အခန်း (၄၈) ။ ဆင်ခြင်မျော်တွေးမှု ဦးဆောင်စွန့်စားသူတွေအဖို့ အကြီးမားဆုံးအခက်အခဲတစ်ခု က ငွေကြေးစီးဝင်မှုကို စီမံခန့်ခွဲတတ်ဖို့ဖြစ်ပါတယ်။ ကိုယ့် ရဲ့ငွေတွေကို တီထွင်စမ်းသပ်မှုကိစ္စတွေမှာ ရင်းနှီးမြှုပ်နှံထား တုန်း ရုတ်တရက် ဈေးကွက်အလှည့်အပြောင်းဖြစ်သွားတယ်။ ကိုယ်က ငွေကြေးအဖြစ်ချက်ချင်းမပြောင်းလဲနိုင်ဘူးဆိုရင် ကိုယ့်လုပ်ငန်းက လည်ပင်းခိုက်အောင် နစ်မြုပ်လိမ့်မယ်။ဒီ ထက်ဆိုးတာကတော့ မိသားစုကို ထိခိုက်တတ်လို့ပါပဲ။ အဖေက အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တယ်။ အခြေအနေကောင်းတဲ့နေ့တွေမှာ ကျွန်မတို့အားလုံး ပျော်ရွှင် ရတယ်။ အနာဂတ်အတွက် အစီအစဉ်တွေရှိမှာပဲလို့။ ဒါပေ မဲ့ တစ်ခါတလေ ဆိုးဝါးတဲ့နေ့တွေ ကြုံရတတ်သေးတယ်။ အဖေက သူ့ရဲ့ငွေအားလုံးကို ကျောက်စိမ်းအရိုင်းဝယ်ဖို့ ပုံ အောလိုက်ပြီးမှ အရောင်းထိုင်းနေပြီဆိုရင် သူဘာမှမတတ်နိုင် တော့ဘူး။ အိမ်ကိုပြန်လာပေမဲ့ စကားတစ်လုံးမှ မပြောဘူး။ အရာအားလုံး ပုံမှန်မဖြစ်တဲ့အခါ အဖေက တိတ်ဆိတ်နေတတ် တယ်။ အမေကတော့ လုံးဝကွာခြားပါတယ်။ စကားပြော ရင် ကျယ်ကျယ်လောင်လောင်ပြောတတ်တယ်။ ကျွန်မတို့ မိသားစုဟာ ကြွယ်ပိုးကြွယ်ဝတွေမဟုတ်လို့ အများကြီးမမျော်လင့်နဲ့ဆိုပြီး ခပ်ရှင်းရှင်းပြောထားတယ်။ ကျွန်မရဲ့ စိတ်ထဲ မှာ တထိတ်ထိတ်ဖြစ်နေတာကို သိနေတယ်၊ အနာဂတ်ရှေ့ ရေး မသေချာတော့ နောက် တစ်နေ့ထိတောင် ရပ်တည်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေကြောင့်ပေါ့။ ဒီနေရာမှာ အမေတော်တဲ့အချက်၊ ရှေ့ရေးမျော်တွေးတတ်တဲ့အချက်က ပေါ်လွင်လာတယ်။ လက်ထဲမှာ ငွေရှိတဲ့ အခါတိုင်း အမေက ရွှေတွေ ဝယ်ထားတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ကံဆိုးမိုးမှောင်ကျတဲ့ရက်တွေကို ကျော်လွှားနိုင်ခဲ့ တယ်။ အမေစုထားတဲ့ရွှေတွေကို ငွေအဖြစ် ပြောင်းလဲပြီး အိမ်ငှားခ၊ အလုပ်သမားလစာနဲ့ စားစရိတ်တွေအဖြစ် သုံးစွဲပစ်ရတယ်။ သူ့ရဲ့ အစီအစဉ်တွေ၊ အသုံးအစွဲကျစ်လျစ်တာ တွေကြောင့် ငတ်မွတ်တဲ့ဘေးကို မကြုံခဲ့ရဘူး။ ကျွန်မတို့ကို အရိပ်လို မိုးပေးတတ်တဲ့၊ ရှေ့ရေးကြိုမြင်တတ်တဲ့အမေရှိလို့ ဘုရားသခင်ကို ကျွန်မကျေးဇူးအထူးတင်မိတယ်။
