အကွက်နည်းနည်းနဲ့မရှုံးပါစေနဲ့

စစ်တုရင်ကစားပွဲတွေကို လေ့လာကြည့်တဲ့အခါ ရွှေ့ကွက် နည်းနည်းနဲ့ ပွဲသိမ်းသွားတဲ့ ပွဲတိုတိုလေးတွေကို မကြာဏတွေ့ရတတ်ပါတယ်။ ရှုံးသွားတဲ့သူအများစုကို ကြည့်လိုက်ရင်ကစားတတ်ခါစ စစ်တုရင်သမားတွေ ဖြစ်နေတာကို တွေ့ရတတ်တယ်။ စစ်တုရင်အရုပ်တွေကို ရွှေ့တတ်တာနဲ့ ဟုတ်လှပြီထင်ပြီး ကစားခုံမှာ ဝင်ထိုင်ကြသူတွေပေါ့။ အဖွင့်ပိုင်းအခြေခံသဘောတရား၊ သီအိုရီနဲ့ ထောင်ချောက် တွေကို လေ့လာရမှာ ပျင်းသူတွေ၊ နည်းနည်းလေ့လာပြီး ငါသိတာများလှပြီ၊ လုံလောက်ပြီ အောက်မေ့ကြသူတွေ ခဏခဏကြုံကြရ တယ်။ စစ်တုရင်ကစားပွဲတွေဟာ တကယ့်စစ်ပွဲတွေနဲ့ လည်း သဘောသဘာဝတွေ ဆင်တယ်။ စစ်ပွဲတွေမှာ စစ်တိုက်မယ့်စစ်သားတွေ ပြည့်ပြည့်စုံစုံရှိနေရုံ၊ လက်နက်ခဲယမ်းမီးကျောက်လုံလောက်နေရုံ၊ ဘယ်လက်နက်ကို ဘယ် လိုပစ်ခတ်ရမယ်ဆိုတာသိရုံနဲ့ မလုံလောက်ပါဘူး။ အရည် အချင်းပြည့်ဝတဲ့ စစ်သေနာပတိရှိဖို့လည်း လိုပါတယ်။ chess board ပွဲအစရွှေ့ကွက်လေး၊ ငါး-ဆယ်ကွက်နဲ့ ရှုံးတဲ့ စစ်တုရင်ပွဲတွေကို သုတေသနပြုကြည့်ရာမှာ ရလာတဲ့ ရ လဒ်က နိုင်သွားတဲ့သူတွေ တော်လွန်းလှလို့ ပြောင်ပြောင် မြောက်မြောက် တိုတိုလေးနဲ့ ပွဲသိမ်းနိုင်ခဲ့တာမဟုတ်ဘဲ ရှုံးနိမ့်သူရဲ့ အမှားတွေကြောင့်သာဖြစ်တယ်ဆိုတဲ့ အဖြေ ထွက်ခဲ့တယ်။ အမှားဆိုရာမှာလည်း အရင်လူတွေဖန်တရာ တေနေအောင် မှားခဲ့တဲ့ပုံစံတွေအတိုင်း ထပ်ဆက်မှားနေကြ တာကိုတွေ့ရတယ်။ အပြိုင်အဆိုင်တွေများလှတဲ့ ဒီနေ့ခေတ်ကြီးမှာ စကတည်းက ယဉ်သကိုဆိုသလို ဗေထိဆိုတာနဲ့ ကွဲပါလေ ရောဆိုရင်ဖြင့် နာလန်ထူဖို့ တော်တော်ခက်ပါတယ်။ မတ် တတ်ကောင်းကောင်းမရပ်နိုင်သေးခင် ဗုန်းဗုန်းလဲကျသွားရင်တော့တော်တော့်ကိုဒုက္ခရောက်တော့မှာ။ လုပ်ငန်းတစ်ခုကို အစပြုရာမှာ ဘယ်လိုဘယ် လောက်မြတ်စွန်းနိုင်တယ်။ ဘယ်လောက်အချိန်နဲ့ အရင်း ကျေမယ် စတဲ့ အကောင်းမျော်တွက်ချက်မှုတွေ ပြုကြတယ်။ ရင်းနှီးမြှုပ်နှံကြတယ်။ ရှုံးမယ် ဆိုရင် ဘယ်သူလုပ်မှာလဲ ပြောကြတယ်။ ရှုံးတတ်တယ်ဆိုတဲ့ သဘာဝကို မေ့ထားကြတယ်။ ရှုံးဖူးသူတွေရဲ့သာဓကကို ဆန်းစစ်ဝေဖန်သုံးသပ်မှုမပြုကြဘူး။ တာအထွက်မှာ ခြေခေါက်လဲကျတာမျိုး မဖြစ်ရလေအောင် သတိထားကြရပါမယ်။

မောင်မောင်လွင် (စစ်တုရင်)