါတယ်။ သဘောဆန္ဒတူညီမှုရရှိဖို့ ကြိုးစားခြင်းရဲ့ အဖိုးအခကတော့ အဖွဲ့အစည်းထိခိုက်နစ် နာခဲ့ရတာပဲ ဖြစ်တယ်။ သဘောထားတူညီမှုကိုပဲ မရမကရှာဖွေနေတဲ့ အဖွဲ့တစ်ခုမှာ အလုပ်ပြီးစီးဖို့ နောက်ဆုံးသတ်မှတ်ထားချိန် တွေ (Deadlines) ဟာ အမှုဆောင်အရာရှိတွေကို မျမျတတ လုပ်ကိုင်တတ်မှုကနေသွေဖည်စေပြီး အပြီးသတ် ဆုံးဖြတ် ချက်ချမှတ်တဲ့နေရာမှာ အဖွဲ့တစ်ခုလုံးရဲ့ လုပ်ကိုင်ဆောင် ရွက်မှုကို အားအင်ချိနဲ့ပါတယ်။ Adromeda ကုမ္ပဏီက အမှုဆောင်အရာရှိတွေဟာ လပေါင်းအတော်များများ သူတို့ ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်ခဲ့သလို အနာဂတ်အတွက် အရေးပါတဲ့လားရာလမ်းကြောင်းတွေ အပေါ်မှာ တူညီတဲ့ သဘောထားအမြင်ကို ဖွံ့ဖြိုးအောင် လုပ်ခဲ့ကြပေမယ့် ဆုံးဖြတ်ချက်ချဖို့ကိုတော့ သူတို့ အာရုံ မစိုက်နိုင်ခဲ့ကြပါဘူး။ ဆုံးဖြတ်ချက်ချဖို့ အီလေးဆွဲနေခဲ့ကြ ပါတယ်။ နောက်ဆုံးမှာ ဘုတ်အဖွဲ့အစည်းအဝေးက သတ် မှတ်ထားတဲ့ Deadline ရောက်လာတဲ့အခါကျတော့ အမှု ဆောင်အရာရှိချုပ်က အစောပိုင်းဆွေးနွေးမှု တွေထဲမှာ တစ်ခါမှ မပါဝင်ခဲ့တဲ့ ရွေးချယ်စရာတစ်ခုကို ပုံစံချသတ်မှတ် ပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထင်ထားတဲ့အတိုင်းပဲ အဖွဲ့ဝင်တွေက စိတ်ပျက်ပြီး စိတ်ဆိုးမာန်ဆိုးဖြစ်ကုန်ကြ တယ်။ အကယ်၍ သူတို့အနေနဲ့ သဘောတူညီမှုရဖို့ မရ မက ကြိုးစားတာမျိုး သိပ်မလုပ်ခဲ့ဘူးဆိုရင် အမှုဆောင် အရာရှိချုပ်အနေနဲ့ Deadline ကြောင့် ဖိအားများပြီး အခု လိုတစ်ဖက်သတ်ဆုံးဖြတ်ချက်ချခဲ့မှာ မဟုတ်ပါဘူး။ ဒါကြောင့် အရည်အချင်းပြည့်ပြည့်ဝနဲ့ တရားမျတ မှုအနေအထားတစ်ရပ်ကို ဘယ်လိုဖန်တီးမ လဲဆိုတာက စဉ်းစားစရာဖြစ်တယ်။ လူတိုင်းရဲ့သဘောထားအမြင်နဲ့အတူ အရေးပါတဲ့ပူးပေါင်းဆောင် ရွက်မှုပါ ဝင်တဲ့ လုပ်ငန်းစဉ်တရားမျတမှုအနေအထားဟာ လူအများစုအတွက် အလွန်အရေး ပါတဲ့အချက်ဖြစ်ပါတယ်။ ရလဒ်တွေဟာ တရားမျတမှုရှိ တဲ့လုပ်ငန်းစဉ်ကနေ ထွက်ပေါ်လာတယ်လ့ို သူတို့ယုံကြည် ရင်တော့ လူတစ်ဦးချင်းစီအနေနဲ့ အဲဒီရလဒ်တွေကို သူတို့ မကြိုက်ပေမဲ့ လက်ခံဖို့ဆန္ဒရှိကြပါတယ်။ လူအများစုက သူတို့ရဲ့သဘောထားအမြင်တွေကို အလေးအနက်ထားပြီး စဉ်းစားပေးစေချင်ကြပေမဲ့ သူတို့ရဲ့ သဘောထား အတိုင်း အမြဲတမ်းလုပ်ဆောင်ပေးမယ်လို့တော့ မမျော်လင့်ထားကြပါ ဘူး။ ဒါဟာ အရည်အချင်းပြည့်ဝတဲ့သ ဘောတူညီချက်ရယူရာမှာ တွေ့ရလေ့ရှိတဲ့ အနေအထားပဲဖြစ်တယ်။'ကျွန်တော်ကတော့ ကိုယ့်ရဲ့သဘောထား ကို တင်ပြခွင့်ရတာကိုပဲ ကျေ နပ်မိတယ်' လို့ Star Electronics ကုမ္ပဏီက