အခန်း (၄၉) ။ ငွေစုခြင်း၏သာလွန်ကောင်းမွန်မှု စင်ကာပူမှာ ကြီးပြင်းခဲ့ရတော့ ငယ်ငယ်တုန်းက ငွေစုတာကို သတိရမိတယ်။ ငွေစုဘဏ်က လူဟာ သော့တံဆိပ်ပုံရေးဆွဲ ထားတဲ့ဗင်ကားနဲ့ ရောက်လာပြီး လမ်းဘေးတစ်နေရာမှာ ရပ်ထားတယ်။ သူ့ဆီ ငွေသွင်းမယ့် ဖောက်သည်တွေကို စိတ်ရှည်ရှည်နဲ့ စောင့်နေတယ်။ အပတ်တိုင်း ကျွန်မဟာ တစ်ဒေါ်လာဖြစ်ဖြစ်၊ နှစ်ဒေါ်လာဖြစ်ဖြစ် စုမိတာချည်းပဲ။ သူငယ်ချင်းတချို့ကို ဒီအကြောင်းပြောပြတော့ ကျွန်မထက် ပိုကြီးတဲ့သူငယ်ချင်းတွေက သူတို့ရဲ့ ပိုက်ဆံစု ပုံစုနည်းကို ပြောပြတယ်။ ဝက်ရုပ်စုဘူးထဲမှာ စုတာတဲ့။ ရွှံ့နဲ့လုပ်ထားတဲ့အရွယ်အစားပုံစံအမျိုးမျိုးရှိတဲ့ အရုပ်ကြီးတွေ ထဲမှာ ပိုက်ဆံထည့်ဖို့ အပေါက်ပါတယ်။ ထည့်လိုက်တဲ့ ပိုက်ဆံတွေကို ပြန်ထုတ်လို့မရဘူး။ အရုပ်ထဲမှာ ပိုက်ဆံတွေ ပြည့်မှ အရုပ်ကိုရိုက်ခွဲပြီး ပိုက်ဆံယူလို့ရတာ။ ကြေမွသွားတဲ့ရွှံ့ရုပ်အပိုင်းအစတွေထဲက ငွေအကြွေ စေ့တွေကို ကောက်ယူပြီး ရေတွက်ရတာ။ ဘဏ်မှာ ငွေစုဖို့ လုပ်ရတာဟာ မျော်လင့်ခြင်းနဲ့အတူ စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ကလေးတွေ ငွေစုတတ် အောင် လေ့ကျင့်ပေးသင့်ပါတယ်။ ငွေတန်ဖိုးကို နားလည်ပြီး ဘယ်လိုအလေးထားရမယ်ဆိုတာ သင်ကြားပေးနိုင်တဲ့ အသိ ပညာလက်ဆောင်မို့ပါ။ ဟောင်ကောင်မှာနေတုန်းက ကျွန်မတို့မိသားစုမှာ ကိုယ်ပိုင်အိမ် လုံးဝမရှိခဲ့ဘူး။ အမေက ငွေအတွက် အမြဲ စိတ်ပူနေရတယ်။ ကျွန်မရဲ့ စိတ်ထဲမှာလည်း ငွေဆိုတာသိပ် အရေးကြီးတယ်လို့ သိနားလည်ခဲ့ရတယ်။ ဝက်ရုပ်စုဘူးထဲ မှာ စုဖို့အလေ့အကျင့်ရခဲ့တယ်။ ကျွန်မ အသက် ဆယ်နှစ် ၁၁ နှစ်ရောက်တော့ ကျွန်မရဲ့မိဘတွေဟာ သူများတွေလို မာကျောက်ကစားတတ်လာတယ်။ ကျွန်မဟာ အဲဒီဝိုင်းအနား က မခွာတော့ဘူး။ တကယ်လို့ အဖေနဲ့အမေ နိုင်ခဲ့ရင် မုန့်ဖိုးရမယ်ဆိုတာ သိနေလို့ပါ။ ကျွန်မကြီးပြင်းလာတဲ့အခါ ဒီလိုနည်းနဲ့ရတဲ့ငွေ တွေဟာ ပျော်စရာမကောင်းဘူးလို့ သိလာတယ်။ ဒါပေမဲ့ ငွေမရှိဘူးဆိုရင် လုံးဝမပျော်နိုင်တာ အသေအချာပါပဲ။ အခု လယ်ရီနဲ့ ကျွန်မမှာ ကလေးနှစ်ယောက်ရှိ နေပြီ။ ဒါကြောင့် ကလေးတွေအတွက် ပညာရေးစရိတ်ရအောင် ငွေကြေးရင်းနှီးမြှုပ်နှံပြီး အချိန်မရွေး ထုတ်နိုင်အောင် လုပ် ထားတယ်။ ကလေးတွေကို ငွေအကြွေစေ့တွေပေးပြီး စွန့်ကြဲ ပေးကမ်းခိုင်းတယ်။ စူပါမားကက်ကိုသွားတိုင်း ငွေနည်းနည်းပဲကျသင့် တယ်ဆိုရင် ဇာရာကို ကောင်တာမှာ ငွေရှင်းခိုင်းတယ်။ ပိုက်ဆံဟာ ကိုးကွယ်ရာ မဟုတ်ဘူး။ ဒါပေမဲ့ အသုံးဝင်တဲ့ အရာတစ်ခုဖြစ်ကြောင်း သင်ပေးတယ်။ ငွေကို ဘယ်လိုစုရ မယ်ဆိုတာကိုလည်း အချိန်တန်ရင် သင်ပေးမှာပါ။ ပိုက်ဆံစုတယ်ဆိုတာ ငွေကြေးစီမံခန့်ခွဲမှုရဲ့ အခြေ ခံအုတ်မြစ်ဖြစ်တယ်။ အလွန်အရေးကြီးပါတယ်။ ကိုယ့်မှာစု ဆောင်းထားတဲ့ ငွေရှိရင် သူများဆီက ချေးစရာမလိုတော့ဘူး။ ုူငျ အထည်ဆိုင်ဖွင့်တုန်းက ကျွန်မကိုယ်ပိုင်စုထားတဲ့ ငွေ နဲ့ ဖွင့်တာပါ။ ငွေစုဆောင်းတာဟာ ကိုယ့်ရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင်၊ တိကျရှင်းလင်းအောင် လုပ်ပေးနိုင်ပါတယ်။
၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလမှာပေါ့။ စထရိတ်တိုင်းမ်သတင်းစာမှာ ကျွန်မ ဒေဝါလီ ခံလိုက်ရတဲ့အကြောင်း ဆောင်းပါးပါလာ တယ်။ ခေါင်းစဉ်က ''ကျရှုံးတဲ့နှစ်ကိုကြုံရတာတောင် မြူးမြူးကြွကြွပဲ''တဲ့။ နောက်ခြောက်လကြာတော့ တခြား သတင်းစာတစ်စောင်ဖြစ်တဲ့ ''စထရိ (Streats) မှာ ကျွန်မ ရဲ့အကြောင်းကို ဒီလိုခေါင်းစဉ်နဲ့ ဖော်ပြခဲ့တယ်။ ''ကျွန်မ ရှုံးတယ် ... ဘာဖြစ်လဲ'' တဲ့။ နောက်ဆုံးခေါင်းစဉ်က ကျွန်မရဲ့ ပကတိခံစားချက် နဲ့ လုံးဝကွဲလွဲနေပါတယ်။ ကျွန်မရဲ့မိဘတွေကြောင့် ကျွန်မ နှလုံးသားထဲမှာ အကောင်းမြင်တတ်တဲ့စိတ်ထားဟာ အမြဲ ရှင်သန်နေခဲ့တယ်။ အဖေနဲ့အမေက ဟောင်ကောင်မှာ ကျောက်စိမ်းရောင်းတဲ့သူတွေပါ။ တချို့နေ့တွေမှာ တစ်နေ ကုန် အလုပ်သိမ်းပြီး ပြန်လာတာတောင် လုံးဝဈေးဦးမ ပေါက်ဘူး။ ဒါပေမဲ့ သူတို့က ဘာမှမဖြစ်တဲ့ဟန်နဲ့နေတယ်။ အဆိုးတွေ ဘယ်လောက်လာလာ ''မကြာခင် ကောင်းသွားမှာ ပါ'' လို့ ပြောကြတယ်။ သူတို့ရဲ့ဘဝမှာ စီးပွားရေးအခြေအနေ ဆိုးတွေအများကြီး ကျော်ဖြတ်ခဲ့ရတယ်။ သူတို့ညည်းညူတဲ့ အသံမျိုး တစ်ခါမှမကြားဖူးဘူး။ စပ်တူရှယ်ယာရှင် မကောင်း တာ၊ ဆုံးဖြတ်ချက်မှားတာ၊ အစီအစဉ်လွဲချော်တာ၊ နေရာအ ချက်အချာမကောင်းတာ၊ လုပ်ငန်းတွက်ဆပုံမှားယွင်းတာ ...