M Melody Face Mask & Body Scrub နဲ့ ပက်သက်ပြီး Founder ကိုမင်းမင်းထွေးနဲ့ Co-Founder မသဇင်မြင့်အောင် တို့က ဖြေကြားပေးထားပါတယ်။
လုပ်ငန်းအကြောင်း
M Melody ကို ၂၀၁၇ ခုနှစ်၊ ၁၀ လပိုင်းက စတင်လုပ်ခဲ့ပါ တယ်။
Product တွေနဲ့ ပတ်သက်လို့
Coffee Scrub ကို အရင်ထုတ်တယ်။ အသုံးများတာက Coffee Scrub ပါ။ Coffee Scrub မှာ အမှုန့်လာတယ်။ User တွေ တအားကြိုက်တော့ တခြားလူတွေလည်း အလွယ်တကူသုံးလို့ရအောင်၊ အဆင်ပြေအောင်ဆိုပြီး ခရင်မ်ပုံစံ ပြောင်းလိုက်ပါတယ်။ ခရင်မ်ပုံစံက အိမ်မှာပဲရေချိုးစင်မှာ တင်ထားလို့ရတယ်။ Packaging တွေလည်းပြန်ပြောင်းလိုက်တယ်။ နောက်ပိုင်းကျကင်မွန်းသီး Scrub ကို ကင်မွန်းသီးစစ်စစ်ကို ရှမ်းပြည်ကနေယူလိုက်တယ်။ ဖွဲပြာမရောတဲ့ကင်မွန်းသီးစစ်စစ်ကိုရှာ၊ ဖော်မြူလာအတိုင်း ပြန်စပ်ပြီးမှအသားအရည်အတွက် သင့်တော်မတော်ပြန်လုပ်ပါတယ်။ ကော်ဖီဆိုရင်လည်း ပြင်ဦးလွင်ကနေမှာ ယူပါတယ်။
ကျွန်တော်တို့က SME ဖြစ်တဲ့အတွက် ဒီ Scrub တွေကို လူသုံးကုန်အနေနဲ့ဓာတ်ခွဲရတယ်။ Scrub ဆိုတာဆပ်ပြာဆိုတော့လူသုံးကုန်တစ်မျိုးပဲ။ မြောက်ဥက္ကလာမှာရှိတဲ့ အသေးစားအလတ်စားဓာတ်ခွဲခန်းမှာဓာတ်ခွဲတယ်။ ဓာတ်ခွဲနေချိန်မှာဈေးကွက်ထဲမှာမဖြန့်ခင် Result ကို စောင့်ရတယ်။ Register No 23123 ရပြီဆိုမှ ဈေးကွက်မှာဖြန့်ရပါတယ်။ အသားအရေအတွက်မထိခိုက်တာကြောင်း ထောက်ခံချက်လက်မှတ်ရတယ်၊ ဓာတ်ခွဲရပြီးမှ အဲဒီအချက်တွေနဲ့ကြည့်ပြီးမှ ရောင်းတာဖြစ်ပါတယ်။ အဲဒါကြောင့်ဆိုင်တွေမှာ တင်ရောင်းနိုင်နေပါတယ်။
Product တွေရဲ့ ပါဝင်ပစ္စည်းတွေအနေနဲ့ Coffee Scrub က Olive Oil ၊ Cinnamon Powder၊ သကြားပါတယ်။ ကျွန်တော်တို့ Scrub က သကြားကိုပဲ အခြေခံထားတယ်။ ဘာလို့သကြားကို အခြေခံထားလဲဆိုတော့ သကြားက Body Scrub ထဲမှာ အကောင်းဆုံးလို့ ခံယူထားတယ်။ သကြားက ချွေးပေါက်ထဲကဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ကော်ဖီ Scrub က လုံးဝအသားကို ကြည်လင်စေတယ်၊ တောက်ပလာစေတယ်။ ကင်မွန်းသီးကကျတော့ ဒူးခေါင်းမဲတာ၊ ခြေခုံမဲတာ၊ အသားအရေညို ညစ်နေတာတွေအတွက် တအားကောင်းပါတယ်။ ပင်လယ်ကမ်းခြေ သွားထားတဲ့သူတွေ၊ သြင်္ကန်ရေဆော့ထားတဲ့သူတွေအတွက် ကင်မွန်းသီး Scrub က တအားသင့်တော်ပါတယ်။
ဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်တဲ့နေရာတွေက
၁၀ဝ ဂရမ်တစ်ဘူးကို ၄၀၀၀ကျပ်ပါ။ ၂၅၀ ဂရမ်ပါ တစ်ဘူးကို ၆,၅၀ဝ ကျပ်ပါ။ ရန်ကုန်မှာဆိုရင် Clover ၊ Celeberry ၊ Cherish၊ Alura ၊ မန္တလေးမှာဆိုရင် Rose Lady ၊ မော်လမြိုင်မှာဆိုရင် Rose Lady နေပြည်တော်မှာ ဆိုရင် ကိုယ်စားလှယ်ယူထားတဲ့ ကိုရဲမာန်ဟိန်းတို့ဆီမှာ ဝယ်ယူနိုင်ပါတယ်။ Online ကနေလည်း မှာယူနိုင်ပါတယ်။အနာဂတ်အစီအစဉ်
နောက်ပိုင်းမှာ သကြားနဲ့ထုတ်လုပ်တဲ့ မိန်းကလေးတွေ အတွက် ခြေသလုံးမွေးတို့၊ အမွေးအမျှင်ထူတဲ့နေရာတွေကို ဖယ်ရှားဖို့ Waxing ထုတ်ဖို့ရှိတယ်။ ဈေးသက်သက်သာ သာနဲ့ အော်ဂဲနစ်ထုတ်ဖို့ရှိပါတယ်။ Lip Scrub တွေ၊ Lip Balm တွေကိုလည်း တဖြည်းဖြည်းနဲ့ ထုတ်ဖို့အစီအစဉ် ရှိပါတယ်။
Phone :09 262 276 195, 09 789 795 323
အသေးစိတ်ကိုသိရှိလို့ပါက M Melody Facebook Page ကို (https://www.facebook.com/mmelodyscrub/) မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။