အမှုဆောင် အရာရှိတစ်ဦးက ဆိုပါတယ်။ အရည်အချင်းပြည့်ဝတဲ့သဘောတူညီချက် ရယူတာဟာ တရားမျတမှုအနေအထားအပြင် ပုဂ္ဂိုလ်ရေး ပဋိ ပက္ခကို တားဆီးပေးတဲ့ အခြားအရေးပါတဲ့အကြောင်းအရာ အများကြီးရှိပါတယ်။ အရည်အချင်းပြည့်ဝတဲ့ သဘောဆန္ဒ တူညီမှုမှာ ပဋိပက္ခကို သဘာဝဖြစ်စဉ်လို့သာ သတ်မှတ်ပြီး ပုဂ္ဂိုလ်ရေးပြဿနာလို့ မယူဆပါဘူး။ ဒါဟာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုက အဖွဲ့အစည်းမှာရှိတဲ့ မန်နေဂျာတွေရဲ့ အခန်းကဏ္ဍအပေါ် အကျိုးသက်ရောက်မှု ရှိလာတဲ့အခါမှာ မန်နေဂျာတွေကို ပိုမိုလွှမ်းမိုးနိုင်ခွင့်ရှိစေပြီး ရွေချယ်မှုတစ်ခု ပြုလုပ်ဖို့ အတွက် သူတို့တွေရဲ့ သဘောဆန္ဒတွေကိုလည်း မျမျတတ နားထောင်စေပါတယ်။ ဒါဟာ တရားမျတမှုရှိတဲ့ ဆုံးဖြတ်ချက်ချမှတ်မှု လုပ်ငန်းစဉ်ဖြစ်ပြီး လူတိုင်းရဲ့ အိုင်ဒီ ယာတွေကို ထုတ်ဖော်ဆွေး နွေးခွင့်ရရှိစေသလို ဆုံးဖြတ် ချက်ဘယ်လိုချမယ်ဆိုတာကိုလည်း လူတိုင်းကို အသေးစိတ် ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ အရည်အချင်း ပြည့် ဝတဲ့သဘောဆန္ဒတူညီမှုဟာ မြန်ဆန်မှုရှိပါတယ်။ သဘော ဆန္ဒတူညီမှုရယူဖို့လိုအပ်တဲ့ လုပ်ငန်းစဉ်တွေဟာ အဆုံးမ သတ်နိုင်လောက်အောင် လေးကန်ဖင့်နွဲမှုဖြစ်ပေါ်စေ သလို အချိန်ကုန်ပြီး အကျိုးမရှိတဲ့ အငြင်းပွားမှုတွေနဲ့ မန်နေဂျာတွေ ကို စိတ်ပျက်စေပါတယ်။ ဒါကြောင့် မန်နေဂျာတွေအနေနဲ့ သူတို့ရဲ့ စိတ်ပျက်အားမလိုအားမရ ဖြစ်မှုတွေကို ညံ့ဖျင်းတဲ့ ပဋိပက္ခဖြေရှင်းမှုလုပ်ငန်းစဉ် ကြောင့်လို့ မသတ်မှတ်ဘဲ သူ တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ချို့ယွင်းအားနည်းချက်တွေ ကြောင့်လို့ အပြစ်ပုံချမှုနဲ့ အဆုံးသတ်သွားတာဟာ အံ့သြစ ရာတော့မဟုတ်ပါဘူး။ ပဋိပက္ခ၊ အချိန် (မြန်နှုန်း) နဲ့ ဆောင်ရွက်ချက်တွေကို ချိတ် ဆက်ခြင်း ပညာရေးဆိုင်ရာသုတေသနအဖွဲ့ကြီးတစ်ခုရဲ့ လေ့လာတွေ့ ရှိချက်အရ အကြောင်းအရာကိစ္စတွေမှာ ပဋိပက္ခ တွေဖြစ်ပေါ် တာဟာ ထိပ်ပိုင်းစီမံခန့်ခွဲမှုအဖွဲ့တွေမှာ ဖြစ်နိုင်ခြေ ရှိရုံသာ မကဘဲ အရေးပါတဲ့အရာလည်း ဖြစ်ပါတယ်။ အဲဒီ ပဋိပက္ခ တွေကြောင့် အမှုဆောင်အရာရှိတွေဟာ စုံလင်တဲ့ သတင်းအ ချက်အလက်တွေ၊ အကြောင်းကိစ္စတွေအပေါ်မှာ အတွင်းကျ ကျနားလည်မှုနဲ့ဖြစ်နိုင်တဲ့ ဖြေရှင်းမှုနည်းလမ်းတွေ အတော် များများ ရရှိကြပါတယ်။ ဒါဟာ ကျွန်တော်တို့ လေ့လာဆန်း စစ်မှုပြုလုပ်ခဲ့တဲ့ ကုမ္ပဏီတွေမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါပဲ။ ဒါ့အ ပြင်ပဋိပက္ခဖြစ်ပွားမှုနည်းရင် ညံ့ဖျင်းတဲ့ဆုံးဖြတ်ချက်ချ မှတ်ဖို့ ဖြစ်နိုင်ခြေနည်းတယ်ဆိုတာကို အဲဒီအဖြစ် အပျက်က ထင်ထင်ရှားရှားဖော်ပြနေပါတယ်။ ရေငုံနှုတ်ပိတ်သဘောတူ မှု (Groupthink) ဟာ လုပ်ငန်းကြီး တွေနဲ့ အစိုးရအဖွဲ့အစည်း တွေရဲ့ မူဝါဒရုတ်ခြည်းပြိုကွဲပျက်စီးမှုရဲ့ အဓိကအကြောင်း အရင်းတစ်ခုဖြစ်ပါတယ်။ ဆန့်ကျင်ဘက်သဘောရှိပေမယ့် အကြောင်းအရာကိစ္စတွေအပေါ်မှာ ကောင်းမွန်တဲ့ ပဋိပက္ခ (Healthy Conflict) ဖြစ်ပေါ်စေတဲ့ အဖွဲ့တွေဟာ ပိုမိုကောင်း မွန်တဲ့ဆုံးဖြတ်ချက်တွေကို မြန်မြန် ဆန်ဆန် ချမှတ်နိုင်ကြ တာကို လေ့လာတွေ့ရှိရပါတယ်။ ပဋိပက္ခမရှိဘူးဆိုရင်တော့ အဖွဲ့အစည်းတွေရဲ့ ထိရောက်အရေးပါမှုလည်း ရှိမှာမဟုတ်ပါဘူး။ မန်နေဂျာ တွေဟာ မကြာခဏ ဆိုသလို သီးသန့်နေလိုပြီး အပေါ်ယံ သဘောနဲ့ပဲ သဟဇာတဖြစ်နေပုံပေါ်ပါတယ်။ တကယ်တမ်း ကတော့ ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းအရင်းဟာ သဘောထားတူညီမှုမရှိလို့သက်သက် မဟုတ်ဘဲ စိတ်ပါဝင် စားမှုရှိတာနဲ့ သီးသန့် ခပ်ခွာခွာနေလိုတာကြောင့် ဖြစ်တယ် ဆိုတာကို ကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်။ အရေးပါတဲ့ ပဋိပက္ခကို အားပေးမြှင့်တင်မှုမရှိတဲ့ အဖွဲ့တွေဟာ အဆုံးစွန် အနေနဲ့ ညံ့ဖျင်းတဲ့စွမ်းဆောင်မှုကိုပဲ ရရှိကြပါတယ်။ ကျွန် တော်တို့လေ့လာခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ ပဋိပက္ခနည်းတဲ့ ကုမ္ပဏီတွေဟာ အဓိကအကြောင်းအရာတွေကို ထည့်သွင်း စဉ်းစားဖို့ မေ့လျော့တာမျိုး၊ ဒါမှမဟုတ် သူတို့ရဲ့ မပာာ ဗျူဟာကျတဲ့အနေထားရဲ့ အရေးပါတဲ့ သွင်ပြင်လက္ခဏာ တွေကို သဘောရိုးနဲ့ မသိတာမျိုးဖြစ်တာကို တွေ့ရပါတယ်။ သူတို့ဟာ မှန်ကန်မှုမရှိဘဲ အကန့်အသတ်အတားအဆီးဖြစ် စေတဲ့ယူဆချက်တွေကို မေးခွန်းထုတ်ဖို့၊ ဒါမှမဟုတ် အခြားအရေးပါအရာရောက်တဲ့နည်းလမ်းတွေကို ဖော်ထုတ် နိုင်မယ့် အခွင့်အရေးတွေနဲ့ လွဲချော်ခဲ့ကြပါတယ်။ ဒါ ကြောင့် သူတို့ရဲ့လုပ်ဆောင်ချက်တွေကို မကြာခဏဆိုသလို ပြိုင်ဘက်တွေက လွယ်လွယ်ကူကူခန့်မှန်းသိရှိနိုင်တာ အဆန်းမဟုတ်ပါဘူး။
အရှိန်အဟုန်မြင့်မားတဲ့ ဈေးကွက်တွေမှာ အချိန် တွေကို မဖြုန်းတီးပစ်ဘဲ ဖြစ်ပေါ်လာတဲ့အကြောင်းအရာ ကိစ္စတွေနဲ့ပတ်သက်လို့ အပြုသဘောဆောင်ပြီး ပိုမိုကျယ် ပြန့်တဲ့ ပဋိပက္ခတွေကို အားပေးမြှင့်တင်တဲ့ အဖွဲ့တွေကပဲ အောင်မြင်တဲ့မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်တွေကို အများဆုံးချမှတ်နိုင်သူတွေဖြစ်တယ်။ အဲဒါကို ဆောင်ရွက်ဖို့ အရေးပါတဲ့နည်းလမ်းကတော့ ပုဂ္ဂိုလ်ရေးပဋိပက္ခတွေကို လျော့နည်းစေတာပဲ ဖြစ်ပါတယ်။
ငြိမ်းသော်ထူး