ဘာတွေပဲရှိရှိ အလျင်အမြန် ကျော်လွှားသွားတယ်။ အခြေ အနေဆိုးကို လွန်မြောက်သွားတယ်။ သူတို့ဟာ တကယ့် အကောင်းမြင်သမား စစ်စစ်တွေပဲ။ ကျွန်မရဲ့ လုပ်ငန်းကို လက်လွှဲမယူခင် သီတင်းပတ် အနည်းငယ်လောက်က ကျွန်မ ငွေကြေးထောက်ပံ့ခဲ့တဲ့ဘဏ် လုပ်ငန်းရှင်တွေဆီကို ရောက်ခဲ့တယ်။ ကျွန်မဟာ အဖေနဲ့ အမေတို့လို ဆွေးနွေးပွဲတိုင်းမှာ အကောင်းမြင်နေတယ်။ ကျွန်မရဲ့အစီအစဉ်သစ်တွေ၊ အတွေးအကြံသစ်တွေကို ပြော ပြပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံ သူတွေ စိတ်ဝင်စားလာအောင် ရယ်၊ ဘယ်သူတွေကစိတ်ဝင်စား နိုင်တယ် ဆိုတာတွေကို ပြောပြ ခဲ့တယ်။ ယုံချင်ယုံ၊ မယုံချင် လည်းနေပါ။ ဆားစ်(SARS) ရောဂါကျရောက်နေတဲ့အချိန်၊ အမှောင်ထု ဖုံးလွှမ်းနေတဲ့အချိန် မှာတောင် လုပ်နိုင်သမျအရာအားလုံးလုပ်ခဲ့ပါတယ်။ ကျွန်မရဲ့ ဆိုင်တွေက တစ်လကို ဒေါ်လာ သန်းနဲ့ ချီပြီးရတာ။ ဆားစ်ရောဂါဖြစ်တော့ ဝင်ငွေတစ်ဝက်လောက် လျော့သွားတယ်။ တခြားစီးပွားရေးသမားတွေက အရေးပေါ် ဘရိတ်ဆွဲပြီး အခြေအနေကို တန့်လိုက်တယ်။ ကျွန်မကတော့ 'ပြန်ကောင်းလာမှာပါ' ဆိုတဲ့အကောင်းမြင်ဝါဒနဲ့ ကျန်ခဲ့ တယ်။ လက်ပြောင်းလက်လွှဲလုပ်မယ့်သူတွေနဲ့ မျက်နှာချင်း ဆိုင်မတွေ့ခင်အချိန်ထိ ကျွန်မရဲ့စိတ်ဟာ ဖြစ်နိုင်မယ့်အလား အလာ၊ စီးပွားရေးကို ဘယ်လိုပြန်ရအောင်လုပ်မယ်ဆိုတဲ့ အတွေးတွေနဲ့ ပြိုင်ပွဲဝင်နေတုန်းပဲ။ အဆိုးမြင်တတ်တဲ့စိတ်ကိုမသင်ပေးခဲ့လို့ မိဘတွေ ကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်မက အကောင်းမြင်ဝါဒပဲ သိတာလေ။ ဒါဟာ ကလေးရှိတဲ့မိဘတိုင်းကို မျဝေချင်တဲ့ သင်ခန်းစာဖြစ်ပါတယ်။ ကိုယ့်ရဲ့မျိုးဆက်သစ်တွေအတွက် အဖိုးအနဂ္ဃထိုက်တန်တဲ့လက်ဆောင်၊ ပေးသင့်တဲ့ လက် ဆောင်တစ်ခုဖြစ်ပါတယ်။
ဒေါက်တာခင်စန်းမော်